စာစီစာရိုက်လုပ်ငန်း အတွက်

စာစီစာရိုက်လုပ်ငန်းအတွက် အသုံးအဆောင်များကို ရှာဖွေ စုဆောင်းထားရှိပေးထားပါတယ်။

ဆောဖ့်ဝဲများကလည်း သင့်လုပ်ငန်းအတွက်ပါ

ကွန်ပျူတာအတွက် အသုံးဝင်သော ဆောဖ့်ဝဲများကိုလည်း တင်ပြထားပေးပါတယ်။ မိမိတို့ လိုအပ်သလို အသုံးချနိုင်ကြပါစေ

စာစီလုပ်ငန်းအတွက် ဒီဇိုင်းလိုအပ်သမျှ

အသင့်သုံး ဒီဇိုင်းများ၊ ဘောင်များ၊ ပန်းကနုတ်၊ ဖောက်စွပ်များ၊ ဖိတ်စာ၊ လိပ်စာတို့တွင် အသုံးပြုသည့် သင်္ကေတများ၊ ရုပ်ပုံများကိုလည်း ထားရှိပေးထားပါတယ်

ရပ်တန့်မသွားသော နည်းပညာ

ကွန်ပျူတာ နည်းပညာ နယ်ပယ်ဟာ ရပ်တန့် မသွားပဲ ရှေ့ကို ခပ်မြန်မြန်သွားနေတဲ့ နည်းပညာပဲ ဖြစ်ပါတယ်။ နောက်ကြမကျန်ရအောင် ဒီဘလော့မှာ အဟောင်းတွေအပြင် အသစ်တွေကိုပါ ဖော်ပြပေးထားပါတယ်

သင်လိုအပ်သမျှ ကွန်မန့်မှာ ရေးခဲ့ပေးပါ

တကယ်လို့ သင့်လုပ်ငန်းအတွက် လိုအပ်နေတာ ဒီထဲမှာ ရှိမနေသေးရင် ကွန့်မန့်မှာ မှတ်ချက်ရေးပြီး တောင်းဆိုခဲ့ပေးပါ။ မကြာမီအချိန်အတွင်း ဖြည့်ဆည်းပေးထားပါမယ်

Wednesday, July 24, 2019

Camera RAW file မြင်ရဖို့


Camera ထုတ်လုပ်ပေးတဲ့ ကုမ္ပဏီက သိပ်အများကြီး မရှိပေမယ့် အရေအသွေးကောင်းမွန်သော ပုံရိပ်များကို ရရှိစေနိုင်တဲ့ ပုံရိပ်ဖိုင် RAW ဖိုင်ကို တစ်ယောက်တစ်မျိုးစီ တီထွင် ဖန်တီး ထုတ်လုပ်ကျပါတယ်။  Sony က ARW ဖိုင်၊ Nikon က NEF ဖိုင်၊ Canon က CR2, Fuji က xt2 ဖိုင် စသည်ဖြင့် အသီးသီး ကိုယ်ပိုင် RAW ပုံရိပ်များကို ထုတ်လုပ်ပေးထားပါတယ်။

RAW ဖိုင်တွေကို မိမိတို့ ဝင်းဒိုးကွန်ပျူတာတွေမှာ နမူနာပုံမမြင်ရသလို ဆိုင်ရာ Raw Viewer မထည့်ထားလျှင် ဖွင့်လို့ကို မရပါဘူး။ ဒီအတွက် RAW ဖိုင်တွေကို မြင်ရဖို့ အတွက် Raw Codec တွေကို ဝင်းဒိုးစနစ်ထဲ ထည့်သွင်းပေးဖို့လိုပါတယ်။

ဓါတ်ပုံတွေကို တည်းဖြတ်ပေးတဲ့ ဆောဖ့်ဝဲတွေက RAW ဖိုင်တွေကို မသိပါ။  Photoshop လိုမျိုးအတွက်ဆို Adobe Camera RAW ဆောဖ့်ဝဲကို ဆိုင်ရာ ထည့်သွင်းပေးပါမှ တည်းဖြတ် ပြုပြင်လို့ ရပါမယ်။ Photoshop အတွက်ဆိုရင် (၁) ဖိုတိုရှော့ ဗားရှင်း၊ (၂) အသုံးပြုနေတဲ့ ဝင်းဒိုးစ် ဗားရှင်း တွေနဲ့ ကိုက်ညီတဲ့ Adobe Camera RAW ကို ချိန်ညှိထည့်သွင်းပေးရပါမယ်။

