စာစီစာရိုက်လုပ်ငန်း အတွက်

စာစီစာရိုက်လုပ်ငန်းအတွက် အသုံးအဆောင်များကို ရှာဖွေ စုဆောင်းထားရှိပေးထားပါတယ်။

ဆောဖ့်ဝဲများကလည်း သင့်လုပ်ငန်းအတွက်ပါ

ကွန်ပျူတာအတွက် အသုံးဝင်သော ဆောဖ့်ဝဲများကိုလည်း တင်ပြထားပေးပါတယ်။ မိမိတို့ လိုအပ်သလို အသုံးချနိုင်ကြပါစေ

စာစီလုပ်ငန်းအတွက် ဒီဇိုင်းလိုအပ်သမျှ

အသင့်သုံး ဒီဇိုင်းများ၊ ဘောင်များ၊ ပန်းကနုတ်၊ ဖောက်စွပ်များ၊ ဖိတ်စာ၊ လိပ်စာတို့တွင် အသုံးပြုသည့် သင်္ကေတများ၊ ရုပ်ပုံများကိုလည်း ထားရှိပေးထားပါတယ်

ရပ်တန့်မသွားသော နည်းပညာ

ကွန်ပျူတာ နည်းပညာ နယ်ပယ်ဟာ ရပ်တန့် မသွားပဲ ရှေ့ကို ခပ်မြန်မြန်သွားနေတဲ့ နည်းပညာပဲ ဖြစ်ပါတယ်။ နောက်ကြမကျန်ရအောင် ဒီဘလော့မှာ အဟောင်းတွေအပြင် အသစ်တွေကိုပါ ဖော်ပြပေးထားပါတယ်

သင်လိုအပ်သမျှ ကွန်မန့်မှာ ရေးခဲ့ပေးပါ

တကယ်လို့ သင့်လုပ်ငန်းအတွက် လိုအပ်နေတာ ဒီထဲမှာ ရှိမနေသေးရင် ကွန့်မန့်မှာ မှတ်ချက်ရေးပြီး တောင်းဆိုခဲ့ပေးပါ။ မကြာမီအချိန်အတွင်း ဖြည့်ဆည်းပေးထားပါမယ်

Showing posts with label Software. Show all posts
Showing posts with label Software. Show all posts

Saturday, July 20, 2019

Microsoft Office Professional Plus 2010



မိုက်ခရိုဆော့ဖ်မှ ရုံးလုပ်ငန်းသုံးအတွက် ထုတ်လုပ်ပေးထားသော Office Professional Plus 2010 ဗားရှင်းဖြစ်ပါတယ်။

ယနေ့ Office 2019 ထိ ထွက်ရှိပေးထားပြီးဖြစ်ပါတယ်။  ကျွန်တော်တို့ဆီက ရုံးဝန်ထမ်းတွေက စက်လိုအပ်ချက်၊ လူစွမ်းအား လိုအပ်ချက်တွေကြောင့် နောက်ဆုံး ဗားရှင်းကို အသုံးပြုနိုင်ခြေ နဲပါးလှပါတယ်။ ဒီ ၂၀၁၀ ဗားရှင်းတောင် မတတ်သာလို့ တိုးတက် အသုံးပြုရပုံပေါ်တယ်။  Office 2007 ကိုပဲ တစ်ချို့ လက်မလွတ်တမ်း အသုံးပြုနေကျဆဲပါ။

နောက်တစ်ခုက ရုံးလုပ်ငန်းသုံးမှာ ယူနီကုတ်စာရေးစနစ်ဖြစ်တဲ့ ပြည်ထောင်စုဖောင့်ကို အသုံးပြုဖို့ မဖြစ်မနေ လိုအပ်တာကြောင့် ရုံးလုပ်ငန်းသုံးအနေနဲ့ ဆိုလျင် မဖြစ်မနေ Office 2010 ဗားရှင်းလောက်ကိုတော့ဖြင့် အသုံးပြုဖို့ လိုအပ်ပါလိမ့်မယ်။  ဒါတောင် ယူနီကုတ် အထောက်အပံ့ကို စစဦး ပံ့ပိုးပေးထားတဲ့ ဗားရှင်းမို့ပါ။

