စာစီစာရိုက်လုပ်ငန်း အတွက်

စာစီစာရိုက်လုပ်ငန်းအတွက် အသုံးအဆောင်များကို ရှာဖွေ စုဆောင်းထားရှိပေးထားပါတယ်။

ဆောဖ့်ဝဲများကလည်း သင့်လုပ်ငန်းအတွက်ပါ

ကွန်ပျူတာအတွက် အသုံးဝင်သော ဆောဖ့်ဝဲများကိုလည်း တင်ပြထားပေးပါတယ်။ မိမိတို့ လိုအပ်သလို အသုံးချနိုင်ကြပါစေ

စာစီလုပ်ငန်းအတွက် ဒီဇိုင်းလိုအပ်သမျှ

အသင့်သုံး ဒီဇိုင်းများ၊ ဘောင်များ၊ ပန်းကနုတ်၊ ဖောက်စွပ်များ၊ ဖိတ်စာ၊ လိပ်စာတို့တွင် အသုံးပြုသည့် သင်္ကေတများ၊ ရုပ်ပုံများကိုလည်း ထားရှိပေးထားပါတယ်

ရပ်တန့်မသွားသော နည်းပညာ

ကွန်ပျူတာ နည်းပညာ နယ်ပယ်ဟာ ရပ်တန့် မသွားပဲ ရှေ့ကို ခပ်မြန်မြန်သွားနေတဲ့ နည်းပညာပဲ ဖြစ်ပါတယ်။ နောက်ကြမကျန်ရအောင် ဒီဘလော့မှာ အဟောင်းတွေအပြင် အသစ်တွေကိုပါ ဖော်ပြပေးထားပါတယ်

သင်လိုအပ်သမျှ ကွန်မန့်မှာ ရေးခဲ့ပေးပါ

တကယ်လို့ သင့်လုပ်ငန်းအတွက် လိုအပ်နေတာ ဒီထဲမှာ ရှိမနေသေးရင် ကွန့်မန့်မှာ မှတ်ချက်ရေးပြီး တောင်းဆိုခဲ့ပေးပါ။ မကြာမီအချိန်အတွင်း ဖြည့်ဆည်းပေးထားပါမယ်

Wednesday, July 24, 2019

Camera RAW file မြင်ရဖို့


Camera ထုတ်လုပ်ပေးတဲ့ ကုမ္ပဏီက သိပ်အများကြီး မရှိပေမယ့် အရေအသွေးကောင်းမွန်သော ပုံရိပ်များကို ရရှိစေနိုင်တဲ့ ပုံရိပ်ဖိုင် RAW ဖိုင်ကို တစ်ယောက်တစ်မျိုးစီ တီထွင် ဖန်တီး ထုတ်လုပ်ကျပါတယ်။  Sony က ARW ဖိုင်၊ Nikon က NEF ဖိုင်၊ Canon က CR2, Fuji က xt2 ဖိုင် စသည်ဖြင့် အသီးသီး ကိုယ်ပိုင် RAW ပုံရိပ်များကို ထုတ်လုပ်ပေးထားပါတယ်။

RAW ဖိုင်တွေကို မိမိတို့ ဝင်းဒိုးကွန်ပျူတာတွေမှာ နမူနာပုံမမြင်ရသလို ဆိုင်ရာ Raw Viewer မထည့်ထားလျှင် ဖွင့်လို့ကို မရပါဘူး။ ဒီအတွက် RAW ဖိုင်တွေကို မြင်ရဖို့ အတွက် Raw Codec တွေကို ဝင်းဒိုးစနစ်ထဲ ထည့်သွင်းပေးဖို့လိုပါတယ်။

ဓါတ်ပုံတွေကို တည်းဖြတ်ပေးတဲ့ ဆောဖ့်ဝဲတွေက RAW ဖိုင်တွေကို မသိပါ။  Photoshop လိုမျိုးအတွက်ဆို Adobe Camera RAW ဆောဖ့်ဝဲကို ဆိုင်ရာ ထည့်သွင်းပေးပါမှ တည်းဖြတ် ပြုပြင်လို့ ရပါမယ်။ Photoshop အတွက်ဆိုရင် (၁) ဖိုတိုရှော့ ဗားရှင်း၊ (၂) အသုံးပြုနေတဲ့ ဝင်းဒိုးစ် ဗားရှင်း တွေနဲ့ ကိုက်ညီတဲ့ Adobe Camera RAW ကို ချိန်ညှိထည့်သွင်းပေးရပါမယ်။

မိမိတို့ ဘာသာ မိမိစက်နှင့် ကိုက်ညီတဲ့ Adobe Camera RAW ကို ဒေါင်းလုပ်ရယူလိုပါက အောက်ဖော်ပြပါ လင့်သို့ သွားရောက်ရယူနိုင်ပါတယ်။

       Adobe Camera RAW download site မှာ နောက်ဆုံးဗားရှင်းကိုဖြစ်စေ မိမိ စက်ဖြင့် ကိုက်ညီသည့် ဗားရှင်းကို ဖြစ်စေ ဒေါင်းလုပ်ရယူနိုင်ပါတယ်။

       Adobe Camera RAW 11.3 က လက်ရှိပိုစ့်အချိန်အရ နောက်ဆုံးဗားရှင်းပါ။ Windows Version အတွက်ပါ။


Adobe Camera RAW က RAW အားလုံးကို ဖွင့်ဖို့ အထောက်အပံ့ပေးထားသော်လည်း Windows Explorers (File Explorers) မြင်ကွင်းတွင် မဖော်ပြနိုင်သေးပါ။ ရုပ်မမြင်ရဘူးလို့ ဆိုလိုချင်တာပါ။

  • Nikon Raw Codec
  • Fuji Raw Codec
  • Sony Raw Codec
  • Canon Raw Codec (သူက မျိုးကွဲများစွာရှိလို့ မိမိကင်မရာမော်ဒယ် + လက်ရှိ အသုံးပြုနေသော ဝင်းဒိုး ဗားရှင်းဖြင့် မူလဆိုဒ်တွင် ရွေးချယ် ဒေါင်းလုပ်ရယူပါ)


        အပေါ်က Codec တွေက မိမိတို့ ဝင်းဒိုးမှာ ပုံတွေ မြင်ရအောင် ကြည့်ခွင့်ပေးပါလိမ့်မယ်။  မိမိအသုံးပြုတဲ့ ကင်မရာအမျိုးအစားကို ရွေးချယ် ဒေါင်းလုပ်ရယူနိုင်ပါတယ်။








          Saturday, July 20, 2019

          Microsoft Office Professional Plus 2010



          မိုက်ခရိုဆော့ဖ်မှ ရုံးလုပ်ငန်းသုံးအတွက် ထုတ်လုပ်ပေးထားသော Office Professional Plus 2010 ဗားရှင်းဖြစ်ပါတယ်။

