Wednesday, January 3, 2018

Mavis Beacon


ကွန်ပျူတာကို စသင်ယူတော့မယ်ဆိုရင် မဖြစ်မနေလုပ်ရတာကတော့ ကီးဘုတ်ပေါ်ရှိ အက္ခရာရဲ့ တည်နေရာတွေကို မှတ်မိအောင် သင်ကြား သင်ယူရလေ့ ရှိပါတယ်။  အင်္ဂလိပ်စာလက်ကွက်ကို ဦးစွာ သင်ယူရတာ မှန်ကန်တယ်လို့ မြင်မိပါတယ်။   မိမိတို့ တိုင်းရင်းသား ဘာသာစကားစနစ် လက်ကွက်ကို နောက်မှ သင်ယူစေလိုပါတယ်။  လက်ကွက် တစ်ခု မှတ်မိ သိရှိထားပြီးရင် နောက်ထပ် လက်ကွက် အသစ်အတွက် အချိန် အများကြီး ပေးစရာမလိုတော့ပါဘူး။  လေ့ကျင့်ရ လွယ်သွားပါလိမ့်မယ်။

အင်္ဂလိပ်စာလက်ကွက် လေ့ကျင့်ဖို့ ဆောဖ့်ဝဲတွေ အများအပြားရှိပါတယ်။  အဲ့ဒီထဲကမှ Mavis Beacon ဆိုတဲ့ ဒီဆော့ဖ်ဝဲက အခမဲ့ ရယူသုံးစွဲနိုင်ပြီး  သင်ကြားတတ်မြောက်တာ လွယ်ကူတဲ့ အတွက် လူသုံးများပါတယ်။  ရက်သတ္တပတ် ၂ ပတ်အတွင်း တတ်မြောက်သွားစေရမယ်လို့ ဟစ်ကြွေးထားပါတယ်။  ၂ ပတ်ဆိုပေမယ့် တစ်ခါ လေ့ကျင့်ရင် လေ့ကျင့်ချိန်ကို ၄၅ မိနစ်လောက်ပဲ လေ့ကျင့်ရပါတယ်။  တနေကုန် နှိပ်စရာ မလိုပါဘူးခင်ဗျာ။  


Mavis Beacon ကို သွင်းယူဖို့  Setup ဖိုင်ကို Double Click နှိပ်ပါ။


ခေတ္တ စောင့်ပါ။


Setup လုပ်ငန်းစဉ်ရဲ့ ပထမဆုံး  Welcome မြင်ကွင်းပါ။  Next ကို နှိပ်ပါ။


အခမဲ့ သုံးစွဲသော်လည်း  သူ့ရဲ့ သဘောတူညီမှုများကို မိမိတို့ လက်ခံရမှာ ဖြစ်တဲ့အတွက် I accept the terms in the license agreement ကို ရွေးချယ် အစက်လေး ထည့်ပေးပါ။  Next ကို နှိပ်ပါ။


Program Files အောက်ကို သွင်းယူပါမယ်လို့ အကြောင်းကြားခြင်းဖြစ်ပါတယ်။  မိမိဘာသာ တစ်ခြား နေရာမှာ သွင်းထားလိုတယ်ဆိုရင် Change ကိုနှိပ်ပြီး နေရာသစ်ကို သတ်မှတ်ပေးနိုင်ပါတယ်။   ခုတော့ မပြောင်းပါ ခင်ဗျာ။   Next ကို နှိပ်ပါ။


Install လုပ်ငန်းစဉ် စတင်ဖို့ Install ကို နှိပ်ပါ။


ခေတ္တစောင့်ပါ။   သူလိုတာတွေကို သွင်းနေပါတယ်။


သွင်းယူပြီးဆုံးသွားရင်တော့ ဒီမြင်ကွင်းကို ရောက်ပါပြီ။  Finish လုပ်ပါ။

Mavis Beacon ကို ဒေါင်းလုပ်ရယူမယ်ဆိုရင် - 



0 comments:

Post a Comment