Tuesday, December 26, 2017

CorelDRAW Graphic Suite X7

Vector ဂရပ်ဖစ် ဒီဇိုင်းအတွက် အကောင်းဆုံး ပရိုဂရမ်တစ်ခု ဖြစ်ပါတယ်။  မြင်ကွင်းကို မိမိ ပုံဆွဲတဲ့အလုပ်လွယ်ကူစေရန် စိတ်ကြိုက်ပြောင်းလဲခွင့်ရရှိစေပါတယ်။  Bar Code ဖန်တီးမလား၊ QR Code တွေ ဖန်တီးမလား သီးခြား ဆော့ဖ်ဝဲသုံးစရာမလိုတော့ပါ။  ဒီဇိုင်းအတိုအစ တွေ အများကြီး လုပ်ရတဲ့အခါ စာမျက်နှာအများကြီးကိုလည်း ဥပမာ စာအုပ်ဖွဲ့မယ်ဆိုလည်း ရပါတယ်။ 
Adobe ကုမ္ပဏီက ဂရပ်ဖစ်ဒီဇိုင်း အပြင် မီဒီယာ လုပ်ငန်းတစ်ခုလုံးအတွက် လိုအပ်တဲ့ ဆော့ဖ်ဝဲတွေကို နေရာယူ သိမ်းပိုက် ထုတ်လုပ်ပေးထားပါတယ်။  သို့သော်လည်း CorelDRAW ကလည်း ကာလကြာရှည် သူ့ကိုယ်ပိုင်ဟန်ဖြင့် ရပ်တည်လို့လာခဲ့တာ ယခုဆိုလျှင် ၂၅ နှစ်တိုင် ရောက်ရှိနေခဲ့ပါပြီ။  Adobe မှာ Vector Art အတွက် Adobe Illustrator ဆိုတာ ရှိပါတယ်။  သူကလည်း သူ့နေရာနဲ့ သူပေါ့။  CorelDRAW လည်း သုံးသူတိုင်း အကြိုက်တွေ့စေတဲ့ မြင်ကွင်း၊ ရိုးရှင်း လွယ်ကူမှုတွေဟာ သူ့ရဲ့ ဆွဲဆောင်မှု တစ်ခုပဲဖြစ်ပါတယ်။  Adobe Illustrator ရဲ့ မြင်ကွင်းကိုမှ အသုံးပြုလိုသူတွေ အတွက်လည်း အဆင်သင့် ပါဝင်ပါတယ်။  နောက်ဆုံး AI ရဲ့ ပုံစံတူ Shortcut ကိုပါ အသုံးပြုခွင့်ရစေမှာဖြစ်တဲ့အတွက် ပရိုဂရမ် နှစ်ခုစလုံးကို အကျွမ်းတ၀င် ဖြစ်စေပါတယ်။ 
CorelDRAW ကို Graphic Suite အဖြစ် အမည်ပေးပြီး ထုတ်လုပ်ထားရတာက သူ့ထဲမှာ Vector graphic အတွက် CorelDRAW (သူက AI နဲ့တူတယ်), Corel PHOTO-PAINT (သူက Adobe Photoshop နဲ့တူတယ်) , Corel CAPTURE သူက Screen Capture လုပ်တဲ့ ဆော့ဖ်ဝဲပါ။ နောက်ပြီး Bitstream Font Navigator က ဖောင့်တွေကို နမူနာကြည့်ဖို့ စစ်ဖို့ အတွက်ပါ။  ဒါတွေအားလုံး CorelDRAW Graphic Suite X7 မှာ ပါဝင်မှာ ဖြစ်ပါတယ်။ 


CorelDRAW X7 မှာ နည်းပညာအသစ် အထောက်အပံ့ကတော့ Color Styles docker ပါပဲခင်ဗျာ။  ကာလာအရောင်တွေကို စိတ်ကြိုက်ဖန်တီးဖို့ အတွက် မရှိမဖြစ် အသုံး ပြုကြရပါလိမ့်မယ်။ 

ကျွန်တော်တို့ဆီမှာတော့ ကွန်ပျူတာ သင်တန်းတွေမှာ CorelDRAW ကို စာစီစာရိုက်အတန်း၊ ဂရပ်ဖစ်ဒီဇိုင်း သင်တန်း စတဲ့ သင်တန်းတွေမှာ မသင်မဖြစ် သင်ကြားရလေ့ရှိပါတယ်။  ကွန်ပျူတာ စာစီစာရိုက်ဆိုင်တွေမှာလည်း မဖြစ်မနေ ထည့်သွင်းထားရပြီး တံဆိပ်တုံးတွေ ၊ ကုမ္ပဏီ လိုဂိုတွေ၊ ဗွီနိုင်းဆိုင်တွေမှာ မရှိမဖြစ် အသုံးပြုနေကြရပါတယ်။

ဒေါင်းလုတ်လုပ်မယ်ဆိုရင်  Windows 32 bits အတွက် -

 CorelDraw X7 32bit
ဒေါင်းလုတ်လုပ်မယ်ဆိုရင်  Windows 64 bits အတွက် -

 CorelDraw X7 64bit




1 comment:

  1. Coreldraw Graphic Suite X7 ~ Dtp For You >>>>> Download Now

    >>>>> Download Full

    Coreldraw Graphic Suite X7 ~ Dtp For You >>>>> Download LINK

    >>>>> Download Now

    Coreldraw Graphic Suite X7 ~ Dtp For You >>>>> Download Full

    >>>>> Download LINK Tu

    ReplyDelete