စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုတဲ့အတိုင်း စာအုပ်များကို ဖတ်ရှုလေ့လာ ကြလေ့ရှိပါတယ်။ ယနေ့ခေတ်က အိုင်တီခေတ်ဆိုတော့ နည်းပညာအသစ် အသစ်တွေကို အသုံးပြုပြီး Electronic book ဆိုတဲ့ Ebook တွေကို ဖန်တီးလာကြပါတယ်။ ဆိုင်ရာ နယ်ပယ်အသီးသီးရဲ့ စာအုပ် စာရွက်စာတမ်း တွေကို ကွန်ပျူတာမှ ဖန်တီးထုတ်လုပ် ကြရပါတယ်။ ဒီဖိုင်တွေကို Ebook အဖြစ် ပြောင်းလဲလိုက်ပြီးနောက် သူ့ကို ဖတ်ရှုဖို့ရန် ဆော့ဖ်ဝဲလည်း လိုလာပါတယ်။ ဒီနည်းပညာကို Adobe ကုမ္ပဏီက စတင်ထုတ်လုပ်ခဲ့ပြီး ယနေ့ အခါ ကွန်ပျူတာ နည်းပညာရပ်နယ်ပယ်မှာ အလွန်အသုံးဝင်သော ပရိုဂရမ်လေးတစ်ခု ဖြစ်လာပါပြီ။ အင်တာနက်မှာလည်း မိမိတို့ နှစ်သက်ရာ စာအုပ်များကို Ebook အဖြစ် ထားရှိ တင်ပြပေးထားတာကြောင့် ဖုန်းနဲ့ ဖြစ်စေ ကွန်ပျူတာနဲ့ ဖြစ်စေ ပြန်ကြည့်မယ်ဆိုရင် Adobe Reader ကို သုံးရပါမယ်။ ဒီဆောဖ့်ဝဲကို Adobe ကုမ္ပဏီက အခမဲ့ ဖြန့်ချိပေးထားပါတယ်။ အခုကတော့ Adobe Reader X version ကို သွင်းယူပုံ ပြောပြမှာပါ။
ဒေါင်းလုပ် လုပ်ပြီးရင် သူက Setup ဖိုင်လေးတစ်ခုသာ ပေးပါတယ်။ အဲ့လိုမျိုးကို Standalone Installation လို့ခေါ်ပါတယ်။ အရင်က Install လုပ်မယ်ဆို ဖိုင်တွေအများကြီးကြားထဲကမှ Setup ဖိုင်ကို လိုက်ရှာနေရတာပါ။ ခုတော့ အဲ့လိုက ခက်တာရယ် လူတိုင်း နားမလည်းတာရယ်ကြောင့် ဖိုင်ဆိုဒ်လည်း သေးတာကတစ်ကြောင်းပေါ့ ဖိုင်တစ်ခုတည်း ဒေါင်းလုပ်ပေးလိုက်ရတာပါ။ အဲ့ဖိုင်လေးကို Double ClickE နှိပ်ပါ။ အောက်ဖော်ပြပါပုံအတိုင်း မြင်ရပါမယ်။
ခေတ္တစောင့်ပါ။ သူ့ထဲက သွင်းယူမယ့် ဖိုင်တွေကို ဖြန့်ချနေတာပါ။ ၁၀၀% အထိ ဖြန့်ချပါလိမ့်မယ်။ ပြီးရင်တော့ သွင်းယူဖို့ အဆင်သင့် ဖြစ်ပါပြီ။ Install ကို နှိပ်ပါ။
ခေတ္တစောင့်ပါ။
လိုအပ်တာတွေကို သွင်းယူနေပါပြီ။ ခေတ္တစောင့်ပါ။
ပြီးပါပြီ။ Finish လုပ်ပါ။
0 comments:
Post a Comment