စာစီစာရိုက်လုပ်ငန်း အတွက်

စာစီစာရိုက်လုပ်ငန်းအတွက် အသုံးအဆောင်များကို ရှာဖွေ စုဆောင်းထားရှိပေးထားပါတယ်။

ဆောဖ့်ဝဲများကလည်း သင့်လုပ်ငန်းအတွက်ပါ

ကွန်ပျူတာအတွက် အသုံးဝင်သော ဆောဖ့်ဝဲများကိုလည်း တင်ပြထားပေးပါတယ်။ မိမိတို့ လိုအပ်သလို အသုံးချနိုင်ကြပါစေ

စာစီလုပ်ငန်းအတွက် ဒီဇိုင်းလိုအပ်သမျှ

အသင့်သုံး ဒီဇိုင်းများ၊ ဘောင်များ၊ ပန်းကနုတ်၊ ဖောက်စွပ်များ၊ ဖိတ်စာ၊ လိပ်စာတို့တွင် အသုံးပြုသည့် သင်္ကေတများ၊ ရုပ်ပုံများကိုလည်း ထားရှိပေးထားပါတယ်

ရပ်တန့်မသွားသော နည်းပညာ

ကွန်ပျူတာ နည်းပညာ နယ်ပယ်ဟာ ရပ်တန့် မသွားပဲ ရှေ့ကို ခပ်မြန်မြန်သွားနေတဲ့ နည်းပညာပဲ ဖြစ်ပါတယ်။ နောက်ကြမကျန်ရအောင် ဒီဘလော့မှာ အဟောင်းတွေအပြင် အသစ်တွေကိုပါ ဖော်ပြပေးထားပါတယ်

သင်လိုအပ်သမျှ ကွန်မန့်မှာ ရေးခဲ့ပေးပါ

တကယ်လို့ သင့်လုပ်ငန်းအတွက် လိုအပ်နေတာ ဒီထဲမှာ ရှိမနေသေးရင် ကွန့်မန့်မှာ မှတ်ချက်ရေးပြီး တောင်းဆိုခဲ့ပေးပါ။ မကြာမီအချိန်အတွင်း ဖြည့်ဆည်းပေးထားပါမယ်

Tuesday, December 26, 2017

CorelDRAW Graphic Suite X7

Vector ဂရပ်ဖစ် ဒီဇိုင်းအတွက် အကောင်းဆုံး ပရိုဂရမ်တစ်ခု ဖြစ်ပါတယ်။  မြင်ကွင်းကို မိမိ ပုံဆွဲတဲ့အလုပ်လွယ်ကူစေရန် စိတ်ကြိုက်ပြောင်းလဲခွင့်ရရှိစေပါတယ်။  Bar Code ဖန်တီးမလား၊ QR Code တွေ ဖန်တီးမလား သီးခြား ဆော့ဖ်ဝဲသုံးစရာမလိုတော့ပါ။  ဒီဇိုင်းအတိုအစ တွေ အများကြီး လုပ်ရတဲ့အခါ စာမျက်နှာအများကြီးကိုလည်း ဥပမာ စာအုပ်ဖွဲ့မယ်ဆိုလည်း ရပါတယ်။ 
Adobe ကုမ္ပဏီက ဂရပ်ဖစ်ဒီဇိုင်း အပြင် မီဒီယာ လုပ်ငန်းတစ်ခုလုံးအတွက် လိုအပ်တဲ့ ဆော့ဖ်ဝဲတွေကို နေရာယူ သိမ်းပိုက် ထုတ်လုပ်ပေးထားပါတယ်။  သို့သော်လည်း CorelDRAW ကလည်း ကာလကြာရှည် သူ့ကိုယ်ပိုင်ဟန်ဖြင့် ရပ်တည်လို့လာခဲ့တာ ယခုဆိုလျှင် ၂၅ နှစ်တိုင် ရောက်ရှိနေခဲ့ပါပြီ။  Adobe မှာ Vector Art အတွက် Adobe Illustrator ဆိုတာ ရှိပါတယ်။  သူကလည်း သူ့နေရာနဲ့ သူပေါ့။  CorelDRAW လည်း သုံးသူတိုင်း အကြိုက်တွေ့စေတဲ့ မြင်ကွင်း၊ ရိုးရှင်း လွယ်ကူမှုတွေဟာ သူ့ရဲ့ ဆွဲဆောင်မှု တစ်ခုပဲဖြစ်ပါတယ်။  Adobe Illustrator ရဲ့ မြင်ကွင်းကိုမှ အသုံးပြုလိုသူတွေ အတွက်လည်း အဆင်သင့် ပါဝင်ပါတယ်။  နောက်ဆုံး AI ရဲ့ ပုံစံတူ Shortcut ကိုပါ အသုံးပြုခွင့်ရစေမှာဖြစ်တဲ့အတွက် ပရိုဂရမ် နှစ်ခုစလုံးကို အကျွမ်းတ၀င် ဖြစ်စေပါတယ်။ 
CorelDRAW ကို Graphic Suite အဖြစ် အမည်ပေးပြီး ထုတ်လုပ်ထားရတာက သူ့ထဲမှာ Vector graphic အတွက် CorelDRAW (သူက AI နဲ့တူတယ်), Corel PHOTO-PAINT (သူက Adobe Photoshop နဲ့တူတယ်) , Corel CAPTURE သူက Screen Capture လုပ်တဲ့ ဆော့ဖ်ဝဲပါ။ နောက်ပြီး Bitstream Font Navigator က ဖောင့်တွေကို နမူနာကြည့်ဖို့ စစ်ဖို့ အတွက်ပါ။  ဒါတွေအားလုံး CorelDRAW Graphic Suite X7 မှာ ပါဝင်မှာ ဖြစ်ပါတယ်။ 


