စာစီစာရိုက်လုပ်ငန်း အတွက်

စာစီစာရိုက်လုပ်ငန်းအတွက် အသုံးအဆောင်များကို ရှာဖွေ စုဆောင်းထားရှိပေးထားပါတယ်။

ဆောဖ့်ဝဲများကလည်း သင့်လုပ်ငန်းအတွက်ပါ

ကွန်ပျူတာအတွက် အသုံးဝင်သော ဆောဖ့်ဝဲများကိုလည်း တင်ပြထားပေးပါတယ်။ မိမိတို့ လိုအပ်သလို အသုံးချနိုင်ကြပါစေ

စာစီလုပ်ငန်းအတွက် ဒီဇိုင်းလိုအပ်သမျှ

အသင့်သုံး ဒီဇိုင်းများ၊ ဘောင်များ၊ ပန်းကနုတ်၊ ဖောက်စွပ်များ၊ ဖိတ်စာ၊ လိပ်စာတို့တွင် အသုံးပြုသည့် သင်္ကေတများ၊ ရုပ်ပုံများကိုလည်း ထားရှိပေးထားပါတယ်

ရပ်တန့်မသွားသော နည်းပညာ

ကွန်ပျူတာ နည်းပညာ နယ်ပယ်ဟာ ရပ်တန့် မသွားပဲ ရှေ့ကို ခပ်မြန်မြန်သွားနေတဲ့ နည်းပညာပဲ ဖြစ်ပါတယ်။ နောက်ကြမကျန်ရအောင် ဒီဘလော့မှာ အဟောင်းတွေအပြင် အသစ်တွေကိုပါ ဖော်ပြပေးထားပါတယ်

သင်လိုအပ်သမျှ ကွန်မန့်မှာ ရေးခဲ့ပေးပါ

တကယ်လို့ သင့်လုပ်ငန်းအတွက် လိုအပ်နေတာ ဒီထဲမှာ ရှိမနေသေးရင် ကွန့်မန့်မှာ မှတ်ချက်ရေးပြီး တောင်းဆိုခဲ့ပေးပါ။ မကြာမီအချိန်အတွင်း ဖြည့်ဆည်းပေးထားပါမယ်

Tuesday, February 27, 2018

BusinessCards MX

BusinessCards MX လိပ်စာကဒ် လုပ်ရအောင်


     လိပ်စာကဒ်လုပ်ဖို့ ဒီဇိုင်းပိုင်းကို သင့်အနေဖြင့် အကျွမ်းတ၀င်ရှိနေဖို့ မလိုပါဘူး။  လိပ်စာကဒ်တစ်ခုရဖို့ သူများကို အပူမကပ်ချင်ဘူးဆိုရင် ကိုယ်တိုင် အလွယ်တကူလုပ်နိုင်ပါပြီ။  BusinessCarsds MX က တစ်ဆင့်ခြင်းစီ အကူအညီပေးသွားပါလိမ့်မယ်။



     ဒီပရိုဂရမ်လေးက လိပ်စာကဒ် ဒီဇိုင်းအပြင် ပုံနှိပ်ထုတ်ဖို့ အဆင်သင့်လုပ်ဆောင်ပေးနိုင်ပါတယ်။


 တစ်ခါမှ လိပ်စာကဒ် မလုပ်ဘူးသူဆိုရင်တောင်မှ အခက်အခဲမရှိ လုပ်နိုင်ပါလိမ့်မယ်။ လိပ်စာကဒ် ဒီဇိုင်းအတွက်ကတော့ သူ့ရဲ့ အလုပ်လုပ်ပုံက ပုံထည့်မလား၊ စာရေးမလား စသည်ဖြင့် နေရာချထားဖို့ အတွက် သူကအဆင်သင့်ပါပဲ။ 





ကိုယ်တိုင် ဒီဇိုင်းလုပ်ဖို့ ဘယ်နေရာမှာ အရုပ်ထားရမလည်း၊ စာလုံးက ကြီးမှ လှမှာလား၊ သေးရမလား မသိရင် သူ့ရဲ့ မူလပါ ဒီဇိုင်း template ကို ရယူအသုံးချနိုင်ပါသေးတယ်။  နမူနာ Template ပေါင်း ကဏ္ဍအလိုက်ရှိပြီး  ဒီဇိုင်းပေါင်း ၇၅၀ လောက် ထားရှိပေးထားပါတယ်။











