Sunday, June 17, 2018

Myanmar 3 Unicode အပြည့်အစုံ


ရုံးသုံး မြန်မာစာ စာစီစာရိုက်အတွက် မြန်မာ ၃ ဖောင့် ( Myanmar 3.ttf) ဖောင့်ကို တပြေးညီ အသုံးပြုကျဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးကို အကြောင်းကြား အသိပေးပြီး ဖြစ်ပါတယ်။ ထို့ကြောင့် တပြေးညီ မြန်မာ ၃ ဖောင့်ကို အသုံးပြုပြီး ရေးသား အသုံးပြုနေကြပါပြီ။ တစ်ချို့ စနစ်ဟောင်း ဖြစ်တဲ့ Myanmar 2 ဖောင့်ကို ဆက်လက်အသုံးပြုနေသေးတာကိုလည်း တွေ့ရပါတယ်။ ဖြစ်သင့်တာက Myanmar2 ဖောင့်ကို ပိုကောင်းအောင် မွန်းမံ ပြင်ဆင်ပြီး Myanmar 3 ဖောင့်ကို ထုတ်လုပ်ပေးထားတဲ့အတွက်  Myanmar 2 ဖောင့်ကို ဆက်သုံးစရာ မလိုတော့ပါ။ အကယ်၍ အရင် ဖိုင်အဟောင်းတွေကို Myanmar 2 နဲ့ ရေးသားခဲ့တာကြောင့် လက်ရှိ ပြန်ဖွင့်သုံးနေရတဲ့ဖိုင်တွေအတွက် Myanmar 2 -> Myanmar 3 ဖောင့်ကို အမှားပြင် ပြောင်းလဲပေးတဲ့ Converter ကို အောက်မှာ ထည့်သွင်းဖော်ပြပေးထားပါတယ်။ ထို့အတူ Zawgyi-One ဖောင့်၊ Win လက်ကွက်စနစ် ဖောင့်တွေကို ပြောင်းပေးနိုင်တဲ့ Kanaung Converter ကိုလည်း သုံးပြီး ပြောင်းနိုင်ပါတယ်။



Fonts and Keyboard



မြန်မာစာယူနီကုတ်ကို အသုံးပြုတဲ့အခါ အခက်အခဲတစ်ချို့ တွေ့ရတတ်ပါတယ်။ Adobe Pagemaker 7.0 ကတော့ မူလကတည်းက Unicode Font စနစ်ကို အထောက်အပံ့မလုပ်လို့ ဒီဆော့ဖ်ဝဲမှာ Myanmar 3 font ကို အသုံးမပြုနိုင်ပါဘူး။ Layout Design နဲ့ စာစီစာရိုက်အတွက် ပုံနှိပ်ထုတ်ဝေရေးမှာ အသုံးပြုနေတဲ့ Adobe software စနစ်တွေကလည်း ကျွန်တော်တို့ မြန်မာစာ ယူနီကုတ် စနစ်ကို အပြည့်အ၀ ထောက်ပံ့ပေးနိုင်ခြင်းမရှိတကြောင့် Photoshop, InDesign, Illustrator စတာတွေမှာ Myanmar 3 ဖောင့်ကို အသုံးပြုဖို့ အခက်အခဲ ရှိနေတုန်းပါ။ ဒီ Adobe အုပ်စုအတွက် Asoka နည်းပညာ ကနေ Adobe software တွေမှာ အသုံးပြုနိုင်အောင် ရေးသားထုတ်ပေးထားတာလည်း ရှိပါတယ်။ အကျယ်ဖတ်ရှုလိုပါက အောက်ပါလင့် မှာ ဖတ်ရှု နိုင်ပါတယ်။ https://www.facebook.com/asokatechnologies/posts/1596166177366561

Asoka font ကို ဒေါင်းလုပ်ရယူလိုပါက - https://mega.nz/#!pVABjQqY!JaoTnavHlIQyLBx227ZnzxNg1u3K0hydNue6IsqRcbo 

