စာစီစာရိုက်လုပ်ငန်း အတွက်

စာစီစာရိုက်လုပ်ငန်းအတွက် အသုံးအဆောင်များကို ရှာဖွေ စုဆောင်းထားရှိပေးထားပါတယ်။

ဆောဖ့်ဝဲများကလည်း သင့်လုပ်ငန်းအတွက်ပါ

ကွန်ပျူတာအတွက် အသုံးဝင်သော ဆောဖ့်ဝဲများကိုလည်း တင်ပြထားပေးပါတယ်။ မိမိတို့ လိုအပ်သလို အသုံးချနိုင်ကြပါစေ

စာစီလုပ်ငန်းအတွက် ဒီဇိုင်းလိုအပ်သမျှ

အသင့်သုံး ဒီဇိုင်းများ၊ ဘောင်များ၊ ပန်းကနုတ်၊ ဖောက်စွပ်များ၊ ဖိတ်စာ၊ လိပ်စာတို့တွင် အသုံးပြုသည့် သင်္ကေတများ၊ ရုပ်ပုံများကိုလည်း ထားရှိပေးထားပါတယ်

ရပ်တန့်မသွားသော နည်းပညာ

ကွန်ပျူတာ နည်းပညာ နယ်ပယ်ဟာ ရပ်တန့် မသွားပဲ ရှေ့ကို ခပ်မြန်မြန်သွားနေတဲ့ နည်းပညာပဲ ဖြစ်ပါတယ်။ နောက်ကြမကျန်ရအောင် ဒီဘလော့မှာ အဟောင်းတွေအပြင် အသစ်တွေကိုပါ ဖော်ပြပေးထားပါတယ်

သင်လိုအပ်သမျှ ကွန်မန့်မှာ ရေးခဲ့ပေးပါ

တကယ်လို့ သင့်လုပ်ငန်းအတွက် လိုအပ်နေတာ ဒီထဲမှာ ရှိမနေသေးရင် ကွန့်မန့်မှာ မှတ်ချက်ရေးပြီး တောင်းဆိုခဲ့ပေးပါ။ မကြာမီအချိန်အတွင်း ဖြည့်ဆည်းပေးထားပါမယ်

Monday, November 26, 2018

Tuxera NTFS for MacOS




Mac အသုံးပြုသူတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ ဆောဖ့်ဝဲလေးတစ်ခုပါ။ ကွန်ပျူတာသမားတွေ အသုံးအများဆုံး Operating System နှစ်ခုဖြစ်တဲ့ Windows နဲ့ Mac နှစ်ခုဟာ အခြေခံကို မတူတဲ့အတွက် သူ့တို့နှစ်ခုကို တွဲပြီး သုံးရတဲ့ အချိန်တွေ ရှိလာပါတယ်။  Windows စနစ်ဖိုင်ဖွဲ့စည်းပုံက NTFS ကိုသုံးပါတယ်။ ဒီဖိုင်အမျိုးအစား စနစ်ကို Mac OS က ဖတ်လို့ပဲရပြီး  Write ရေးလို့ ဖိုင်တွေ ထည့်လို့ မရဖြစ်နေတတ်ပါတယ်။  ဒီအတွက် Mac OS သမားတွေက အဲ့ဒီ NTFS ဖိုင်စနစ်ကို ရေးနိုင် ဖတ်နိုင်ဖို့အတွက်ဆိုရင် Tuxera NTFS for Mac ကို သုံးရပါလိမ့်မယ်။  

(ပိုစ့်တစ်ခုမှာတော့ ဒီဆောဖ့်ဝဲလိုမျိုး နောက်တစ်ခုဖြစ်တဲ့ Paragon NTFS ကို တင်ထားပေးပြီးသားပါ။)

ဒီထဲမှာ Keygen လည်းပါပြီးသားမို့ အဆင်ပြေပါတယ်။  Install လုပ်ပုံလုပ်နည်းကလည်း လွယ်ပါတယ်။ ထုံးစံအတိုင်းပါပဲ။





Install လုပ်နေစဉ် Activate လုပ်ဖို့ နေရာရောက်ရင် Keygen ကိုဖွင့်လိုက်ပါ။  သူက Key တစ်ခု ဖန်တီးပေးပါလိမ့်မယ်။ ရလာတဲ့ Key ကို ထည့်ပေးပါ။ 






သွင်းပြီးရင် Restart လုပ်ပါ။  USB stick တို့ External HDD တို့ ကို တပ်ဆင်အသုံးပြုတဲ့အခါ လိုအပ်ရင် သူက Security Allow လုပ်ခိုင်မယ်ဆိုရင် Setting > Security & Privacy မှာ Allow လုပ်ပါ။  မိမိ အသုံးပြုလိုတဲ့ USB Stick , External HDD ကို ဖြုတ်ပြီး ပြန်တတ်လိုက်ပါ။ အဆင်ပြေပါပြီ။