Monday, February 26, 2018

Camera RAW ဖိုင် အသုံးပြုနိုင်ဖို့


Camera RAW ဖိုင်များကို အသုံးပြုနိုင်ဖို့


ဓါတ်ပုံသမားတွေအတွက် ဓါတ်ပုံ JPEG ပုံစံထက် RAW ဖိုင်အမျိုးအစားကို အသုံးပြုကြရတဲ့ အခြေအနေတွေ ရှိနေပါတယ်။  RAW ဖိုင်ဆိုတဲ့ အမည်ပေးရတာက အဲ့ဒီဖိုင်ထဲမှာ သင်ရိုက်လိုက်တဲ့ ဓါတ်ပုံဟာ ဘာကိုမှ ပြုပြင်ထားခြင်းမရှိသေးတဲ့ Image Sensor က ဖမ်းယူရထားတဲ့ ဒေတာအချက်အလက်အတိုင်းပဲ ရှိနေတာတွေပါ။  သင်က JPEG နဲ့ပဲရိုက်တာဆိုရင် Image Sensor က ပုံရဲ့ ဒေတာအချက်အလက်တွေကို JPEG စနစ်အတိုင်း ပြန်ပြီး ပြောင်းလဲလိုက်ပါတယ်။ TIFF ဆိုရင်လည်း TIFF ဖိုင်ပုံစံအတိုင်း ဖွဲ့စည်းခြင်းခံလိုက်ရပါတယ်။  RAW ကတော့ ဘယ်ပုံအမျိုးအစားအောက်မှာမှ မရှိသေးလို့ မူလဒေတာတွေ ရှိနေတာပါ။  အဲ့ဒါကြောင့် RAW ဖိုင်ကို တိုက်ရိုက်ပုံထုတ်လို့လည်း မရနိုင်တာပေါ့။  RAW ဖိုင်နဲ့ ဓါတ်ပုံတွေကို Digital Negatives ပုံတွေလို့လည်း ခေါ်ကြပါသေးတယ်။ 
ကင်မရာ ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီတွေကလည်း များသလို သူတို့ရဲ့ အသုံးပြုတဲ့ Image Sensor တွေကလည်း မတူခြားနားကြတာကြောင့် Digital Negatives ဖြစ်တဲ့ RAW ဖိုင်တွေက မတူကွဲပြားသွားကြရပါတယ်။  အတွေ့ရများတဲ့ RAW ဖိုင်တွေကတော့  IIQ (Phase One), 3FR (Hasselblad), DCR, K25, KDC (Kodak), CR2 (Canon), ERF (Epson), MEF (Mamiya), MOS (Leaf), NEF (Nikon), ORF (Olympus), PEF (Pentax), RW2 (Panasonic) and ARW, SRF, SR2 (Sony) စသည်တို့ပဲဖြစ်ပါတယ်။ အဲ့တော့ RAW ဖိုင် ကွန်ပျူတာမှာ ဖတ်နိုင် ပြုပြင်နိုင်ဖို့ မိမိကိုင်တဲ့ ကင်မရာ ကုမ္ပဏီကိုလိုက်ပြီး ကွဲပြားသွားတာမို့ ဆိုင်ရာ ကုမ္ပဏီရဲ့ RAW ဖိုင် ကြည့်နိုင်တာလေးကိုကွန်ပျူတာ မှာ ထည့်ဖို့လိုပါမယ်။  နီကွန်ကိုင်တဲ့သူက နီကွန်ရဲ့ RAW ဖိုင်တွေ ဖတ်နိုင်တဲ့ plug-in သို့မဟုတ် သူ့ ဆောဖ့်ဝဲကို သွင်းထားရပါမယ်။
ဓါတ်ပုံပြုပြင်တဲ့ ဆောဖ့်ဝဲတွေထဲမှာ Adobe Photoshop, Adobe Lightroom တို့ဟာ နာမည်ကြီးပါတယ်။ ACDSee တို့ Paint Shop Pro တို့ Picasa တို့ XnView, Konvertor, PhotoLine စသည်ဖြင့် အများကြီး ရှိပါသေးတယ်။  တစ်ချို့ က အခမဲ့ အသုံးပြုခွင့် ရနိုင်ပါတယ်။ 
မိမိ ကွန်ပျူတာမှာ RAW ဖိုင်ဖတ်ဖို့အတွက်ဆိုရင် မိမိအသုံးပြုတဲ့ Photo Editor ကဘာလည်း။  Version ဘယ်လောက်လည်းဆိုတာ ကြိုသိထားရပါမယ်။ Adobe Photoshop ကို အသုံးပြုမယ်ဆိုရင် Version က Photoshop CS 5, 5.5, 6, CC, CC 2014, CC 2015, CC 2017, CC 2018 စသည်ဖြင့် ဘယ်Version လည်းဆိုတာ သိထားပါ။
နောက်တစ်ခု မိမိ ကင်မရာ အမျိုးအစား နဲ့ သူ့ရဲ့ RAW ဖိုင် အမျိုးအစားက ဘာလည်း သိရပါမယ်။ အစောပိုင်း မော်ဒယ် Nikon ကင်မရာတွေက RAW ဖိုင်က NEF အမျိုးအစားဖြစ်ပြီး ခုအသစ်ထွက်တဲ့ မော်ဒယ်တွေက NEF2 ကို အသုံးပြုပါတယ်။ အပေါ်က ပြောသလို နမူနာယူပြီး မိမိဖိုင်တွေကို စစ်ဆေးပါခင်ဗျာ။
နမူနာ တစ်ခု အောက်မှာ ဖော်ပြပေးပါမယ်။  Nikon D5300 အတွက် RAW ဖိုင်အမျိုးအစားက NEF ပါ။ အဲ့ဒီအတွက် Adobe Photoshop CS 5 မှာ အသုံးပြုဖို့ RAW file viewer ကို ရှာပါမယ်။  http://downloadcenter.nikonimglib.com/en/products/166/ViewNX_2.html  ဒီဆိုက်မှာ ViewNX2 ကို ဒေါင်းလုပ်ခွင့် ပြုထားပါတယ်။ ဒါရှိရင် RAW ဖိုင် ကို ပြုပြင်လို့ရ ကြည့်လို့ရပေမယ့် Adobe Photoshop နဲ့ ပေါင်းကူးလို့ မရသေးပါဘူး။  ဒါကြောင့် Adobe မှာ RAW file viewer  plug-in ကို ရှာပါမယ်။