ခုဒီထဲမှာတော့ activate လုပ်ဖို့ ပါပြီးသားပါ။  .net 4.0 တော့ ကြိုသွင်းထားဖို့ လိုပါလိမ့်မယ်။



ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ Windows OS, Office Software တို့ကို ဝယ်ယူအသုံးပြုသင့်ပါတယ်။  ဒီ ဝင်းဒိုစ်နဲ့၊ office software တွေကို activate လုပ်ပေးတဲ့ ကောင်တွေကို မယုံတော့လို့ပါ။  မိမိတို့က ရုံးလုပ်ငန်းလုပ်ဆောင်နေတယ်ဆိုရင် ဒေတာတွေ ကာကွယ်ဖို့လိုတယ်ဆိုရင် ဝယ်ယူသုံးဆွဲသင့်တယ်လို့ ထင်မြင်မိပါတယ်။


Nero Burning Rom 8.2.8.0


ယနေ့ထိ ဆိုလျင် နီရိုမှ 2019 ထိ ဗားရှင်းအမြင့်များထွက်ရှိနေပြီးသားပါ။  ခု နီရို ၈ ကတော့ ဗားရှင်း အဟောင်းဆိုပေမယ့် ယနေ့အထိ ကောင်းမွန် ပေါ့ပါးစွာ အလုပ်လုပ်လျက် ရှိပါတယ်။  သူ့ထဲမှာ Burning ROM, Nero Express, Nero Vision, Nero BackIt Up စသည်ဖြင့် ထုတ်ကုန်များစွာပါဝင်ခဲ့ပါတယ်။

ဒါကြောင့် ခွေအသစ်တစ်ခု သင့် DVD Drive ထဲသို့ ထည့်သည်နှင့် ဘာလုပ်မလဲဆိုပြီး အဆင်သင့် လုပ်နိုင်အောင် သူက စောင့်ဆိုင်းနေပါတယ်။ ဒီ နီရို ၈ နောက်ပိုင်းထွက်လာတာတွေက သူ့ ထုတ်ကုန်ဆော့ဖ်ဝဲတွေ အားလုံးကို တိုးချဲ့ မွန်းမံလိုက်တာကြောင့် ဖိုင်ဆိုဒ်က အရမ်းကြီးသွားတဲ့အပြင် ဆောဖ့်ဝဲတွေကိုလည်း အားလုံးကို အသုံးပြုခွင့် မပေးတော့ပဲ ခွဲထုတ်လိုက်ပါတယ်။  ခုလို ဖိုင်ဆိုဒ်သေးသေးနဲ့ အားလုံးပါတာ ဒီ ဗားရှင်း ၈ မှာပဲပါပါတယ်။


Tuesday, June 25, 2019

LED Screen Software



စာစီစာရိုက်သမားဆိုတာ အကုန်လုပ်တတ်ရတယ်။  အဲ့လိုဖြစ်နေလားမသိ။  ဟုတ်တော့လည်း ဟုတ်တယ်။

ဘုန်းကြီးကျောင်း၊ စတိုးဆိုင်၊ ကုမ္ပဏီများနှင့် အများမြင်ကွင်းတွင်သော်လည်းကောင်း ဆိုင်ခန်းတွင်းတွင်လည်းကောင်း LED မီးသီးဖြင့် သိစေလိုသော အကြောင်းအရာများကို ကြေငြာပေး အသိပေးလေ့ရှိတဲ့ ခေတ်ကို ရောက်နေပါတယ်။  LeadBorad ကို LED မီးလေးလေးများစွားဖြင့် တစ်ရောင်တည်းသော်လည်းကောင်၊ ဖြူနီဝါပြာစိမ်း စသည်ဖြင့် အရောင်စပ်သော်လည်းကောင်း မိမိတို့နှစ်သက်ရာ အတိုင်းအတာ ပြုလုပ်ပြီး သင်တော်ရာတွင် ချိတ်ဆွဲ ဖော်ပြနေကျလေ့ရှိပါတယ်။