CorelDRAW X7 မှာ နည်းပညာအသစ် အထောက်အပံ့ကတော့ Color Styles docker ပါပဲခင်ဗျာ။  ကာလာအရောင်တွေကို စိတ်ကြိုက်ဖန်တီးဖို့ အတွက် မရှိမဖြစ် အသုံး ပြုကြရပါလိမ့်မယ်။ 

ကျွန်တော်တို့ဆီမှာတော့ ကွန်ပျူတာ သင်တန်းတွေမှာ CorelDRAW ကို စာစီစာရိုက်အတန်း၊ ဂရပ်ဖစ်ဒီဇိုင်း သင်တန်း စတဲ့ သင်တန်းတွေမှာ မသင်မဖြစ် သင်ကြားရလေ့ရှိပါတယ်။  ကွန်ပျူတာ စာစီစာရိုက်ဆိုင်တွေမှာလည်း မဖြစ်မနေ ထည့်သွင်းထားရပြီး တံဆိပ်တုံးတွေ ၊ ကုမ္ပဏီ လိုဂိုတွေ၊ ဗွီနိုင်းဆိုင်တွေမှာ မရှိမဖြစ် အသုံးပြုနေကြရပါတယ်။

ဒေါင်းလုတ်လုပ်မယ်ဆိုရင်  Windows 32 bits အတွက် -

 CorelDraw X7 32bit
ဒေါင်းလုတ်လုပ်မယ်ဆိုရင်  Windows 64 bits အတွက် -

 CorelDraw X7 64bit




Tuesday, November 14, 2017

PC Tool File Recovery


မတော်တဆသော်လည်းကောင်း မေ
့လျော့ပြီးသော်လည်းကောင်း ကွန်ပျူတာအတွင်း ဖိုင်များကိုဖျက်မိတတ်တယ်။  ပါတေးရှင်းအပိုင်းကို ဖောမက်လုပ်မိတတ်ကြပါတယ်။  အရေးကြီးဖိုင်တွေပါသွားရင် ဘာလုပ်ရမှန်း မသိဖြစ်ပြီကြိတ်မနိုင် ခဲမရဖြစ်လေ့ရှိပါတယ်။  သိမ်းထားသမျှတွေ ကုန်ပြီပေါ့။
     ဒီလိုအခြေအနေကြုံရတဲ့အခါ PC Tool File recovery လးကို သတိရလိုက်ပါ။  သုံးစွဲရလွယ်ကူတာကြောင့် လူကြိုက်များပါတယ်။
 PC Tool File Recovery

Friday, October 20, 2017

Imagenomic Noiseware & Portraiture

Imagenoic Noiseware



ဓါတ်ပုံပြုပြင်ရေးသမားတွေက  Noiseninja ကိုအသုံးပြုပြီး မိမိတို့ ပုံတွေကို ပိုကောင်းအောင် ပြုပြင်တတ် ကြပါတယ်။  သူ့ထက် လူသိများ ထင်ရှားလာတာကတော့ Imagenoic ရဲ့ Noiseware ပါ။  သူကလည်း မိမိတို့ ပုံရဲ့ အညစ်အကြေးတွေကို အကောင်းဆုံး ဖယ်ရှားပေးနိုင်ပါတယ်။  သုံးစွဲရလွယ်ကူတာကြောင့် လူကြိုက်များလှပါတယ်။


