စာစီစာရိုက်လုပ်ငန်း အတွက်

စာစီစာရိုက်လုပ်ငန်းအတွက် အသုံးအဆောင်များကို ရှာဖွေ စုဆောင်းထားရှိပေးထားပါတယ်။

ဆောဖ့်ဝဲများကလည်း သင့်လုပ်ငန်းအတွက်ပါ

ကွန်ပျူတာအတွက် အသုံးဝင်သော ဆောဖ့်ဝဲများကိုလည်း တင်ပြထားပေးပါတယ်။ မိမိတို့ လိုအပ်သလို အသုံးချနိုင်ကြပါစေ

စာစီလုပ်ငန်းအတွက် ဒီဇိုင်းလိုအပ်သမျှ

အသင့်သုံး ဒီဇိုင်းများ၊ ဘောင်များ၊ ပန်းကနုတ်၊ ဖောက်စွပ်များ၊ ဖိတ်စာ၊ လိပ်စာတို့တွင် အသုံးပြုသည့် သင်္ကေတများ၊ ရုပ်ပုံများကိုလည်း ထားရှိပေးထားပါတယ်

ရပ်တန့်မသွားသော နည်းပညာ

ကွန်ပျူတာ နည်းပညာ နယ်ပယ်ဟာ ရပ်တန့် မသွားပဲ ရှေ့ကို ခပ်မြန်မြန်သွားနေတဲ့ နည်းပညာပဲ ဖြစ်ပါတယ်။ နောက်ကြမကျန်ရအောင် ဒီဘလော့မှာ အဟောင်းတွေအပြင် အသစ်တွေကိုပါ ဖော်ပြပေးထားပါတယ်

သင်လိုအပ်သမျှ ကွန်မန့်မှာ ရေးခဲ့ပေးပါ

တကယ်လို့ သင့်လုပ်ငန်းအတွက် လိုအပ်နေတာ ဒီထဲမှာ ရှိမနေသေးရင် ကွန့်မန့်မှာ မှတ်ချက်ရေးပြီး တောင်းဆိုခဲ့ပေးပါ။ မကြာမီအချိန်အတွင်း ဖြည့်ဆည်းပေးထားပါမယ်

Tuesday, June 25, 2019

LED Screen Software



စာစီစာရိုက်သမားဆိုတာ အကုန်လုပ်တတ်ရတယ်။  အဲ့လိုဖြစ်နေလားမသိ။  ဟုတ်တော့လည်း ဟုတ်တယ်။

ဘုန်းကြီးကျောင်း၊ စတိုးဆိုင်၊ ကုမ္ပဏီများနှင့် အများမြင်ကွင်းတွင်သော်လည်းကောင်း ဆိုင်ခန်းတွင်းတွင်လည်းကောင်း LED မီးသီးဖြင့် သိစေလိုသော အကြောင်းအရာများကို ကြေငြာပေး အသိပေးလေ့ရှိတဲ့ ခေတ်ကို ရောက်နေပါတယ်။  LeadBorad ကို LED မီးလေးလေးများစွားဖြင့် တစ်ရောင်တည်းသော်လည်းကောင်၊ ဖြူနီဝါပြာစိမ်း စသည်ဖြင့် အရောင်စပ်သော်လည်းကောင်း မိမိတို့နှစ်သက်ရာ အတိုင်းအတာ ပြုလုပ်ပြီး သင်တော်ရာတွင် ချိတ်ဆွဲ ဖော်ပြနေကျလေ့ရှိပါတယ်။

တစ်ရောင်တည်း အသုံးပြုသည့်စနစ်နှင့် ရောင်စုံ အသုံးပြုနိုင်သည့်စနစ်ရှိသည့်အထဲ ဈေးချိုသော တစ်ရောင်တည်းစနစ်ကို မြန်မာပြည်တွင် လူသုံးများသည်။

Led board ပေါ်တွင် ဖော်ပြမည့်စာသားကို ကွန်ပျူတာတွင် မိမိ LedBoard အတိုင်းအတာ (အလျား + အနံ) အတိုင်း ချိန်ညှိပြီး မိမိတို့ ဖော်ပြလိုသည့် စာအရုပ်တို့ကို Transition များဖြင့် စိတ်ဝင်စားဖွယ်ပြသနိုင်ပါသည်။  ထိုသို့ ပြုလုပ်ရန်အတွက် ဆောဖ့်ဝဲကို Huidu  ကုမ္ပဏီမှာ ထုတ်လုပ်ဖြန့်ချိသည့် ဆောဖ့်ဝဲကို အသုံးပြုကျပါတယ်။ HD2014, HD2016, HD2018 စသည်ဖြင့် ထွက်ရှိနေပါပြီ။ အောက်ဖော်ပြပါလင့်မှာ မိမိ အသုံးပြုလိုသော LED display (တစ်ရောင် သို့မဟုတ် ရောင်စုံ) ဆိုင်ရာ ဆော့ဖ်ဝဲကို ဒေါင်းယူနိုင်ပါတယ်။

