စာစီစာရိုက်လုပ်ငန်း အတွက်

စာစီစာရိုက်လုပ်ငန်းအတွက် အသုံးအဆောင်များကို ရှာဖွေ စုဆောင်းထားရှိပေးထားပါတယ်။

ဆောဖ့်ဝဲများကလည်း သင့်လုပ်ငန်းအတွက်ပါ

ကွန်ပျူတာအတွက် အသုံးဝင်သော ဆောဖ့်ဝဲများကိုလည်း တင်ပြထားပေးပါတယ်။ မိမိတို့ လိုအပ်သလို အသုံးချနိုင်ကြပါစေ

စာစီလုပ်ငန်းအတွက် ဒီဇိုင်းလိုအပ်သမျှ

အသင့်သုံး ဒီဇိုင်းများ၊ ဘောင်များ၊ ပန်းကနုတ်၊ ဖောက်စွပ်များ၊ ဖိတ်စာ၊ လိပ်စာတို့တွင် အသုံးပြုသည့် သင်္ကေတများ၊ ရုပ်ပုံများကိုလည်း ထားရှိပေးထားပါတယ်

ရပ်တန့်မသွားသော နည်းပညာ

ကွန်ပျူတာ နည်းပညာ နယ်ပယ်ဟာ ရပ်တန့် မသွားပဲ ရှေ့ကို ခပ်မြန်မြန်သွားနေတဲ့ နည်းပညာပဲ ဖြစ်ပါတယ်။ နောက်ကြမကျန်ရအောင် ဒီဘလော့မှာ အဟောင်းတွေအပြင် အသစ်တွေကိုပါ ဖော်ပြပေးထားပါတယ်

သင်လိုအပ်သမျှ ကွန်မန့်မှာ ရေးခဲ့ပေးပါ

တကယ်လို့ သင့်လုပ်ငန်းအတွက် လိုအပ်နေတာ ဒီထဲမှာ ရှိမနေသေးရင် ကွန့်မန့်မှာ မှတ်ချက်ရေးပြီး တောင်းဆိုခဲ့ပေးပါ။ မကြာမီအချိန်အတွင်း ဖြည့်ဆည်းပေးထားပါမယ်

Sunday, March 22, 2020

Windows XP iso

မိုက်ခရိုဆောဖ့် ကို Windows NT အနွယ်ဝင် Operating System ကို ဩဂုတ်လ ၂၄ ရက်, ၂၀၀၁ ခုနှစ်တွင်  Windows XP ဟုခေါ်တွင်စေခဲ့ပါသည်။ အကြီးအကျယ် အောင်မြင်မှုရယူနိုင်ခဲ့သည်။ စက်အစိတ်ပိုင်းများအတွက်အထောက်အပံ့ပေးခြင်း၊ စွမ်းဆောင်နိုင်ရည်မြင့်ခြင်း (အဲ့တုန်းက သူပြိုင်စရာဆိုလို Windows ME ပဲရှိတာကိုး)၊ ရုပ်သံစွမ်းဆောင်ရည် အဆင့်မြင့်တင်လာနိုင်ခြင်းတို့ကြောင့် လူကြိုက်များခဲ့သည်။
ဧပြီလ ၈ ရက်နေ့, ၂၀၁၄ ခုနှစ်တွင် နောက်ဆုံး အထောက်အပံ့ပေးမှုများကို တရားဝင် ရပ်ဆိုင်းခဲ့သည်။
ဆက်လက်သုံးဆွဲနေကြသည့်သူများကို ရှိဆဲပါ။ ၂၀၁၉ ခုနှစ်တွင် စွမ်းရည်မြင့် ransomware threats ဝင်ရောက် တိုက်ခိုက်ခြင်းခံရသည်။ ဩဂုတ်လ ၂၀၁၉ ခုနှစ်တွင် ဆက်လက်သုံးစွဲနေသူများကို Games of Windows XP ကဏ္ဍကို ပိတ်သိမ်းခဲ့ရသည်။ ၂၀၂၀ ဖေဖေါ်ဝါရီ မှတ်တမ်းများအရ Windows XP ကို ကမ္ဘာအနှံ့အပြားတွင် ၁.၂၅ % သုံးစွဲနေကြောင်းသိရသည်။ အာမန်နီယားနိုင်ငံတွင် ၄၀.၇၆% ၊ တရုပ်နိုင်ငံတွင်  ၃.၉၄ % သုံးစွဲနေကြကြောင်းသိရှိရသည်။