Portraiture 2.3



တစ်ခါက ဓါတ်ပုံဆရာတစ်ယောက်က သူ့ပုံလေးတွေပြပါတယ်။  သူ့ပုံလေးတွေမှာ အလှူရှင်ရဲ့ ပုံတွေကို ပုံကြီးချဲ့ထားတာတွေကို ပြတာမှာ အလှူရှင်မျက်နှာလေးက ဖွေးဥပြီး ကြည့်ရတာအဆင်ပြေနေပါတယ်။  နောက် မင်္ဂလာဆောင် သတိုးသမီးပုံတွေလည်း အဲ့အတိုင်းပဲ ညီညွတ်လှပနေတော့ သူ photoshp နဲ့ ပြင်ထားတယ်ဆိုတာကို သိလိုက်ရတယ်။  သူ့ကိုမေးတော့ ဘယ်ဆောဖ့်ဝဲသုံးတာလည်း မေးတော့ တောပြောတောင်ပြောနဲ့ မပြောပြပဲ နေတယ်ဗျ။  ကိုယ့်ဘာသာ အင်တာနက်မှာ ရှာဖွေရေးလုပ်တော့မှာ အသားအရေတွေ Skin tone တွေအတွက် ပြုပြင်ပေးနိုင်တာ Portraiture plugin ဆိုတာကို သိလာရပါတယ်။  ဓါတ်ပုံဆရာတွေ သူများမသိအောင် လျှိုပြီး သုံးတဲ့ ဒီ plugin က ဘယ်လောက်ကောင်းတယ်ဆိုတာ ရိပ်မိလောက်မယ်ထင်ပါတယ်။ 

အခု ရှာရလွန်းလို့ ဒီ plugin နှစ်ခုလုံးကို ဖိုင်တစ်ခုတည်း တွဲထားလိုက်ပါတယ်။  Key ဖိုင်ပါ အဲ့ထဲမှာ ပါပါတယ်။ 

 Imagenomic Noiseware & Portraiture


Thursday, October 19, 2017

Adobe Universal Patcher 2017

Adobe Universal Patcher 2017 Full




Adobe ထုတ်ကုန်များဖြစ်တဲ့ Photoshop, Illustrator, InDesign.... စသည်ဖြင့် ထုတ်ကုန်များကို Crack လုပ်သုံးရတဲ့အခါ နည်းလမ်း နှစ်ခု သုံးပြီး Full version ဖြစ်အောင် လုပ်ကြရပါတယ်။  ပထမနည်းက Serial Key ထုတ်ပေးတဲ့ Keygen ကို သုံးပြီး သွင်းယူတဲ့နည်းပါ။  ဒုတိယနည်းကတော့ မူလ install လုပ်စဉ်က trial version အနေနဲ့ သွင်းပြီးနောက်မှ amtlib.dll ဖိုင်ဖြင့် Patch လုပ်ရတဲ့နည်းပါ။

ခုဖော်ပြပေးမှာကတော့ ဒုတိယနည်းအတွက်ပါ။ Adobe CS6, CC (2014, 2015, 2017) ဆောဖ့်ဝဲ အုပ်စု တစ်ခုလုံးကို Patch လုပ်နိုင်ပါတယ်။  ဒီနည်းက Keygen ထည့်သုံးတဲ့ သူတွေ အဆင်မပြေဖြစ်သွားတဲ့အခါ ဒီ Patcher ကို အသုံးပြုရပါမယ်။

Adobe CC Patcher 2017

Thursday, September 28, 2017

Microsoft Office 2010 Installation Note


Office 2010 ကို UK မှာ 12 May, 2010 မှာ စတင် ဖြန့်ချိခဲ့ပါတယ်။  Office ကို ၃ မျိုး ထုတ်လုပ်ပါတယ်။  (1) Home and Student (2) Home and Business (3)  Professional တို့ပဲ ဖြစ်ပါတယ်။  Office ပရိုဂရမ်တွေဖြစ်တဲ့ Word, PowerPoint, Excel, Outlook, OneNote စသည်ဖြင့် ဆော့ဖ်ဝဲတွေကို Online ဖြစ်စေ၊ Offline ဖြစ်စေ ကြိုက်တဲ့နေရာသုံးနိုင်ပါတယ်။  မှတ်စုလို မှတ်လိုပါက OneNote ကို အသုံးပြုနိုင်ပါတယ်။ မိမိလုပ်ငန်းခွင်ကနေ Internet အသုံးပြုပြီး OneNote မှာ ရေးမှတ်ထားတာကို အိမ်ရောက်မှ ပြန်ပြင်တာမျိုး ဖြည့်စွက်တာမျိုးလုပ်မယ်ဆို OneNote ကသင့်ကို ကောင်းစွာ အကူအညီပေးနိုင်ပါတယ်။


