Wednesday, January 10, 2018

Windows 10 Installation Step by Step



        မိုက်ခရိုဆောဖ့်မှ သူ့မူပိုင် Operating System ဖြစ်တဲ့ Windows 10 version ကို July 29, 2015 မှာ ဖြန့်ချိမယ်လို့ ကြေငြာထားပါတယ်။  ယနေ့တော့ Windows 10 ကို ၁ ဘီလီယံ လောက် အသုံးပြုနေကြပြီလို့ ဆိုပါတယ်။  

        ခု  Windows 10 သွင်းယူတဲ့ လုပ်ငန်းစဉ်မှာတော့ ရှိပြီးသား Windows အဟောင်းကို ဖျက်ပြီး တင်မှာဖြစ်ပါတယ်။  အဲ့ဒါကြောင့် သင်လည်း ကိုယ်ကိုတိုင် လုပ်မယ်ဆိုရင်  Windows ရှိတဲ့အပိုင်း က ( Local Disk C:က) သင့်ဒေတာတွေကို အရင်ဆုံး သိမ်းဆည်းထားဖို့လိုပါတယ်။  သူများစက်ကို လုပ်မယ်ဆိုရင်လည်း သင်ကိုယ်တိုင် သိမ်းပေးလိုက်ဖို့ လိုအပ်ပါတယ်။  ဘယ်နေရာကဖိုင်တွေကို သိမ်းရမှာလည်းဆိုရင် - (၁) Download အခန်းထဲက ဖိုင်တွေ၊ (၂) Documents အခန်းက ဖိုင်တွေ၊ (၃) Desktop မှာ ရှိတဲ့ ဖိုင်တွေကို သိမ်းဖို့ လိုပါတယ်။   တစ်ခါတစ်လေ C: တိုက်ရိုက်အောက်မှာလည်း စစ်ကြည့်ပါဦး။  တစ်ချို့တွေက New Folder ပေးပြီး သိမ်းတတ်လို့ပါ။  ဒေတာတွေ အရေးမကြီးဘူး ဆိုရင်တော့ သိမ်းနေနဲ့ပေါ့။  အလုပ်ရှုပ်သက်သာတယ်။  ဘာပဲ ဖြစ်ဖြစ် သူများဟာ လုပ်ပေးရမယ်ဆိုရင်တော့ သူ့စက်ထဲ ဘယ်ဆောဖ့်ဝဲတွေ သွင်းခဲ့တယ်။ သုံးခဲ့ဘူးတယ်။  ဘယ်နေရာမှာ ဖိုင်တွေ သိမ်းထားတယ်ဆိုတာကို သင်မှတ်မိ သိရှိထားဖို့ မဖြစ်မနေ လိုအပ်ပါတယ်။  သိနေအောင်လည်း အလေ့အကျင့်လုပ်ထားပါ။
        Data Backup ကို သိမ်းတဲ့အခါ Windows စနစ် မရှိတဲ့ Drive (D:, E:, F;,....) စသည့် အပိုင်းများမှာ သိမ်းပါ။  တကယ်လို့ မိမိတင်မယ့် Laptop က Hard Disk က GPT ပါတေးရှင်း အမျိုးအစားဖြစ်နေတယ်ဆိုရင် သီးခြား External HDD မှာ သိမ်းပါခင်ဗျာ။  နဂိုက NTFS ပါတေးရှင်းနဲ့ဆိုရင်တော့ External HDD ထဲ သိမ်းသိမ်း၊ D:  E:   F:  ထဲ သိမ်းသိမ်း အစဉ်ပြေပါတယ်။ ဒီအဆင့်က အရေးကြီးသလို သတိမမေ့ဖို့လိုပြီး  သူများရဲ့ ဖိုင်တွေကို ဖျက်မပြစ်မိဖို့ သတိထားရမယ့်အချက်ပါ။   

       Windows တင်မယ်ဆိုရင် မိမိ windows ခွေကလည်း ကောင်းလားစစ်ပါ။ အစင်းခြစ်ရာ ကင်းပါစေ။ ခွေဖတ်မယ့် DVD Drive လည်းကာင်းစွာ အလုပ်လုပ်တယ် ဖတ်နိုင်တယ် ရေးနိုင်တယ်ဆိုတာ သေခြာပါစေ။  

