စာစီစာရိုက်လုပ်ငန်း အတွက်

စာစီစာရိုက်လုပ်ငန်းအတွက် အသုံးအဆောင်များကို ရှာဖွေ စုဆောင်းထားရှိပေးထားပါတယ်။

ဆောဖ့်ဝဲများကလည်း သင့်လုပ်ငန်းအတွက်ပါ

ကွန်ပျူတာအတွက် အသုံးဝင်သော ဆောဖ့်ဝဲများကိုလည်း တင်ပြထားပေးပါတယ်။ မိမိတို့ လိုအပ်သလို အသုံးချနိုင်ကြပါစေ

စာစီလုပ်ငန်းအတွက် ဒီဇိုင်းလိုအပ်သမျှ

အသင့်သုံး ဒီဇိုင်းများ၊ ဘောင်များ၊ ပန်းကနုတ်၊ ဖောက်စွပ်များ၊ ဖိတ်စာ၊ လိပ်စာတို့တွင် အသုံးပြုသည့် သင်္ကေတများ၊ ရုပ်ပုံများကိုလည်း ထားရှိပေးထားပါတယ်

ရပ်တန့်မသွားသော နည်းပညာ

ကွန်ပျူတာ နည်းပညာ နယ်ပယ်ဟာ ရပ်တန့် မသွားပဲ ရှေ့ကို ခပ်မြန်မြန်သွားနေတဲ့ နည်းပညာပဲ ဖြစ်ပါတယ်။ နောက်ကြမကျန်ရအောင် ဒီဘလော့မှာ အဟောင်းတွေအပြင် အသစ်တွေကိုပါ ဖော်ပြပေးထားပါတယ်

သင်လိုအပ်သမျှ ကွန်မန့်မှာ ရေးခဲ့ပေးပါ

တကယ်လို့ သင့်လုပ်ငန်းအတွက် လိုအပ်နေတာ ဒီထဲမှာ ရှိမနေသေးရင် ကွန့်မန့်မှာ မှတ်ချက်ရေးပြီး တောင်းဆိုခဲ့ပေးပါ။ မကြာမီအချိန်အတွင်း ဖြည့်ဆည်းပေးထားပါမယ်

Monday, January 22, 2018

စာလုံးလှလှလေးများ ဖန်တီးဖို့ FontLab


FontLab Studio 5.2.2 ကတော့ Windows နှင့် macOS အတွက် ဖောင့်ရေးသားထုတ်လုပ်ပေးတဲ့ သက်တမ်းရင့် ဆောဖ့်ဝဲတစ်ခုပဲဖြစ်ပါတယ်။  ကွန်ပျူတာ စနစ်အတွက် အက္ခရာ စာသားများ အသုံးပြုဖော်ပြပေးဖို့ရန် Font သည် အဓိကအခန်းကဏ္ဍက ပါဝင်ပါတယ်။  Adobe, Apple, IBM, Microsoft, Monotype, Morisawa နှင့် အခြား ဖောင့်များကို မှီခိုရတဲ့ ကုမ္ပဏီများက ဖောင့်များကို နည်းပညာ သစ်များနဲ့အတူ အသစ်အသစ်တွေ တီထွင်ထုတ်လုပ်ကြသလို  ဖောင့်ဒီဇိုင်းသမားများကလည်း FontLab ကို သုံးစွဲကြရပါတယ်။  



FontLab Studio 5 က  ဖောင့်တစ်ခု ဖော်ထုတ်ကြရတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်အတွက် အကောင်းဆုံး လုပ်နိုင်အောင် ခေတ်မီသော Operation System အသစ်တွေနဲ့လည်း ကိုက်ညီအောင် အမြဲ အလေးထား ဂရုပြုထားပါတယ်။  မျိုးတူဖောင့်အုပ်စုများ၊ ဘာသာစကားအမျိုးမျိုးအတွက် glyph ဒီဇိုင်းများ၊ spacing, kerning များအတွက် အသေးစိတ် စာလုံး တစ်ခုစီ ချိန်ညှိစရာ မလိုတော့ပဲ အလိုအလျောက် ချိန်ညှိပေးနိုင်သဖြင့် အချိန်ကုန် သက်သာသွားစေခဲ့ပါတယ်။  ယနေ့ ခေတ်စားနေတဲ့ Python scripting ပါ လုပ်နိုင်နေပါပြီ။  တကယ်လို့ OpenType နှင့် TrueType မှ အောက်လိုင်း အမျိုးအစားဖောင့်တို့ကို  PostScript Type 1 ဖာင့်အဖြစ် အလွယ်တကူ ပြောင်းလဲပေးနိုင်ပါတယ်။  ဒီအချက်က ဖောင့်အဟောင်းတွေကို ခေတ်မီဖောင့်အဖြစ် ပြောင်းဖို့ လွယ်ကူစေခဲ့ပါတယ်။



Bézier tool ရဲ့ အထာကျမှု

 


ဖောင့်ဒီဇိုင်နာအများစုကတော့ ဘဇီယာတူးဟာ FontLab Studio မှာ အကြိုက်ဆုံးပဲလို့ တညီတည်း ပြောဆိုကြပါတယ်။  Pen, Rectangle, Ellipse, Knife နှင့် Eraser tools တွေကို ပေါင်းစပ်လိုက်ပြီး Bézier drawing tool ကို အသုံးပြုခြင်းက အက္ခရာတစ်ခုကို စိတ်ကြိုက် ဒီဇိုင်း ဖန်တီးခွင့် ပေးလိုက်နိုင်တာပါပဲ။