မိမိတို့ ဘာသာ မိမိစက်နှင့် ကိုက်ညီတဲ့ Adobe Camera RAW ကို ဒေါင်းလုပ်ရယူလိုပါက အောက်ဖော်ပြပါ လင့်သို့ သွားရောက်ရယူနိုင်ပါတယ်။

       Adobe Camera RAW download site မှာ နောက်ဆုံးဗားရှင်းကိုဖြစ်စေ မိမိ စက်ဖြင့် ကိုက်ညီသည့် ဗားရှင်းကို ဖြစ်စေ ဒေါင်းလုပ်ရယူနိုင်ပါတယ်။

       Adobe Camera RAW 11.3 က လက်ရှိပိုစ့်အချိန်အရ နောက်ဆုံးဗားရှင်းပါ။ Windows Version အတွက်ပါ။


Adobe Camera RAW က RAW အားလုံးကို ဖွင့်ဖို့ အထောက်အပံ့ပေးထားသော်လည်း Windows Explorers (File Explorers) မြင်ကွင်းတွင် မဖော်ပြနိုင်သေးပါ။ ရုပ်မမြင်ရဘူးလို့ ဆိုလိုချင်တာပါ။

  • Nikon Raw Codec
  • Fuji Raw Codec
  • Sony Raw Codec
  • Canon Raw Codec (သူက မျိုးကွဲများစွာရှိလို့ မိမိကင်မရာမော်ဒယ် + လက်ရှိ အသုံးပြုနေသော ဝင်းဒိုး ဗားရှင်းဖြင့် မူလဆိုဒ်တွင် ရွေးချယ် ဒေါင်းလုပ်ရယူပါ)


        အပေါ်က Codec တွေက မိမိတို့ ဝင်းဒိုးမှာ ပုံတွေ မြင်ရအောင် ကြည့်ခွင့်ပေးပါလိမ့်မယ်။  မိမိအသုံးပြုတဲ့ ကင်မရာအမျိုးအစားကို ရွေးချယ် ဒေါင်းလုပ်ရယူနိုင်ပါတယ်။








          Saturday, July 20, 2019

          Microsoft Office Professional Plus 2010



          မိုက်ခရိုဆော့ဖ်မှ ရုံးလုပ်ငန်းသုံးအတွက် ထုတ်လုပ်ပေးထားသော Office Professional Plus 2010 ဗားရှင်းဖြစ်ပါတယ်။

          ယနေ့ Office 2019 ထိ ထွက်ရှိပေးထားပြီးဖြစ်ပါတယ်။  ကျွန်တော်တို့ဆီက ရုံးဝန်ထမ်းတွေက စက်လိုအပ်ချက်၊ လူစွမ်းအား လိုအပ်ချက်တွေကြောင့် နောက်ဆုံး ဗားရှင်းကို အသုံးပြုနိုင်ခြေ နဲပါးလှပါတယ်။ ဒီ ၂၀၁၀ ဗားရှင်းတောင် မတတ်သာလို့ တိုးတက် အသုံးပြုရပုံပေါ်တယ်။  Office 2007 ကိုပဲ တစ်ချို့ လက်မလွတ်တမ်း အသုံးပြုနေကျဆဲပါ။

          နောက်တစ်ခုက ရုံးလုပ်ငန်းသုံးမှာ ယူနီကုတ်စာရေးစနစ်ဖြစ်တဲ့ ပြည်ထောင်စုဖောင့်ကို အသုံးပြုဖို့ မဖြစ်မနေ လိုအပ်တာကြောင့် ရုံးလုပ်ငန်းသုံးအနေနဲ့ ဆိုလျင် မဖြစ်မနေ Office 2010 ဗားရှင်းလောက်ကိုတော့ဖြင့် အသုံးပြုဖို့ လိုအပ်ပါလိမ့်မယ်။  ဒါတောင် ယူနီကုတ် အထောက်အပံ့ကို စစဦး ပံ့ပိုးပေးထားတဲ့ ဗားရှင်းမို့ပါ။

          ခုဒီထဲမှာတော့ activate လုပ်ဖို့ ပါပြီးသားပါ။  .net 4.0 တော့ ကြိုသွင်းထားဖို့ လိုပါလိမ့်မယ်။



          ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ Windows OS, Office Software တို့ကို ဝယ်ယူအသုံးပြုသင့်ပါတယ်။  ဒီ ဝင်းဒိုစ်နဲ့၊ office software တွေကို activate လုပ်ပေးတဲ့ ကောင်တွေကို မယုံတော့လို့ပါ။  မိမိတို့က ရုံးလုပ်ငန်းလုပ်ဆောင်နေတယ်ဆိုရင် ဒေတာတွေ ကာကွယ်ဖို့လိုတယ်ဆိုရင် ဝယ်ယူသုံးဆွဲသင့်တယ်လို့ ထင်မြင်မိပါတယ်။