         First Boot Device ကိုလည်း မိမိစက်ရဲ့ DVD-ROM drive ကို ရွေးထားပါ။  ဒါ လုပ်ပြီးပြီဆိုရင် Windows တင်ဖို့ အဆင်သင့်ဖြစ်ပါပြီ။  First Boot ကို ရွေးချယ်တဲ့နေရာမှာ BIOS ထုတ်တဲ့ ကုမ္ပဏီမတူတာရယ် ၊  BIOS version မတူတာရယ်ကြောင့် ဘယ်နေရာမှာ ၀င်ပြင်ပါဆိုတာ အတိအကျ ပြောဖို့ ခက်ပါတယ်။ အများအားဖြင့်တော့ Boot Options menu ထဲမှာ ပြင်နိုင်ပါတယ်။

       Windows 8 စတင်ထုတ်လုပ်ခဲ့စဉ်ကတည်းက windows system ဖိုင်တွေကို ပိုမိုလုံခြုံအောင် UEFI စနစ်ကို စတင် အသုံးပြုခဲ့ပါတယ်။  UEFI စနစ်ပါလာရင် HDD ကို GPT partition အဖြစ်သုံးလေ့ရှိပါတယ်။   Windows 7 တုန်းကတော့ NTFS patition စနစ်ကို သုံးခဲ့တာပါ။  ပါတေးရှင်း ပုံစံ နှစ်ခုရှိနေကြောင်း ကြိုတင်သိထားစေချင်လို့ပါ။  ကျွန်တော်ကတော့ Windows 8, 10 တွေကို UEFI mode မှာပဲ တင်တာကို ပိုကြိုက်ပါတယ်။
        အထက်ဖော်ပြပါ စာပိုဒ်တွေကို ခုဖတ်ရတာ နားမလည်ဘူးဆိုလည်း ဖတ်မိထားရင် သိထားရင်လုံလောက်ပါပြီ။  နောက်ပိုစ့်တွေမှာ ဆိုင်ရာကဏ္ဍအတွက် အကျယ် ရေးပါဦးမယ်ခင်ဗျာ။  
       ခုတော့ Windows 10 သွင်းယူပါတော့မယ်ခင်ဗျာ။  ကြိုကြည့်ထားတဲ့အတွက် မိမိသွင်းမယ့် စက်က အရင် Windows ကို NTFS partition မှာပဲ သွင်းထားတာပါ။  Boot Security ကိုလည်း ဖြုတ်ထားပြီး  Legacy mode ပြောင်းသွင်းထားတာကို တွေ့ရပါတယ်။  ဒီအတိုင်းပဲထားပြီး  အဲ့အပေါ်မှာ ဆက်သွင်းပါမယ်။  DVD-Rom ထဲ Windows 10 ခွေထည့်ပါတယ်။
Boot from CD or DVD drive ..... စာသားပေါ်လာတဲ့အခါ Enter နှိပ်ပြီး ၀င်လိုက်ပါတယ်။  ခဏစောင့်ရင် အောက်ဖော်ပြပါပုံအတိုင်း တွေ့ရပါတယ်။  ဒီနေရာမှာ Language to Install = English, Keyboard and Input Method = US ဆိုတာပဲ ရွေးထားပါတယ်။  

သတိပြုရန်- ဒီနေရာမှာ ကျွန်တော်တို့ မြန်မာလို အသုံးပြုချင်တဲ့အခါ Myanmar လို့ ရွေးခဲ့ရင် အဓိက Myanmar 3 ယူနီကုတ်နဲ့ တူတဲ့ ဖောင့် Myanmar Text ကိုအသုံးပြုနေမှာဖြစ်ပြီး  တစ်ချို့ အလုပ်တွေမှာ Office application တွေမှာ အနှောက်အယှက် ဖြစ်နေပါသေးတယ်။  ဒါကြောင့် English ကိုပဲ ရွေးခဲ့တာပါ။

