Friday, January 19, 2018

Microsoft Windows XP Professional


တကယ်တော့ ကျွန်တော်တို့တွေ အတွက် Windows XP ဆိုတာက သူငယ်ချင်းကောင်း တစ်ရောက်နဲ့ တူပါတယ်။  ကွန်ပျူတာနဲ့ ပတ်သက်တဲ့ အသိပညာတွေ နည်းပညာတွေကို အကောင်းဆုံး ပံ့ပိုးပေးခဲ့တာပါ။  သို့သော်လည်း ခေတ်သစ် နည်းပညာဆိုတာ ရပ်တန့်သွားတယ်ဆိုတာမရှိလေတော့  Windows အသစ် အသစ်တွေအတွက် နေရာပေးခဲ့ရပါပြီ။ ၂၀၁၄ ခုနှစ် ဧပြီလ ၈ ရက်နေ့မှာ သူ့အတွက် နောက်ဆုံး အထောက်အပံ့တွေ ရပ်ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း မိုက်ခရိုဆော်ဖ့်က ကြေငြာခဲ့ပါတယ်။ သူ့အတွက် အဆင့်မြင့် လုံခြုံရေး နည်းပညာတွေ ထောက်ပံ့ပေးဖို့ နည်းပညာအရ စွမ်းဆောင်ရည် လျော့လာတာကြောင့်လို့ သူ့မိခင် ကုမ္ပဏီဖြစ်တဲ့ မိုက်ခရိုဆောဖ့်က ပြောပါတယ်။ 

သို့သော်လည်း တခါတလေ တစ်ချို့ ဆောဖ့်ဝဲတွေက ဒီ Windows XP ကိုမှ အသုံးပြုချင်တာမျိုး ဒီအပေါ်မှာမှ အလုပ်လုပ်တယ်။ ဆောဖ့်ဝဲသွင်းလို့ရတယ်။  Driver သွင်းလို့ရတယ်။  အဲ့လိုအဖြစ်မျိုးအတွက် ၀င်းဒိုးစ် အသစ်တွေမှာ အလုပ် မလုပ်ပေးတဲ့ ဆောဖ့်ဝဲအချို့ အများအားဖြင့် တရုပ်က တင်သွင်းထားတဲ့ ကွန်ပျူတာ စနစ်နဲ့ ချိတ်ဆက်သုံးရမယ့် ဆောဖ့်ဝဲတွေအဖြစ်များပါတယ်။  အဲ့ဒါဆို ဒီ Windows XP ကို မဖြစ်မနေ သွင်းပေးရတဲ့ အခြေအနေကို မလွဲမသွေ ကြုံနေရပါတယ်။  အသုံးပြုသူတွေကလည်း ဒီ Windows XP ပဲ သုံးတတ်ပါတယ် ဆိုတာကလည်း ရှိသေးတယ်ဗျာ။  ဒီနေ့ဆိုရင် Windows 10 တောင်ထွက်နေပြီဆိုတော့ လက်ပေါက်တော့ ကပ်သားဗျ။  ခုတလော ဒီ Windows XP ကို ပြန်သုံးကြည့်တာ ဘယ်က စကိုင်လိုက်ရမှန် မသိဘူးဖြစ်နေတယ်။  ခု အသစ် ၀င်းဒိုးစ်တွေက တကယ့်ကို သွင်ပြင်လက္ခဏာကအစ ပြောင်းသွားပြီဆိုတော့ ပိုမိုက်ပါတယ်။ တကယ်လို့ မဖြစ်မနေ Windows XP မှ သုံးရမယ့်သူတွေအတွက် ဒေါင်းမယ်ဆို အလွယ်တကူဖြစ်အောင်လို့ ဒီပို့စ်လေး တင်ပေးထားပါတယ်။  ဒီ Windows XP က ဘာမှ ပြုပြင်ထားတာမျိုး မရှိတဲ့ Official ISO ပါ။  
သူ့အတွက် Install လုပ်ငန်းစဉ်အတွက် လိုအပ်တဲ့ Key ကတော့ -

QW4HD DQCRG HM64M 6GJRK 8K83T

သတိပြုရမှာကတော့ အပေါ်က ကီးက Wndows Genuine Activation (WGA) ကီး မဟုတ်ပါ။






0 comments:

Post a Comment