Monday, March 16, 2020

ပြည်ထောင်စုဖောင့် အခက်အခဲ ရှင်းခြင်း (Windows, Mac)


ယူနီကုတ်စနစ်ကို လိုက်နာ‌‌‌သော ပြည်ထောင်စုဖောင့်ကို ကွန်ပျူတာနစ်တွင် အသုံးပြုရာ ‌တွေ့ကြုံရသည့် အခက်အခဲများကို ‌ဖြေရှင်းချက် မှတ်တမ်း‌ရေး‌ထည့်ထားပါမည်။

ယူနီကုတ်အသုံးပြုရန် ကြိုတင်ပြင်ခြင်း
     (၁) ဇော်ဂျီဖောင့်နှင့် လက်ကွက်စနစ် အဟောင်းများ ဖယ်ရှားခြင်း
     (၂)  ကီးဘုတ် Keyboard အဟောင်းများ ဖယ်ရှားခြင်း
     (၃)  မိမိကွန်ပျူတာတွင် Windows , Mac စနစ် ဗားရှင်း ဘယ်လောက်သုံး‌‌နေသလဲ မှတ်သားပါ။
     (၄)  စာစီစာရိုက် ပရိုဂရမ်က ဗားရှင်း ဘယ်လောက် သွင်းယူထားလည်း မှတ်သားပါ။
     (၅)  ပြည်ထောင်စုဖောင့် နှင့် ကီးဘုတ် လက်ကွက်စနစ် ထည့်သွင်းခြင်း
     အထက်ပါ အချက်ငါးချက် ဖြင့် ယူနီကုတ်စနစ် ကောင်းမွန်စွာ အလုပ်လုပ်နိုင်စေရန် ဆိုင်ရာကဏ္ဍအလိုက် ကိုက်ညီသည်များကို ထည့်သွင်းရန်သာ ရှိတော့သည်။

(၁) ဇော်ဂျီဖောင့်နှင့် လက်ကွက်စနစ် အဟောင်းများ ဖယ်ရှားခြင်း
     Windows Userများက နဂိုထည့်သွင်းထားသည်များ ဇော်ဂျီစနစ်ကို ဖယ်ထုတ်သင့်ပါသည်။ Arial ဖောင့်ကို သုံးစွဲထားသည့်ဇော်ဂျီဆိုလျင် Arial ဖောင့်နှင့် ပတ်သက်သမျှ ဖောင့်များကို ဖျက်ထုတ်သင့်ပါသည်။ Font ဖျက်လိုပါက C:\Windows\Fonts\ (or) Control Panel > Fonts အခန်းတွင်ရှိပါသည်။
     Alpha Zawgyi ...., Zawgyi Alpha .... စသည်တို့ကိုလည်း Control Panel > Program and Feature မှာ ရှာဖွေပြီး Uninstall လုပ်ပါ။  Computer ကို Restart လုပ်ပါ။

      Mac User များက Font Book တွင် ဇော်ဂျီသွင်းယူထားစဉ်လုပ်ခဲ့ရသော Zawgyi-One ကို Disable သို့မဟုတ် Off လုပ်ပါ။  MMFontFallBack ကို Back to Original လုပ်ပါ။  မူလပါရှိသော မြန်မာဖောင့်များကို မူလအတိုင်းထားရှိပါ။  တကယ်ဆို Mac OS update သုံးစွဲသူများက မြန်မာ ယူနီကုတ်ဖောင့်ကို ဘာမှ ပြုပြင်စရာမလိုပဲ သုံးစွဲနိုင်ပါတယ်။

      ဖောင့်ကို ဖယ်ရှားရာ၌ ပြည်ထောင်စုဖောင့် သစ်သစ်ဟောင်းဟောင်း ဖယ်ထုတ်ပစ်ပါ။ Pyidaungsu အမည်ပါဖောင့်များကို ဖယ်ရှားပါ။  Myanmar3 လည်း ဖယ်ရှားပါ။ ကုန်ပြီဆို နားအေးသွားပြီ။ :D