Asoka Writer လက်ကွက်စနစ်ကို ဒေါင်းလုပ်ရယူလိုပါက - https://mega.nz/#!sdY10Z6R!cJTIsRj0CQoxKu-9tZ8tbfBIq8LGxjVp0LcpDicTVgE

မြန်မာ ၃ ဖောင့် (Myanmar3) ကိုလည်း version အမျိုးမျိုး ထုတ်လုပ်ရာမှာ နောက်ဆုံးထွက်ရှိတဲ့ ဘယ် စနစ်မျိုးမဆို ထောက်ပံ့ပေးနိုင်တဲ့ (Multi OS support) ဖောင့်ကို အသုံးပြုရပါမယ်။ ဒေါင်းလုပ်ရယူလိုပါက
 - https://mega.nz/#!NRASxSKR!lbfl6I_CFQ43HhMyYh-wCn1LjP7RGHEayILGWTCi0cM 

 ဒါဆို မြန်မာစာ ရေးချင်တိုင်း Myanmar 3 ဖောင့်တစ်မျိုးတည်း အသုံပြုရမလိုဖြစ်နေတာပေါ့။ စာအုပ်တွေရိုက်တဲ့အခါ ဒီဇိုင်း ဆန်းဆန်းလေးတွေ Myanmar 3 လိုမျိုး မရှိသေးဘူးလား မေးစရာပါ။ Myanmar 3 ဖောင့် ကို မြန်မာ ဘာသာအပြင် တိုင်းရင်းသားဘာသာစကားတွေ အတွက်ပါ ရေးသား ထုတ်လုပ်ပေးပြီး ဖောင့်ရေးသားထုတ်လုပ်သူများက ဝိုင်းဝန်းပြီး ဒီဇိုင်းဆန်းတွေကို ရေးသားထုတ်လုပ်ပေးနေကြတာ ယခုဆိုလျင် အရေအတွက် ၁၀၀ ကျော်ပင် ရှိနေပါပြီ။ Myanmar 3 ဖောင့်အစား တိုင်းရင်းသား ဘာသာစကားတွေပါ အပါအဝင်ဖောင့်ကို Pyidaungsu font အဖြစ်လည်း ထုတ်လုပ်ပေးထားပါသေးတယ်။



 ပြည်ထောင်စုဖောင့်ကို ဒေါင်းလုပ်ရယူလိုပါက -



Windows 8, 10 (Microsoft Office 2013, 2016) အတွက်
– Pyidaungsu-2.4_Regular.ttf [DOWNLOAD]
– Pyidaungsu-2.4_Bold.ttf [DOWNLOAD]

Windows 7, Mac OS X နှင့် Linux (Microsoft Office 2010) အတွက်
– Pyidaungsu-1.7_Regular.ttf [DOWNLOAD]
– Pyidaungsu-1.7_Bold.ttf [DOWNLOAD]

Myanmar 3 ကဲ့သို့ အသုံးပြုနိုင်သော ဖောင့်များကို တစ်စုတစီးတည်း ဒေါင်းလုပ်ရယူလိုပါက - https://mega.nz/#!EAIHxLwC!9UxuQq2r8SpFzGIUdWF_ZRJzWbJ3t6Okndg4XLkzmpU 

ဒါဆို မြန်မာ ယူနီကုတ် ဖောင့်အသုံးပြုရန်အတွက် စာလုံးဖောင့်ဒီဇိုင်းများ အဆုံအလင် ရှိပါပြီ။ Myanmar 3 ဖောင့်အစားလည်း အလဲအလှယ် သုံးနိုင်ပါပြီ။ အလဲအလှယ် သုံးသော်လည်း တပါးသူထံတွင် ပြည်ထောင်စု ဖောင့် မရှိလျင် ဘယ်လိုလုပ်မလဲ တွေးစရာပါ။  သို့သော် ယူနီကုတ်ဖောင့်ဖြစ်တဲ့အတွက် Myanmar 3 ဖောင့် ရှိသည်ဆိုလျင် မိမိတို့ ဖောင့် အဆန်းသုံးသော်လည်း မြင်နေရမည်သာဖြစ်ပါသည်။