          ယနေ့ Office 2019 ထိ ထွက်ရှိပေးထားပြီးဖြစ်ပါတယ်။  ကျွန်တော်တို့ဆီက ရုံးဝန်ထမ်းတွေက စက်လိုအပ်ချက်၊ လူစွမ်းအား လိုအပ်ချက်တွေကြောင့် နောက်ဆုံး ဗားရှင်းကို အသုံးပြုနိုင်ခြေ နဲပါးလှပါတယ်။ ဒီ ၂၀၁၀ ဗားရှင်းတောင် မတတ်သာလို့ တိုးတက် အသုံးပြုရပုံပေါ်တယ်။  Office 2007 ကိုပဲ တစ်ချို့ လက်မလွတ်တမ်း အသုံးပြုနေကျဆဲပါ။

          နောက်တစ်ခုက ရုံးလုပ်ငန်းသုံးမှာ ယူနီကုတ်စာရေးစနစ်ဖြစ်တဲ့ ပြည်ထောင်စုဖောင့်ကို အသုံးပြုဖို့ မဖြစ်မနေ လိုအပ်တာကြောင့် ရုံးလုပ်ငန်းသုံးအနေနဲ့ ဆိုလျင် မဖြစ်မနေ Office 2010 ဗားရှင်းလောက်ကိုတော့ဖြင့် အသုံးပြုဖို့ လိုအပ်ပါလိမ့်မယ်။  ဒါတောင် ယူနီကုတ် အထောက်အပံ့ကို စစဦး ပံ့ပိုးပေးထားတဲ့ ဗားရှင်းမို့ပါ။

          ခုဒီထဲမှာတော့ activate လုပ်ဖို့ ပါပြီးသားပါ။  .net 4.0 တော့ ကြိုသွင်းထားဖို့ လိုပါလိမ့်မယ်။



          ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ Windows OS, Office Software တို့ကို ဝယ်ယူအသုံးပြုသင့်ပါတယ်။  ဒီ ဝင်းဒိုစ်နဲ့၊ office software တွေကို activate လုပ်ပေးတဲ့ ကောင်တွေကို မယုံတော့လို့ပါ။  မိမိတို့က ရုံးလုပ်ငန်းလုပ်ဆောင်နေတယ်ဆိုရင် ဒေတာတွေ ကာကွယ်ဖို့လိုတယ်ဆိုရင် ဝယ်ယူသုံးဆွဲသင့်တယ်လို့ ထင်မြင်မိပါတယ်။


          Nero Burning Rom 8.2.8.0


          ယနေ့ထိ ဆိုလျင် နီရိုမှ 2019 ထိ ဗားရှင်းအမြင့်များထွက်ရှိနေပြီးသားပါ။  ခု နီရို ၈ ကတော့ ဗားရှင်း အဟောင်းဆိုပေမယ့် ယနေ့အထိ ကောင်းမွန် ပေါ့ပါးစွာ အလုပ်လုပ်လျက် ရှိပါတယ်။  သူ့ထဲမှာ Burning ROM, Nero Express, Nero Vision, Nero BackIt Up စသည်ဖြင့် ထုတ်ကုန်များစွာပါဝင်ခဲ့ပါတယ်။

          ဒါကြောင့် ခွေအသစ်တစ်ခု သင့် DVD Drive ထဲသို့ ထည့်သည်နှင့် ဘာလုပ်မလဲဆိုပြီး အဆင်သင့် လုပ်နိုင်အောင် သူက စောင့်ဆိုင်းနေပါတယ်။ ဒီ နီရို ၈ နောက်ပိုင်းထွက်လာတာတွေက သူ့ ထုတ်ကုန်ဆော့ဖ်ဝဲတွေ အားလုံးကို တိုးချဲ့ မွန်းမံလိုက်တာကြောင့် ဖိုင်ဆိုဒ်က အရမ်းကြီးသွားတဲ့အပြင် ဆောဖ့်ဝဲတွေကိုလည်း အားလုံးကို အသုံးပြုခွင့် မပေးတော့ပဲ ခွဲထုတ်လိုက်ပါတယ်။  ခုလို ဖိုင်ဆိုဒ်သေးသေးနဲ့ အားလုံးပါတာ ဒီ ဗားရှင်း ၈ မှာပဲပါပါတယ်။


          Photoshop CC မှာ RAM မလုံလောက်ခြင်း Error fix


          Adobe Photoshop CC အုပ်စုတွင် Windows 10 (build 177xxx) ပေါ်တွင်

          - JPEG ကို Save မရခြင်း၊ ("there is not enough memory RAM")

          - Edit > Preference dialog ဖွင့်သည့်အခါ 96 သို့မဟုတ် 8 တန်ဘိုး တစ်ခုခုထည့်သွင်းဖို့ တောင်းဆိုခြင်း (ထည့်စရာနေရာလည်း မပါ)



          စသည့် Error များဖြစ်ပေါ်ပါက Registry တွင် တန်ဖိုးအသစ်တစ်ခု ထည့်သွင်းပေးရပါမည်။



          - Windows + R

          - regedit လို့ရိုက်ပါ။  Enter နှိပ်ပါ။

          - Registry Editor တွင် အောက်ဖော်ပြပါ လမ်းကြောင်းသို့ သွားပါ။

          - HKEY_CURRENT_USER\SOFTWARE\Adobe\Photoshop\110.0 (120.0)  အခန်းအမည်မှာ ညာကလစ်နှိပ်ပါ။

          - New > DWORD (32-bit) ကို ရွေးပါ။

          - ညာဖက်ခြမ်းတွင် ခုဏက ထည့်သွင်းထားသည့် New value အမည်ကို OverridePhysicalMemoryMB ဟုအမည်ပြောင်းပါ။ Enter နှိပ်ပါ။

          - အမည်ပြောင်းလိုက်သည်ကို Double Click နှိပ်ဖွင့်ပါ။  Edit DWORD (32bit) Value dialog box တွင်

               the Value Data = 0 မှ စတင်ပြီး သင့်စက်က ထည့်သွင်းထားသော် RAM ပမာဏကို ရေးထည့်ပါ။

               ဥပမာ - 4098 (for 4 GB), 8196 (for 8 GB), 16384 (for 16 GB)



              ကျွန်တော့်စက်က 4GB RAM ဖြစ်တာကြောင့် -

              the Value Data = 4098 လို့ရေးထည့်လိုက်ပါတယ်။

          - Base as = Decimal ကိုရွေးလိုက်ပါ။ (decimal တန်ဖိုးပြောင်းလိုက်တာပါ။  အပေါ်က လိုက်ပြောင်းသွားပါလိမ့်မယ်။  ထားခဲ့လိုက်ပါ။ မှန်ပါတယ်။)

          - OK

          - ပြီးပါပြီ

          Tuesday, June 25, 2019

          LED Screen Software



          စာစီစာရိုက်သမားဆိုတာ အကုန်လုပ်တတ်ရတယ်။  အဲ့လိုဖြစ်နေလားမသိ။  ဟုတ်တော့လည်း ဟုတ်တယ်။