နောက်ဆုံးထွက် HD2018 က အသစ်ဆိုပေမယ့် ရှေးက ဗားရှင်းအဟောင်းတွေလိုပါပဲ သိပ်တော့ အပြောင်းအလဲမရှိပါဘူး။  နောက်ဆုံးထွက် ဗားရှင်းမှာ System config လုပ်ဖို့အတွက် password က 168 ပါ။



HDSeries Software ကို ဒေါင်းလုပ်ရယူလိုပါက -


HDSeries Software ကို အသုံးပြုနည်း  -

လက်တွေ့လုပ်တာ ကြည့်ရှုလိုပါက -









Wednesday, June 5, 2019

Viber for PC



Viber ဆောဖ့်ဝဲသည် စာတိုပေးပို့ခြင်း နှင့် အင်တာနက်အသုံးပြုပြီး ဖုန်းခေါ်ဆိုခြင်းများကို အခမဲ့ အသုံးပြုနိုင်ပါတယ်။  မိုဘိုင်းဖုန်းပေါ်ကနေဆိုရင်တော့ အင်တာနက်အသုံးပြုပြီး Viber အသုံးပြုသူအချင်းချင်း ဆက်သွယ် အသုံးပြုနိုင်ပါတယ်။  အသုံးပြုသူများလို့ စီးပွားရေးလုပ်ငန်းသုံးအနေဖြင့်ပါ တွင်ကျယ်အသုံးပြုသူများလာပါတယ်။  ဒီအတွက် အဆင်ပြေအောင် ကွန်ပျူတာပေါ်မှာပါ အသုံးပြုနိုင်အောင် Viber ကို ဖြန့်ချိထုတ်လုပ်ပေးထားပါတယ်။

PC အတွက်သီးသန့် ထုတ်လုပ်ပေးထားတဲ့ Viber ကို ရယူလိုပါက -


Saturday, June 1, 2019

ပြည်ထောင်စုဖောင့်




ယခုအခါ Unicode စနစ်ကို လိုက်နာသောဖောင့်အဖြစ်သော်လည်းကောင်း၊ တိုင်းရင်းသား ဘာသာစကားများအတွက် လက်ကွက်စနစ် ပါဝင်ပြီးသားဖြစ်သော ပြည်ထောင်စုဖောင့်ကို ရုံးလုပ်ငန်းသုံးအဖြစ် တရားဝင် သတ်မှတ်ထားပြီးဖြစ်ပါတယ်။  မိမိ ဝန်းကျင် အစိုးရရုံးများမှာလည်း ပြည်ထောင်စုဖောင့်ကိုပဲ အသုံးပြုနေကြပြီ ဖြစ်ပါတယ်။  ပြည်ထောင်စုဖောင့်ကို ရယူလိုပါက အောက်ဖော်ပြပါလင့်မှ ဒေါင်းလုပ်ရယူပါ။  သူက ပြည်ထောင်စုဖောင့်ရော လက်ကွက်စနစ် (Keymagic 2.0.0.6) ပါဝင်ပြီး  မိမိစက်အခြေအနေပေါ်မူတည်ပြီး Pyidaungsu ဖောင့်ကို အလိုအလျောက် ချိန်ညှိသွင်းယူပေးသွားပါလိမ့်မယ်။

ပြည်ထောင်စုဖောင့်ကိုသွင်းယူလိုတဲ့အခါ မိမိအသုံးပြုနေတဲ့ OS Version (Windows 7, Windows 8, 8.1, Windows 10 pro) နှင့် Office Version (Office 2010, Office 2013-up) စသည်ဖြင့် ကိုက်ညီရာကို ရွေးပြီး ဖောင့်ကို ထည့်သွင်းရပါတယ်။  ဖောင့်မှားသွင်းမိရင် အဆင်ပြေပြေ စာလုံးများ မပေါ်နေပါ။

ယခုဖော်ပြပါ Installer ကတော့ သူ့ဘာသာသူ ရွေးချယ် သွင်းပေးပါလိမ့်မယ်ခင်ဗျာ။



ဖောင့်ကို update to date တင်ပေးနေတဲ့ နေရာကတော့ http://unicode.today/ ပါခင်ဗျာ။ သွားရောက်လေ့လာနိုင်ပါတယ်။