စာစီစာရိုက်လုပ်ငန်း အတွက်

စာစီစာရိုက်လုပ်ငန်းအတွက် အသုံးအဆောင်များကို ရှာဖွေ စုဆောင်းထားရှိပေးထားပါတယ်။

ဆောဖ့်ဝဲများကလည်း သင့်လုပ်ငန်းအတွက်ပါ

ကွန်ပျူတာအတွက် အသုံးဝင်သော ဆောဖ့်ဝဲများကိုလည်း တင်ပြထားပေးပါတယ်။ မိမိတို့ လိုအပ်သလို အသုံးချနိုင်ကြပါစေ

စာစီလုပ်ငန်းအတွက် ဒီဇိုင်းလိုအပ်သမျှ

အသင့်သုံး ဒီဇိုင်းများ၊ ဘောင်များ၊ ပန်းကနုတ်၊ ဖောက်စွပ်များ၊ ဖိတ်စာ၊ လိပ်စာတို့တွင် အသုံးပြုသည့် သင်္ကေတများ၊ ရုပ်ပုံများကိုလည်း ထားရှိပေးထားပါတယ်

ရပ်တန့်မသွားသော နည်းပညာ

ကွန်ပျူတာ နည်းပညာ နယ်ပယ်ဟာ ရပ်တန့် မသွားပဲ ရှေ့ကို ခပ်မြန်မြန်သွားနေတဲ့ နည်းပညာပဲ ဖြစ်ပါတယ်။ နောက်ကြမကျန်ရအောင် ဒီဘလော့မှာ အဟောင်းတွေအပြင် အသစ်တွေကိုပါ ဖော်ပြပေးထားပါတယ်

သင်လိုအပ်သမျှ ကွန်မန့်မှာ ရေးခဲ့ပေးပါ

တကယ်လို့ သင့်လုပ်ငန်းအတွက် လိုအပ်နေတာ ဒီထဲမှာ ရှိမနေသေးရင် ကွန့်မန့်မှာ မှတ်ချက်ရေးပြီး တောင်းဆိုခဲ့ပေးပါ။ မကြာမီအချိန်အတွင်း ဖြည့်ဆည်းပေးထားပါမယ်

Showing posts with label Led display Software. Show all posts
Showing posts with label Led display Software. Show all posts

Tuesday, June 25, 2019

LED Screen Software



စာစီစာရိုက်သမားဆိုတာ အကုန်လုပ်တတ်ရတယ်။  အဲ့လိုဖြစ်နေလားမသိ။  ဟုတ်တော့လည်း ဟုတ်တယ်။

ဘုန်းကြီးကျောင်း၊ စတိုးဆိုင်၊ ကုမ္ပဏီများနှင့် အများမြင်ကွင်းတွင်သော်လည်းကောင်း ဆိုင်ခန်းတွင်းတွင်လည်းကောင်း LED မီးသီးဖြင့် သိစေလိုသော အကြောင်းအရာများကို ကြေငြာပေး အသိပေးလေ့ရှိတဲ့ ခေတ်ကို ရောက်နေပါတယ်။  LeadBorad ကို LED မီးလေးလေးများစွားဖြင့် တစ်ရောင်တည်းသော်လည်းကောင်၊ ဖြူနီဝါပြာစိမ်း စသည်ဖြင့် အရောင်စပ်သော်လည်းကောင်း မိမိတို့နှစ်သက်ရာ အတိုင်းအတာ ပြုလုပ်ပြီး သင်တော်ရာတွင် ချိတ်ဆွဲ ဖော်ပြနေကျလေ့ရှိပါတယ်။

တစ်ရောင်တည်း အသုံးပြုသည့်စနစ်နှင့် ရောင်စုံ အသုံးပြုနိုင်သည့်စနစ်ရှိသည့်အထဲ ဈေးချိုသော တစ်ရောင်တည်းစနစ်ကို မြန်မာပြည်တွင် လူသုံးများသည်။

Led board ပေါ်တွင် ဖော်ပြမည့်စာသားကို ကွန်ပျူတာတွင် မိမိ LedBoard အတိုင်းအတာ (အလျား + အနံ) အတိုင်း ချိန်ညှိပြီး မိမိတို့ ဖော်ပြလိုသည့် စာအရုပ်တို့ကို Transition များဖြင့် စိတ်ဝင်စားဖွယ်ပြသနိုင်ပါသည်။  ထိုသို့ ပြုလုပ်ရန်အတွက် ဆောဖ့်ဝဲကို Huidu  ကုမ္ပဏီမှာ ထုတ်လုပ်ဖြန့်ချိသည့် ဆောဖ့်ဝဲကို အသုံးပြုကျပါတယ်။ HD2014, HD2016, HD2018 စသည်ဖြင့် ထွက်ရှိနေပါပြီ။ အောက်ဖော်ပြပါလင့်မှာ မိမိ အသုံးပြုလိုသော LED display (တစ်ရောင် သို့မဟုတ် ရောင်စုံ) ဆိုင်ရာ ဆော့ဖ်ဝဲကို ဒေါင်းယူနိုင်ပါတယ်။

နောက်ဆုံးထွက် HD2018 က အသစ်ဆိုပေမယ့် ရှေးက ဗားရှင်းအဟောင်းတွေလိုပါပဲ သိပ်တော့ အပြောင်းအလဲမရှိပါဘူး။  နောက်ဆုံးထွက် ဗားရှင်းမှာ System config လုပ်ဖို့အတွက် password က 168 ပါ။



HDSeries Software ကို ဒေါင်းလုပ်ရယူလိုပါက -


HDSeries Software ကို အသုံးပြုနည်း  -

လက်တွေ့လုပ်တာ ကြည့်ရှုလိုပါက -