တစ်ရောင်တည်း အသုံးပြုသည့်စနစ်နှင့် ရောင်စုံ အသုံးပြုနိုင်သည့်စနစ်ရှိသည့်အထဲ ဈေးချိုသော တစ်ရောင်တည်းစနစ်ကို မြန်မာပြည်တွင် လူသုံးများသည်။

Led board ပေါ်တွင် ဖော်ပြမည့်စာသားကို ကွန်ပျူတာတွင် မိမိ LedBoard အတိုင်းအတာ (အလျား + အနံ) အတိုင်း ချိန်ညှိပြီး မိမိတို့ ဖော်ပြလိုသည့် စာအရုပ်တို့ကို Transition များဖြင့် စိတ်ဝင်စားဖွယ်ပြသနိုင်ပါသည်။  ထိုသို့ ပြုလုပ်ရန်အတွက် ဆောဖ့်ဝဲကို Huidu  ကုမ္ပဏီမှာ ထုတ်လုပ်ဖြန့်ချိသည့် ဆောဖ့်ဝဲကို အသုံးပြုကျပါတယ်။ HD2014, HD2016, HD2018 စသည်ဖြင့် ထွက်ရှိနေပါပြီ။ အောက်ဖော်ပြပါလင့်မှာ မိမိ အသုံးပြုလိုသော LED display (တစ်ရောင် သို့မဟုတ် ရောင်စုံ) ဆိုင်ရာ ဆော့ဖ်ဝဲကို ဒေါင်းယူနိုင်ပါတယ်။

နောက်ဆုံးထွက် HD2018 က အသစ်ဆိုပေမယ့် ရှေးက ဗားရှင်းအဟောင်းတွေလိုပါပဲ သိပ်တော့ အပြောင်းအလဲမရှိပါဘူး။  နောက်ဆုံးထွက် ဗားရှင်းမှာ System config လုပ်ဖို့အတွက် password က 168 ပါ။



HDSeries Software ကို ဒေါင်းလုပ်ရယူလိုပါက -


HDSeries Software ကို အသုံးပြုနည်း  -

လက်တွေ့လုပ်တာ ကြည့်ရှုလိုပါက -









Wednesday, June 5, 2019

Viber for PC



Viber ဆောဖ့်ဝဲသည် စာတိုပေးပို့ခြင်း နှင့် အင်တာနက်အသုံးပြုပြီး ဖုန်းခေါ်ဆိုခြင်းများကို အခမဲ့ အသုံးပြုနိုင်ပါတယ်။  မိုဘိုင်းဖုန်းပေါ်ကနေဆိုရင်တော့ အင်တာနက်အသုံးပြုပြီး Viber အသုံးပြုသူအချင်းချင်း ဆက်သွယ် အသုံးပြုနိုင်ပါတယ်။  အသုံးပြုသူများလို့ စီးပွားရေးလုပ်ငန်းသုံးအနေဖြင့်ပါ တွင်ကျယ်အသုံးပြုသူများလာပါတယ်။  ဒီအတွက် အဆင်ပြေအောင် ကွန်ပျူတာပေါ်မှာပါ အသုံးပြုနိုင်အောင် Viber ကို ဖြန့်ချိထုတ်လုပ်ပေးထားပါတယ်။