(၁) Office 2010 ခွေထဲမှာ အောက်ပါအတိုင်း မြင်တွေ့ရပါတယ်။  ဒီအထဲမှာ ကျွန်တော်တို့ ကိုင်တွယ်ရမယ့် ဖိုင်က အ၀ါရောင်လေးနဲ့ Setup နဲ့ Office 2010 Toolkit ဆိုတဲ့ အခန်းပါပဲ။  Setup က Install လုပ်ငန်းစဉ်အတွက် ဖြစ်ပြီး၊ Office 2010 Toolkit ကတော့ ဆောဖ့်ဝဲကို Activate လုပ်ဖို့ Crack ဖိုင်ပါဝင်ပါတယ်။  OK စရအောင်။

Setup ကို Double Click နှိပ်ပါ။


(၂)  Setup နှိပ်ပြီးရင် ခေတ္တစောင့်ပါ။  လိုအပ်တဲ့ ဖိုင်ရှိမရှိ စစ်ဆေးပြီးရင် သင့်ကို install လုပ်ဖို့ အခွင့်အရေးပေးပါလိမ့်မယ်။


 (၃)  I accept the terms of the agreement မှာ အမှန်ခြစ်ထဲ့ပါ။  Continue ကိုနှိပ်ပါ။


(၄)  Choose the installation you want ဆိုတဲ့ စာမျက်နှာမှာ အပိုင်းနှစ်ပိုင်း ရှိပါတယ်။  

Install Now ဆိုတာက ဘာမှ ရွေးချယ်မှုတွေ မလုပ်တော့ဘူး။  လိုအပ်တာ မှန်သမျှ အကုန်သွင်းပါ။  ဆော့ဖ်ဝဲတွေလည်း အကုန်သွင်းပါလို့ ဆိုလိုချင်တာပါ။

Customize ဆိုတဲ့ button က Office အုပ်စု တစ်ခုလုံးကို မသွင်းပဲ မိမိလိုအပ်တဲ့ ဆောဖ့်ဝဲတွေကို ပဲ ရွေးချယ် သွင်းယူလိုတဲ့ အခါ သုံးပါတယ်။  

ခုတော့ အားလုံး ကို သွင်းမှာ ဖြစ်လို့ Install Now ကို နှိပ်ပါ။


(၅)  ခေတ္တစောင့်ပါ။  Word, Excel, PowerPoint, Outlook, OneNote, Access, Publisher, InfoPath, SharePoint Workspace စသည်ဖြင့် Office အုပ်စုဝင် ဆောဖ့်ဝဲတွေကို တစ်ခုခြင်း သူ့ဘာသာသွင်းယူမှာ ဖြစ်တာကြောင့် အနည်းဆုံး ၁၀-၁၅ မိနစ်လောက်တော့ ကြာပါတယ်။ 





(၆)  မိနစ်အနည်းငယ်ကြာပြီးနောက်  သွင်းယူပြီးကြောင်းကို ဖော်ပြပါပြီ။ Close ကိုနှိပ်ပါ။ 


(၇)  အပေါ်က လုပ်ငန်းစဉ်က ဆောဖ့်ဝဲသွင်းတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။  ပြီးတော့ သူ့ကို အပြည့်အ၀ အသုံးချနိုင်ဖို့ Activate လုပ်ဖို့လိုပါသေးတယ်။  ခွေထဲက Office 2010 ToolKit ထဲမှာ သူ့အတွက် Activate လုပ်ဖို့ ပရိုဂရမ်လေးရှိပါတယ်။  Run လိုက်ပါ။  Easy Activator ကို ရွေးလိုက်ပြီး ခဏစောင့်ရင် activate ဖြစ်ကြောင်း အကြောင်းကြားပါလိမ့်မယ်။

Activator တွေက အင်တာနက် မသုံးတဲ့ စက်တွေမှာ အဆင်ပြေပေမယ့်  အင်တာနက်သုံးတဲ့ ကွန်ပျူတာတွေက ဒီ Office application တွေဟာ activate ကို ပိတ်ဆို့ခြင်း ခံရပါတယ်။   ဒီဆိုဒ်ထဲမှာ တင်ထားပေးတဲ့ Re-loader နဲ့ ပြန် run ပေးလိုက်ရင် ရပါတယ်။  