ဖောင့် အကြောင်း ပြည့်စုံပြီဖြစ်သဖြင့် စာရိုက်ရာတွင် အသုံးပြုရသော လက်ကွက် စနစ် Keyboard Layout ကို ဆက်လက် ဖော်ပြပါမည်။ လက်ကွက်စနစ်ကို အဓိက နှစ်မျိုး အသုံးပြုများပါတယ်။



ပထမ Tavultesoft အဖွဲ့အစည်းအမည်ရှိ နိုင်ငံတကာ ဘာသာစကားလက်ကွက် စနစ်ကို ရေးသားထုတ်လုပ်ပေးသူအုပ်စုက မြန်မာဘာသာအတွက် Tavultesoft Keyman ကို ကျွန်တော်တို့ ဒေသခံ မြန်မာများဖြင့် ပူးပေါင်း ရေးသားပေးခဲ့သော လက်ကွက်စနစ်ဖြစ်တဲ့ Keyman ကို လူသိများပါတယ်။ http://www.tavultesoft.com/keyman/downloads/keyboards/search.php

Windows 7 အတွက် Tavultesoft Keyman Version 6.2 လောက်ကို အသုံးပြုဖို့ တိုက်တွန်းပါရစေ။ Windows 8, 8.1, 10 အတွက်ကလည်း Version 6.2 ကို ဆက်လက် အသုံးပြုလို့ ရသေးသော်လည်း တခါတရံ အခက်အခဲ ဖြစ်တတ်ပါတယ်။ ဒါကြောင့် Windows 8, 8.1, 10 အတွက် Tavultesoft Keyman Version 9 ကို အသုံးပြုရလေ့ရှိပါတယ်။ တစ်ခုရှိတာက Keyman Version 6.2 အထိကို သူတို့က အခမဲ့ အသုံးပြုခွင့် ပေးခဲ့ပေမယ့် Version 9 ကိုတော့ ဝယ်ယူသုံးကြရပါမယ်။ (အခုတော့ Crack ဖိုင်ထည့်ထားပေးပါတယ်) ။



 ဒီ Keyman ကို အသုံးပြုမယ်ဆိုရင် လုပ်ရမယ့် အဆင့် နှစ်ခုရှိပါတယ်။ Keyman ကို အရင် သွင်းရပါတယ်။ ပြီးမှ မြန်မာလက်ကွက်စနစ်ဖြစ်တဲ့ Myanmar3.kmx ကို ထပ်သွင်းရပါတယ်။ နှစ်ဆင့်သွင်းပြီးမှ ဖောင့်လည်း ရှိပြီဆို စာရေးလို့ရပါပြီ။ Version မြင့်တဲ့အခါကြတော့ *.kmx ဖိုင်မဟုတ်တော့ပဲ Version 9 နှင့် အထက်မှာ Myanmar.kmp အဖြစ် ဖိုင်အမျိုးအစား ပြောင်းသွားပါတယ်။ ခက်တာက သူတို့ကို ဝယ်သုံးရတာပါပဲ။ Version 9 ကိုပြောတာ။ ဝယ်သုံးရမယ်ဆို အဆင်မပြေတော့လို့ အဲ့ဒီ Keyman မြန်မာစာအတွက် ပူးပေါင်းစဉ်မှာ ပါဝင်ခဲ့တဲ့ ပညာရှင်က အခမဲ့ အသုံးပြုနိုင်တဲ့ Keymagic ဆိုတာကို ထုတ်လုပ်ပေးထားပါတယ်။