          Nero Burning Rom 8.2.8.0


          ယနေ့ထိ ဆိုလျင် နီရိုမှ 2019 ထိ ဗားရှင်းအမြင့်များထွက်ရှိနေပြီးသားပါ။  ခု နီရို ၈ ကတော့ ဗားရှင်း အဟောင်းဆိုပေမယ့် ယနေ့အထိ ကောင်းမွန် ပေါ့ပါးစွာ အလုပ်လုပ်လျက် ရှိပါတယ်။  သူ့ထဲမှာ Burning ROM, Nero Express, Nero Vision, Nero BackIt Up စသည်ဖြင့် ထုတ်ကုန်များစွာပါဝင်ခဲ့ပါတယ်။

          ဒါကြောင့် ခွေအသစ်တစ်ခု သင့် DVD Drive ထဲသို့ ထည့်သည်နှင့် ဘာလုပ်မလဲဆိုပြီး အဆင်သင့် လုပ်နိုင်အောင် သူက စောင့်ဆိုင်းနေပါတယ်။ ဒီ နီရို ၈ နောက်ပိုင်းထွက်လာတာတွေက သူ့ ထုတ်ကုန်ဆော့ဖ်ဝဲတွေ အားလုံးကို တိုးချဲ့ မွန်းမံလိုက်တာကြောင့် ဖိုင်ဆိုဒ်က အရမ်းကြီးသွားတဲ့အပြင် ဆောဖ့်ဝဲတွေကိုလည်း အားလုံးကို အသုံးပြုခွင့် မပေးတော့ပဲ ခွဲထုတ်လိုက်ပါတယ်။  ခုလို ဖိုင်ဆိုဒ်သေးသေးနဲ့ အားလုံးပါတာ ဒီ ဗားရှင်း ၈ မှာပဲပါပါတယ်။


          Photoshop CC မှာ RAM မလုံလောက်ခြင်း Error fix


          Adobe Photoshop CC အုပ်စုတွင် Windows 10 (build 177xxx) ပေါ်တွင်

          - JPEG ကို Save မရခြင်း၊ ("there is not enough memory RAM")

          - Edit > Preference dialog ဖွင့်သည့်အခါ 96 သို့မဟုတ် 8 တန်ဘိုး တစ်ခုခုထည့်သွင်းဖို့ တောင်းဆိုခြင်း (ထည့်စရာနေရာလည်း မပါ)



          စသည့် Error များဖြစ်ပေါ်ပါက Registry တွင် တန်ဖိုးအသစ်တစ်ခု ထည့်သွင်းပေးရပါမည်။



          - Windows + R

          - regedit လို့ရိုက်ပါ။  Enter နှိပ်ပါ။

          - Registry Editor တွင် အောက်ဖော်ပြပါ လမ်းကြောင်းသို့ သွားပါ။

          - HKEY_CURRENT_USER\SOFTWARE\Adobe\Photoshop\110.0 (120.0)  အခန်းအမည်မှာ ညာကလစ်နှိပ်ပါ။

          - New > DWORD (32-bit) ကို ရွေးပါ။

          - ညာဖက်ခြမ်းတွင် ခုဏက ထည့်သွင်းထားသည့် New value အမည်ကို OverridePhysicalMemoryMB ဟုအမည်ပြောင်းပါ။ Enter နှိပ်ပါ။

          - အမည်ပြောင်းလိုက်သည်ကို Double Click နှိပ်ဖွင့်ပါ။  Edit DWORD (32bit) Value dialog box တွင်

               the Value Data = 0 မှ စတင်ပြီး သင့်စက်က ထည့်သွင်းထားသော် RAM ပမာဏကို ရေးထည့်ပါ။

               ဥပမာ - 4098 (for 4 GB), 8196 (for 8 GB), 16384 (for 16 GB)



              ကျွန်တော့်စက်က 4GB RAM ဖြစ်တာကြောင့် -

              the Value Data = 4098 လို့ရေးထည့်လိုက်ပါတယ်။

          - Base as = Decimal ကိုရွေးလိုက်ပါ။ (decimal တန်ဖိုးပြောင်းလိုက်တာပါ။  အပေါ်က လိုက်ပြောင်းသွားပါလိမ့်မယ်။  ထားခဲ့လိုက်ပါ။ မှန်ပါတယ်။)

          - OK

          - ပြီးပါပြီ