Wednesday, January 3, 2018

Panda Antivirus Free Edition

Panda Antivirus Free Edition

ဗိုင်းရပ်စ် ရှင်းလင်းရေးလုပ်နိုင်တဲ့ နာမည်ကြီး ဆောဖ့်ဝဲ အများအပြားရှိပါတယ်။  Kaspersky, BitDefender တို့ကိုတော့ ပြည်တွင်းမှာ အလွယ်တကူ ၀ယ်ယူရရှိနိုင်ပါတယ်။  သူတို့ရဲ့ ဗိုင်းရပ်စ် ရှင်းလင်းရေးစနစ်ဟာ Update defination ဆိုတဲ့ နောက်ဆုံးပေါ် ဗိုင်းရပ်စ် အကောင်သစ်တွေကို ဘယ်လိုထိန်းချုပ် ရှင်းလင်းရမယ်ဆိုတဲ့ လမ်းညွှန်တွေပါတဲ့ ဖိုင်တွေအပေါ် မူတည်နေပါတယ်။  ဒီ Update ဖိုင်တွေကို ရယူနိုင်ဖို့ကလည်း မဖြစ်မနေ အင်တာနက် ချိတ်ဆက်ထားဖို့လိုပါတယ်။  Update ဖိုင်တွေ မထည့်ပေးရင် သူတို့က  update လုပ်ဖို့ အမြဲ အကြောင်းကြားနေပါတော့တယ်။  အင်တာနက် ချိတ်ဆက်မထားတဲ့ ပုဂ္ဂိုလ်တွေအတွက် အနှောက်အယှက်တစ်ခု ဖြစ်နေပြီး  စိတ်မချမ်းသာစရာဖြစ်နေပါတော့တယ်။  အမှန်တော့ ဆောဖ့်ဝဲက အမြဲ update ဖြစ်နေမှသာ နောက်ဆုံးပေါ် ဗိုင်းရပ်စ်တွေကို သတ်နိုင်မှာပါ။  
ခုဖော်ပြပေးမယ့် Panda Antivirus ကတော့ အခမဲ့ သုံးစွဲခွင့်ရနိုင်ပြီး မိုက်ခရိုဆောဖ့်ရဲ့ အသိအမှတ်ပြုခံထားရတဲ့ ဆောဖ့်ဝဲတစ်ခုလည်း ဖြစ်ပါတယ်။  Update defination တွေကိုတော့ အင်တာနက် ချိတ်ဆက်မှု ရတဲ့အခါ သူ့ဘာသာ ဒေါင်းပါတယ်။  အင်တာနက် ချိတ်မထားရင်လည်း ခဏခဏ update လုပ်ဖို့ မတောင်းဆိုပါဘူးခင်ဗျာ။   သူကို့ ဒေါင်းလုပ်ရယူထားရင် အောက်ဖော်ပြပါပုံလို့ Installer လေး တွေ့ရပါမယ်။


FREEAV ဆိုတဲ့ ဖိုင်လေးကို Double Click လုပ်ပါ။


ခေတ္တစောင့်ပါ။  သူ အင်စတောလုပ်မဲ့ ဖိုင်တွေကို ဖြန့်ချနေတာပါ။


အထက်ပါပုံလေး ပေါ်လာရင် သွင်းယူဖို့ အဆင်သင့် ဖြစ်ပြီပေါ့။   Next ကို နှိပ်ပါ။


အောက်က အမှန်ခြစ်သုံးခုကို ကျွန်တော်တို့ အသုံးပြုမှာ မဟုတ်လို့ အမှန်ခြစ် ဖြုတ်လိုက်ပါ။  ACCEPT and INSTALL ဆိုတဲ့ ခလုပ်ကို နှိပ်ပါ။


ဖိုင်တွေကို စတင် သွင်းယူနေပါပြီ။   ခေတ္တစောင့်ပါ။


သွင်းပြီးနောက် သူ့ရဲ့ ဆားဗစ်တွေကို စတင်နေပါပြီ။  ခေတ္တစောင့်ပါ။  နောက်ကွယ်ကနေလည်း System ဖိုင်တွေနဲ့ အရေးကြီးနေရာတွေမှာ ဗိုင်းရပ်စ် ရှိမရှိ စတင်စစ်ဆေးနေပါတယ်။   ပြီးရင်တော့ အောက်ဖော်ပြပါပုံအတိုင်း အကာကွယ် ရယူထားပြီး ဖြစ်ကြောင်း အသိပေးပါလိမ့်မယ်။  ဒါဟာ Panda ရဲ့ မြင်ကွင်းပါပဲခင်ဗျာ။



Panda Antivirus ကို ဒေါင်းလုပ်ရယူလိုပါက -



0 comments:

Post a Comment