ပြီးရင်  Next နှိပ်ပါ။


Install Now ကို နှိပ်ပါ။



Product Key ထည့်ပါတဲ့။  ကျွန်တော်သုံးတဲ့ ခွေက ထည့်စရာမလိုပဲ နောက်မှထည့်လို့ရတဲ့ ခွေပါ။  စောစောထွက်ထားတဲ့ ခွေတွေကတော့ သူသတ်မှတ်ထားတဲ့ Key တွေထည့်ဖို့ လိုပါလိမ့်မယ်။  ခုတော့ Skip ဆိုတာ ကို နှိပ်ပြီး ကျော်လိုက်ပါတယ်။ 


I accept the License term ဆိုတာကို အမှန်ခြစ်ထည့်ပေးပါ။  ပြီးရင် Next နှိပ်ပါ။


ခဏစောင့်ရင် အောက်ဖော်ပြပုံကို တွေ့မြင်ရနိုင်ပါတယ်။  Upgrade လုပ်မှာလား Custom လုပ်မှာလားလို့ မေးပါတယ်။  ရှေးတုန်းက Windows အဟောင်းကို ဖျက်ပြီး လုံးဝ အသစ်တင်မှာဖြစ်တဲ့အတွက်  Custom ကို ရွေးပါ။  Clean Installation လုပ်တယ်လို့လည်း ခေါ်ပါတယ်။

Custom ကို နှိပ်ပါ။


                                 


သတိပြုရန် - အောက်ဖော်ပြပုံကို မရောက်ရင် ၊ ရောက်သော်လည်း ဖော်ပြပါပုံထဲကလို မပေါ်ပဲ ဘာမှ မရှိနေရင် သင့် hard disk မကောင်း၊ ကြိုး မကောင်းဘူးလို့ သတ်မှတ်လို့ ရပါတယ်။

Hard Disk တစ်လုံးထက် ပိုရှိနေရင် သတိထားရမှာက ဘယ် hard disk အပိုင်းကို windows တင်မယ်ဆိုတာပါ။  Hard Disk ကို Drive 0, Partition 1 မှာ တင်ဖို့ လုပ်ပါမယ်။  Hard Disk နောက်တစ်လုံး ထပ်ရှိနေရင် Drive 1, သူ့ထဲက ရှိတဲ့ Partition ကို Partition 1, 2, 3.   စသည်ဖြင့် ဖော်ပြပါတယ်။
ပထမ အပိုင်းဟာ အရင်က Windows တင်ခဲ့တဲ့ အပိုင်းဆိုတာ သေခြာတဲ့အတွက် အဟောင်းတွေကို ဖျက်ဖို့ Delete လုပ်ရပါမယ်။

အရင် ၀င်းဒိုးက သုံးထားတဲ့ Partition 1, Partition 2 တို့ကို ဖျက်ဖို့ လိုတဲ့အတွက် Select လုပ်ပါ။  Delete ကို နှိပ်ပါ။  



Delete လုပ်ပြီးနောက် ကျွန်တော်တို့ရဲ့ အရင် Windows အဟောင်းပျက်သွားပြီး  အဲ့ Partition အပိုင်းဟာလည်း  အသုံးပြုထားခြင်းမရှိဘူးဆိုတဲ့ အနေအထားရောက်သွားပါတယ်။  Unallocated Space ဖြစ်သွားပါပြီ။  ပြီးရင် New ဆိုတာနှိပ်ပါ။  





ယခုဝင်းဒိုး လုပ်ငန်းများ ကောင်းစွာ လည်ပတ်လုပ်ဆောင်နိုင်ဖို့ သေချာနေပြီဖြစ်ပါသဖြင့် အပိုဆောင်း system အပိုင်း တစ်ခုကို ဖန်တီးပါလိမ့်မယ်ဆိုတာပေါ်လာရင် OK နှိပ်ပါ။  ဒါဆို အောက်ဖော်ပြပါပုံအတိုင်း တွေ့ရပါပြီ။


ပထမအပိုင်းက windows system ဖိုင်တွေ နေမှာဖြစ်လို့ ကျွန်တော်တို့ ၀င်ဒိုး တင်ရမယ့် နေရာ မဟုတ်ပါ။  ဒုတိယ အပိုင်းကမှာ ကျွန်တော်တို့ ၀င်းဒိုး တင်ရမယ့်နေရာပါ။  ဒါကြောင့် Select လုပ်ပါ။  ပြီးရင် Next နှိပ်ပါ။