Bitmaps ပုံများထဲ့သွင်းခြင်း


Adobe Illustrator သို့မဟုတ် EPS outline ဖြင့်ဖန်တီးထားတဲ့ အက္ခရာ အောက်လိုင်းဒီဇိုင်းများကို Copy-paste လုပ်သွင်းရုံဖြင့် ဆက်လက်ပြီး Trace လုပ်ပြီး သန့်ရှင်းရေးလုပ်နိုင်ပါတယ်။  ထဲ့သွင်းထားတဲ့ bitmap ပုံကို Trace လုပ်၊ outline ထုတ်လိုက်ပါ။  အနားသတ်များ သပ်ရပ်လှပသွားစေရန် Bézier tool ကို သုံးပြီး သန့်ရှင်းရေးလုပ်လိုရင် အက္ခရာတစ်ခု လွယ်ကူစွာ ရယူနိုင်ပါတယ်။



မျဉ်းကွေးများဖြင့် ဖောင့်ဒီဇိုင်း


ဖောင့်တစ်ခုရဲ့ အက္ခရာ တစ်ခုရဲ့ လှပမှုဟာ တကယ်တော့ မျဉ်းကွေးလေးတွေရဲ့ သပ်ရပ်လှပမှုမှာ အများကြီး သက်ဆိုင်ပါတယ်။  ဒီအတွက် ဖောင့်ရေးသူက စာလုံး အောက်လိုင်းတွေရဲ့ မျဉ်းကွေးတွေကို စိတ်ကြိုက်ဖန်တီးတဲ့အခါ spot တွေကို ပေါင်းထဲ့မလား။  နှုတ်ပစ်လိုက်မလား စိတ်ကူးတဲ့ရာ လုပ်ခွင့်ရဖို့ Click နှိပ်ရုံတင်နဲ့ ဖန်တီးနိုင်ပါတယ်။



ဆက်စပ်စာလုံးများ ပုံစံများဖြင့် ညီညွတ်စေခြင်း



FontLab Studio 5 သည် ယခု ဖန်တီးပြီးသား အက္ခရာ စာလုံး တစ်လုံးစီအတွက် ဒီဇိုင်း ကွက်လပ်များ ညီညွတ်မျှတစေရန် နီးစပ်ရာ စာလုံးများဖြင့် အလိုအလျောက် ဖော်ပြပေးတဲ့အတွက်ကြောင့် စာလုံးများကို လိုက်လျော ညီထွေစေရန် ချက်ခြင်း ပြင်ဆင်ခွင့်ရရှိစေပါတယ်။


ဟိုးရှေးက Adobe ရဲ့ ခေတ်ဦး ကွန်ပျူတာ ခေတ်ဦးပေါ့ဗျာ။  ပြောရရင် မြန်မာနိုင်ငံမှာ ကွန်ပျူတာတွေ အသုံးပြုဖို့ စကတည်းက မြန်မာဖောင့်တွေအများစုဟာ Fontographer ဆိုတဲ့ ဆော့ဖ်ဝဲနဲ့ ရေးသားခဲ့ကြပါတယ်။  သူနဲ့ အပြိုင် အခြား ဖောင့် အယ်ဒီတာတွေရှိပေမယ့် မြန်မာပြည်မှာတော့ Adobe ကုမ္ပဏီရဲ့ Fontographer ကိုပဲ သုံးခဲ့ကြပါတယ်။ ခုတော့ Fontographer ဆော်ဖ့်ဝဲ ရေးသားသူများက 1992 ခုနှစ်ကစလို့ FontLab ဆိုတာကို တည်ထောင်ဖို့အတွက် Adobe မှ ခွဲထွက်ခဲ့ကြသလို Fontographer ကလည်း ရပ်တန့်သွားခဲ့ရပါတယ်။  ဖောင့်အယ်ဒီတာ လောကမှာ ဘုရင်တစ်ဆူဖြစ်တဲ့ FontLab Studio ကို သုံးကြည့်လိုက်ပါ။  



နောက်ပြီး ကျွန်တော် ဖြစ်ချင်တဲ့ ဆန္ဒတစ်ခုက မြန်မာပြည်မှာ ဖောင့်လှလှလေးတွေကို ဝယ်ယူအားပေးကြစေလိုပါတယ်။  ဖောင့် ဖန်တီးသူက ရောင်းရင်ပေါ့။ နောက် ဖောင့်တွေကို မူပိုင်ခွင့်ရှိစေချင်သလို ဖန်တီးသူတွေကိုလည်း အကျိုးအမြတ် ရရှိစေချင်တယ်ဗျာ။  ခုတော့ FontLab Studio ကို ဝယ်သုံးမယ်ဆိုရင်တော့ FontLab ရဲ့ ဝက်ဆိုဒ်ကိုသွားပါ။  ယနေ့ ပေါက်ဈေးကတော့ $649 ကျသင့်ပါတယ်။  တကယ်လို့ သင်က ဝယ်မသုံနိုင်ဘူး  Crack ဗားရှင်းကို သုံးမယ်ဆိုရင်တော့ -