Thursday, September 21, 2017

Adobe PageMaker 7.0.1 Installation Note




ကွန်ပျူတာနည်းပညာ ခေတ်စားလာတာနဲ့ အပြိုင် ပုံနှိပ်လုပ်ငန်းလည်း ကွန်ပျူတာကို အသုံးပြုပြီး လုပ်ငန်းများ လုပ်ကိုင်ခွင့်ရလာခဲ့ပါတယ်။  စာစီစာရိုက်စနစ်အတွက် ကွန်ပျူတာနှင့် လုပ်ကိုင်ကြရာတွင် အသုံးချ ဆောဖ့်ဝဲအဖြစ် Adobe ကုမ္ပဏီမှ  ထုတ်လုပ်ပေးထားသော PageMaker 7.0 ကို လွန်ခဲ့သော 21 နှစ်ခန့်ကတည်းက အသုံးပြုခဲ့ကြပါတယ်။  စာစီစာရိုက်ရာတွင် လွယ်ကူခြင်း လျင်မြန်စွာ လုပ်ဆောင်နိုင်ခြင်း တို့သည် ယနေ့ထိ သူ့ကို လက်မလွတ်နိုင်အောင် သုံးစွဲရခြင်းရဲ့ စွမ်းဆောင်ရည်များ ဖြစ်ပါတယ်။  
1996 ခုနှစ်တွင် Adobe ကုမ္ပဏီမှ ဆောဖ့်ဝဲရောင်းချခြင်း၊ နည်းပညာအထောက်အပံ့များကို ရပ်ဆိုင်းမည်ဟု တရားဝန်ကျေငြာပြီး ရပ်ဆိုင်းကာ PageMaker အစာ InDesign ဆိုသည့် ဆောဖ့်ဝဲကို ထုပ်လုပ်ပေးထားပါတယ်။ 
ပုံနှိပ်တိုက်အတွက် စာစီစာရိုက်စနစ်ကို ယနေ့ Adobe PageMaker အစား Adobe InDesign ဆောဖ့်ဝဲကို အသုံး ပြုနေကြသော်လည်း PageMaker ကို အသုံးပြုကြသည့် သူများမှာ ယုတ်လျော့သွားခြင်း အလျင်း မရှိခဲ့ပါ။  ယနေ့ထိ ရှင်သန်နေဆဲ ဖြစ်သော PageMaker ကို Computer အတွင်းသို့ Install လုပ်နည်း အဆင့်ဆင့်ကို ဖော်ပြပေးလိုပါတယ်။

Adobe PageMaker ခွေကို ဖွင့်ကြည့်လျင် အောက်ပါအတိုင်းတွေ့မြင်ရနိုင်ပါတယ်။  Update ဆိုသည့် အခန်းထဲတွင် PageMaker အတွက် update ဖိုင် နှစ်ခု ပါရှိပါတယ်။  စတင်သွင်းယူဖို့အတွက် Setup ဆိုသည့် ကွန်ပျူတာ စခရင် အပြာလေးနှင့် ရုပ်ပုံကို Double Click နှိပ်ပါ။


ခေတ္တစောင့်ပါ။ အောက်ပါပုံအတိုင်း မြင်ကွင်းအပြည့် ပေါ်လာပါမည်။


(၁)  Welcome screen ဟု ခေါ်ဆိုနိုင်ပါသည်။  ဆောဖ့်ဝဲ သွင်းယူရန်အတွက် Next ကို နှိပ်ပါ။


(၂)  ဘာသာစကား ရွေးချယ်ရန်အတွက် ဖြစ်ပါတယ်။  ထုံးစံအတိုင်း U.S. English ကို ရွေးပါ။  Next ကို နှိပ်ပါ။  


(၃)  လိုင်စင်စာများကို ဖတ်ရန် မည်သည့် ဘာသာစကားကို အသုံးပြုဖော်ပြပေးရမလည်းဆိုတော့ သူ့ဘာသာ ရွေးပြီးသား US English ကို အမှန်ခြစ်ရှိထားပါ။  Next ကို နှိပ်ပါ။


(၄)  သူ့ဆောဖ့်ဝဲအသုံးပြုမည့်သူအတွက် လိုက်နာရမည့် စည်းကမ်းများကို ဖတ်ရှုနိုင်ပါတယ်။  ပြီးလျင် Accept ကို နှိပ်ပါ။


(၅)   ဘယ်နည်းနဲ့ သွင်းလိုပါသလည်း ဆိုပြီး Typical (အပြည့်အစုံ ထည့်သွင်းပါမည်), Compact (လိုအပ်သလောက်သာ ထည့်သွင်းပါမည်) , Custom (မိမိအတွက် အသုံးမလိုတာမျိုး ပါရှိလျှင် ဖြုတ်ခြင်း၊ ပေါင်းထည့်ခြင်းလုပ်နိုင်) နည်း သုံးမျိုးအနက် ကြိုက်ရာရွေးနိုင်ပါတယ်။   ဘာမှ မရွေးတော့ပဲ Typical ကို ပဲ ရွေးထားတဲ့အတိုင်း ထားပါ။  Next ကို နှိပ်ပါ။


