Tuesday, January 16, 2018

7-Zip


ဖိုင်တွေကို ချုံ့ခြင်း၊  ဖြန့်ခြင်း လုပ်ဖို့အတွက် ခုတလော 7Zip က အဆင်ပြေနေတယ်။  ကျွန်တော် ထင်ထားတာက  WinRAR ရှိနေရင် ဘယ်လို ချုံ့ထား ချုံ့ထား သူက အကုန် ဖြန့်ချပေးနိုင်တယ်လို့ ထင်နေတာ။  အဲ့တော့ ကျွန်တော့ စက်ထဲမှာ WinRAR အမြဲ ထည့်ထားတတ်တယ်။  ခုတလောကျတော့ တစ်ချို့ zip ဖိုင်တွေကို အဲ့ဒီ WinRAR ဖိုင်တွေ ဖြန့်ချမရဖြစ်နေတယ်ဆိုရင် ခုဖော်ပြထားတဲ့ 7Zip နဲ့ကျတော့ လွယ်လွယ်ကူကူ ဖြန့်ချပေးနိုင်နေပါတယ်။   ဖြစ်နိုင်တဲ့ အခက်အခဲက Compression လုပ်တဲ့ ဆောဖ့်ဝဲတွေက နည်းလမ်းအသစ်တွေ အသုံးပြုပြီး သူ့တို့ရဲ့ ဆောဖ့်ဝဲတွေကို တိုးတက် အဆင့်မြင့်ထားပုံပဲ။  ဆိုတော့ 7Zip နဲ့ လုပ်ထားရင် 7Zip နဲ့ပဲ ပြန်ဖြေရမယ်ဆိုတာလို ဖြစ်နေတယ်။  ဒါကြောင့် ကွန်ပျူတာ အသုံး ပြုသူတွေအတွက် နောက်ထပ် Zip ဖိုင်ကို အသုံးပြုနိုင်ဖို့ 7 Zip ကို ထပ်သွင်းဖို့ လိုလာပါတယ်။

7Zip က အခမဲ့ အသုံးပြုခွင့်ပေးထားပါတယ်။  လိုအပ်လို့ ဒေါင်းမယ်ဆိုရင် သူ့မူရင်းဆိုဒ်မှာ ရှိတဲ့ နောက်ဆုံး ဗားရှင်း ကို ဒေါင်းပြီး အသုံး ပြုဖို့ တိုက်တွန်းပါရစေ။


0 comments:

Post a Comment