PC အတွက်သီးသန့် ထုတ်လုပ်ပေးထားတဲ့ Viber ကို ရယူလိုပါက -


Friday, May 24, 2019

Xara Designer Pro 16


Xara Designer Pro သည် ဒီဇိုင်းသမားများအတွက် အကောင်းဆုံး အကူအညီပေးနိုင်တဲ့ ဆော့ဝဲတစ်ခုပဲ ဖြစ်ပါတယ်။  ဒီဇိုင်းလုပ်မလား၊ ဓါတ်ပုံပြင်မလား၊ စာစီစာရိုက်လုပ်မလား၊ Web စာများနှာများကို ဖန်တီးမလား ဒီဆော့ဖ်ဝဲတစ်ခုတည်းနဲ့ ပြီးပါတယ်။ လူကြိုက်များရတဲ့ အကြောင်းအရင်းတစ်ခုက သူက ကွန်ပျူတာရဲ့ စွမ်းရည်ကို သိပ်အများကြီး မတောင်းဆိုပဲ သာမာန် အိမ်သုံး စာကြည့် ကွန်ပျူတာနဲ့ဆိုရင်လည်း ကောင်းမွန်စွာ လုပ်ကိုင်နိုင်တဲ့ အချက်ပဲ ဖြစ်ပါတယ်။
ကျွန်တော် သိသလောက်ဆိုရင် မြန်မာပြည်ရဲ့ ကွန်ပျူတာ သင်တန်းကျောင်းတွေ အများစုက CorelDraw , Adobe Illustrator စသည်တို့ကို ဒီဇိုင်းအတွက် သင်ကြားပေးလေ့ရှိပါတယ်။ ဒါတွေက မြို့ကြီးတွေမှာ ပြောတာပါ။  နယ်မြို့လေးတွေမှာတော့ ဒီအတိုင်းပဲ CorelDraw, Adobe Illustrator တွေ သင်ပေးကြတာပါပဲ။  ထူးခြားတာက ဒီ Xara Designer Pro ဆောဖ့်ဝဲကိုတော့ သင်တန်းတွေမှာ သင်ကြားရေး ပရိုဂရမ်အဖြစ် မတွေ့ရပါပဲ စာစီစာရိုက်ဆိုင်တွေ တော်တော်များများက အဆင်ပြေပြေသုံးနေကြတာပါပဲ။  ဆိုလိုချင်တာက အထူးတလည် သင်ယူစရာမလိုပဲ ကွန်ပျူတာ အခြေခံရှိတဲ့ သူတွေ လွယ်ကူစွာ အသုံးပြုနိုင်ကျတာဟာ ဒီဆောဖ်ဝဲရဲ့ အကောင်းဆုံး လုပ်ဆောင်ချက်ပဲ ဖြစ်ပါတယ်။

ဒေါင်းလုပ်ရယူလိုပါက -



Monday, December 24, 2018

Magix Xara 3D Maker 7.0.0.415



Xara 3D Maker 7 ဟာ ၃ ဖက်မြင် စာလုံးဒီဇိုင်းများအတွက် လျင်မြန်စွာ ပြုလုပ်ပေးနိုင်ပါတယ်။  ရုပ်ထွက် ကလည်း သေသပ်လှပါပါတယ်။  ဘယ်လို စလုပ်ရမယ်မသိဘူးဆိုရင်လည်း သူ့မှာ ပါတဲ့ အသင့်သုံးနိုင်တဲ့ ဒီဇိုင်းများစွာ ပါရှိပြီးသားပါ။  
တခြား 3D Tools တွေက အဆင့်မြင့်သော်လည်း မိမိတို့လိုချင်တာ စာလုံးလေးပဲဆိုရင် Magix Xara 3D Maker ကို အသုံးပြုသင့်ပါတယ်။  တခြား 3D tools တွေက ကိုယ်တွယ်ရခက်နေဦးမယ် ဒီမှာကတော့ လိုသလို စိတ်ကြိုက် လုပ်နိုင်ပါတယ်။ လူတိုင်း နားလည်း လွယ်ပါတယ်။ ဒါ့အပြင် စာလုံးများကို လှုပ်ရှားမှု animation လည်း ထည့်သွင်းနိုင်ပါတယ်။  ဒါဆို Vidoe Title စာတမ်းတွေအတွက် စာလုံးလှလှလေးတွေ စိတ်ကြိုက် ဖန်တီးနိုင်ပြီပေါ့။  စာလုံးတွေ ပြေးထွက်လာတာမျိုး၊  လှည့်ပတ်နေတာမျိုးတွေကို လုပ်နိုင်ပါပြီ။





ဒေါင်းလုပ်ရယူဖို့ရန်အတွက် -




Monday, December 17, 2018

Aiseesoft Video Converter Ultimate 9.2.56



Aiseesoft Video Converter Ultimate က Video Converter တွေထဲမှာ နာမည်ရပါတယ်။  အွန်လိုင်းမှ ဗီဒီယိုဖိုင်များကို ဒေါင်းလုပ် ရယူနိုင်ပါတယ်။  YouTube, Facebook, Dailymotion, Vimeo, Vevo, Yahoo စသည့် ဆိုဒ်များ ဗီဒိယိုဖိုင်များကို ဒေါင်းနိုင်ပါတယ်။  မိမိ မူဗီဖိုင်များဖြစ်တဲ့ AVI, WMV, MOV, MP4, MP3, FLAC စသည်ဖြင့် ဖိုင်များကို မိမိလိုအပ်ရာရာသို့ ပြောင်းလဲပေးနိုင်ပါတယ်။