 ဒုတိယ အသုံးအများဆုံး မြန်မာ လက်ကွက်စနစ်က Keymagic ပါပဲ။ Keymaigc ကို ဒေါင်းလိုပါက - https://keymagic.net/downloads/ မှာ ဒေါင်းနိုင်ပါတယ်။အဲ့ဒီမှာ ရှိတဲ့  Version 1.5 ကို Windows 7 အတွက် ရည်ရွယ်ပြီး၊ Version 2.0(Pre 4) ကိုတော့ Windows 8, 8.1, 10 တို့အတွက် အသုံး ပြုရပါမယ်။ ဒေါင်းလုပ်ရယူ လိုပါက -https://mega.nz/#!tE4RUJ5Z!HQHhOJcWJZ3PQl74Ti9wXG086GMMW_jT2jvGAUCiU08 

အိုကေ။ ဒါဆို ကျွန်တော်တို့ ယူနီကုတ်အတွက် စာရေးဖို့ ဖောင့်လည်း ရပြီ။ စာရိုက်ဖို့ လက်ကွက်စနစ်လည်း ရှိပြီ။ စာရိုက်ဖို့ပဲ ကျန်တော့တာပေါ့။  ကျန်သေးတယ် ခုမှသတိရလို့ ကီးဘုတ်ပေါ်က လက်ကွက်တွေဟာ အရင် စနစ်ဟောင်းက Win စာစီစာရိုက်လက်ကွက်စနစ်ကို အခြေခံသော်လည်း တစ်ချို့ စာလုံးတွေက တစ်ခုပဲရှိတော့ပါတယ်။ လက်ကွက်နေရာတွေ အနည်းငယ် ပြောင်းသွားပါတယ်။ ဒီအတွက် အောက်က ပုံတွေကို ကြည့်ရင် သိနိုင်ပါတယ်။ အရင်က အောက်ကမြစ် (-့) ကို သုံးနေရာလောက်မှာ ထားထားပေမယ့် ယူနီကုတ် ဖောင့်မှာ တစ်နေရာပဲ ရယူပိုင်ဆိုင်တော့တယ်ဗျ။  ကျေးဇူးတင်ပါတယ်။ လက်ကွက်ပုံတွေက -



ဒီပုံစံ (၁) လက်ကွက်စနစ်ကို update date အဖြစ် သုံးကြရပါမယ်။ မြန်မာ ၃ စာစီစာရိုက်မယ်ဆို ဘေးမှာ ပရင့်ထုတ် ကပ်ထားပေါ့။  ခုထိ စာလုံးတွေ ကျွန်တော် အလွတ်မရသေးဘူးဗျ။  ဿ ၍  ဤ  တို့တွေ ကျွန်တော် မမှတ်မိသေးဘူးဗျ။

ပံုစံ (၁)

အောက်က ပုံစံ (၂) လက်ကွက်ပုံဟာ ယူနီကုတ်စနစ်ကို အတိအကျလိုက်နာတဲ့ ဖောင့်တစ်ခုရဖို့ စတင် လုပ်ဆောင်ပေးခဲ့တဲ့ အသင်းအဖွဲ့ ဖြစ်တဲ့ Myanmar NLP team မှာ ရေးသားထုတ်လုပ်ပေးခဲ့တာပါ။  မြန်မာ ၃ လက်ကွက်သုံးဖို့ Keyboard ထွက်ရှိထားပါတယ်။  သူက မြင်တွေ့တဲ့အတိုင်း မြန်စံ (Smart) စာစီစာရိုက်စနစ် အမည်နဲ့ စခဲ့ပါတယ်။ မြန်စံစနစ်ပေါ့။  ခုတော့ သူက သဝေထိုး အရင်ရိုက်မယ် နောက်မှ ရိုက်ရမယ် ဇာတ်လမ်းနဲ့ လူအများအကြိုက်လိုက်ပြီး သဝေထိုးအရင်ရိုက်ရတဲ့ စနစ်ကို ပြောင်းလဲခဲ့ပါတယ်။  ခု သူ့ကိုအခြေခံပြီး ဆက်လက် လုပ်ဆောင်ကြရာမှာ Keymagic ဆိုတာ ဖြစ်ပေါ်လာပါတယ်။  



