စာစီစာရိုက်လုပ်ငန်း အတွက်

စာစီစာရိုက်လုပ်ငန်းအတွက် အသုံးအဆောင်များကို ရှာဖွေ စုဆောင်းထားရှိပေးထားပါတယ်။

ဆောဖ့်ဝဲများကလည်း သင့်လုပ်ငန်းအတွက်ပါ

ကွန်ပျူတာအတွက် အသုံးဝင်သော ဆောဖ့်ဝဲများကိုလည်း တင်ပြထားပေးပါတယ်။ မိမိတို့ လိုအပ်သလို အသုံးချနိုင်ကြပါစေ

စာစီလုပ်ငန်းအတွက် ဒီဇိုင်းလိုအပ်သမျှ

အသင့်သုံး ဒီဇိုင်းများ၊ ဘောင်များ၊ ပန်းကနုတ်၊ ဖောက်စွပ်များ၊ ဖိတ်စာ၊ လိပ်စာတို့တွင် အသုံးပြုသည့် သင်္ကေတများ၊ ရုပ်ပုံများကိုလည်း ထားရှိပေးထားပါတယ်

ရပ်တန့်မသွားသော နည်းပညာ

ကွန်ပျူတာ နည်းပညာ နယ်ပယ်ဟာ ရပ်တန့် မသွားပဲ ရှေ့ကို ခပ်မြန်မြန်သွားနေတဲ့ နည်းပညာပဲ ဖြစ်ပါတယ်။ နောက်ကြမကျန်ရအောင် ဒီဘလော့မှာ အဟောင်းတွေအပြင် အသစ်တွေကိုပါ ဖော်ပြပေးထားပါတယ်

သင်လိုအပ်သမျှ ကွန်မန့်မှာ ရေးခဲ့ပေးပါ

တကယ်လို့ သင့်လုပ်ငန်းအတွက် လိုအပ်နေတာ ဒီထဲမှာ ရှိမနေသေးရင် ကွန့်မန့်မှာ မှတ်ချက်ရေးပြီး တောင်းဆိုခဲ့ပေးပါ။ မကြာမီအချိန်အတွင်း ဖြည့်ဆည်းပေးထားပါမယ်

Saturday, September 8, 2018

Universal Document Converter


Universal Document Converter ကို စာစီစာရိုက်သမားတွေအတွက် မရှိမဖြစ် လိုအပ်ပါတယ်။  ဘယ်နေရာမှာ သုံးရတာလည်းဆိုတော့ ဖိုင်တွေကို တစ်မျိုးကနေ နောက်တစ်မျိုးအဖြစ် ပြောင်းတဲ့အခါ သုံးကြရပါတယ်။ ဘယ်လိုဖိုင်တွေကို ပြောင်းပေးမှာလည်း ဆိုတာ ပုံမှာ ကြည့်ပါဦး။  သူပြောင်းပေးနိုင်တဲ့ ဖိုင်အမျိုးအစားတွေကတော့   -

  




ဖိုင်အမျိုးအစား ၈ မျိုးကို ပြောင်းလဲပေးနိုင်ပါတယ်။  ဒါဟာ စာစီစာရိုက်သမားတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ အချက်တွေပဲဖြစ်ပါတယ်။



သူက ပရင်တာ တစ်လုံးအနေနဲ့ အလုပ်လုပ်မှာပါ။  ဥပမာ Pagemaker ကနေ PDF ဖြစ်ချင်တာမျိုးဆိုရင်   Pagemaker ဖိုင်ကို Print လုပ်ပါ။  Printer မှာ Universal Document Converter ကိုရွေးပါ။  ဖိုင်အမျိုးအစားမှာ PDF ဆိုတာရွေးပြီး Print ထုတ်ရင် PDF ဖိုင်ရပါပြီ။   အဲ့လိုပဲ ကျန်တာတွေကို ပရင်တာ တစ်လုံးအနေနဲ့ သူက အလုပ်လုပ်ပြီး ပြောင်းပေးနိုင်ပါတယ်။