(၆)   ပုံပါအတိုင်း ဖြည့်ထည့်ပါ။  အပေါ်က A Business သို့မဟုတ် An Individual တစ်ခုခုကို ရွေးပါ။ မရွေးပဲ ကျော်လို့မရပါ။  အောက်ကအကွက်တွေကိုလည်း ဆိုင်ရာတန်ဖိုးအလိုက် ရေးသွင်းပါ။  မိမိသဘောအတိုင်း ရေးနိုင်ပါတယ်။  အောက်ဆုံးက Serial Number အကွက်တစ်ကွက်တွင် ကိန်းဂဏန်း ၄ လုံးစီ သူ့ serial key ကို မှန်ကန်စွာ ဖြည့်ပါ။  ဒီ serial number ကို အပေါ်ဆုံးက setup မလုပ်မီ ခွေကို ဖွင့်ကြည့်စဉ် အခန်းထဲတွင် Serial Number.txt ဆိုသည့် ဖိုင်ထဲတွင် ရှိပါတယ်။ သူ့ရဲ့ Key ကတော့ -
                               1039-1121-29698-7586-7388-7545

ပြည့်စုံပြီဆိုလျင်  Next ကို နှိပ်ပါ။


(၇)   သင်ဖြည့်ထည့်ထားတာတွေ မှန်ကန်ပါတယ်။  ဆက်ပြီး လုပ်ဆောင်နိုင်ဖို့  Yes ကို နှိပ်ပါ။ 


(၈)  ခေတ္တစောင့်ပါ။


(၉)   PageMaker ဆောဖ့်ဝဲနှင့် တွဲဆက်ပြီး အသုံးပြုရန်လိုအပ်တဲ့ ပရိုဖိုင်အချို့ကို သွင်းယူလိုပါက ရွေးချယ်ရန် နေရာဖြစ်ပါတယ်။  ဘာမှ ထူးထူးထွေထွေ မရေးတော့ပါ။  Next ကို နှိပ်ပါ။


(၁၀)   သွင်းယူဖို့ လုပ်ငန်းစဉ်တွေကို အတိုချုပ် မှတ်ချက် ဖော်ပြထားပါတယ်။  Next ကိုနှိပ်ပါ။


(၁၁)  သူ့ဘာသာ ဆိုင်ရာ နေရာများတွင် သွင်းယူပေးပါတယ်။  ခေတ္တစောင့်ပါ။


(၁၂)  OK နှိပ်ပါ။


(၁၃)  Read Me ဖိုင်မှ စာမဖတ်ချင်တော့ပါသဖြင့် အမှန်ခြစ် ဖြုတ်ခဲ့ပါ။  Next ကို နှိပ်ပါ။


(၁၄)  ပြီးဆုံးပါပြီ။  OK နှိပ်ပါ။  
(၁၅)  ပထမဆုံး ပုံမှ Update အခန်းထဲတွင် update ဖိုင် နှစ်ခုပါရှိပါတယ်။  Update 7.0.1 ကို အရင် သွင်းပါ။  ဒုတိယ အနေဖြင့် Update 7.0.1 a ကို ဒုတိယသွင်းယူပါ။


Sunday, September 10, 2017

Installing Nero 8 Ultra Edition


CD နှင့် DVD ခွေများ ကွန်ပျူတာဖြင့် ကူးယူနိုင်ရန် ခွေကူးနိုင်သော ဆောဖ့်ဝဲများစွာအနက် Nero ကုမ္ပဏီမှ ထုတ်လုပ်ပေးထားသော Nero Burning ဆောဖ့်ဝဲသည် လူသိများသော ဆောဖ့်ဝဲတစ်ခုလည်း ဖြစ်ပါတယ်။ 
 ယနေ့ Nero burning ROM 2017 ထိ ဖြန့်ချိပေးထားပြီး ဖြစ်ပါတယ်။ Nero burning တစ်ခု သွင်းထားယုံဖြင့် ခွေကူးခြင်း၊ MP3-MP4 အဖြစ် RIP လုပ်ခြင်း၊ ဗီဒီယိုရုပ်ရှင်များကို တစ်ခွေတည်းအဖြစ်ပေါင်းထည့်လိုသည့်အခါ အသုံးပြုခြင်း၊ JPEG ရုပ်ပုံများကို ကြည့်ရှုခြင်း၊ DVD player တစ်ခုအဖြစ် အသုံးပြုနိုင်ခြင်း စသည်ဖြင့် သူ့လုပ်ငန်းဆောင်တာ သူလုပ်နိုင်တဲ့ လုပ်ငန်းတွေကို တိုးချဲ့ ထည့်သွင်းပေးထားပါတယ်။  