Friday, January 19, 2018

Microsoft Windows XP Professional


တကယ်တော့ ကျွန်တော်တို့တွေ အတွက် Windows XP ဆိုတာက သူငယ်ချင်းကောင်း တစ်ရောက်နဲ့ တူပါတယ်။  ကွန်ပျူတာနဲ့ ပတ်သက်တဲ့ အသိပညာတွေ နည်းပညာတွေကို အကောင်းဆုံး ပံ့ပိုးပေးခဲ့တာပါ။  သို့သော်လည်း ခေတ်သစ် နည်းပညာဆိုတာ ရပ်တန့်သွားတယ်ဆိုတာမရှိလေတော့  Windows အသစ် အသစ်တွေအတွက် နေရာပေးခဲ့ရပါပြီ။ ၂၀၁၄ ခုနှစ် ဧပြီလ ၈ ရက်နေ့မှာ သူ့အတွက် နောက်ဆုံး အထောက်အပံ့တွေ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း မိုက်ခရိုဆော်ဖ့်က ကြေငြာခဲ့ပါတယ်။ သူ့အတွက် အဆင့်မြင့် လုံခြုံရေး နည်းပညာတွေ ထောက်ပံ့ပေးဖို့ နည်းပညာအရ စွမ်းဆောင်ရည် လျော့လာတာကြောင့်လို့ သူ့မိခင် ကုမ္ပဏီဖြစ်တဲ့ မိုက်ခရိုဆောဖ့်က ပြောပါတယ်။ 

သို့သော်လည်း တခါတလေ တစ်ချို့ ဆောဖ့်ဝဲတွေက ဒီ Windows XP ကိုမှ အသုံးပြုချင်တာမျိုး ဒီအပေါ်မှာမှ အလုပ်လုပ်တယ်။ ဆောဖ့်ဝဲသွင်းလို့ရတယ်။  Driver သွင်းလို့ရတယ်။  အဲ့လိုအဖြစ်မျိုးအတွက် ၀င်းဒိုးစ် အသစ်တွေမှာ အလုပ် မလုပ်ပေးတဲ့ ဆောဖ့်ဝဲအချို့ အများအားဖြင့် တရုပ်က တင်သွင်းထားတဲ့ ကွန်ပျူတာ စနစ်နဲ့ ချိတ်ဆက်သုံးရမယ့် ဆောဖ့်ဝဲတွေအဖြစ်များပါတယ်။  အဲ့ဒါဆို ဒီ Windows XP ကို မဖြစ်မနေ သွင်းပေးရတဲ့ အခြေအနေကို မလွဲမသွေ ကြုံနေရပါတယ်။  အသုံးပြုသူတွေကလည်း ဒီ Windows XP ပဲ သုံးတတ်ပါတယ် ဆိုတာကလည်း ရှိသေးတယ်ဗျာ။  ဒီနေ့ဆိုရင် Windows 10 တောင်ထွက်နေပြီဆိုတော့ လက်ပေါက်တော့ ကပ်သားဗျ။  ခုတလော ဒီ Windows XP ကို ပြန်သုံးကြည့်တာ ဘယ်က စကိုင်လိုက်ရမှန် မသိဘူးဖြစ်နေတယ်။  ခု အသစ် ၀င်းဒိုးစ်တွေက တကယ့်ကို သွင်ပြင်လက္ခဏာကအစ ပြောင်းသွားပြီဆိုတော့ ပိုမိုက်ပါတယ်။ တကယ်လို့ မဖြစ်မနေ Windows XP မှ သုံးရမယ့်သူတွေအတွက် ဒေါင်းမယ်ဆို အလွယ်တကူဖြစ်အောင်လို့ ဒီပို့စ်လေး တင်ပေးထားပါတယ်။  ဒီ Windows XP က ဘာမှ ပြုပြင်ထားတာမျိုး မရှိတဲ့ Official ISO ပါ။  
သူ့အတွက် Install လုပ်ငန်းစဉ်အတွက် လိုအပ်တဲ့ Key ကတော့ -

QW4HD DQCRG HM64M 6GJRK 8K83T

သတိပြုရမှာကတော့ အပေါ်က ကီးက Wndows Genuine Activation (WGA) ကီး မဟုတ်ပါ။






Tuesday, January 16, 2018

7-Zip


ဖိုင်တွေကို ချုံ့ခြင်း၊  ဖြန့်ခြင်း လုပ်ဖို့အတွက် ခုတလော 7Zip က အဆင်ပြေနေတယ်။  ကျွန်တော် ထင်ထားတာက  WinRAR ရှိနေရင် ဘယ်လို ချုံ့ထား ချုံ့ထား သူက အကုန် ဖြန့်ချပေးနိုင်တယ်လို့ ထင်နေတာ။  အဲ့တော့ ကျွန်တော့ စက်ထဲမှာ WinRAR အမြဲ ထည့်ထားတတ်တယ်။  ခုတလောကျတော့ တစ်ချို့ zip ဖိုင်တွေကို အဲ့ဒီ WinRAR ဖိုင်တွေ ဖြန့်ချမရဖြစ်နေတယ်ဆိုရင် ခုဖော်ပြထားတဲ့ 7Zip နဲ့ကျတော့ လွယ်လွယ်ကူကူ ဖြန့်ချပေးနိုင်နေပါတယ်။   ဖြစ်နိုင်တဲ့ အခက်အခဲက Compression လုပ်တဲ့ ဆောဖ့်ဝဲတွေက နည်းလမ်းအသစ်တွေ အသုံးပြုပြီး သူ့တို့ရဲ့ ဆောဖ့်ဝဲတွေကို တိုးတက် အဆင့်မြင့်ထားပုံပဲ။  ဆိုတော့ 7Zip နဲ့ လုပ်ထားရင် 7Zip နဲ့ပဲ ပြန်ဖြေရမယ်ဆိုတာလို ဖြစ်နေတယ်။  ဒါကြောင့် ကွန်ပျူတာ အသုံး ပြုသူတွေအတွက် နောက်ထပ် Zip ဖိုင်ကို အသုံးပြုနိုင်ဖို့ 7 Zip ကို ထပ်သွင်းဖို့ လိုလာပါတယ်။