Kundli Chakra Professional



ဗေဒင်ဆောဖ့်ဝဲတွေထဲမှာ ဒီတစ်ခုလည်း အသုံးများတယ်။  ခရက် ဗားရှင်းတွေ့လို့ပါ။  ၀ယ်သုံးနိုင်ရင်တော့ ပိုကောင်းတာပေါ့။
အဆင့်မြင့်ဟောပြောချက်တွေအတွက် သီးသန့် ဆိုပြီး ထုတ်လုပ်ဖြန့်ချိပေးထားတာပါ။  ဗေဒင်မှာလည်း ကဏ္ဍအသီးသီးအတွက် ဟောကြာချက်တွေ ထုတ်ပေးဖို့ လိုအပ်တဲ့အတွက် ဒီမှာက ဆိုင်ရာကဏ္ဍအတွက် တွက်ချက် အဖြေထုတ်နိုင်ဖို့ ကူညီပေးပါလိမ့်မယ်။  သူက ဘာနဲ့တူလည်းဆိုရင် ဆွစ်ဓါးတစ်တလက်အသုံးဝင်သလိုပဲ  လိုတဲ့နေရာ ထုတ်သုံးရနိုင်မယ်လို့ ဆိုပါတယ်။




Jyotishya Deepika - K.P Astrology Software


ဗေဒင် ဆော့ဖ်ဝဲတွေကို ဝါသနာအလျောက် စုဆောင်းထားလိုတာပါ။  ကိုယ်တိုင်လည်း ဒီလို ဆောဖ့်ဝဲမျိုး ရေးသားချင်စိတ်ဖြစ်မိပါတယ်။  သို့သော်လည်း ကျွန်တော့်ဝန်းကျင်မှာ ဒီလိုဆောဖ့်ဝဲမျိုးရေးဖို့အတွက် ခေတ်အခြေအနေအရရော ဆရာသမားပါ အခက်အခဲရှိတာကြောင့် ဗေဒင်တွက်နည်းကို ခြေခြေမြစ်မြစ် သင်ယူခွင့် မရသေးဘူးဖြစ်နေပါတယ်။  ဂြိုဟ်သွားပြက္ခဒိန်တွက်တတ်ဖို့ကို လေ့လာရင်း အွန်လိုင်းမှာ ဆရာအေးဝင်းကျော် ရေးသားတင်ပို့ထားတဲ့ ပိုစ့်တွေကိုလည်း တွေ့မိပါတယ်။  ဆရာ့ကို အထူးကျေးဇူးတင်ရမှာဖြစ်ပါတယ်။ ဆရာဘလော့ကို လေ့လာချင်တယ်ဆိုရင် http://ayewinkyaw.blogspot.com/ သို့ သွားရောက်ပါ။

ခုတော့ အိန္ဒိယမှ ရေးသားထုတ်လုပ်ထားတဲ့ အထူးသဖြင့် KP စနစ်အတွက် အထောက်အကူများရမလားလို့ ဒီဆောဖ့်ဝဲကို ရှာ စုဆောင်းထားမိပါတယ်။ ခုက Jyotishya Deepika version 5.2.2 ဖြစ်ပါတယ်။
  • The user interface has been made more friendly – especially with the addition of 5 UI themes, including two high contrast themes to enable easy viewing for customers with special visual requirements.
  • The organization of content in the Main Window has changed, making the creation of multiple charts much easier. It is now extremely easy to navigate between multiple open charts.
  • Charts can now be saved at the user’s discretion – the concept of a database has been removed. Users can now save charts in the “Jyotishya Deepika Chart – .jdc” format on their hard disk. These charts can be emailed to anyone else who has Jyotishya Deepika v5.2.2 and can be opened at their end.
  • Any chart can be saved and opened in the exact form it was saved. Also any birth or horary chart can be edited and the details get updated dynamically.
  • Users can now create TIME CHARTS for the instance they click the button with a single click.
  • Users can now create charts with a FIXED LAGNA value – so you can specify a value and create a chart who lagna is centered around the value given.
  • Birth Time Rectification is now inbuilt into a Birth Chart and hence updation of the birth time can update the chart dynamically.
  • Compatibility Matching is now more intuitive and easy to perform.
  • Individual cuspal charts can be printed at will.
  • Jyotishya Deepika v5.2.2 evaluation version can now be downloaded at no cost. So you can try the software “free of cost” with no obligations.
Note : Remember to set calculation preferences as Nodes = True Nodes for accurate Rahu, Ketu positions.