ဒေါင်းလုပ်ရယူမယ်ဆိုရင်



MAGIX Sound Forge Pro v12.1.0.170

 MAGIX Sound Forge Pro ဟာ အသံပိုင်းဆိုင်ရာ တည်းဖြတ်ဖို့ အတွက်ဖြစ်ပါတယ်။  အသံအတွက် အထူးပြုလုပ်ချက်တွေ လုပ်မယ်ဆိုလည်း ရပါတယ်။  အသံဖမ်းတာ၊ တည်းဖြတ်ပြုပြင်တာ တွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။  အရင်က Version အဟောင်းတွေကိုတော့ Sony ကုမ္ပဏီက ပိုင်ဆိုင်ခဲ့ပြီး ခု Version ကနေစ MAGIX ကုမ္ပဏီက ၀ယ်ယူလိုက်ပြီမို့ နောက်ဆို Magix ကုမ္ပဏီ ရဲ့ ထုတ်ကုန် ဖြစ်ခဲ့ပါပြီ။




Windows 64bit အတွက် -



Windows 32bit အတွက် -




Thursday, November 8, 2018

Peazip



Peazip က ဖိုင်တွေ ချုံ့ ဖို့နဲ့ ပြန် ဖြန့်ဖို့ အတွက်သုံးရပါတယ်။  အရင်က Zip တို့ WinRAR တို့နဲ့ တူပါတယ်။  WinRAR ကလည်း တခြား ချုံ့ထားတဲ့ မည်သည့် ဖိုင်အမျိုးအစားကိုမဆို ပြန်ဖြန့် Extract လုပ်ပေးနိုင်သလို ခု Peazip ကလည်း မည်သည့် ပရိုဂရမ်ဖြင့် ချုံ့ထား Compress ထားသည်ဖြစ်စေ ပြန်ပြီး Extract လုပ်နိုင်ပါတယ်။  Zip နဲ့ WinRAR က အခကြေးငွေယူပေမယ့်  Peazip ကတော့ အခမဲ့ သုံးစွဲခွင့်ရပါတယ်။  ခုနောက်ပိုင်း WinRAR သွင်းမနေတော့ပဲ Peazip ကိုပဲ အသုံးပြုဖြစ်နေပါတယ်။ 




PeaZip ကို မူရင်းဆိုဒ်ကနေဒေါင်းလုပ်လုပ်ဖို့ တိုက်တွန်းပါတယ်။ နောက်ဆုံးဗားရှင်းရပြီး လုံခြုံရေးအရ အသုံးပြုသင့်လို့ပါ။  တခြား Free Software တွေ ဒေါင်းလို့ရတဲ့ နေရာကလည်း မယူပဲ မူရင်းဆိုဒ်ကပဲ ဒေါင်းလုပ်ရယူ သုံးစေလိုပါတယ်။ အခမဲ့ သုံးစွဲလို့ရတာတွေကို မူရင်းဆိုဒ်ကပဲ ဒေါင်းလုပ်ရယူပါ။

PeaZip က Windows XP, Vista, 7, 8, 8.1, 10 (32bit and 64bit), ReactO, Wine စသည့် OS တွေကို အထောက်အပံ့ပြုပါတယ်။

မိမိ Windows က 32bit လား  64bit လား မိမိနဲ့ ကိုက်ညီရာကို ဒေါင်းပါ။  



Thursday, November 1, 2018




Re-Loader Activator 3.0 Beta က Activator တစ်မျိုးပဲဖြစ်ပါတယ်။  ဘယ်အချိန်သုံးတာလည်းဆိုတော့  ဝင်းဒိုးတင်ပြီးနောက် ပထမဆုံး Activate လုပ်ခဲ့ကြရပါတယ်။  သုံးစွဲသူတွေက အင်တာနက်ချိတ်ဆက် အသုံးပြုခဲ့ကြပြီးနောက် Windows က ခိုးသုံးမှန်းသိသွားတဲ့အခါ သူ့ Windows ကို ပြန်လည် Activate လုပ်ခိုင်းပါတယ်။ ဝယ်ယူ သုံးဖို့ လိုကြောင်း အသိပေးတဲ့ သဘောပေါ့။  



ဒီလိုအချိန်မှာ Re-Loader Activator ကို အသုံးပြုဖို့ လိုလာပါပြီ။  သင်အသုံးပြုလိုပါက -





Microsoft Toolkit 2.6.x


Microsoft Toolkit 2.6 ဟာ Microsoft Office နှင့် Microsoft Windows များကို Activate လုပ်ဖို့ ထုတ်လုပ်ပေးထားတာဖြစ်ပါတယ်။  Microsoft Toolkit ကို ဗားရှင်းအမျိုးမျိုး တဆင့်ပြီး တဆင့် ထွက်ရှိလာပါပြီ။  ခုဟာက Version 2.6.2 ပါ။

ခုနောက်ပိုင်းမှာ Windows 10 မှာ update နောက်ဆုံးဖြစ်နေရင် ပြီးခဲ့သော Microsoft Toolkit အဟောင်းတွေက Activate လုပ်လို့ရပါတယ်။  သို့သော် တပတ်လောက်ဆို ပြန်ပြီး Activate လုပ်ခိုင်းလေ့ ရှိပါတယ်။ ခုလို Microsoft Toolkit ကို ထပ်မံ ဗားရှင်းအမြင့်ကို သုံးမှ အဆင်ပြေပါလိမ့်မယ်။



ခိုးသုံးတာလည်း လွယ်တော့ မလွယ်ဘူး။ :D