https://helpx.adobe.com/camera-raw/using/supported-cameras.html  ဒီလင့်ဟာ ကင်မရာ ကုမ္ပဏီ အသီးသီးအတွက် သက်ဆိုင်ရာ RAW file viwer တွေကို ဒေါင်းလုပ်ခွင့် ပြုထားတဲ့ နေရာ ဖြစ်ပါတယ်။  အထက်ပါ နေရာက ကျွန်တော့ ကင်မရာ Nikon ကို ရွေးပါတယ်။  အဲ့ဒီမှာ Nikon ကထုတ်လုပ်ပေးထားတဲ့ ကင်မရာ မော်ဒယ်အများကြီးကို အစဉ်အတိုင်း ဖော်ပြပေးထားပါတယ်။  မိမိဆိုင်တာကို ရှာပါ။ ကျွန်တော် ရဲ့ ကင်မာပါ ဒေတာကို ပဲ ချုံ့ ကြည့်လိုက်တော့…
Nikon
Camera
Raw image filename extension
Minimum Camera Raw plug-in version required
Minimum Lightroom CC version required
Minimum Lightroom Classic CC version required
Minimum Lightroom Perpetual version required
D5300
NEF
8.3
1.0
5.3
5.3
Nikon D5300 အတွက် RAW ဖိုင် NEF အမျိုးအစားဖြစ်ပြီ။ Camera Raw Plug-in အနိမ့်ဆုံး ထားရှိ အသုံးပြုရမှာက Adobe Camera Raw 8.3 ကိုသုံးရပါမယ်။ အဲ့ဒီအတွက် Lightroom က CC 1.0, 5.3 အနည်းဆုံး ရှိရမှာ ဖြစ်ပါတယ်။
အိုကေ ဒါဆို Adobe Camera Raw Viewer 8.3 သုံးရင် NEF ဖိုင်ကို ဖွင့်နိုင် သိနိုင်ပေမယ့်  ဒီ plug-in ကိုလည်း Version အမျိုးမျိုးနဲ့ ထုတ်ထားလို့ Adobe Photoshop ဘယ် Version ကို သုံးရမလည်း ကြည့်ရအောင်။
https://helpx.adobe.com/camera-raw/kb/camera-raw-compatible-applications.html  ဒီနေရာက Raw viewer နဲ့ သုံးရမယ့် Adobe Photoshop နဲ့ Adobe Lightroom version ကို ပြန်စစ်ကြည့်ရပါမယ်။
ကျွန်တော့် Raw viewer 8.3 သည် Adobe Photoshop  CC နှင့် အထက်ကို အသုံးပြုရပါမယ်တဲ့။  ဒါဆိုရင် ခု သုံးနေတဲ့ Adobe Photoshop CS 5 မှာ RAW 8.3 က အလုပ်မလုပ်နိုင်သေးဘူးတဲ့။  ဒါကြောင့် Adobe Photoshop CC တော့ အနည်းဆုံး ပြန်တင်ရပါတော့မယ်။ 



