Wednesday, June 20, 2018

မြန်မာ ဖောင့် စုစည်းမှု



ကျွန်တော်တို့ဆီမှာ ကွန်ပျူတာ စာစီစာရိုက်အတွက် Font အမျိုးအစား နှစ်မျိုး အသုံးပြုလေ့ရှိပါတယ်။  True Type Font နှင့် Adobe Type Manager - ATM ဖောင့်လို့ ခေါ်ပါတယ်။  True Type Font က ဖိုင် extension *.ttf ဖြစ်ပြီး   Adobe Type Manger ဖောင့်ကျတော့ ဖိုင်နှစ်ခုပေါင်းမှ တစ်ခုဖြစ်ပါတယ်။  *.pfm +  *.pfb ဖောင့်ဆိုပြီး နှစ်ခုရှိမှ သွင်းယူလို့ ရပါတယ်။  သူ့ကို သွင်းမယ်ဆို ATM - Adobe Type Manager 4.1 ကို သွင်းပြီး PFM + PFB တို့ကို သွင်းယူနိုင်ပါတယ်။  Windows 7 32bit အထိသာ အသုံးပြုလို့ ရပါတယ်။  ATM 4.1 က ခုတော့ ရပ်နားသွားပါပြီ။ Windows 7 32bit အထိသုံးလို့ သွင်းလို့ရပါတယ်။  64bit Windows တွေမှာ အလုပ်မလုပ်တော့သလို  ခုနောက်ပိုင်း ATM ဖောင့်အမျိုးအစားကိုအသုံးမပြုတော့လို့ပါ။  ATM ဖောင့်တွေကို Adobe  က အဆင့်မြင့်တင်လိုက်ပြီး TypeKit ဆိုတာကို အသုံးပြုနေပါပြီ။  https://typekit.com/  မှာမိမိ ဒီဇိုင်းအတွက် လိုတာ ရှာဒေါင်းပေါ့။  မြန်မာ ဖောင့်တော့ ရှိဘူးရယ်။



မြန်မာဖောင့်တွေအများစုက နီးစပ်ရာရာ တစ်ယောက်တစ်လှည့် ဝေနေကြတာကြောင့် အောက်ဖော်ပြပါဖောင့်များက လူသုံးများကြပါတယ်။  ဒီအထဲကမှ ArtHouse ကုမ္ပဏီကတော့ သူတို့ဖောင့်ကို CD ခွေနဲ့ စာအုပ်နဲ့ ပြည့်စုံစွာ ထုတ်လုပ်ရောင်းချပေးပါတယ်။  ဖောင့်တစ်ခုက ဖြစ်ပေါ်ဖို့ မလွယ်တာကြောင့် မိမိစိတ်ကြိုက် ဒီဇိုင်းအတွက်ဆိုရင် ArtHouse ဖောင့်တွေကို ဝယ်ယူသုံးစွဲဖို့ တိုက်တွန်းပါရစေ။  ArtHouse တစ်ခုတည်းကို ဆိုလိုတာမဟုတ်ပဲ မိမိကုမ္ပဏီအတွက် လိုအပ်မယ်ဆို ဒီဇိုင်းပြုဖို့လိုမယ်ဆို ဖောင့်ရေးသားသူများထံမှ ဝယ်ယူအသုံးပြုသင့်ပါတယ်။



True Type Fonts



အရင်က ATM ဖောင့်တွေကို TTF ဖောင့်အဖြစ် ပြောင်းပြီးလည်း သုံးနေကြပါပြီ။  အောက်က Zip အခန်းထဲမှာ True Type Fonts တွေကို စုထဲ့ထားတာပါ။  ဒေါင်းဖို့က -

All TTF fonts
9 of 1 U4 Computer Group , Animals , BLNew , BM_Amarapura , Borderbats Fleur2 , CE - Collectoins , DG Fonts , Gandamar , King , LM , Mayor , Masterpieces Design , Metrix , Myanmar3 multi os , MTK , Myanmar , Pa O , Pa-Oh , PAcadame , Pao-A , PM Fonts , Royal-Art House , Shwe Thwe U4 , Sai , Sak , U4 ABC , U4 Present , U4 Shwe Thway , W-ArtHouse , Win , Wwin