ဒေါင်းရန်


4Videosoft Video Converter Ultimate


ဗွီဒီယိုဖိုင်တွေကို မိမိလိုအပ်ရာရာ ဖိုင်အဖြစ်သို့ Convert လုပ်လိုတဲ့အခါ 4VideoSoft က ထုတ်လုပ်တဲ့ Video Converter Ultimate က တခြား အသုံးများသော ဖိုင်အမျိုးမျိုးကို ပြောင်းလဲပေးနိုင်ပါတယ်။  သူ့ကနေလည်း YouTube, Yahoo, Facebook တို့က Video ဖိုင်တွေကို ဒေါင်းလုပ်ပြုလုပ်နိုင်တဲ့ အပိုဆောင်း အခွင့် အရေးလည်း ရရှိနိုင်ပါတယ်။
သူ့မှာ နမူနာ ကြည့်ရှုနိုင်တဲ့ လုပ်ဆောင်မှုလည်း ပါဝင်ပါတယ်။  ဒါကြောင့် တစ်ခါတစ်လေ video ဖိုင်တစ်ခုလုံးကို convert မလုပ်ချင်ပဲ တစိတ်တပိုင်းပဲ လုပ်လိုတဲ့ အခါတွေအတွက် အဆင်ပြေစေပါတယ်။ 
ဆောဖ့်ဝဲ အသုံးပြုရလွယ်ကူအောင် မြင်ကွင်းကို ရိုးရှင်းစွာ ဖန်တီးပေးထားတဲ့အတွက် လူတိုင်းနားလည်လွယ်စေပါတယ်။  

ခုနောက်ပိုင်း နည်းပညာအသစ်တွေကို အသုံးပြုပြီး ရုပ်သံဖိုင်တွေကို ဖန်တီး ထုတ်လုပ်နေကြတာဖြစ်လို့ မည်သည့် ဖိုင်လာပါစေ အထောက်အပံ့ ခေတ်နဲ့ အညီ ရယူပေးနိုင်တဲ့ Video Converter ကို အသုံးပြုနိုင်ဖို့ အတွက် 4Videosoft Video converter Ultimate က အကူအညီပေးပါလိမ့်မယ်။






ဒေါင်းလုပ်ရယူ လိုပါက - 




Monday, November 26, 2018

MAGIX Sound Forge Pro v12.1.0.170

 MAGIX Sound Forge Pro ဟာ အသံပိုင်းဆိုင်ရာ တည်းဖြတ်ဖို့ အတွက်ဖြစ်ပါတယ်။  အသံအတွက် အထူးပြုလုပ်ချက်တွေ လုပ်မယ်ဆိုလည်း ရပါတယ်။  အသံဖမ်းတာ၊ တည်းဖြတ်ပြုပြင်တာ တွေကို လုပ်ဆောင်ပေးနိုင်ပါတယ်။  အရင်က Version အဟောင်းတွေကိုတော့ Sony ကုမ္ပဏီက ပိုင်ဆိုင်ခဲ့ပြီး ခု Version ကနေစ MAGIX ကုမ္ပဏီက ၀ယ်ယူလိုက်ပြီမို့ နောက်ဆို Magix ကုမ္ပဏီ ရဲ့ ထုတ်ကုန် ဖြစ်ခဲ့ပါပြီ။