     (မှတ်ချက် ။     ။ တစ်ချို့ အသုံးပြုသူများက ဇော်ဂျီကို ဆက်လက်သုံးဆွဲဖို့ မဖြစ်မနေ လိုအပ်လျက်ရှိနေ တတ်သည်။ သူ့အတွက် ချွင်းချက်ထားပြီး မဖြုတ်ချင်လည်း ရပါသည်။ သူတို့အတွက် ဖောင့်ကို Zawgyi-One.ttf ထားရှိပေးလျင် လုံလောက်သည်။)


(၂)  ကီးဘုတ် Keyboard စနစ်အဟောင်းများ ဖယ်ရှားခြင်း
      ဇော်ဂျီ ကီးဘုတ် အဟောင်းများကို ဖယ်ရှားဖို့ အထက်စာပိုဒ်ပါအတိုင်း လုပ်ဆောင်နိုင်ပါသည်။  သီးခြားအမည်နှင့် ကီးဘုတ်များမှာ -
  • Tavultesoft Keyman 6.2 and older version 
  • Keyman 7, 8, 9 စသည့် အဟောင်းများကို Uninstall လုပ်ပြီး ဖယ်ရှားပါ။
  • KeyMagic (ယနေ့ March, 2020 တွင်  ဗားရှင်း 2.0.1.1 ကိုဖြန့်ချိထားပါသည်)
  • အထက်ပါ ဗားရှင်း အဟောင်းများကို Uninstall လုပ်ပါ။ 

(၃)  မိမိကွန်ပျူတာတွင် Windows , Mac စနစ် ဗားရှင်း  မှတ်သားခြင်း
   
     Windows အသုံးပြုသူများ -
  • Win + R နှိပ်ပါ။
  • winver လို့ရိုက် Enter နှိပ်ပါ။

  • သိရပါပြီ Windows 10 (Version 1903 (OS Build 18362.657) 


     Mac Os အသုံးပြုသူများ - 
  • Apple Logo ကို ကလစ်နှိပ်ပါ။
  • About This Mac ကို နှိပ်ပါ။


  • macOS Cataline Version 10.16.1 လို့သိရပါပြီ။


(၄)  စာစီစာရိုက် ပရိုဂရမ်က ဗားရှင်း မှတ်သားခြင်း
      အများအားဖြင့် Microsoft Office 2007, 2010, 2013, 2016, 2019, 365 တို့ကို အသုံးပြုသူများပါတယ်။  ကွဲကွဲပြားပြား သိရှိမှ မှန်ကန်တဲ့ ပြည်ထောင်စုဖောင့်ကို သွင်းယူနိုင်ပါမယ်။
      Office Version သိဖို့ ဖွင့်သာကြည့်လိုက်ပါ။ Microsoft Office Word or Word ဖွင့်လိုက်ရင် ပေါ်လာသည့် Splash screen မှာ ကြည့်နိုင်ပါတယ်။ 



ဒါဆို Offcie 2019 ပေါ့။  Mac user တွေလည်း ၎င်းအတိုင်း ဖွင့်သာကြည့်ပြီး မှတ်သားထားပါ။


     တကယ်ဆို အပေါ်က လုပ်ငန်းစဉ်တွေက အဟောင်းရှင်းတာပါ။ အရေးကြီး ဦးစားပေးလုပ်ဖို့လည်း လိုပါတယ်။  အပေါ်က အဆင့်တွေ ပြီးပြီဆို ဖောင့် + ကီးဘုတ် သွင်းယူတဲ့ လုပ်ငန်းတွေစပါမယ်။ 
     ခုမှ ပြည်ထောင်စုဖောင့်သွင်းမည့်သူ၊ Windows အသစ်တင်ထားသူများက လုပ်စရာမလိုဘူးပေါ့။