7Zip က အခမဲ့ အသုံးပြုခွင့်ပေးထားပါတယ်။  လိုအပ်လို့ ဒေါင်းမယ်ဆိုရင် သူ့မူရင်းဆိုဒ်မှာ ရှိတဲ့ နောက်ဆုံး ဗားရှင်း ကို ဒေါင်းပြီး အသုံး ပြုဖို့ တိုက်တွန်းပါရစေ။


Saturday, January 13, 2018

Adobe Reader X installation step by step



စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုတဲ့အတိုင်း စာအုပ်များကို ဖတ်ရှုလေ့လာ ကြလေ့ရှိပါတယ်။  ယနေ့ခေတ်က အိုင်တီခေတ်ဆိုတော့ နည်းပညာအသစ် အသစ်တွေကို အသုံးပြုပြီး Electronic book ဆိုတဲ့ Ebook တွေကို ဖန်တီးလာကြပါတယ်။  ဆိုင်ရာ နယ်ပယ်အသီးသီးရဲ့ စာအုပ် စာရွက်စာတမ်း တွေကို ကွန်ပျူတာမှ ဖန်တီးထုတ်လုပ် ကြရပါတယ်။  ဒီဖိုင်တွေကို Ebook အဖြစ် ပြောင်းလဲလိုက်ပြီးနောက် သူ့ကို ဖတ်ရှုဖို့ရန် ဆော့ဖ်ဝဲလည်း လိုလာပါတယ်။  ဒီနည်းပညာကို Adobe ကုမ္ပဏီက စတင်ထုတ်လုပ်ခဲ့ပြီး ယနေ့ အခါ ကွန်ပျူတာ နည်းပညာရပ်နယ်ပယ်မှာ အလွန်အသုံးဝင်သော ပရိုဂရမ်လေးတစ်ခု ဖြစ်လာပါပြီ။   အင်တာနက်မှာလည်း မိမိတို့ နှစ်သက်ရာ စာအုပ်များကို Ebook အဖြစ် ထားရှိ တင်ပြပေးထားတာကြောင့် ဖုန်းနဲ့ ဖြစ်စေ ကွန်ပျူတာနဲ့ ဖြစ်စေ ပြန်ကြည့်မယ်ဆိုရင် Adobe Reader ကို သုံးရပါမယ်။  ဒီဆောဖ့်ဝဲကို Adobe ကုမ္ပဏီက အခမဲ့ ဖြန့်ချိပေးထားပါတယ်။  အခုကတော့ Adobe Reader X version ကို သွင်းယူပုံ ပြောပြမှာပါ။

ဒေါင်းလုပ် လုပ်ပြီးရင် သူက Setup ဖိုင်လေးတစ်ခုသာ ပေးပါတယ်။  အဲ့လိုမျိုးကို Standalone Installation လို့ခေါ်ပါတယ်။  အရင်က Install လုပ်မယ်ဆို ဖိုင်တွေအများကြီးကြားထဲကမှ Setup ဖိုင်ကို လိုက်ရှာနေရတာပါ။  ခုတော့ အဲ့လိုက ခက်တာရယ် လူတိုင်း နားမလည်းတာရယ်ကြောင့် ဖိုင်ဆိုဒ်လည်း သေးတာကတစ်ကြောင်းပေါ့  ဖိုင်တစ်ခုတည်း ဒေါင်းလုပ်ပေးလိုက်ရတာပါ။  အဲ့ဖိုင်လေးကို Double ClickE နှိပ်ပါ။ အောက်ဖော်ပြပါပုံအတိုင်း မြင်ရပါမယ်။






ခေတ္တစောင့်ပါ။  သူ့ထဲက သွင်းယူမယ့် ဖိုင်တွေကို ဖြန့်ချနေတာပါ။  ၁၀၀% အထိ ဖြန့်ချပါလိမ့်မယ်။ ပြီးရင်တော့ သွင်းယူဖို့ အဆင်သင့် ဖြစ်ပါပြီ။  Install ကို နှိပ်ပါ။



ခေတ္တစောင့်ပါ။ 


လိုအပ်တာတွေကို သွင်းယူနေပါပြီ။  ခေတ္တစောင့်ပါ။


 ပြီးပါပြီ။  Finish လုပ်ပါ။






Wednesday, January 10, 2018

Windows 10 Installation Step by Step



        မိုက်ခရိုဆောဖ့်မှ သူ့မူပိုင် Operating System ဖြစ်တဲ့ Windows 10 version ကို July 29, 2015 မှာ ဖြန့်ချိမယ်လို့ ကြေငြာထားပါတယ်။  ယနေ့တော့ Windows 10 ကို ၁ ဘီလီယံ လောက် အသုံးပြုနေကြပြီလို့ ဆိုပါတယ်။  