Windows 64bit အတွက် -



Windows 32bit အတွက် -




Thursday, November 8, 2018

Peazip



Peazip က ဖိုင်တွေ ချုံ့ ဖို့နဲ့ ပြန် ဖြန့်ဖို့ အတွက်သုံးရပါတယ်။  အရင်က Zip တို့ WinRAR တို့နဲ့ တူပါတယ်။  WinRAR ကလည်း တခြား ချုံ့ထားတဲ့ မည်သည့် ဖိုင်အမျိုးအစားကိုမဆို ပြန်ဖြန့် Extract လုပ်ပေးနိုင်သလို ခု Peazip ကလည်း မည်သည့် ပရိုဂရမ်ဖြင့် ချုံ့ထား Compress ထားသည်ဖြစ်စေ ပြန်ပြီး Extract လုပ်နိုင်ပါတယ်။  Zip နဲ့ WinRAR က အခကြေးငွေယူပေမယ့်  Peazip ကတော့ အခမဲ့ သုံးစွဲခွင့်ရပါတယ်။  ခုနောက်ပိုင်း WinRAR သွင်းမနေတော့ပဲ Peazip ကိုပဲ အသုံးပြုဖြစ်နေပါတယ်။ 




PeaZip ကို မူရင်းဆိုဒ်ကနေဒေါင်းလုပ်လုပ်ဖို့ တိုက်တွန်းပါတယ်။ နောက်ဆုံးဗားရှင်းရပြီး လုံခြုံရေးအရ အသုံးပြုသင့်လို့ပါ။  တခြား Free Software တွေ ဒေါင်းလို့ရတဲ့ နေရာကလည်း မယူပဲ မူရင်းဆိုဒ်ကပဲ ဒေါင်းလုပ်ရယူ သုံးစေလိုပါတယ်။ အခမဲ့ သုံးစွဲလို့ရတာတွေကို မူရင်းဆိုဒ်ကပဲ ဒေါင်းလုပ်ရယူပါ။

PeaZip က Windows XP, Vista, 7, 8, 8.1, 10 (32bit and 64bit), ReactO, Wine စသည့် OS တွေကို အထောက်အပံ့ပြုပါတယ်။

မိမိ Windows က 32bit လား  64bit လား မိမိနဲ့ ကိုက်ညီရာကို ဒေါင်းပါ။  



Wednesday, September 5, 2018

Adobe Pagemaker 7.0.1a


     Adobe ကုမ္ပဏီက ထုတ်လုပ်ဖြန့်ချိပေးထားသော PageMaker 7.0 ဆောဖ့်ဝဲဟာ ကျွန်တော်တို့ စာစီစာရိုက်လောကမှာယနေ့ အထိ ပန်းပန်လျက်ပါပဲ။  2001 July  9 ရက်နေ့က စတင်ထုတ်လုပ်ဖြန့်ချိပေးခဲ့ပြီး၊2011 August  1 ရက်နေ့မှာ ထောက်ပံ့မှုတွေကို ရပ်ဆိုင်းထားခဲ့ပါပြီ။

     သို့သော် ယနေ့ထိ PageMaker ကို ဆက်လက် သုံးစွဲနေကြပါတယ်။  ဖြစ်နိုင်ရင်တော့ Pagemaker ကို Adobe က ပြန်လည် မွန်းမံပြီး ထုတ်လုပ်ပေးထားတာကတော့ Adobe InDesign ဆောဖ့်ဝဲပဲ ဖြစ်ပါတယ်။   စာစီစာရိုက်စနစ်ကို InDesign က ကောင်းစွာ အထောက်အပံ့ပေးထားပါတယ်။ Adobe InDesign ကို သုံးဖို့လည်း တိုက်တွန်းလိုပါတယ်။

     ကျွန်တော် Adobe PageMaker 7.0 သွင်းယူပုံ အဆင့်ဆင့်ကို ဖော်ပြပေးထားပြီး ဖြစ်ပါတယ်။ ဒီမှာ သွားကြည့်နိုင်ပါတယ်။

     PageMaker ကိုသွင်းတဲ့အခါ နောက်ဆုံး Update အထိ သွင်းယူစေလိုပါတယ်။  Update သွင်းထားမှ Stop Working စသည့် Error တွေ မတက်တော့တာပါ။ Update နှစ်ခုလုံးကို အစဉ်အတိုင်း သွင်းယူပါ။

PageMaker 7.0.1a အထိ Update file အပါအဝင် ဒေါင်းလိုပါက -