Nero 6.0 version မှ Nero 8.0 ထိ ဖိုင်ဆိုဒ် သေးငယ်သော်လည်း သူ့လုပ်ကိုင်နိုင်စွမ်းက များလှပါတယ်။  Nero 8 နောက်ပိုင်းထုတ်တဲ့ version အသစ်တွေမှာ ဆိုရင် ပိုမိုပြီး လုပ်နိုင်လာခဲ့ပါတယ်။  သို့သော်လည်း ကွန်ပျူတာစက်တိုင်းနှင့် မသင့်တော်သလို စက်တိုင်းကလည်း သူလိုချင်တဲ့ အမြန်နှုန်းကို ပံ့ပိုးပေးဖို့ ခက်လာပါတယ်။  ဒါကြောင့် ရှေ့မီနောက်မီ ဖြစ်တဲ့ Nero 8.0 version ကို သုံးနိုင်ဖို့အတွက် Installation လုပ်ပုံ အဆင့်ဆင့်ကို တစ်ဆင့်ခြင်း ဖော်ပြပေးထားပါတယ်။  

Nero 8.0 version မှာ ခွေနှစ်မျိုးထွက်ရှိထားတာကို တွေ့ရပါတယ်။  
     (၁)  ပထမမျိုးက Nero Burning Rom ဆောဖ့်ဝဲတစ်မျိုးသာပါပြီး DVD rip တာတွေ? Nero Express ဆိုတာတွေ မပါဝင်ပါဘူး။
     (၂)  ဒုတိယမျိုးက Nero Burning Rom, Nero Express, Nero Vision စသည်ဖြင့် အစုံပါပါတယ်။  ခုဒီသွင်းနည်းမှာ ဒုတိယမျိုးကို သွင်းပြထားပါတယ်။ Nero 8 ပါတဲ့ အခွေထဲမှာ အောက်ဖော်ပြပါပုံထဲကလို အခန်းတစ်ခုတည်းတွင် Readme, Nero-8.2.8.0_all ဆိုတဲ့ နှစ်ခုပါဝင်ပါတယ်။  Readme ဆိုတဲ့ အခန်းထဲမှာ Serial key ဖိုင်လေး ပါရှိပါတယ်။  Install လုပ်ငန်းစဉ် အစပြုရမယ့် ဖိုင်ကတော့ Nero-8.2.8.0_all ဖိုင်နဲ့ အစပြုရပါမယ်။  




(1) Nero-8.2.8.0_all ကို Double Click နှိပ်ပါ။


(2) ခေတ္တစောင့်ပါ။ 
နည်းပညာသဘော - ဒီအဆင့်မှာ Nero က သူ့ရဲ့ Setup ဖိုင်တွေကို ချုံ့ ထားတာကို ကျွန်တော်တို့ စက်ထဲမှာ ယာယီဖိုင်အဖြစ် ဖြန့်ချနေတာပါ။  ပြီးရင်တော့ သူ့ဘာသာသူ ပြန်ဖျက်ပါတယ်။  ဖိုင်တွေက များလို့ ဒီနေရာမှာ ခေတ္တစောင့်ဆိုင်းဖို့ လိုပါတယ်။)


(3) အပေါ်ပုံကို ရောက်ရင်တော့ Install လုပ်ငန်းစဉ် လုပ်ဖို့ စတင်တဲ့ မြင်ကွင်းကို ရောက်ပါပြီ။  Next ကိုနှိပ်ပါ။


(4)  အပေါ်ပုံက Nero Ask Toolbar ကို သွင်းဖို့ပါ။  အင်တာနက်ကြည့်တဲ့ ဘရောက်ဆာမှာ ၀င်သွားမှာပါ။  ကျွန်တော်တို့အတွက် အသုံးမလိုဘူး။  Google မှာပဲ ရှာမှာမို့ပါ။  ဒါကြောင့် ပုံပါအတိုင်း အမှန်ခြစ်ဖြုတ်ပါ။  Install Nero without the Ask Toolbar မှာ အစက်ကလေး ထည့်ခဲ့ပါ။


(5)  License Agreement မြင်ကွင်းကို ရောက်ပါပြီး။  သဘောကတော့ ဒီမှာ nero ဆောဖ့်ဝဲကို အသုံးပြုရင် ဒီစည်းကမ်းတွေကို ဥပဒေတွေကို လိုက်နာရပါမယ်လို့ အကြမ်း သိထားနိုင်ပါတယ်။  I accept the ... ဆိုတဲ့နေရာမှာ အမှန်ခြစ် ထည့်ပါ။  Next နှိပ်ပါ။


(6)   Preparing installation မှာ အနည်းငယ်ကြာတတ်ပါတယ်။  မိမိစက်ထဲမှာ မရှိမဖြစ်လိုတဲ့ VC++2008 လို ဖိုင်တွေကို နောက်ကွယ်ကနေ သွင်းပေးနေပါတယ်။


(7)   Serial Number: အကွက်ထဲကို ခုနက Readme ဆိုတဲ့ အခန်းထဲကနေ ရယူပါ။  ပထမဆုံးလိုင်းမှာရှိတဲ့ key တွေကို Copy လုပ်ပြီး ဒီအကွက်ထဲကို Paste လုပ်ပါ။   Next နှိပ်ပါ။