မြန်စံ (Smart ) keyboard ကို ဒေါင်းလုပ်ရယူဖို့ -   http://pc.cd/VgtrtalK





သူ့မှာ သတိထားရမှာက  အက္ခရာ  ဂ ၊ ဝ ၊ ယ စတာတွေက နေရာဟောင်းနားမှာပဲရှိနေပါသေးတယ်။  အပေါ်က Myanmar 3 လက်ကွက်သစ်မှာတော့ ပြောင်းသွားတာကို သတိထားစေလိုပါတယ်။  
ပံုစံ (၂)

မူလလက်ဟောင်း ဝင်း လက်ကွက်စနစ်ကို အောက်ကပုံစံ (၃) ရုပ်ပုံအတိုင်းဖြစ်ပါတယ်။   ယူနီကုတ်တွေနဲ့ လက်ကွက် လျော့သွားတာကို နှိုင်းယှဉ် သိနိုင်အောင်ပါ။  မှတ်ရလွယ်သွားအောင်လို့။

ပံုစံ (၃)



Converter များ စုစည်းမှု



Converter တွေအကြောင်း ပြောကျပါဦးစို့။ Myanmar 2 နဲ့ ရိုက်ထားတဲ့စာတွေကို Myanmar 3 ဖောင့်ပြောင်းတဲ့အခါ အချို့ စာလုံးတွေ မှားယွင်းနေပါတယ်။ ဒါကို ပြင်ဆင်ဖို့အတွက် Myanmar2CorrectionSetup ကို သုံးပါ။ ေ

ဒါင်းလုပ်ရယူရန် https://mega.nz/#!hBJHCCza!LHOIQyMyPIxUUa5_ZT9N4RLgozSObAE835ccEvNL3Io

Win Innwa, Zawgyi-One စသည်ဖြင့် အခြားစနစ်ဖြင့် ရိုက်ထားသည့် စာများကို ယူနီကုတ် စံအဖြစ် ပြောင်းလဲသုံးလိုပါက -
  https://mega.nz/#!UdIRjSpL!GqRtWv7jROvW3WWesp0jhxuzdtCiVC-nEAMhrXNeSAk

Converter တွေကို စုထားပေးတာဖြစ်လို့ မိမိနှစ်သက်ရာသုံးနိုင်ပါတယ်။ အားလုံးကတော့ အဖြေတူတူရတာပါပဲ။ ဒီအခန်းထဲမှာ Kanaung, Converter, MUAFC, NLP converter, PK_Converter ဆိုတဲ့ converter တွေ စုထားတာပါ။ ဒေါင်းလုပ်လုပ်ဖို့ အတွက် - https://mega.nz/#F!NZhGGCQI!OIetaS0bgBQEI3h2sXcn0A

စုဆောင်းထားရှိလိုသူများအတွက် အပေါ်က ဒေါင်လုပ်လင့်တွေကို လင့်တစ်ခုတည်း ဒေါင်းလိုပါက - https://mega.nz/#F!lJx0lYwI!hD3wNTGMBDtjhCMrdDZGyA

အပေါ်က စာစုတစ်ခုလုံးဟာ မြန်မာ ယူနီကုတ် ဖောင့်နဲ့ လက်ကွက်တွေအကြောင်းအရာတွေဖြစ်ပေမယ့် လူအများသုံးနေ ဖတ်နေတဲ့ ဇော်ဂျီနဲ့ ရေးရတာကို ခွင့်လွတ်နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်။ (ဇော်ဂျီ မှ ယူနီကုတ်သို့ ပြောင်းပြီး)