        ခု  Windows 10 သွင်းယူတဲ့ လုပ်ငန်းစဉ်မှာတော့ ရှိပြီးသား Windows အဟောင်းကို ဖျက်ပြီး တင်မှာဖြစ်ပါတယ်။  အဲ့ဒါကြောင့် သင်လည်း ကိုယ်ကိုတိုင် လုပ်မယ်ဆိုရင်  Windows ရှိတဲ့အပိုင်း က ( Local Disk C:က) သင့်ဒေတာတွေကို အရင်ဆုံး သိမ်းဆည်းထားဖို့လိုပါတယ်။  သူများစက်ကို လုပ်မယ်ဆိုရင်လည်း သင်ကိုယ်တိုင် သိမ်းပေးလိုက်ဖို့ လိုအပ်ပါတယ်။  ဘယ်နေရာကဖိုင်တွေကို သိမ်းရမှာလည်းဆိုရင် - (၁) Download အခန်းထဲက ဖိုင်တွေ၊ (၂) Documents အခန်းက ဖိုင်တွေ၊ (၃) Desktop မှာ ရှိတဲ့ ဖိုင်တွေကို သိမ်းဖို့ လိုပါတယ်။   တစ်ခါတစ်လေ C: တိုက်ရိုက်အောက်မှာလည်း စစ်ကြည့်ပါဦး။  တစ်ချို့တွေက New Folder ပေးပြီး သိမ်းတတ်လို့ပါ။  ဒေတာတွေ အရေးမကြီးဘူး ဆိုရင်တော့ သိမ်းနေနဲ့ပေါ့။  အလုပ်ရှုပ်သက်သာတယ်။  ဘာပဲ ဖြစ်ဖြစ် သူများဟာ လုပ်ပေးရမယ်ဆိုရင်တော့ သူ့စက်ထဲ ဘယ်ဆောဖ့်ဝဲတွေ သွင်းခဲ့တယ်။ သုံးခဲ့ဘူးတယ်။  ဘယ်နေရာမှာ ဖိုင်တွေ သိမ်းထားတယ်ဆိုတာကို သင်မှတ်မိ သိရှိထားဖို့ မဖြစ်မနေ လိုအပ်ပါတယ်။  သိနေအောင်လည်း အလေ့အကျင့်လုပ်ထားပါ။
        Data Backup ကို သိမ်းတဲ့အခါ Windows စနစ် မရှိတဲ့ Drive (D:, E:, F;,....) စသည့် အပိုင်းများမှာ သိမ်းပါ။  တကယ်လို့ မိမိတင်မယ့် Laptop က Hard Disk က GPT ပါတေးရှင်း အမျိုးအစားဖြစ်နေတယ်ဆိုရင် သီးခြား External HDD မှာ သိမ်းပါခင်ဗျာ။  နဂိုက NTFS ပါတေးရှင်းနဲ့ဆိုရင်တော့ External HDD ထဲ သိမ်းသိမ်း၊ D:  E:   F:  ထဲ သိမ်းသိမ်း အစဉ်ပြေပါတယ်။ ဒီအဆင့်က အရေးကြီးသလို သတိမမေ့ဖို့လိုပြီး  သူများရဲ့ ဖိုင်တွေကို ဖျက်မပြစ်မိဖို့ သတိထားရမယ့်အချက်ပါ။   

       Windows တင်မယ်ဆိုရင် မိမိ windows ခွေကလည်း ကောင်းလားစစ်ပါ။ အစင်းခြစ်ရာ ကင်းပါစေ။ ခွေဖတ်မယ့် DVD Drive လည်းကာင်းစွာ အလုပ်လုပ်တယ် ဖတ်နိုင်တယ် ရေးနိုင်တယ်ဆိုတာ သေခြာပါစေ။  

         First Boot Device ကိုလည်း မိမိစက်ရဲ့ DVD-ROM drive ကို ရွေးထားပါ။  ဒါ လုပ်ပြီးပြီဆိုရင် Windows တင်ဖို့ အဆင်သင့်ဖြစ်ပါပြီ။  First Boot ကို ရွေးချယ်တဲ့နေရာမှာ BIOS ထုတ်တဲ့ ကုမ္ပဏီမတူတာရယ် ၊  BIOS version မတူတာရယ်ကြောင့် ဘယ်နေရာမှာ ၀င်ပြင်ပါဆိုတာ အတိအကျ ပြောဖို့ ခက်ပါတယ်။ အများအားဖြင့်တော့ Boot Options menu ထဲမှာ ပြင်နိုင်ပါတယ်။