ဟုတ်ကဲ့ ပြီးပါပြီ။ အတိုချုပ် ပြောရရင်တော့ -
(၁) မိမိ RAW ဖိုင်အမျိုးအစားကို အရင်သိအောင်လုပ်ထား။  ပြီးရင် Raw Plug-in ရဲ့ ဘယ်ဗားရှင်း အသုံးပြုရမယ်ဆိုတာ အောက်ဖော်ပြပါလင့်မှာ သွားရှာ။  သူကတော့ Camera Support လို့ ပြောတာပဲ။

(၂) မိမိ RAW ဖိုင် ဗားရှင်း သိရင် Adobe Photoshop , Lightroom ဘယ်ဗားရှင်နဲ့မှာ ကိုက်မယ်ဆိုတာ ရှာပါ။
ဒီနေရာမှာ ကိုယ် အနည်းဆုံး အသုံးပြုရမယ့် Adobe Photoshop Version ကို စစ်ပါ။  ဒါဆို ဒေါင်းရမယ့်ဟာတွေ အဆင်ပြေပြေ ရနိုင်ပါပြီ။
အများစုက မှားယွင်းစွာ လုပ်ဆောင်တဲ့အချက်က  ကျွန်တော့် စက်က Photoshop အမြင့်တွေ မနိုင်လို့ Adobe Photoshop CS 5 ပဲသွင်းထားတာ  အဲ့ဒီမှာပဲ သုံးချင်တယ်ဆိုရင်တော့ ဆောရီးပါ။  အဲ့လို တင်းခံနေလို့ မရတော့ဘူး။  Plug-in နဲ့ ကိုက်ညီတဲ့ Photoshop , Lightroom ကို ပဲ သုံးရပါလိမ့်မယ်ခင်ဗျာ။
အပေါ်က အဆင့် နှစ်ခုလုပ်ရုံတင်နဲ့ RAW ဖိုင်တွေကို စိတ်ကြိုက်လုပ်လို့ ရပါပြီ။  အဲ့ဒါတွေက ရှုပ်တယ် နားအေးပါးအေးလုပ်ချင်ရင် ။  Photoshop နောက်ဆုံးထွက်တာတင်လိုက်။   Plug-in နောက်ဆုံးထွက်တာ တင်လိုက် အေးဆေးသုံးလို့ရပါပြီ။
Sony RAW ဖိုင်အတွက် သွင်းရမယ့် RAW Viewer က -

Microsoft က ထုတ်ပေးထားတဲ့ RAW Viewer က -
https://www.microsoft.com/en-us/download/details.aspx?id=26829

GoPro အတွက် -

Canon သမားတွေအတွက်က
မိမိ ကင်မရာ မော်ဒယ်အမျိုးအစားကို ရှာပါ။ မိမိအသုံးပြုတဲ့ Windows အမျိုးအစားကို ရှာပါ။  အဲ့ဒါမှ သက်ဆိုင်ရာ ကင်မရာအတွက် အသုံး ပြုရမယ့် RAW Viewer ဖိုင်အပြင် သူ့ရဲ့ Original Software တွေကို ဒေါင်းခွင့် ပြုပါလိမ့်မယ် -

Fujifilm ကင်မရာသမားတွေအတွက်ကတော့ -

ဖိုးခွား(AMMB)




Sunday, February 4, 2018

Muzhiwan, Android Apk Viewer




Android စမတ်ဖုန်းများသည် ယနေ့ မျိုးဆက်သစ်များကြားတွင် လူတိုင်းနီးပါး ပိုင်ဆိုင်နေကြပြီဖြစ်ပါတယ်။ ဒါ့အပြင် လူတိုင်းနီးပါး ဂူးဂဲလ်ရဲ့ PlayStore မှ ဂိမ်းများကို ဒေါင်းလုပ်လုပ်ဖို့ အခက်အခဲမရှိ လုပ်ဆောင်နေနိုင်ကြပြီ ဖြစ်ပါတယ်။  နေ့စဉ်နဲ့အမျှ Android ဂိမ်းများကလည်း အသစ်အသစ်တွေ ထွက်ရှိနေပါတယ်။ ဒီထဲကမှ Muzhiwan APK လေးကတော့ ငွေကြေးပေး ၀ယ်ရတဲ့ ဂိမ်းတွေကို အခမဲ့ ရယူ ဒေါင်းနိုင်အောင် ကူညီပေးနိုင်ပါတယ်။  အင်တာနက်မှာ ရှိတဲ့ Android ဂိမ်းတွေကို အခမဲ့ ရယူသုံးစွဲလိုတယ်ဆိုရင် Muzhiwan APK လေးကို သင့် Android ဖုန်းထဲ သွင်းထားလို့ ရပါတယ်။  