Wednesday, September 5, 2018

Adobe Pagemaker 7.0.1a


     Adobe ကုမ္ပဏီက ထုတ်လုပ်ဖြန့်ချိပေးထားသော PageMaker 7.0 ဆောဖ့်ဝဲဟာ ကျွန်တော်တို့ စာစီစာရိုက်လောကမှာယနေ့ အထိ ပန်းပန်လျက်ပါပဲ။  2001 July  9 ရက်နေ့က စတင်ထုတ်လုပ်ဖြန့်ချိပေးခဲ့ပြီး၊2011 August  1 ရက်နေ့မှာ ထောက်ပံ့မှုတွေကို ရပ်ဆိုင်းထားခဲ့ပါပြီ။

     သို့သော် ယနေ့ထိ PageMaker ကို ဆက်လက် သုံးစွဲနေကြပါတယ်။  ဖြစ်နိုင်ရင်တော့ Pagemaker ကို Adobe က ပြန်လည် မွန်းမံပြီး ထုတ်လုပ်ပေးထားတာကတော့ Adobe InDesign ဆောဖ့်ဝဲပဲ ဖြစ်ပါတယ်။   စာစီစာရိုက်စနစ်ကို InDesign က ကောင်းစွာ အထောက်အပံ့ပေးထားပါတယ်။ Adobe InDesign ကို သုံးဖို့လည်း တိုက်တွန်းလိုပါတယ်။

     ကျွန်တော် Adobe PageMaker 7.0 သွင်းယူပုံ အဆင့်ဆင့်ကို ဖော်ပြပေးထားပြီး ဖြစ်ပါတယ်။ ဒီမှာ သွားကြည့်နိုင်ပါတယ်။

     PageMaker ကိုသွင်းတဲ့အခါ နောက်ဆုံး Update အထိ သွင်းယူစေလိုပါတယ်။  Update သွင်းထားမှ Stop Working စသည့် Error တွေ မတက်တော့တာပါ။ Update နှစ်ခုလုံးကို အစဉ်အတိုင်း သွင်းယူပါ။

PageMaker 7.0.1a အထိ Update file အပါအဝင် ဒေါင်းလိုပါက -







Tuesday, September 4, 2018

Paragon NTFS for Mac




     ကွန်ပျူတာလောကမှာ Mac အသုံးပြုသူများသလိုပဲ Windows အသုံးပြူသူ ကမ္ဘာကလည်း မသေးပါဘူး။  အခြေခံသဘောအရ ဒီလောကနှစ်ခုဟာ ပူးတွဲပေါင်းစပ်လိုက်ဖို့ မလွယ်ကူခဲ့ပါဘူး။  တခြားမကြည့်နဲ့ သင့်ဒေတာတွေ သိမ်းဖို့လုပ်ထားတဲ့ Hard Disk Drive ကိုပဲကြည့်ပါ။  Windows အသုံးပြုသူအချင်းချင်း အတွက် Hard Disk ကို မျှဝေသုံးဖို့ လွယ်ကူပေမယ့် ပလက်ဖောင်းမတူတဲ့ Mac အသုံးပြုသူနဲ့ ပေါင်းကူး အသုံးပြုရတော့မယ်ဆိုရင် HDD ကို format လုပ်ခိုင်းရတာနဲ့ ကြည့်မြင်လို့တော့ ရပြီး  ဖိုင်တွေကို ထည့်လို့မရတာတွေ ဖြစ်လာပါတော့တယ်။  အခြေခံ ဖိုင်စနစ်မတူတာကို Mac က သီးခြား လက်ခံမပေးနိုင်ဘူး။  အသုံးပြုခွင့် မပေးထားခဲ့ပါဘူး။  ရေးခွင့် ဖျက်ခွင့် မပေးထားပါဘူး။  ဒါကြောင့် Mac အသုံးပြုသူတွေဟာ External HardDisk တွေကို OS နှစ်ခုလုံးမှာ သုံးမယ်ဆို Paragon ကထုတ်တဲ့ Paragon NTFS for Mac OS ဆိုတဲ့ Mac dmg ဆောဖ့်ဝဲလေးကို သွင်းယူရပါမယ်။



     Paragon NTFS for Mac က NTFS ဖိုင်စနစ်ကို အသုံးပြုနေတဲ့ Hard Disk, USB Stick, SSD စတဲ့ Storage Device တွေကို Mac OS မှာ Read/Write လုပ်ခွင့်ရရှိသွားပါမယ်။  


သွင်းယူပုံကြည့်လိုပါက - 


Paragon NTFS 15.0.911 ဒေါင်းဖို့ -