       Windows 8 စတင်ထုတ်လုပ်ခဲ့စဉ်ကတည်းက windows system ဖိုင်တွေကို ပိုမိုလုံခြုံအောင် UEFI စနစ်ကို စတင် အသုံးပြုခဲ့ပါတယ်။  UEFI စနစ်ပါလာရင် HDD ကို GPT partition အဖြစ်သုံးလေ့ရှိပါတယ်။   Windows 7 တုန်းကတော့ NTFS patition စနစ်ကို သုံးခဲ့တာပါ။  ပါတေးရှင်း ပုံစံ နှစ်ခုရှိနေကြောင်း ကြိုတင်သိထားစေချင်လို့ပါ။  ကျွန်တော်ကတော့ Windows 8, 10 တွေကို UEFI mode မှာပဲ တင်တာကို ပိုကြိုက်ပါတယ်။
        အထက်ဖော်ပြပါ စာပိုဒ်တွေကို ခုဖတ်ရတာ နားမလည်ဘူးဆိုလည်း ဖတ်မိထားရင် သိထားရင်လုံလောက်ပါပြီ။  နောက်ပိုစ့်တွေမှာ ဆိုင်ရာကဏ္ဍအတွက် အကျယ် ရေးပါဦးမယ်ခင်ဗျာ။  
       ခုတော့ Windows 10 သွင်းယူပါတော့မယ်ခင်ဗျာ။  ကြိုကြည့်ထားတဲ့အတွက် မိမိသွင်းမယ့် စက်က အရင် Windows ကို NTFS partition မှာပဲ သွင်းထားတာပါ။  Boot Security ကိုလည်း ဖြုတ်ထားပြီး  Legacy mode ပြောင်းသွင်းထားတာကို တွေ့ရပါတယ်။  ဒီအတိုင်းပဲထားပြီး  အဲ့အပေါ်မှာ ဆက်သွင်းပါမယ်။  DVD-Rom ထဲ Windows 10 ခွေထည့်ပါတယ်။
Boot from CD or DVD drive ..... စာသားပေါ်လာတဲ့အခါ Enter နှိပ်ပြီး ၀င်လိုက်ပါတယ်။  ခဏစောင့်ရင် အောက်ဖော်ပြပါပုံအတိုင်း တွေ့ရပါတယ်။  ဒီနေရာမှာ Language to Install = English, Keyboard and Input Method = US ဆိုတာပဲ ရွေးထားပါတယ်။  

သတိပြုရန်- ဒီနေရာမှာ ကျွန်တော်တို့ မြန်မာလို အသုံးပြုချင်တဲ့အခါ Myanmar လို့ ရွေးခဲ့ရင် အဓိက Myanmar 3 ယူနီကုတ်နဲ့ တူတဲ့ ဖောင့် Myanmar Text ကိုအသုံးပြုနေမှာဖြစ်ပြီး  တစ်ချို့ အလုပ်တွေမှာ Office application တွေမှာ အနှောက်အယှက် ဖြစ်နေပါသေးတယ်။  ဒါကြောင့် English ကိုပဲ ရွေးခဲ့တာပါ။

ပြီးရင်  Next နှိပ်ပါ။


Install Now ကို နှိပ်ပါ။



Product Key ထည့်ပါတဲ့။  ကျွန်တော်သုံးတဲ့ ခွေက ထည့်စရာမလိုပဲ နောက်မှထည့်လို့ရတဲ့ ခွေပါ။  စောစောထွက်ထားတဲ့ ခွေတွေကတော့ သူသတ်မှတ်ထားတဲ့ Key တွေထည့်ဖို့ လိုပါလိမ့်မယ်။  ခုတော့ Skip ဆိုတာ ကို နှိပ်ပြီး ကျော်လိုက်ပါတယ်။ 


I accept the License term ဆိုတာကို အမှန်ခြစ်ထည့်ပေးပါ။  ပြီးရင် Next နှိပ်ပါ။


ခဏစောင့်ရင် အောက်ဖော်ပြပုံကို တွေ့မြင်ရနိုင်ပါတယ်။  Upgrade လုပ်မှာလား Custom လုပ်မှာလားလို့ မေးပါတယ်။  ရှေးတုန်းက Windows အဟောင်းကို ဖျက်ပြီး လုံးဝ အသစ်တင်မှာဖြစ်တဲ့အတွက်  Custom ကို ရွေးပါ။  Clean Installation လုပ်တယ်လို့လည်း ခေါ်ပါတယ်။

Custom ကို နှိပ်ပါ။


                                 


သတိပြုရန် - အောက်ဖော်ပြပုံကို မရောက်ရင် ၊ ရောက်သော်လည်း ဖော်ပြပါပုံထဲကလို မပေါ်ပဲ ဘာမှ မရှိနေရင် သင့် hard disk မကောင်း၊ ကြိုး မကောင်းဘူးလို့ သတ်မှတ်လို့ ရပါတယ်။

Hard Disk တစ်လုံးထက် ပိုရှိနေရင် သတိထားရမှာက ဘယ် hard disk အပိုင်းကို windows တင်မယ်ဆိုတာပါ။  Hard Disk ကို Drive 0, Partition 1 မှာ တင်ဖို့ လုပ်ပါမယ်။  Hard Disk နောက်တစ်လုံး ထပ်ရှိနေရင် Drive 1, သူ့ထဲက ရှိတဲ့ Partition ကို Partition 1, 2, 3.   စသည်ဖြင့် ဖော်ပြပါတယ်။
ပထမ အပိုင်းဟာ အရင်က Windows တင်ခဲ့တဲ့ အပိုင်းဆိုတာ သေခြာတဲ့အတွက် အဟောင်းတွေကို ဖျက်ဖို့ Delete လုပ်ရပါမယ်။

အရင် ၀င်းဒိုးက သုံးထားတဲ့ Partition 1, Partition 2 တို့ကို ဖျက်ဖို့ လိုတဲ့အတွက် Select လုပ်ပါ။  Delete ကို နှိပ်ပါ။  



Delete လုပ်ပြီးနောက် ကျွန်တော်တို့ရဲ့ အရင် Windows အဟောင်းပျက်သွားပြီး  အဲ့ Partition အပိုင်းဟာလည်း  အသုံးပြုထားခြင်းမရှိဘူးဆိုတဲ့ အနေအထားရောက်သွားပါတယ်။  Unallocated Space ဖြစ်သွားပါပြီ။  ပြီးရင် New ဆိုတာနှိပ်ပါ။  