          ဘုန်းကြီးကျောင်း၊ စတိုးဆိုင်၊ ကုမ္ပဏီများနှင့် အများမြင်ကွင်းတွင်သော်လည်းကောင်း ဆိုင်ခန်းတွင်းတွင်လည်းကောင်း LED မီးသီးဖြင့် သိစေလိုသော အကြောင်းအရာများကို ကြေငြာပေး အသိပေးလေ့ရှိတဲ့ ခေတ်ကို ရောက်နေပါတယ်။  LeadBorad ကို LED မီးလေးလေးများစွားဖြင့် တစ်ရောင်တည်းသော်လည်းကောင်၊ ဖြူနီဝါပြာစိမ်း စသည်ဖြင့် အရောင်စပ်သော်လည်းကောင်း မိမိတို့နှစ်သက်ရာ အတိုင်းအတာ ပြုလုပ်ပြီး သင်တော်ရာတွင် ချိတ်ဆွဲ ဖော်ပြနေကျလေ့ရှိပါတယ်။

          တစ်ရောင်တည်း အသုံးပြုသည့်စနစ်နှင့် ရောင်စုံ အသုံးပြုနိုင်သည့်စနစ်ရှိသည့်အထဲ ဈေးချိုသော တစ်ရောင်တည်းစနစ်ကို မြန်မာပြည်တွင် လူသုံးများသည်။

          Led board ပေါ်တွင် ဖော်ပြမည့်စာသားကို ကွန်ပျူတာတွင် မိမိ LedBoard အတိုင်းအတာ (အလျား + အနံ) အတိုင်း ချိန်ညှိပြီး မိမိတို့ ဖော်ပြလိုသည့် စာအရုပ်တို့ကို Transition များဖြင့် စိတ်ဝင်စားဖွယ်ပြသနိုင်ပါသည်။  ထိုသို့ ပြုလုပ်ရန်အတွက် ဆောဖ့်ဝဲကို Huidu  ကုမ္ပဏီမှာ ထုတ်လုပ်ဖြန့်ချိသည့် ဆောဖ့်ဝဲကို အသုံးပြုကျပါတယ်။ HD2014, HD2016, HD2018 စသည်ဖြင့် ထွက်ရှိနေပါပြီ။ အောက်ဖော်ပြပါလင့်မှာ မိမိ အသုံးပြုလိုသော LED display (တစ်ရောင် သို့မဟုတ် ရောင်စုံ) ဆိုင်ရာ ဆော့ဖ်ဝဲကို ဒေါင်းယူနိုင်ပါတယ်။

          နောက်ဆုံးထွက် HD2018 က အသစ်ဆိုပေမယ့် ရှေးက ဗားရှင်းအဟောင်းတွေလိုပါပဲ သိပ်တော့ အပြောင်းအလဲမရှိပါဘူး။  နောက်ဆုံးထွက် ဗားရှင်းမှာ System config လုပ်ဖို့အတွက် password က 168 ပါ။



          HDSeries Software ကို ဒေါင်းလုပ်ရယူလိုပါက -


          HDSeries Software ကို အသုံးပြုနည်း  -

          လက်တွေ့လုပ်တာ ကြည့်ရှုလိုပါက -









          Wednesday, June 5, 2019

          Viber for PC



          Viber ဆောဖ့်ဝဲသည် စာတိုပေးပို့ခြင်း နှင့် အင်တာနက်အသုံးပြုပြီး ဖုန်းခေါ်ဆိုခြင်းများကို အခမဲ့ အသုံးပြုနိုင်ပါတယ်။  မိုဘိုင်းဖုန်းပေါ်ကနေဆိုရင်တော့ အင်တာနက်အသုံးပြုပြီး Viber အသုံးပြုသူအချင်းချင်း ဆက်သွယ် အသုံးပြုနိုင်ပါတယ်။  အသုံးပြုသူများလို့ စီးပွားရေးလုပ်ငန်းသုံးအနေဖြင့်ပါ တွင်ကျယ်အသုံးပြုသူများလာပါတယ်။  ဒီအတွက် အဆင်ပြေအောင် ကွန်ပျူတာပေါ်မှာပါ အသုံးပြုနိုင်အောင် Viber ကို ဖြန့်ချိထုတ်လုပ်ပေးထားပါတယ်။

          PC အတွက်သီးသန့် ထုတ်လုပ်ပေးထားတဲ့ Viber ကို ရယူလိုပါက -


          Saturday, June 1, 2019

          ပြည်ထောင်စုဖောင့်




          ယခုအခါ Unicode စနစ်ကို လိုက်နာသောဖောင့်အဖြစ်သော်လည်းကောင်း၊ တိုင်းရင်းသား ဘာသာစကားများအတွက် လက်ကွက်စနစ် ပါဝင်ပြီးသားဖြစ်သော ပြည်ထောင်စုဖောင့်ကို ရုံးလုပ်ငန်းသုံးအဖြစ် တရားဝင် သတ်မှတ်ထားပြီးဖြစ်ပါတယ်။  မိမိ ဝန်းကျင် အစိုးရရုံးများမှာလည်း ပြည်ထောင်စုဖောင့်ကိုပဲ အသုံးပြုနေကြပြီ ဖြစ်ပါတယ်။  ပြည်ထောင်စုဖောင့်ကို ရယူလိုပါက အောက်ဖော်ပြပါလင့်မှ ဒေါင်းလုပ်ရယူပါ။  သူက ပြည်ထောင်စုဖောင့်ရော လက်ကွက်စနစ် (Keymagic 2.0.0.6) ပါဝင်ပြီး  မိမိစက်အခြေအနေပေါ်မူတည်ပြီး Pyidaungsu ဖောင့်ကို အလိုအလျောက် ချိန်ညှိသွင်းယူပေးသွားပါလိမ့်မယ်။

          ပြည်ထောင်စုဖောင့်ကိုသွင်းယူလိုတဲ့အခါ မိမိအသုံးပြုနေတဲ့ OS Version (Windows 7, Windows 8, 8.1, Windows 10 pro) နှင့် Office Version (Office 2010, Office 2013-up) စသည်ဖြင့် ကိုက်ညီရာကို ရွေးပြီး ဖောင့်ကို ထည့်သွင်းရပါတယ်။  ဖောင့်မှားသွင်းမိရင် အဆင်ပြေပြေ စာလုံးများ မပေါ်နေပါ။

          ယခုဖော်ပြပါ Installer ကတော့ သူ့ဘာသာသူ ရွေးချယ် သွင်းပေးပါလိမ့်မယ်ခင်ဗျာ။



          ဖောင့်ကို update to date တင်ပေးနေတဲ့ နေရာကတော့ http://unicode.today/ ပါခင်ဗျာ။ သွားရောက်လေ့လာနိုင်ပါတယ်။