Poscript Font

Adobe ကုမ္ပဏီက ထုတ်လုပ်ဖြန့်ချိတဲ့ဖောင့်က Poscript font အမျိုးအစားဖြစ်ပါတယ်။  ဖိုင်နှစ်မျိုးပေါင်းမှ တစ်ဖိုင်အဖြစ်ရပ်တည်ပြီး သွင်းယူ အသုံးပြုနိုင်ပါတယ်။  Windows 7 ကနေစလို့ Microsoft က Font type ပုံစံတွေကို Type 1 ပြောင်းလဲအသုံးပြုလာပါတယ်။ ဒီဖိုင်အမျိုးအစားက Windows 98 ကနေ Windows 7 အထိ အသုံးပြုခဲ့ကြတဲ့ -Win---Innwa လို ဖောင့်ဖြစ်ပါတယ်။  ခုနောက်ပိုင်း Windows 7 ကို 64bits Version တွေ  Windows 8 , 8.1, 10 pro စသည်ဖြင့် Windows အသစ်တွေ ထွက်ရှိလာပြီးနောက်မှာ -Win---Innwa ဆိုတဲ့ ဖောင့်တွေကို သုံးစွဲဖို့ ခက်ခဲလာပါတယ်။  ဝင်းဒိုးစ် စနစ်အသစ်တွေမှာ ဖောင့်အမည်ကို ( - ) သင်္ကေတတွေ ထည့်ခွင့်မပြုတော့တာကြောင့် -Win--- ဖောင့်တွေကို ကျွမ်းကျင်သူတွေက TTF ဖောင့်တွေအဖြစ် ပြောင်းလိုက်ကြပြီး  နာမည်ပါ Win, Winn, Wynn စသည်ဖြင့် အမည်တွေ ပြောင်းခဲ့ကြပါတယ်။

အဲ့ဒါကြောင့်  ပုံစံအမျိုးမျိုး ပြောင်းလဲ လိုက်ကြပြီးနောက် Windows 7, 8, 8.1, 10 တွေမှာ Adobe Pagemaker 7 လို ပရိုဂရမ်တွေမှာ -Win---Innwa ဖောင့်တွေ မတွေ့ရတာ ရှိနေ သွင်းထားလျက်နဲ့ သုံးမရ ရှာမရ ဖြစ်နေကြရပါတယ်။

ဒီလိုဖြစ်နေရင်တော့ ကျွန်တော်က windows တင်ကတည်းက ဒီ -Win--- တွေကို ကြိုသွင်းထားပါတယ်။ တခြားဖောင့်တွေထက် အရင်စောစွာသွင်းပါတယ်ပေါ့။  တဆက်တည်း Adobe Pagemaker 7 ကိုဆက်တင်ပါတယ်။  PM 7 ကို ဖွင့်ကြည့်ပါတယ်။  -Win--- တွေ ပေါ်ရဲ့လား စစ်ပါတယ်။ ပေါ်ပါတယ်ဆိုရင် ရပြီ။  တခြား အသုံးလိုတဲ့ ဖောင့်တွေကို မိမိလိုသလောက် ပြန်သွင်းပါ။  -Win--- ဖောင့်တွေ မပေါ်မရှိပေါ်ပါတယ်။  Adobe ကုမ္ပဏီကတော့ ဖောင့်တွေမပေါ်ရင် သူ့ရဲ့ ပရိုဂရမ်ဖိုင်အောက်က PostScript အခန်းထဲက Extras ဆိုတဲ့ အခန်းထဲကို ထည့်ရင်လည်း ရပါတယ်။

အဓိက windows 98, windows xp ခေတ်ကတည်းက အသုံးပြုခဲ့ကြတဲ့ -Win--, Metrix, CE , King  စသည်ဖြင့် ပါဝင်ပါတယ်။

ဖောင့်ကို ဒေါင်းမယ်ဆိုရင် -

ATM fonts only

ဖောင့် နှစ်မျိုးလုံး ဒေါင်းလုပ် လုပ်မယ်ဆိုရင် -









2 comments:

  1. ညီရေကျေးဇူးပါ blogပို့တင်နည်းလေးမျှပါလား

    ReplyDelete