သင့်ပတ်ဝန်းကျင်မှာ ဒေတာ ဆိုတဲ့ အချက်အလက်တွေ ဟာ တနေ့တခြား အသုံးဝင် ကျယ်ပြန့်လာနေတယ်ဆိုတာကို သတိထားမိပါသလား။  အဲ့ဒီအချက်အလက်တွေဟာ နောက်နှစ်အနည်းငယ်အတွင်းမှာပဲ အဆမတန် ကြီးထွားပြီး မဖြစ်မနေ အသုံးပြုကြရပါလိမ့်မယ်။  တစ်ခုခုသိချင်လား ကွန်ပျူတာကို မေးလိုက်၊ ရှာလိုက်။  ချက်ခြင်း သင်သိလိုတဲ့ အချက်အလက်တွေကို သိမ်းဆည်းထားတဲ့ နေရာကနေရှာပေးပါလိမ့်မယ်။  အဲ့ဒီလို အထောက်အကူပြုနိုင်တဲ့ အချက်အလက်တွေကို ယနေ့ကစလို့ ပြုစု ရေးသွင်းကြရာမှာ နိုင်ငံတကာစံနှုန်းအတိုင်း လိုက်နာတဲ့ ဖောင့် ဖြစ်ဖို့ သိပ်ကို အရေးကြီးတယ်ဆိုတာ သင်ရိပ်မိလောက်ပါပြီ။  အဲ့ဒီလို အချက်အလက်တွေကို စုဆောင်းထားရှိနိုင်အောင် ယူနီကုတ်စံစနစ်ကို လိုက်နာသော ဖောင့်ကအပြည့်အ၀ အထောက်အကူပေးနိုင်ပါတယ်။


13 comments:

  1. ကျေးဇူး အများကြီး တင်ပါတယ်

    ReplyDelete
    Replies
    1. Myanmar 3 Unicode အပြည့်အစုံ ~ Dtp For You >>>>> Download Now

      >>>>> Download Full

      Myanmar 3 Unicode အပြည့်အစုံ ~ Dtp For You >>>>> Download LINK

      >>>>> Download Now

      Myanmar 3 Unicode အပြည့်အစုံ ~ Dtp For You >>>>> Download Full

      >>>>> Download LINK GJ

      Delete
  2. Myanmar 3 for office version 16 and Mac os is now available or not yet? If it is, please kindly guide me!!!

    ReplyDelete
    Replies
    1. Thanks you for your comment. There is Mac OS X myanmar unicode site. Please visit this site.

      http://guides.mmunicode.org/index.php/Mac_OS_X

      Delete
  3. ကျေးဇူးပါခင်ဗျ

    ReplyDelete
  4. android မှာ install ပြုလုပ်လို့ရတဲ့ pyidaungsu font လေး လိုချင်ပါတယ်။

    ReplyDelete
  5. လုပ္လိုမရေသးဘူးဗ်

    ReplyDelete
  6. pagemaker လုပ်လို့မရဘူးဖြစ်နေတာ

    ReplyDelete
  7. ကျေးဇူးအထူးတင်ပါတယ်ခင်ဗျာ။

    ReplyDelete
  8. office 2010 မှာ myanmar 3 ရိုက်မရဖြစ်နေပါတယ်ရှင် နောက်ပြီး pyidaungsu font လည်းသုံးပါတယ်ရှင့် စက်ထဲ font ၂ခုလုံး အသုံးပြုလို့ရမလားရှင့် ဘယ်လိုလုပ်ရမလဲရှင့်

    ReplyDelete
  9. ေကျးဇူးတင်ပါတယ်

    ReplyDelete
  10. page maker မှာ ပြည်ထောင်စု font ကသုံးမရဘူးဖြစ်နေတယ်။

    ReplyDelete
  11. Myanmar 3 Unicode အပြည့်အစုံ ~ Dtp For You >>>>> Download Now

    >>>>> Download Full

    Myanmar 3 Unicode အပြည့်အစုံ ~ Dtp For You >>>>> Download LINK

    >>>>> Download Now

    Myanmar 3 Unicode အပြည့်အစုံ ~ Dtp For You >>>>> Download Full

    >>>>> Download LINK

    ReplyDelete