          Friday, May 24, 2019

          Xara Designer Pro 16


          Xara Designer Pro သည် ဒီဇိုင်းသမားများအတွက် အကောင်းဆုံး အကူအညီပေးနိုင်တဲ့ ဆော့ဝဲတစ်ခုပဲ ဖြစ်ပါတယ်။  ဒီဇိုင်းလုပ်မလား၊ ဓါတ်ပုံပြင်မလား၊ စာစီစာရိုက်လုပ်မလား၊ Web စာများနှာများကို ဖန်တီးမလား ဒီဆော့ဖ်ဝဲတစ်ခုတည်းနဲ့ ပြီးပါတယ်။ လူကြိုက်များရတဲ့ အကြောင်းအရင်းတစ်ခုက သူက ကွန်ပျူတာရဲ့ စွမ်းရည်ကို သိပ်အများကြီး မတောင်းဆိုပဲ သာမာန် အိမ်သုံး စာကြည့် ကွန်ပျူတာနဲ့ဆိုရင်လည်း ကောင်းမွန်စွာ လုပ်ကိုင်နိုင်တဲ့ အချက်ပဲ ဖြစ်ပါတယ်။
          ကျွန်တော် သိသလောက်ဆိုရင် မြန်မာပြည်ရဲ့ ကွန်ပျူတာ သင်တန်းကျောင်းတွေ အများစုက CorelDraw , Adobe Illustrator စသည်တို့ကို ဒီဇိုင်းအတွက် သင်ကြားပေးလေ့ရှိပါတယ်။ ဒါတွေက မြို့ကြီးတွေမှာ ပြောတာပါ။  နယ်မြို့လေးတွေမှာတော့ ဒီအတိုင်းပဲ CorelDraw, Adobe Illustrator တွေ သင်ပေးကြတာပါပဲ။  ထူးခြားတာက ဒီ Xara Designer Pro ဆောဖ့်ဝဲကိုတော့ သင်တန်းတွေမှာ သင်ကြားရေး ပရိုဂရမ်အဖြစ် မတွေ့ရပါပဲ စာစီစာရိုက်ဆိုင်တွေ တော်တော်များများက အဆင်ပြေပြေသုံးနေကြတာပါပဲ။  ဆိုလိုချင်တာက အထူးတလည် သင်ယူစရာမလိုပဲ ကွန်ပျူတာ အခြေခံရှိတဲ့ သူတွေ လွယ်ကူစွာ အသုံးပြုနိုင်ကျတာဟာ ဒီဆောဖ်ဝဲရဲ့ အကောင်းဆုံး လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။

          ဒေါင်းလုပ်ရယူလိုပါက -



          Saturday, March 30, 2019

          Dell PC, Laptop များ ဖွင့်လို့မရ Boot လုပ်လို့မရတဲ့အခါ



          (Writing with Pyidaungsu font - ပြည်ထောင်စုဖောင့်ဖြင့် ရေးသားထားပါသည်)

          Dell PC တွေ Laptop တွေ Power ဖွင့်လိုက်သော်လည်း မတက်လာတဲ့အခါ OS ကို Boot မလုပ်တဲ့အခါတွေကို အောက်ဖော်ပြပါနည်းလမ်းဖြင့် လုပ်ကိုင်နိုင်ပါတယ်။


          Hard Reset ပြုလုပ်ခြင်း
          ၁ - သင့် Dell PC ကို ပိတ်ပါ။
          ၂ - AC Adapter မီးကြိုးကိုဖြုတ်ပါ။ ထို့အတူ ဘက်ထရီ ဓါတ်ခဲကိုလည်း ဖြုတ်ပါ။ (Laptop ဆိုရင်ပေါ့)
          ၃ - သီးခြား ချိတ်ဆက်ထားသော USB အသုံးပြုသော ပရင်တာကြိုး, SD / xD ကဒ်, နှင့် ချိတ်ဆက်ထားသော ပြင်ပ ပစ္စည်းများကို ဖြုတ်ပါ။
          ၄ - အကြွင်းအကျန် ဓါတ်အားများကို လျော့ချနိုင်ရန် ပါဝါ ခလုပ်ကို ၁၅-၂၀ စက္ကန့်အချိန်ခန့် ဖိထားပါ။ ပြီးမှ လွတ်လိုက်ပါ။
          ၅ - AC Adapter ကို ပြန်ချိတ်ပါ။ ဘက်ထရီ ပြန်တပ်ပါ။
          ၆ - စက်ပြန်ဖွင့်ကြည့်ပါ။

               ဖော်ပြပါနည်းအတိုင်း လုပ်ကြည့်လို့မှ မတက်သေးရင် Dell ကညွန်းတာက သူ့စက်မှာပါတဲ့ Diagnostics ကိုသုံပြီး စစ်ဆေးဖို့ အကြံပေးပါတယ်။  ဒါကိုလုပ်ဖို့က OS ကို သိနေတဲ့အချိန်မှာမှ ရနိုင်မှာမို့ ခုလို ဘာမှ မတက်တဲ့အခါ Diagnostics လုပ်ဖို့ အဆင်မပြေတော့ဘူး။

          Laptop ဆိုရင်တော့ -
              Fn + Power ကိုတွဲနှိပ်ပြီး Hardware Diagnostics မြင်ကွင်းကို သွားပါ။ စစ်ကြည့်ပါ။

               ဆိုရရင် ဒီအဆင့်နဲ့ အဆင်မပြေဘူးဆိုရင်တော့ Hardware ကို တစ်စစီ စစ်ရပါတော့မယ်။




          Saturday, February 23, 2019

          Microsoft Office 2016 for MacOS


          MS Office 2016 ကို MacOS High Sierra မှာ အသုံးပြုလို့ ရပါတယ်။  Apple Devices တွေ သုံးတဲ့ သူတွေကလည်း စာစီစာရိုက်ဖို့ကို Microsoft ရဲ့ Office ကို အသုံးပြကြပါတယ်။  တခြား Office application တွေထက် လူသုံး ပိုများပါတယ်။

          ဝင်းဒိုးစ် အသုံးပြုသူေတွေ အတွက်လည်း  သူ့ရဲ့ Tools တွေကို ရင်းနှီးပြီးသားကြောင့် အသုံးပြုနည်းကို အထူး လေ့လာစရာ မလိုတော့ဘူးပေါ့။ Office 2013 ထက် ပိုကောင်းလာပါတယ်။  အထူးသဖြင့် Cloud Storage ဖြစ်တဲ့ OneDrive ကို တိုက်ရိုက်အသုံးပြုခွင့် ရရှိစေပါတယ်။  သို့သော် စသုံးသုံးခြင်းတော့ OneDrive ကို မတွေ့ရသေးပါဘူး။  Microsoft account နဲ့သာ စတင်အသုံးပြုခဲ့မယ်ဆိုရင်တော့ OneDrive ကို မိမိတို့ Office ကနေ တိုက်ရိုက်အသုံးပြုလို့ ရပါပြီ။  Office ထုံးစံအတိုင်းပါပဲ MS Word, MS Excel, MS PowerPoint, OneNote, Outlook တို့ ပါဝင်ပြီးသားပါ။

          MacOS High Sierra မှာ သွင်းယူတာကလည်း လွယ်ကူပါတယ်။  ကျွန်တော်က High Sierra မှာပဲ သွင်းယူခဲ့ဖူးတာကြောင့် တခြား Version မှာ အဆင်ပြေမပြေ မသိပါခင်ဗျာ။


          Friday, February 8, 2019

          မြန်မာဖောင့် စုစည်းမှု


          မြန်မာဖောင့် တွေကို သီးခြားစီ နာမည်တူ စုစည်းလိုက်ပါတယ်။  မိမိ လိုအပ်ရာကို ရွေးဒေါင်းလို့ ရတာပေါ့။  တစ်ချို့ ဖောင့်တွေက အပြင်မှာ မူပိုင်ရှင်တွေက ရောင်းချပေးနေပါတယ်။  ဒီထဲမှာ  မူလပိုင်ရှင်တွေကို  စီးပွားရေးအရမဟုတ်ပဲ အသုံးပြုခွင့်ပေးဖို့ ဒီဖောင့်အဟောင်းလေးတွေကို ခွင့်ပြုချက် ရယူလိုပါတယ်။  သုံးစွဲသူများကလည်း  မူပိုင်ရှင်များထံမှ ဖောင့်များကို ဝယ်ယူသုံးစွဲနိုင်ကျဖို့ တိုက်တွန်းပါရစေ။