Muzhiwan App ဟာ တရုတ်အမျိုးသားတစ်စုက ရေးသားထုတ်လုပ်ပေးထားတာပါ။  သူက ဂူဂဲလ်ရဲ့ ထုတ်ကုန်မဟုတ်ရပါဘူး။  အဲ့ဒါကြောင့် PlayStore မှာ သွားရှာရင် တွေ့ဖို့ ခက်ခဲနေမှာပါ။  တိုက်ရိုက်ပဲ သူ့ ၀က်ဆိုဒ်ကနေ ဒေါင်းလုပ်ရယူနိုင်ပါတယ်။  Muzhiwan ကို အင်္ဂလိပ် ဘာသာနဲ့ တော့ ရယူ သုံးစွဲနိုင်ဦးမှာ မဟုတ်ပါဘူး။ 

ကျွန်တော်တို့ဆီမှာ တော့ သူ့ကို ဂိမ်းတွေ၊ ဆောဖ့်ဝဲတွေ ဒေါင်းဖို့ထက် ကွန်ပျူတာထဲမှာ ရှိနေတဲ့ Android ဆောဖ့်ဝဲတွေကို သူ့ဆောဖ့်ဝဲ သူ့အရုပ် icon လေးကို မြင်ချင်တဲ့ အတွက် ပဲ အသုံးများပါတယ်။ ကွန်ပျူတာမှာ သုံးဖို့ Muzhiwan for PC ကို ဒေါင်းလုပ်ရယူဖို့အတွက် သူ့ကိုယ်ပိုင်ဆိုဒ်မှာ သွာရောက် ဒေါင်းလုပ်လုပ်နိုင်ပါတယ်။  ရယူဖို့အတွက် - ဒီမှာ နှိပ်ပါ။

သူ့ဆိုဒ်ကနေ ဒေါင်းလို့မရရင် မိမိ ပြန်တင်ပေးထားတဲ့ လင့်ရှိပါတယ်။  ဒီမှာ နှိပ်ပါ။ သူ့ကို ဒေါင်းပြီးရင် သွင်းယူပုံအဆင့်ဆင့်ကို ဖော်ပြပေးပါမယ်။


၁။  ကျွန်တော် တင်ထားပေးတဲ့ လင့်က WinRAR နဲ့ Compress လုပ် ချုံ့ထားပါတယ်။  Double Click နှိပ်ဖွင့်လိုက်ရင် အောက်ဖော်ပြပါပုံအတိုင်းမြင်ရပါမယ်။

( သင့်ဆီမှာ WinRAR ရှိလိမ့်မယ်လို့ ယူဆပါတယ်။  မရှိရင် ကျွန်တော့် ဘလော့ထဲမှာ WinRAR ကို တင်ထားပေးပါတယ်။  ဒေါင်းလိုက်ပါ။ )


၂။  muzhiwan v4.0.0.517 ကို Double Click နှိပ်ပါ။ ခေတ္တ စောင့်ပါ။

၃။  သူက တရုတ်ဘာသာစကားဖြင့်သာ ထုတ်လုပ်ထားပါတယ်။  ကျွန်တော့် စက်ထဲမှာ သူလိုတဲ့ ဘာသာစကားမရှိလို့ ရှိတဲ့ စာတွေကို အစားထိုး ဖော်ပြလို့ ဘာမှန်း ဖတ်မရပါ။  နောက်တစ်ဆင့်ကို ကျော်ဖို့အတွက် .....(N) ဆိုတဲ့ ခလုပ်ကို နှိပ်ပါ။


 ၄။   နောက်  ..... (I) ကိုနှိပ်ပါ။


၅။   ခေတ္တ စောင့်ပါ။


၆။   သွင်းယူခြင်း လုပ်ငန်း ပြီးသွားပါပြီ။  အမှန်ခြစ်ကို တော့ ဖြုတ်ခဲ့လိုက်ပါမယ်။  .....(F) ကို နှိပ်ပါ။