စာစီစာရိုက်လုပ်ငန်း အတွက်
စာစီစာရိုက်လုပ်ငန်းအတွက် အသုံးအဆောင်များကို ရှာဖွေ စုဆောင်းထားရှိပေးထားပါတယ်။
ဆောဖ့်ဝဲများကလည်း သင့်လုပ်ငန်းအတွက်ပါ
ကွန်ပျူတာအတွက် အသုံးဝင်သော ဆောဖ့်ဝဲများကိုလည်း တင်ပြထားပေးပါတယ်။ မိမိတို့ လိုအပ်သလို အသုံးချနိုင်ကြပါစေ
စာစီလုပ်ငန်းအတွက် ဒီဇိုင်းလိုအပ်သမျှ
အသင့်သုံး ဒီဇိုင်းများ၊ ဘောင်များ၊ ပန်းကနုတ်၊ ဖောက်စွပ်များ၊ ဖိတ်စာ၊ လိပ်စာတို့တွင် အသုံးပြုသည့် သင်္ကေတများ၊ ရုပ်ပုံများကိုလည်း ထားရှိပေးထားပါတယ်
ရပ်တန့်မသွားသော နည်းပညာ
ကွန်ပျူတာ နည်းပညာ နယ်ပယ်ဟာ ရပ်တန့် မသွားပဲ ရှေ့ကို ခပ်မြန်မြန်သွားနေတဲ့ နည်းပညာပဲ ဖြစ်ပါတယ်။ နောက်ကြမကျန်ရအောင် ဒီဘလော့မှာ အဟောင်းတွေအပြင် အသစ်တွေကိုပါ ဖော်ပြပေးထားပါတယ်
သင်လိုအပ်သမျှ ကွန်မန့်မှာ ရေးခဲ့ပေးပါ
တကယ်လို့ သင့်လုပ်ငန်းအတွက် လိုအပ်နေတာ ဒီထဲမှာ ရှိမနေသေးရင် ကွန့်မန့်မှာ မှတ်ချက်ရေးပြီး တောင်းဆိုခဲ့ပေးပါ။ မကြာမီအချိန်အတွင်း ဖြည့်ဆည်းပေးထားပါမယ်
Showing posts with label Compression. Show all posts
Showing posts with label Compression. Show all posts
Thursday, November 8, 2018
Peazip
Peazip က ဖိုင်တွေ ချုံ့ ဖို့နဲ့ ပြန် ဖြန့်ဖို့ အတွက်သုံးရပါတယ်။ အရင်က Zip တို့ WinRAR တို့နဲ့ တူပါတယ်။ WinRAR ကလည်း တခြား ချုံ့ထားတဲ့ မည်သည့် ဖိုင်အမျိုးအစားကိုမဆို ပြန်ဖြန့် Extract လုပ်ပေးနိုင်သလို ခု Peazip ကလည်း မည်သည့် ပရိုဂရမ်ဖြင့် ချုံ့ထား Compress ထားသည်ဖြစ်စေ ပြန်ပြီး Extract လုပ်နိုင်ပါတယ်။ Zip နဲ့ WinRAR က အခကြေးငွေယူပေမယ့် Peazip ကတော့ အခမဲ့ သုံးစွဲခွင့်ရပါတယ်။ ခုနောက်ပိုင်း WinRAR သွင်းမနေတော့ပဲ Peazip ကိုပဲ အသုံးပြုဖြစ်နေပါတယ်။
PeaZip ကို မူရင်းဆိုဒ်ကနေဒေါင်းလုပ်လုပ်ဖို့ တိုက်တွန်းပါတယ်။ နောက်ဆုံးဗားရှင်းရပြီး လုံခြုံရေးအရ အသုံးပြုသင့်လို့ပါ။ တခြား Free Software တွေ ဒေါင်းလို့ရတဲ့ နေရာကလည်း မယူပဲ မူရင်းဆိုဒ်ကပဲ ဒေါင်းလုပ်ရယူ သုံးစေလိုပါတယ်။ အခမဲ့ သုံးစွဲလို့ရတာတွေကို မူရင်းဆိုဒ်ကပဲ ဒေါင်းလုပ်ရယူပါ။
PeaZip က Windows XP, Vista, 7, 8, 8.1, 10 (32bit and 64bit), ReactO, Wine စသည့် OS တွေကို အထောက်အပံ့ပြုပါတယ်။
မိမိ Windows က 32bit လား 64bit လား မိမိနဲ့ ကိုက်ညီရာကို ဒေါင်းပါ။
Sunday, October 7, 2018
WinRAR
ကွန်ပျူတာမှာ ဖိုင်တွေကို တစ်နေရာမှ တစ်နေရာ ပို့လိုတဲ့အခါ ဖိုင်တွေကို ချုံ့ဖို့ Compression လုပ်ဖို့ လိုလာပါတယ်။ Zip ဖိုင်လုပ်တာနဲ့ အတူတူပါပဲ။ zip ဖိုင်အမျိုးအစား က Windows 7 ကနေစ အလိုအလျောက် Windows က ဖြန့်ချပေးနိုင်ပါတယ်။ zip ဖိုင်အမျိုးအစားက ဖိုင်ဆိုဒ် အများကြီး compression မလုပ်ပဲ ချုံ့ယုံ သက်သက်ပဲ အလုပ်လုပ်သလိုဖြစ်တာကြောင့် တခြား compression ချုံ့ တဲ့ ဆောဖ့်ဝဲတွေ ပေါ်ထွက်လာပါတယ်။