          နောက်ထပ် အသစ်ရရှိတာတွေ မျိုးကွဲတွေ ရှိရင်လည်း  ထပ်မံ တင်သွားပါမယ်။  Update လုပ်သွားပါမယ်။

          အားလုံးကို ဒေါင်းလုပ်ရယူလိုပါက - 

          တစ်ခုချင်း ဒေါင်းမယ်ဆို -





          • KhurMai_.ttf (Sai Morn Khur-KZ) ရှမ်းဖောင့် , Unicode Support




          Unicode Fonts -
          လက်ကွက်ဇယားပုံစံ -

          ဝင်း-လက်ကွက်ပုံစံ




          ယူနီကုတ် မြန်မာလက်ကွက် ပုံစံ






          ၂၄ - ၇ - ၂၀၁၉ ရက်နေ့က နောက်ဆုံး ပြုပြင်ခဲ့သည်။ ArtHouse full package, Media နှင့် ယူနီကုတ်ဖောင့်များ။  မြန်မာ ယူနီကုတ်ဖောင့်များသည် နောက်ဆုံး အသုံးပြုရန် ညွှန်းဆိုထားသော Update ဖောင့်များ ဖြစ်ပါသည်။

          ၈ - ၂ - ၂၀၁၉ ရက်နေ့က နောက်ဆုံး ပြုပြင်ခဲ့သည်။
          ၁၅ - ၃ - ၂၀၂၀ ရက်နေ့တွင် Fonts download link များ ပြုပြင်ခဲ့သည်။
          ၂၉ - ၅ - ၂၀၂၀ ရက်နေ့တွင် ကိုဇက်ရဲ့ဖောင့် , YG Design နှင့် KhurMai (ရှမ်း) စာတို့ကို ထပ်ဖြည့်ခဲ့သည်။
          ၃၀ -၁၀ - ၂၀၂၁ ရက်နေ့တွင် Pa-oh , Dragon ဖောင့်တို့ကို ဖြည့်သွင်းခဲ့သည်။  ဖောင့်အားလုံး ဒေါင်းရန်လည်း ဖြည့်ခဲ့သည်။




          Monday, January 21, 2019

          Diskgetor Data Recovery


          DNSSOFT Technology Inc မှ ထုတ်လုပ်ဖြန့်ချိသော Data Recovery services အတွက် ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။  မမျှော်လင့်ပဲ ထိခိုက် ပျက်စိသွားရတဲ့ Hard Disk တွေ၊ Format လုပ်မိတဲ့ Hard Disk တွေ၊ Delete လုပ်မိတဲ့ ဖိုင်တွေ၊ အကြောင်းကြောင်းကြောင့် RAW data ဖြစ်သွားရတဲ့ Hard Disk တွေကို မိမိတို့ ကိုယ်ရေး အချက်အလက်များကို ပြန်လည် ရယူနိုင်ဖို့ အတွက် အကောင်းဆုံး အထောက်အကူပေးပါလိမ့်မယ်။ နောက်တစ်ခုက Partition Table ပျက်သွားတာမျိုးတွေကို ပြန်လည် ရယူနိုင်ပါတယ်။ သုံးဆွဲရလွယ်ကူ ရိုးရှင်းလှပါတယ်။  ခုဒီနေရာမှာတော့ ဗားရှင်း ၃.၂၈ ကို Crack ဖြင့် တင်ထားပေးပါတယ်။  ကျွန်တော့်အနေဖြင့် Diskgetor Data Recovery ကို Recovery လုပ်ရတဲ့အခါတိုင်း သူ့ကိုပဲ အထူး အသုံးပြုမိပါတယ်။  သူက ဖိုင်ဖွဲ့စည်းပုံတွေအတိုင်း ပြန်ရလို့ပါ။



          Monday, January 7, 2019

          Thumbnails Viewer




          ကွန်ပျူတာ အတွင်းရှိ ရုပ်/သံ ဖိုင်များကို နမူနာ ပုံစံဖြင့် ဖော်ပြပေးထားနိုင်ပါသည်။  သို့သော် မိမိ အသုံးပြုသည့် Windows စနစ်တွင် ရုပ်/သံ ဖိုင်များအတွက် မရှိမဖြစ်လိုအပ်သော Media Codec ဖိုင်များ သွင်းယူထားရှိပြီးသား ဖြစ်ရပါမယ်။  မသွင်းရသေးလျင် အပေါ်က ပုံလို ဖိုင်နမူနာ ကို မမြင်တွေ့နိုင်ပါ။  



          ရုပ်/သံ ဖိုင်ဆိုတော့ ရုပ်ပုံဖိုင်တွေကလည်း မျိုးကွဲများစွာ ရှိပါမယ်။  Jpeg, png, wmf, emf, tiff, bmp, gif စသည်ဖြင့် မျိုးကွဲများစွာ ရှိပြီး ဖော်ပြပါ အမျိုးအစားတို့သည် အသုံးများကြပါတယ်။

          ပုံမှန်အားဖြင့် Windows စနစ်က အသုံးများသော ဖိုင်များကို နမူနာ ဖော်ပြပေးနိုင်သော်လည်း မမြင်ရပဲ ရှိနေတတ်သေးပါတယ်။  ဒီလိုဖြစ်တာ Windows 7 ကနေစ ဒီ error တွေ့ခဲ့ပါတယ်။  Windows 7 ကနေစလို့ ယနေ့ Windows 10 အထိ နမူနာ ဖိုင်ပုံစံများ Thumbnails များကို မမြင်တွေ့ရလျင် မိမိတို့ သွင်းယူထားသော Windows system ကို ပြုပြင်ပေးရပါမယ်။

          စာမဖတ်ချင်ရင် အောက်ဆုံးမှာ အပြာရောင်နဲ့ ဒေါင်းလုပ်ဖိုင်ကို နှိပ်ပြီး ဒေါင်းလိုက်ပါ။


          ၁     Control Panel ကိုသွားပါ။
          ၂     System ကို ရွေးပါ။
                 (Windows 8, 8.1, 10  တို့တွင် System ကိုနှိပ်ပါ။  View Advanced System Setting ကို စာရိုက်ပြီး ရှာပါ)
          ၃     Advanced System Setting ကို ရွေးပါ။  System Properties dialog box တက်လာပါမည်။



          ၄     Advanced tab တွင် Performance အုပ်စုရှိ Settings ကို နှိပ်ပါ။ (ပထမ  Settings)



          ၅      အပေါ်ပုံကအတိုင်း Show thumbnails instead of icons ကို အမှန်ခြစ် ထည့်ထားပါ။
          ၆      ပြီးလျှင်  Apply >  OK  နှိပ်ပါ။
          ၇      ဒီအဆင့်ပြီးလျှင် မိမိ ရုပ်ပုံများ   ဗွီဒီယို ဖိုင်များကို ပြန်စစ်ကြည့်ပါ။  နမူနာပုံ ပေါ်ပြီလား။  မပေါ်သေးရင် အောက်က အဆင်ကို ဆက်လုပ်ပါ။