အိုကေပြီ။  သူ့ဘာသာ လုပ်စရာရှိတဲ့ သွင်းယူတဲ့ လုပ်ငန်းစဉ်တွေကို လုပ်သွားပါလိမ့်မယ်။  စက်ရဲ့ CPU အမြန်နှုန်းပေါ်မူတည်ပြီး ၁၀ မိနစ်ကနေ ၂၀ မိနစ်ထိ ကြာနိုင်ပါတယ်။  ထိုင်စောင့်ပါဦး။


အပေါ်က ပြီးသွားရင် သူ့ဘာသာ Restart လုပ်ပါတယ်။  ပြန်တက်လာတဲ့အထိ ဘာခလုပ်မှ မနှိပ်ပဲ ထိုင်စောင့်ပါ။  အောက်ပါပုံအတိုင်း ပေါ်နေပါလိမ့်ဦးမယ်။



အောက်ပုံအတိုင်းပေါ်လာရင်တော့ Skip ကို နှိပ်ပါ။ သင့်ခွေက Key ထည့်ရမယ်ဆို ခွေပေါ်မှာ ရှိပါတယ်။ ပြန်ကြည့်ပြီး ရိုက်ထည့်လိုက်ပေါ့။  Key ထည့်စရာမလို မထည့်လည်း ရတယ်ဆိုရင် Skip ဆိုတာ ပေါ်နေပါတယ်။  Skip နှိပ်ပါ။


လိုအပ်မယ်ဆိုရင် Wifi internet သုံးပြီး Register လုပ်ဖို့ Wifi တွေ သင့်အနီးမှာ ရှိတယ်ဆိုတာ ဖော်ပြပါတယ်။  Laptop မှာပဲ ဖော်ပြပြီး  Desktop မှာ မပြပါ။  Wifi မပါလို့ မပြပါ။
 Skip လုပ်လိုက်ပါ။



သူက သူ့ system setting တွေကို သူ့ဘာသာ ချိန်ညှိမှာ ဖြစ်လို့ Use Express Setting ကို ရွေးလိုက်ပါ။


သင့်ကွန်ပျူတာအတွက် အသုံးပြုသူတစ်ယောက်ဖန်တီးပါမယ်။  အသုံးပြုသူ မထည့်မီ  ကွန်ပျူတာ အမည်ကို သတ်မှတ်ပေးရပါတယ်။   အမည်တစ်ခု ရေးထည့်ပါ။  တကယ်လို့ Password သုံးပြီး ပိတ်ချင် ဖွင့်ချင်တယ်ဆိုရင် အောက်က ပထမ နှစ်ကွက်မှာ တူညီသော Password ဖြည့်ထည့်ပါ။  နောက်မှ Password ထည့်လည်း ရပါတယ်။  ခုတော့  Next နှိပ်ပါ။


ခေတ္တစောင့်ပါ။  သူ့ဘာသာ သူ အလုပ်ရှုပ်နေပါလိမ့်မယ်။



၅ မိနစ်လောက် အကြာဆုံး စောင့်ရနိုင်ပါတယ်။  ပြီးရင်တော့ သင့် windows 10 ကို အောင်မြင်စွာ သွင်းယူပြီးကြောင်းနှင့် အသုံးပြုရန် အသင့်ဖြစ်ကြောင်း Desktop မြင်ကွင်းကို တွေ့ရပါမယ်။



ဘယ် Windows ပဲ တင်တင် ချက်ခြင်း လုပ်ဆောင်ရမှာတွေက Windows တွေကို Activate လုပ်ပေးရပါမယ်။  ပြီးရင် ဆိုင်ရာ Driver တွေ သွင်းပေးရပါမယ်ခင်ဗျာ။  ကျန်တဲ့ ဆောဖ့်ဝဲတွေကို ဒီလုပ်ငန်းစဉ်တွေ ပြီးမှ ဆက်လုပ်ပါ။

ဖိုးခွား (AMMB)

0 comments:

Post a Comment