Winrar က ဖိုင်ဆိုဒ် သိပ်များနေရင် အပိုင်းပိုင်းတွေ အဖြစ် ခွဲထုတ်ပြီး Part 1, Part 2, Part 3 စသည်ဖြင့် ခွဲထုတ်ပြီးလည်း ချုံ့ပေးနိုင်ပါတယ်။ သူ့ဖိုင်အမျိုးအစားက .rar ဖြစ်ပေမယ့် တခြား .zip ကိုလည်း Extract လုပ်ပေးနိုင်ပါတယ်။ ခုတင်ထားပေးတဲ့ ဗားရှင်းက 5.50 ပါ။
ဒီထဲမှာ Keygen ပါပါတယ်။ Registry.key ဖိုင်လည်းပါပါတယ်။ Keygen ဖိုင်ကို မသုံးပါနဲ့။ Regist.key ကိုပဲ သုံးပါ ခင်ဗျာ။ Regist.key ကို သွင်းယူထားတဲ့ နေရာမှာ Copy/Paste လုပ်ယုံပါပဲ။ အဲ့ Keygen ကို သိပ်စိတ်မချလို့ပါ။
Tuesday, January 16, 2018
7-Zip
ဖိုင်တွေကို ချုံ့ခြင်း၊ ဖြန့်ခြင်း လုပ်ဖို့အတွက် ခုတလော 7Zip က အဆင်ပြေနေတယ်။ ကျွန်တော် ထင်ထားတာက WinRAR ရှိနေရင် ဘယ်လို ချုံ့ထား ချုံ့ထား သူက အကုန် ဖြန့်ချပေးနိုင်တယ်လို့ ထင်နေတာ။ အဲ့တော့ ကျွန်တော့ စက်ထဲမှာ WinRAR အမြဲ ထည့်ထားတတ်တယ်။ ခုတလောကျတော့ တစ်ချို့ zip ဖိုင်တွေကို အဲ့ဒီ WinRAR ဖိုင်တွေ ဖြန့်ချမရဖြစ်နေတယ်ဆိုရင် ခုဖော်ပြထားတဲ့ 7Zip နဲ့ကျတော့ လွယ်လွယ်ကူကူ ဖြန့်ချပေးနိုင်နေပါတယ်။ ဖြစ်နိုင်တဲ့ အခက်အခဲက Compression လုပ်တဲ့ ဆောဖ့်ဝဲတွေက နည်းလမ်းအသစ်တွေ အသုံးပြုပြီး သူ့တို့ရဲ့ ဆောဖ့်ဝဲတွေကို တိုးတက် အဆင့်မြင့်ထားပုံပဲ။ ဆိုတော့ 7Zip နဲ့ လုပ်ထားရင် 7Zip နဲ့ပဲ ပြန်ဖြေရမယ်ဆိုတာလို ဖြစ်နေတယ်။ ဒါကြောင့် ကွန်ပျူတာ အသုံး ပြုသူတွေအတွက် နောက်ထပ် Zip ဖိုင်ကို အသုံးပြုနိုင်ဖို့ 7 Zip ကို ထပ်သွင်းဖို့ လိုလာပါတယ်။
7Zip က အခမဲ့ အသုံးပြုခွင့်ပေးထားပါတယ်။ လိုအပ်လို့ ဒေါင်းမယ်ဆိုရင် သူ့မူရင်းဆိုဒ်မှာ ရှိတဲ့ နောက်ဆုံး ဗားရှင်း ကို ဒေါင်းပြီး အသုံး ပြုဖို့ တိုက်တွန်းပါရစေ။
Friday, January 5, 2018
Winrar 5.31
ဝင်းဒိုးစ် ကွန်ပျူတာ စနစ်အတွင်း ဖိုင်များကို ချုံ့ခြင်း၊ ဖြန့်ချခြင်း ပြုလုပ်ဖို့ ၀င်းဒိုးစ် စနစ်တွင် Archive tools ပါရှိပြီးသားဖြစ်ပါတယ်။ အများအားဖြင့် zip ပုံစံဖိုင်အမျိုးအစားဖြစ်ပါတယ်။ Windows 98 ကတည်းက ယနေ့ထိ နာမည်ကြီးတဲ့ Archive tool ကတော့ Winzip ဖြစ်ပါတယ်။ သို့သော် winzip အပြင် နေရာရလာတာကတော့ Winrar ဆောဖ့်ဝဲပဲ ဖြစ်ပါတယ်။ Winrar က မည်သည့် zip အမျိုးအစားပဲ ဖြစ်ပါစေ သူက Extract ဖြန့်ချပေးနိုင်တယ်လေ။ ဒါကြောင့် သူက လူသိများ ထင်ရှားလာကြတယ်။ ဒါ့အပြင် DVD သုံး လေး ချပ်စာ ရှိတဲ့ ဂိမ်းဖိုင်တွေကိုလည်း ချုံ့ တဲ့ အခါ တစ်ဖိုင်အဖြစ် လုပ်ချင်လည်းရသလို ခွေရေးတဲ့အခါ လွယ်အောင် ၁၀၀ mb ဖိုင် တွေအဖြစ် အပိုင်းပိုင်း ခွဲထုတ်ပေးပြီး ပြန်ဖြန့်ချတဲ့အခါ နဂိုဖိုင်တွေအတိုင်းပဲ ပြန်ဖြန့်ချပေးပါတယ်။ ဖိုင်တွေချုံ့ ဖို့လိုတဲ့အခါ မရှိမဖြစ်သုံးသင့်တာကတော့ Winrar ပါပဲခင်ဗျာ။

