          ၁     Windows Explorer ကို ဖွင့်ပါ။
          ၂     Tools menu > Folder Option ကိုရွေးပါ။  
                  (သို့မဟုတ်)
                  Control Panel > Folder Option ကိုရွေးပါ။

          ၃     Always show icons, never Thumbnails  ဆိုတာမှာ အမှန်ခြစ် မထည့်ရပါ။  ပြီးလျှင် OK နှိပ်ပါ။

          ၄     နောက်တစ်ဆင့် ဆက်လုပ်ပါမယ်။  နမူနာပြပေးတဲ့ ရုပ်သံဖိုင်တွေကို သူက Thumbs.db (ဖွက်ထားပါတယ်) အဲ့ဖိုင်ထဲမှာ သူက အချက်အလက်တွေ သိမ်းပြီး နမူနာ ပြပေးတာကြောင့် Thumbs.db ဖိုင်က Error ဖြစ်နေတာတွေ သိမ်းဆည်းမှု အမှားတွေကို ရှင်းဖို့ Disk Cleanup ကို သုံးပြီး ဖျက်ထုတ်ပါ။

          Disk Cleanup က Local Disk (C:)  ပေါ်မှာ ညာကလစ်နှိပ်။  Properties ကိုရွေး။  Disk Cleanup ကိုရွေးပါ။  ခဏစောင့်ရင် ဖျက်ထုတ်ရမယ့် မလိုအပ်တဲ့ ဖိုင်တွေရှာပြပေးထားပါလိမ့်မယ်။  အမှန်ခြစ်ထဲ့ပြီး  OK လုပ်ပါ။



          ၅      ဒီဒုတိယအဆင့် ပြီးရင်လည်း Windows စနစ်မှာ ပြုပြင်နိုင်စရာ ကုန်ပါပြီ။  Restart လုပ်ပါ။  ပြန်တက်လာလို့မှ  ရုပ်/သံ ဖိုင်တွေ မမြင်ရသေးဘူး မပေါ်သေးဘူးဆိုရင် အောက်က အဆင့်ကို ဆက်လုပ်ပါ။.

          ------------------------------------------ ♥ ----------------------------------------
          ဘာဖြစ်လို့ Windows စနစ်က ရုပ်ပုံလေး ဖော်ပြပေးရမှာကို အဆင်မပြေဖြစ်နေရတာလည်း။  ဟုတ်ပါတယ် သူ့ Windows စနစ်ထဲမှာ အလုပ်လုပ်နိုင်တဲ့ ရုပ်သံဖိုင်အမျိုးအစားတွေ ဆိုပေမယ့် သူမပိုင်လို့ပါ။  သီးခြားစီ ပိုင်ဆိုင်မှုတွေအတွက် သူ့လက်အောက်ခံ မဟုတ်ရင် သူက မဖော်ပြပေးတော့ပဲ နေပါတော့တယ်။  Windows စနစ်ထဲကို ထည့်ပေးလို့ရပါတယ်။  သူ့စီမှာ Windows Media Codec ဆိုတဲ့ ဖိုင်တွေကို Windows စနစ် ရောင်းကတည်းက ဖြန့်ချိကတည်းက ထည့်မပေးထားပါဘူး။  ဥရောပဖက်မှာ အဲ့ဖိုင်တွေပါရင် တရားရင်ဆိုင်ရလေ့ ရှိလို့ပါတဲ့။  ဒါကြောင့် Media Codec တွေကို လိုအပ်ရင် ထပ်ဒေါင်းဖို့ သူက တိုက်တွန်းထားတာပါ။

          တကယ်တော့ ကျွန်တော်တို့ လိုတာက Windows ရဲ့ Media codec ဆိုတာကို ထည့်ပေးလိုက်ရင် အားလုံးအဆင်ပြေပါတယ်။  Windwos Media Codec တွေကလည်း Windows Version အလိုက် ရှိနေပြန်တာကလည်း ဒုက္ခတစ်မျိုးပါပဲ။  Windows 7 ကို Windows 10 media codec ထည့်မရဘူး။ ဆိုင်ရာ Windows ရဲ့ Media Codec ကို ဒေါင်းမယ်ဆိုရင် အောက်ကလင့်ကို သွားပါ။

          https://www.codecguide.com/windows_media_codecs.htm

          အထက်ပါလင့်မှာ မိမိဆိုင်ရာWindows ရဲ့ media codec ကို ဒေါင်းနိုင်ပါတယ်။ သေခြာပါတယ်။  ဒေါင်းပြီး သွင်းလိုက်ရင် အကုန်ပေါ်ပါပြီ။

          ------------------------------------------ ♥ ----------------------------------------
          နောက်တစ်ခု ထပ်ဖော်ပြပေးလိုပါတယ်။  အပေါ်က Windows ရဲ့ Media Codec တွေကို ဒေါင်းနေရတာ Windows အားလုံးမှာ ပြေလည်ပေးမယ့်  သူ့ Media Player မသုံးရင် နဲနဲ အကျပ်တွေ့တတ်သေးတယ်။  အဲ့လိုမဖြစ်အောင် နောက်ထပ် K-Lite Codecs ဆိုတဲ့ Player ကို သုံးလိုက်ရင် အားလုံး အဆင်ပြေပါပြီ။


          အပေါ်က ဖိုင်က မိမိ ပြန်တင်ထားပေးတဲ့ လင့်ပါ။  မူရင်းလင့်က -

          https://www.codecguide.com/download_kl.htm

          Full Download ကို ဒေါင်းပါခင်ဗျာ။

          နောက်တစ်ခုက  Photoshop ဖိုင် ဖြစ်တဲ့ PSD ဖိုင်အမျိုးစားကို မြင်ချင်တာပါ။  PSD ဖိုင်တွေ မြင်ချင်ရင် အောက်က ဖိုင်ကို ဒေါင်းပြီး သွင်းပါ။  Serial key တွေ ပါပါတယ်။  




          ------------------------------------------ ♥ ----------------------------------------
          ဒီအောက်က စာစုက ဓါတ်ပုံသမားတွေ အတွက်ပါ။  ကွန်ပျူတာ စာစီသမားတွေ အတွက်တော့ သိဖို့ မလိုအပ်တော့ပါ။ 