ယခုဝင်းဒိုး လုပ်ငန်းများ ကောင်းစွာ လည်ပတ်လုပ်ဆောင်နိုင်ဖို့ သေချာနေပြီဖြစ်ပါသဖြင့် အပိုဆောင်း system အပိုင်း တစ်ခုကို ဖန်တီးပါလိမ့်မယ်ဆိုတာပေါ်လာရင် OK နှိပ်ပါ။  ဒါဆို အောက်ဖော်ပြပါပုံအတိုင်း တွေ့ရပါပြီ။


ပထမအပိုင်းက windows system ဖိုင်တွေ နေမှာဖြစ်လို့ ကျွန်တော်တို့ ၀င်ဒိုး တင်ရမယ့် နေရာ မဟုတ်ပါ။  ဒုတိယ အပိုင်းကမှာ ကျွန်တော်တို့ ၀င်းဒိုး တင်ရမယ့်နေရာပါ။  ဒါကြောင့် Select လုပ်ပါ။  ပြီးရင် Next နှိပ်ပါ။


အိုကေပြီ။  သူ့ဘာသာ လုပ်စရာရှိတဲ့ သွင်းယူတဲ့ လုပ်ငန်းစဉ်တွေကို လုပ်သွားပါလိမ့်မယ်။  စက်ရဲ့ CPU အမြန်နှုန်းပေါ်မူတည်ပြီး ၁၀ မိနစ်ကနေ ၂၀ မိနစ်ထိ ကြာနိုင်ပါတယ်။  ထိုင်စောင့်ပါဦး။


အပေါ်က ပြီးသွားရင် သူ့ဘာသာ Restart လုပ်ပါတယ်။  ပြန်တက်လာတဲ့အထိ ဘာခလုပ်မှ မနှိပ်ပဲ ထိုင်စောင့်ပါ။  အောက်ပါပုံအတိုင်း ပေါ်နေပါလိမ့်ဦးမယ်။



အောက်ပုံအတိုင်းပေါ်လာရင်တော့ Skip ကို နှိပ်ပါ။ သင့်ခွေက Key ထည့်ရမယ်ဆို ခွေပေါ်မှာ ရှိပါတယ်။ ပြန်ကြည့်ပြီး ရိုက်ထည့်လိုက်ပေါ့။  Key ထည့်စရာမလို မထည့်လည်း ရတယ်ဆိုရင် Skip ဆိုတာ ပေါ်နေပါတယ်။  Skip နှိပ်ပါ။


လိုအပ်မယ်ဆိုရင် Wifi internet သုံးပြီး Register လုပ်ဖို့ Wifi တွေ သင့်အနီးမှာ ရှိတယ်ဆိုတာ ဖော်ပြပါတယ်။  Laptop မှာပဲ ဖော်ပြပြီး  Desktop မှာ မပြပါ။  Wifi မပါလို့ မပြပါ။
 Skip လုပ်လိုက်ပါ။



သူက သူ့ system setting တွေကို သူ့ဘာသာ ချိန်ညှိမှာ ဖြစ်လို့ Use Express Setting ကို ရွေးလိုက်ပါ။


သင့်ကွန်ပျူတာအတွက် အသုံးပြုသူတစ်ယောက်ဖန်တီးပါမယ်။  အသုံးပြုသူ မထည့်မီ  ကွန်ပျူတာ အမည်ကို သတ်မှတ်ပေးရပါတယ်။   အမည်တစ်ခု ရေးထည့်ပါ။  တကယ်လို့ Password သုံးပြီး ပိတ်ချင် ဖွင့်ချင်တယ်ဆိုရင် အောက်က ပထမ နှစ်ကွက်မှာ တူညီသော Password ဖြည့်ထည့်ပါ။  နောက်မှ Password ထည့်လည်း ရပါတယ်။  ခုတော့  Next နှိပ်ပါ။


ခေတ္တစောင့်ပါ။  သူ့ဘာသာ သူ အလုပ်ရှုပ်နေပါလိမ့်မယ်။



၅ မိနစ်လောက် အကြာဆုံး စောင့်ရနိုင်ပါတယ်။  ပြီးရင်တော့ သင့် windows 10 ကို အောင်မြင်စွာ သွင်းယူပြီးကြောင်းနှင့် အသုံးပြုရန် အသင့်ဖြစ်ကြောင်း Desktop မြင်ကွင်းကို တွေ့ရပါမယ်။



ဘယ် Windows ပဲ တင်တင် ချက်ခြင်း လုပ်ဆောင်ရမှာတွေက Windows တွေကို Activate လုပ်ပေးရပါမယ်။  ပြီးရင် ဆိုင်ရာ Driver တွေ သွင်းပေးရပါမယ်ခင်ဗျာ။  ကျန်တဲ့ ဆောဖ့်ဝဲတွေကို ဒီလုပ်ငန်းစဉ်တွေ ပြီးမှ ဆက်လုပ်ပါ။

ဖိုးခွား (AMMB)