(၅)  ပြည်ထောင်စုဖောင့် နှင့် ကီးဘုတ် လက်ကွက်စနစ် ထည့်သွင်းခြင်း

ဖောင့်သွင်းယူခြင်း
  • Windows 7, XP user တွေက Microsoft Office ကို 2010 သာထည့်သွင်းအသုံးပြုသင့်ပါတယ်။
          Pyidaungsu Regular 1.8.3
          Pyidaungsu Bold 1.8.3
          Pyidaungsu Numbers 1.8.3
          Myanmar3 2018
  • Windows 8, 8.1, 10 user တွေက Microsoft Office ကို 2013, 2016, 2019, 365 တို့အနက် နှစ်သက်ရာ ထည့်သွင်း အသုံးပြုသင့်ပါတယ်။
           Pyidaungsu Regular 2.5.3
           Pyidaungsu Bold  2.5.3
           Pyidaungsu Numbers 2.5.3
           Myanmar3 2018
  • Adobe Product များဖြစ်တဲ့ Photoshop, Illustrator, InDesign သမားများအတွက် ဖော်ပြပါဖောင့်ကို အသုံးပြုနိုင်ပါတယ်။
          Pyidaungsu Book Regular 1.8
          Pyidaungsu Book Bold 1.8
(ယနေ့ ပိုစ့်တင်နေသည် အချိန်မှာ Pyidaungsu Book fonts တွေ ကို မူရင်းဆိုဒ်မှ ဒေါင်းလုပ်ရယူခွင့် ပိတ်ထားသည်ကို တွေ့ရပါသည်။  ကျွန်တော် လက်တွေ့ ယူနီကုတ်ဖောင့်ကို Windows 10, PS 2019, InDesing 2019 သုံးကြည့်တဲ့အခါ Pyidaungsu Book fonts မဟုတ်လည်း သုံးလို့ရနေပါသည်။ PS layer တွေကို မြန်မာ အမည်ပေးရတာ အရသာတစ်ခုပါပဲ။ မိုက်တယ်။ အဲ့တော့ ဟိုးအပေါ်က Unicode ဖောင့်သာ မှန်အောင် သွင်းယူထားရင် Adobe မှာလည်း အဆင်ပြေနေပါတယ်။

အပေါ်က ဖော်ပြချက်အတိုင်း မိမိဝင်းဒိုးနှင့် ကိုက်ညီရာဖောင့်ကို ဒေါင်းလုပ်ရယူ သွင်းယူလိုက်ပါ။

တကယ်လို အခက်အခဲဖြစ်နေတယ်ဆိုရင် အလိုအလျောက် ဖောင့် သွင်းတဲ့ စနစ်ကို အောက်မှာ ရယူပါ။ သူက ကိုက်ညီတဲ့ ဖောင့်ကို သူ့ဘာသာ စစ်ဆေးပြီး သွင်းပေးပါမယ်။

ဒီအဆင့် ဟာ ဖောင့် ကိုသွင်းယူတဲ့ အဆင့် ပြီးပါပြီ။


ကီးဘုတ်စနစ် သွင်းခြင်း
ကွန်ပျူတာသုံး မြန်မာယူနီကုတ်စနစ်အတွက် ရေးသားနိုင်သည့် ကီးဘုတ်စနစ်တို့မှာ -

  1. Mac OS, Windows OS 8, 8.1, 10 တို့တွင် မူလကပါရှိသည့် ကီဘုတ်လက်ကွက်စနစ်
  2. Keymagic 
  3. Keyman Desktop
🔆 Windows 7 အသုံးပြုသူများအတွက် Keymagic ကို သုံးခြင်းသည် အကောင်းဆုံးနည်းလမ်းဟုမြင်သည်။