          Camera RAW Viewer 

          မမြင်ရနိုင်တဲ့ ပုံတွေ ရှိသေးလို့ပါ။ သူက ဓါတ်ပုံသမားတွေအတွက်ပါ။ မိမိတို့ အသုံးပြုတဲ့ ကင်မရာမော်ဒယ်ကို လိုက်ပြီး RAW ဖိုင်တွေ မြင်ချင်တယ်ဆိုရင် တတ်နိုင်သမျှ Windows ကို နောက်ဆုံး ဗားရှင်းတင်ပါ။  Adobe Camera RAW ဖိုင်ကိုလည်း Photoshop, Lightroom နောက်ဆုံး ဗားရှင်းတွေကို သုံးပါ။  ဖြစ်နိုင်ရင်ပေါ့ဗျာ။  
          Adobe Camera RAW ဖိုင်ကို -
               ၁ မိမိ အသုံးပြုသည့် ကင်မရာ မော်ဒယ်
              ၂  ကင်မရာမှာ ပါသည့် RAW ဗားရှင်း  ဒီနှစ်ခုကို မှတ်ထားပါ။
              ၃  https://helpx.adobe.com/camera-raw/using/supported-cameras.html  ဒီစာမျက်နှာမှ မိမိ နဲ့ ကိုက်ညီတဲ့ အနိမ့်ဆုံး အသုံးပြုရမယ့် Photoshop, Lightroom Version တွေနဲ့ ဒေါင်းရမယ့် RAW version ကို ဖော်ပြပေးထားပါတယ်။

               ၄   တကယ်လို့ ဘာလုပ်ရမှန်းမသိရင်။  နောက်ဆုံးထုတ် Windows ကိုသုံးပါ။  ဖြစ်နိုင်ရင် Photoshop , Lightroom တို့ကိုလည်း နောက်ဆုံး ဗားရှင်းတွေကိုသုံးပါ။  ဒါဆိုရင် Adobe Camera RAW plugin ကိုလည်း နောက်ဆုံး update ကို သုံးစွဲနိုင်ပါတယ်။

               ၅   အပေါ်က အချက်တွေနဲ့ဆို ကင်မရာ တစ်မျိုးတည်းကိုင်တဲ့သူက အဆင်ပြေပါပြီ။  Nikon, Canon, Sony စသည်ဖြင့် ကိုင်တွယ် အသုံးပြုရတာ များတယ်ဆိုရင်တော့ ဆိုင်ရာကုမ္ပဏီက ထုတ်လုပ်ပေးထားတဲ့ RAW Viewer တွေကို ဒေါင်းရပါမယ်။

          Nikon RAW Viewer  
          -  https://downloadcenter.nikonimglib.com/en/products/170/NEF_Codec.html

          Canon RAW Viewer
          - 2012 ကစလို့ Canon RAW codec ကို တိုက်ရိုက် ဖြန့်ချိခြင်း မရှိတော့ပါ။  သူ့ရဲ့ DPP - Digital Photo Professional software နဲ့အတူ ဖြန့်ချိ အသုံးပြုခွင့် ရယူနိုင်ပါတယ်။

          -  https://www.canon.co.uk/support/camera_software/

          Sony RAW Viewer
          - http://support.d-imaging.sony.co.jp/www/download/vista_raw/

          Fuji RAW Viewer
          - http://www.fujifilm.com/support/digital_cameras/software/viewer/
          -  Fuji ကလည်း plug-in အနေနဲ့ မထုတ်လုပ်ပဲ Software အသွင် ထုတ်လုပ်ပေးထားပါတယ်။  

          Olumpus RAW Viewer
          -  https://www.fastrawviewer.com/download

          အပေါ်က တည်နေရာတွေက မူလ ရင်းမြစ်နေရာတွေပါ။  မိမိ ကင်မရာနဲ့ ကိုက်ညီတဲ့ မိမိ ကွန်ပျူတာ စနစ်နဲ့ ကိုက်ညီတဲ့ အမျိုးအစားကို ရှာပြီး သုံးပါ။

          Tuesday, January 1, 2019

          မြန်မာ ယူနီကုတ်အသုံးပြုပါ





          ယူနီကုတ်ဖောင့်အသုံးပြုဖို့ လိုတိုရှင်း ဖော်ပြပါရစေ။



          ယူနီကုတ် စနစ်ကို အသုံးပြုဖို့အတွက် Font + Keyboard နှစ်ခု ပြည့်စုံအောင် သွင်းယူထားဖို့လိုပါတယ်။

          Font များ
          Font ကိုတော့ အများသိပြီးသားဖြစ်တဲ့ ယူနီကုတ်စနစ်ကို လိုက်နာသော Myanmar 3 ဖောင့်ကို သုံးနိုင်ပါတယ်။

          တကယ်ဆိုရင် Windows စနစ်ကလည်း တဖြေးဖြေး update လုပ်နေတာကြောင့် ယူနီကုတ် စနစ်ကိုလည်း Windows မှာ ပြုပြင်ပြောင်းလဲမှုတွေ အမြဲ ဖြစ်ပေါ်နေခဲ့ပါတယ်။



          ဆိုတော့ Windows စနစ်ရဲ့ နောက်ဆုံး အထောက်အပံ့ကို ကောင်းစွာရယူလိုတယ်ဆိုရင်တော့  ယူနီကုဒ်ဖောင့်ကိုလည်း လိုက်ပြီး ပြောင်းလဲပေးနေရပါတယ်။  နောက်ဆုံးထုတ် ယူနီကုတ် မြန်မာ ဖောင့်အမည်ကတော့ Pyidaungsu ဖောင့်ပဲဖြစ်ပါတယ်။

          Pyidaungsu 1.7_Regular.ttf
          Pyidaungsu 1.7_Bold.ttf

          Pyidaungsu 2.4_Regular.ttf
          Pyidaungsu 2.4_Bold.ttf

          သတိ  - ဒီဖောင့်ကို အစိုးရဌာနများကိုယ်တိုင် အသုံးပြုကျရမှာကို Myanmar3, Myanmar2 ဖောင့်အသုံးပြုနေဆဲပဲဖြစ်နေသေးတာကတော့ ဘယ်သူ့ကိုမှ အပြစ်တင်စရာမရှိပါ။



          ခုသုံးနေကြတဲ့ Myanmar 3 ဖောင့်ကတော့ -

          Myanmar3 - mm3-multi-os.ttf

          ဖြစ်နိုင်ရင် ခုချိန်ကစပြီး  Myanmar 2 ဖောင့် ကို အသုံးမပြုစေလိုတော့ပါ။  သူက မှားလို့ ယူနီကုတ်စံနဲ့ ကိုက်ညီတဲ့ Myanmar 3 အပြင် Pyidaungsu ဖောင့်တွေကိုတောင် ထုတ်လုပ်ပေးထားပြီးပါပြီ။ သူက ဟောင်းသွားပြီ။ စနစ်နဲ့ မကိုက်တော့လို့ပါ။



          ဒီနေရာမှာ ဖောင့်အတွက် ပြည့်စုံပါပြီ။  ဒီဟာတွေကို သီးသန့်ဒေါင်းပြီး သွင်းစရာမလိုပါ။  လိုအပ်မယ်ဆိုရင် ဒေါင်းလို့ရအောင် စုစည်းလိုက်တာပါ။  အပေါ်က ဖောင်တွေကို Mac OS မှာလည်း သုံးလို့ ရပါတယ်။



          Keyboard  လက်ကွက်စနစ်



          Keyboard လက်ကွက်စနစ်ရှိမှ စာရေးတဲ့အခါ အဆင်ပြေမှာပါ။  လက်ကွက်စနစ်က နှစ်မျိုး အသုံးပြုများပါတယ်။  Tavultesoft Keyman 6.2 နဲ့  Keymagic 2.0 ဆိုပြီး နှစ်ခု အသုံးများပါတယ်။  အဲ နှစ်ခုလုံး သိသွားပြီးဆိုပြီး နှစ်ခုလုံး ထည့်စရာမလိုပါဘူး။  ထည့်ရင် ဘာလုပ်ရမှန်းမသိဖြစ်နေပါလိမ့်မယ်။  တစ်ခုပဲထားပါ။