Friday, January 5, 2018

Winrar 5.31



ဝင်းဒိုးစ် ကွန်ပျူတာ စနစ်အတွင်း ဖိုင်များကို ချုံ့ခြင်း၊ ဖြန့်ချခြင်း ပြုလုပ်ဖို့ ၀င်းဒိုးစ် စနစ်တွင် Archive tools ပါရှိပြီးသားဖြစ်ပါတယ်။  အများအားဖြင့် zip ပုံစံဖိုင်အမျိုးအစားဖြစ်ပါတယ်။  Windows 98 ကတည်းက ယနေ့ထိ နာမည်ကြီးတဲ့ Archive tool ကတော့ Winzip ဖြစ်ပါတယ်။  သို့သော် winzip အပြင် နေရာရလာတာကတော့ Winrar ဆောဖ့်ဝဲပဲ ဖြစ်ပါတယ်။  Winrar က မည်သည့် zip အမျိုးအစားပဲ ဖြစ်ပါစေ သူက Extract ဖြန့်ချပေးနိုင်တယ်လေ။  ဒါကြောင့် သူက လူသိများ ထင်ရှားလာကြတယ်။  ဒါ့အပြင် DVD သုံး လေး ချပ်စာ ရှိတဲ့ ဂိမ်းဖိုင်တွေကိုလည်း ချုံ့ တဲ့ အခါ တစ်ဖိုင်အဖြစ် လုပ်ချင်လည်းရသလို ခွေရေးတဲ့အခါ လွယ်အောင် ၁၀၀ mb ဖိုင် တွေအဖြစ် အပိုင်းပိုင်း ခွဲထုတ်ပေးပြီး ပြန်ဖြန့်ချတဲ့အခါ နဂိုဖိုင်တွေအတိုင်းပဲ ပြန်ဖြန့်ချပေးပါတယ်။  ဖိုင်တွေချုံ့ ဖို့လိုတဲ့အခါ မရှိမဖြစ်သုံးသင့်တာကတော့ Winrar ပါပဲခင်ဗျာ။


Wednesday, January 3, 2018

Mavis Beacon


ကွန်ပျူတာကို စသင်ယူတော့မယ်ဆိုရင် မဖြစ်မနေလုပ်ရတာကတော့ ကီးဘုတ်ပေါ်ရှိ အက္ခရာရဲ့ တည်နေရာတွေကို မှတ်မိအောင် သင်ကြား သင်ယူရလေ့ ရှိပါတယ်။  အင်္ဂလိပ်စာလက်ကွက်ကို ဦးစွာ သင်ယူရတာ မှန်ကန်တယ်လို့ မြင်မိပါတယ်။   မိမိတို့ တိုင်းရင်းသား ဘာသာစကားစနစ် လက်ကွက်ကို နောက်မှ သင်ယူစေလိုပါတယ်။  လက်ကွက် တစ်ခု မှတ်မိ သိရှိထားပြီးရင် နောက်ထပ် လက်ကွက် အသစ်အတွက် အချိန် အများကြီး ပေးစရာမလိုတော့ပါဘူး။  လေ့ကျင့်ရ လွယ်သွားပါလိမ့်မယ်။

အင်္ဂလိပ်စာလက်ကွက် လေ့ကျင့်ဖို့ ဆောဖ့်ဝဲတွေ အများအပြားရှိပါတယ်။  အဲ့ဒီထဲကမှ Mavis Beacon ဆိုတဲ့ ဒီဆော့ဖ်ဝဲက အခမဲ့ ရယူသုံးစွဲနိုင်ပြီး  သင်ကြားတတ်မြောက်တာ လွယ်ကူတဲ့ အတွက် လူသုံးများပါတယ်။  ရက်သတ္တပတ် ၂ ပတ်အတွင်း တတ်မြောက်သွားစေရမယ်လို့ ဟစ်ကြွေးထားပါတယ်။  ၂ ပတ်ဆိုပေမယ့် တစ်ခါ လေ့ကျင့်ရင် လေ့ကျင့်ချိန်ကို ၄၅ မိနစ်လောက်ပဲ လေ့ကျင့်ရပါတယ်။  တနေကုန် နှိပ်စရာ မလိုပါဘူးခင်ဗျာ။  


Mavis Beacon ကို သွင်းယူဖို့  Setup ဖိုင်ကို Double Click နှိပ်ပါ။


ခေတ္တ စောင့်ပါ။


Setup လုပ်ငန်းစဉ်ရဲ့ ပထမဆုံး  Welcome မြင်ကွင်းပါ။  Next ကို နှိပ်ပါ။


အခမဲ့ သုံးစွဲသော်လည်း  သူ့ရဲ့ သဘောတူညီမှုများကို မိမိတို့ လက်ခံရမှာ ဖြစ်တဲ့အတွက် I accept the terms in the license agreement ကို ရွေးချယ် အစက်လေး ထည့်ပေးပါ။  Next ကို နှိပ်ပါ။


Program Files အောက်ကို သွင်းယူပါမယ်လို့ အကြောင်းကြားခြင်းဖြစ်ပါတယ်။  မိမိဘာသာ တစ်ခြား နေရာမှာ သွင်းထားလိုတယ်ဆိုရင် Change ကိုနှိပ်ပြီး နေရာသစ်ကို သတ်မှတ်ပေးနိုင်ပါတယ်။   ခုတော့ မပြောင်းပါ ခင်ဗျာ။   Next ကို နှိပ်ပါ။


Install လုပ်ငန်းစဉ် စတင်ဖို့ Install ကို နှိပ်ပါ။


ခေတ္တစောင့်ပါ။   သူလိုတာတွေကို သွင်းနေပါတယ်။


သွင်းယူပြီးဆုံးသွားရင်တော့ ဒီမြင်ကွင်းကို ရောက်ပါပြီ။  Finish လုပ်ပါ။

Mavis Beacon ကို ဒေါင်းလုပ်ရယူမယ်ဆိုရင် -