(8)   Next ကိုနှိပ်ပါ။


(9)   Next ကိုနှိပ်ပါ။ ( ရွေးချယ်စရာ နှစ်ခုပေးပါတယ်။  ပထမက Typical ဆိုတာက သူ့ဘာသာ လိုအပ်သမျှ အကုန်သွင်းမယ်လို့ ဆိုလိုတာပါ။  ဒုတိယ Custom က ကျွန်တော်တို့ မလိုချင်တဲ့ အပိုဆောင်း လုပ်ဆောင်မှုတွေ တစ်ချို့ ဆောဖ့်ဝဲတွေကို မလိုအပ်လို့ မသွင်းချင်ဘူးဆိုရင် ဖြုတ်ထားခဲ့နိုင်ပါတယ်။  ဒီနေရာမှာ အကုန်သွင်းမှာမို့ Typical  ကိုပဲ ရွေးခဲ့ပါတယ်။)



(10)  ဒီအဆင့်မှာ သင်ခုဏရွေးချယ်ထားတာတွေမှာ လိုအပ်ချက်တွေ ရှိနေမယ်ဆိုရင် ပြန်ပြင်လိုပါသေးသလားလို့ မေးနေတာပါ။  အပြောင်းအလဲ မလုပ်တော့ဘူးဆိုရင်   Install ကိုနှိပ်ပါ။




(11)   Install လုပ်ငန်း စတင်ပါပြီ။   ခေတ္တ စောင့်ပါ။


(12)   အပေါ်ပုံက မြင်ကွင်းက Windows OS မှာ ပါတဲ့ ပုံတွေကို ကြည့်တဲ့ ဆောဖ့်ဝဲလိုပဲ Nero က သူပုံတွေ အားလုံးကို သူ့ဆောဖ့်ဝဲနဲ့ပဲ ဖော်ပြပါတော့မယ်လို့ ပြောနေတာပါ။ ဒီမှာ ဒီအတိုင်းထားခဲ့ပြီး  Next ကို နှိပ်ပါ။  ( နောက်မှ ပုံကြည့်တဲ့ ဆောဖ့်ဝဲကို ပြန်ပြောင်းလည်း ရပါတယ်။)


(13)   Install လုပ်တဲ့ လုပ်ငန်းစဉ် ပြီးပါပြီ။  Finish ကို နှိပ်ပါ။


(14)   Nero မှ သူ့ဆောဖ့်ဝဲသုံးရတာ အခက်အခဲရှိရင် အဆင်မပြေဖြစ်ရင် သူတို့ကို အကြောင်းကြားပေးနိုင်ပါရန် မေတ္တာရပ်ခံစာပါ။   OK နှိပ်ပါ။


(15) Windows ရဲ့ စနစ်ဖိုင်တွေအထိပါ သူသုံးမယ့် ဖိုင်တွေကို သွင်းယူထားတာကြောင့် Nero ကို အသုံးမပြုမီ  စက်ကို Restart လုပ်မလားလို့ မေးပါတယ်။  No လို့ ရွေးခဲ့ပါ။ 
     ( ဒီနေရာမှာ ပုံမှန်ဆိုရင်တော့ Yes နှိပ်လည်း ရပါတယ်။  ဒါပေမယ့် ကျွန်တော်တို့တွေကို ခိုးကူးတွေကိုသုံးတာမို့  စက်ကို Restart မလုပ်ပါနဲ့ဦး။  )

(16)   Nero ကို အသုံးမပြုမီ သူ့ရဲ့ serial key တွေကို အကုန်ဖြည့်ထည့်လိုပါတယ်။  ဒါကြောင့်  Start > All Programs > Nero 8 > Nero Toolkit > Nero ControlCenter ဆောဖ့်ဝဲကို ဖွင့်ပါ။



-  Popup Message မှာ Yes ကို ရွေးပါ။
-  Nero ControlCenter ရဲ့ မြင်ကွင်း ဘယ်ဘက်အခြမ်းက License ဆိုတဲ့ သော့ပုံလေးကို နှိပ်ပါ။  ညာဖက် မြင်ကွင်းက Add ကိုနှိပ်ပါ။  Readme အခန်းထဲက > serial ဖိုင်မှာ အောက်မှာ အသုံးမပြုရသေးတဲ့ serial key တွေကို တစ်ခု ကို Copy ကူးခဲ့ပြီး။  Nero ControlCenter မှာ လာ Paste လုပ်ပါ။  OK နှိပ်ပါ။
-   အထက်ပါနည်းအတိုင်း ကျန်ရှိနေတဲ့ Key တွေကို ဆက်လက်ဖြည့်ပါ။
-   ပြီးပါပြီ။