          Tavultesoft Keyman 6.2



          Tavultesoft Keyman 6.2 ပြီးနောက် သူ့မူပိုင် ကုမ္ပဏီက အခမဲ့ ပေးမသုံးတော့ပဲ ဝယ်ယူသုံးကျဖို့ လုပ်လိုက်ပါတယ်။  ဒါကြောင့် ပိုက်ဆံပေးမဝယ်ရတဲ့ Ver 6.2 ကို ပေးကပ်သုံးချင်လည်းရပါတယ်။  Windows 10 Pro + Office 2016 အထိ အဆင်ပြေနေဆဲဖြစ်ပါတယ်။

          Keyboard အလုပ်လုပ်တာက Microsoft Office အုပ်စုမှာ အလုပ်လုပ်စေချင်တာလေ။  Microsoft Office 2007 ~ 2016 အထိ Keyman 6.2 ကောင်းစွာလုပ်နိုင်ပါတယ်။ သို့သော် အချို့က Tavultesoft Keyman 9 Desktop version ကို အသုံးပြုလိုကျပါတယ်။  လိုအပ်ရင် သုံးနိုင်ဖို့  ဒေါင်းလုပ်လင့်ပါ။  Crack ပါပြီးသားပေါ့။  Crack မသုံးချင် ဝယ်သုံးပါ။



          Tavultesoft Keyman Desktop Pro 9.0.507



          အပေါ်က Keyboard တစ်ခုအကြောင်း ပြီးပြီ။  ခုနောက်တစ်ခု သူရဲ့ ဖြစ်ပေါ်လာပုံအကျဉ်းက အပေါ်က Keyman အုပ်စုမှာ ပါဝင်ခဲ့တဲ့ Developer က Keyman အခမဲ့ မပေးတော့ဘူးလို့ သိရတဲ့နောက်ပိုင်း မြန်မာနိုင်ငံသားတွေအတွက် ယူနီကုတ်စနစ်ကို အခမဲ့ အသုံးပြုနိုင်အောင် ထုတ်လုပ်ပေးခဲ့ပြီး  Keymagic လို့ အမည်ပေးခဲ့ပါတယ်။

          သူ့ရဲ့ မူရင်း ဆိုဒ် အမည်က https://keymagic.net ပါ။  သူ့ထဲမှာ Windows စနစ်အတွက် နောက်ဆုံးထုတ် KeyMagic များကို သွားရောက်ရယူနိုင်ပါတယ်။ ခုဖော်ပြပေးထားတာကတော့ သူ့ရဲ့ လတ်တလော နောက်ဆုံး ဗားရှင်းပါ။



          KeyMagic-V2.0 Pre-4  Installer



          KeyMagic က အလုပ်လုပ်နိုင်ဖို့ လိုအပ်တဲ့ တခြားဖိုင်တွေရှိပါသေးတယ်။  သင့်စက်ထဲမှာ မရှိနေဘူးဆိုရင် KeyMagic အလုပ်မလုပ်နိုင်ပါဘူ။  တကယ်လို့ အလုပ်မလုပ်နိုင်ခဲ့ဘူးဆိုရင် .NET 3.5 , VC2008 Redist  x86,  VC2008 x64  ကိုသွင်းပေးဖို့လိုအပ်ပါတယ်။ သင့်စက်ထဲ ဒါတွေ ရှိနေရင် သွင်းပြီးတာနဲ့ အလုပ်လုပ်ပါတယ်။ မရှိရင် ဒေါင်းပြီး သွင်းလိုက်ပေါ့။



          အပြည့်အစုံ ပါတာ ဒေါင်းချင်တယ်ဆိုရင်  KeyMagic + sys need

          KeyMagic Full Installation





          စာရိုက်ဖို့ ကြိုတင် ပြင်ဆင်ပါ



          ရပြီ။  ဒါလောက်ဆို ယူနီကုတ်ဖောင့်ကို အသုံးပြုနိုင်ပြီ။  အဆင်သင့်ဖြစ်ပြီ။  သို့သော် စာရေးရမယ့် နေရာမှာ ယူနီကုတ်အတွက် သွားညှိပေးရဦးမယ်။  မိမိ အသုံးပြုတဲ့ Microsoft Office Word 2007 အသုံးပြုသူတွေကတော့ လုပ်စရာ မလိုပါ။  Microsoft Office Word 2010 ~ 2016 သုံးသူများကတော့ မဖြစ်မနေ လုပ်ရပါမယ်။  ဒါကို မပြင်ရင် Word တွေမှာ  မြန်မာစာ အမှန်မထွက်ပဲ  ၀ လုံး တွေ ပိုနေလိမ့်မယ်။  ဒါဆို အောက်ကပုံပါအတိုင်းလုပ်ပါ။



          - MS Word > Ctrl + D နှိပ်။

          - Advanced Tab မှာ Use Contextual Alternates ကို အမှန်ခြစ်ထည့်ပါ။  Ligatures to ကို  All ကို ရွေးလိုက်ပါ။

          - ဒါလေး လုပ်လိုက်မယ်ဆို မြန်မာစာ အမှန်ရပါပြီ။



          ပုံကို အသစ်မလုပ်တော့ပဲ Ranka မှ ရယူ အသုံးပြုပါတယ်။  Crd : Ranka 



          ဒါဆို မြန်မာ ယူနီကုတ်စနစ် ကို အသုံးပြုဖို့ လုံလောက်ပါပြီ။



          Error တွေ့တယ်ဆိုရင် -


          - Font (Myanmar 3.ttf, Pyidaungsu.ttf ဖောင့်ရှိမရှိစစ်)

          - Keyboard စနစ်ကို တစ်ခုပဲ ထားပါ။  နှစ်ခုစလုံး သွင်းထားရင် တစ်ခုကို uninstall လုပ်လိုက်ပါ။  မလုပ်ရင် တိုင်ပတ်နေပါလိမ့်မယ်။

          -  အပေါ်က ဟာတွေလုပ်ပြီးရင် စက်ကို Restart လုပ်ပါ။

          -   တစ်ခါတစ်လေ Microsoft Office Word မှာ ဘယ်လိုမှ လုပ်မရပဲ စာတွေလွဲနေတယ်။  စာရေးလို့ မရဘူးဆိုရင် ၊  ကီးဘုတ်တွေကလည်း တစ်ခုပဲသုံးတာကို မမှန်နေဘူးဆိုရင် MS Office ကို ပြောင်းသုံးပါ။ Office 2010 ထည့်ထားရင် Office 2013 ဖြစ်စေ Office 2016 ဖြစ်စေ ပြောင်းလဲသုံးပါ။  လက်ကွက်ကို မှန်အောင် ညှိနေရင် အချိန်ကုန်ပြီး  မှန်အောင်လည်း မလုပ်နိုင်လို့ပါ။  ဘာ Error မှန်းမသိဘူး။  Office version  ပြောင်း သုံးလိုက်ပါ။