🔆 Windows 8, 8.1, 10 အသုံးပြုသူများအတွက် (၃) ခုစလုံးသုံးနိုင်သည်။
  • Windows 8, 8.1 စနစ် ကို တတ်နိုင်သမျှ Latest Update ရယူပါ။  Update မရယူနိုင်လျှင် မူလ ပါ ကီးဘုတ်စနစ်ကို မသုံးပဲ Keymagic သို့မဟုတ် Keyman Desktop ကို သုံးသင့်ပါသည်။
  • Windows 10 ကိုလည်း နောက်ဆုံး Latest Update ရယူအသုံးပြုပါ။  System Update ဖြစ်နေခြင်းသည် အခက်အခဲများကို ပြေလည်စေပါသည်။
  • Windows 8,8.1 (need to update), 10 မူလပါ ကီးဘုတ်သွင်းပါမယ်။
Start > Setting > Time & Language
ဘယ်ဘက် အခြမ်းမှ Language > ➕ Add  a preferred language
Search Box တွင် Burmese ကိုရှာပါ။
မြန်မာ (Burmese) တွေ့လျင် Next နှိပ်ပါ။
(အင်တာနက်တောင်းလျင် အင်တာနက် ချိတ်ပေးလည်း ရသည်။ မချိတ်လည်း ရသည်)
  • မူလ စနစ်ပါ လက်ကွက်တွင် Visual Order = သင်ပုံးကြီးအတိုင်းရိုက်ခြင်းစနစ် ၊ Phonetic Order = သဝေထိုး နောက်မှရိုက် စနစ် ဟူ၍ နှစ်မျိုးပါရှိပါသည်။ Visual Order ကို အသုံးများပါသည်။ Visual Order စနစ်ကို အလိုအလျောက်ထည့်သွင်းပေးထားပါလိမ့်မည်။
  • မူလ စနစ်တွင် ပါဝင်သော လက်ကွက်စနစ်ထည့်သွင်းခြင်း ပြီးပါပြီ။
🔆 Keymagic သွင်းယူခြင်း
  •  Keymagic ကို နောက်ဆုံးဗားရှင်း ဒေါင်းလုပ်ရယူသုံးပါ။ ယနေ့ပိုစ့်ရေးသည့်အချိန်တွင် Version 2.0.1.0 ရောက်ရှိနေပါသည်။
  • မူလရင်းမြစ်နေရာမှ ရယူလိုပါက - https://keymagic.net/
  • KeyMagic-v2.0.1.0.exe ကို ကလစ် နှစ်ချက်နှိပ်ပါ။ 
    • I accept ကိုရွေးပါ။ Next > နှိပ်ပါ။
    • Next >
    • Create Desktop Shortcut တွင် အမှန်ခြစ်ထည့်၊ Next >
    • Install
    • အမှန်ခြစ် နှစ်ခုလုံးထည့်ပါ။ Finish
    • Keymagic မြင်ကွင်းပေါ်လာပါမည်။

      • ဇော်ကုဒ် = ယူနီကုတ်ကီးဘုတ်ကို ဇော်ဂျီလက်ကွက်အတိုင်းရိုက်ဖို့ 
      • myWin2 = ဝင်းလက်ကွက်စနစ်အတိုင်း သုံးနိုင်ဖို့
      • မြန်စံ (Smart) = မြန်မာ ၃ ဖောင့်ကို ရိုက်ဖို့
      • ဇော်ဂျီ = မူလဇော်ဂျီ လက်ကွက် စနစ်များကို အသုံးမပြုလိုက Remove လုပ်နိုင်သည်။
      • Remove လုပ်လိုက်သဖြင့် မြန်စံ(Smart) ကီးဘုတ်ပြန်ရယူလိုပါက km2 ကီးဘုတ်ဖိုင်များ သွင်းယူပေးနိုင်ပါသည်။
      • ရယူနိုင်သည့် နေရာက - https://github.com/thantthet/keymagic-keyboards
    • မြန်မာ၃ ဖောင့်သည် ယူနီကုတ်ဖောင့် ဖြစ်သော်လည်း တိုင်းရင်းသားစာ များအတွက် မပါရှိလို့ တိုင်းရင်းသားစာများကို ထပ်မံဖြည့်သွင်းပြီး ပြည်ထောင်းစု ဖောင့်ကို ဖြန့်ချိပေးခြင်းဖြစ်သည်။ သို့အတွက် တိုင်းရင်းသား စာများကို ရေးဖို့ km2 ကီးဘုတ်များကိုလည်း ထောက်ပံ့ပေးထားသည်။ တိုင်းရင်းသား ကီးဘုတ်များကို ရယူလိုပါက - https://github.com/thantthet/keymagic-keyboards ရယူပါ။
  • Mac User များအတွက်
    • https://keymagic.net/downloads/ ကီးဘုတ်ဒေါင်းလုပ်ရယူနိုင်ပါတယ်။
    • လက်ကွက် km2 ကို အဆိုပါ ဆိုဒ်မှ ထည့်သွင်းရမည့် နေရာကို ညွှန်ပြထားပါတယ်။
    • Run the downloaded installer.
    • After installation is done. Click Log Out to log out and then login back.
    • Open System Preferences -> Language & Text.
      1. Select Input Sources tab
      2. Find KeyMagic
      3. Check KeyMagic
      4. Then, check Show Input menu in menu bar too
    • Installation is finished. Select KeyMagic from Input menu and start using it.
    • You can use Hotkey (⌘+Space OR Control+Space) to switch KeyMagic’s keyboard layouts.
🔆 Keyman Desktop သွင်းယူခြင်း

  • ယူနီကုတ်ကီးဘုတ်အတွက် ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ပေးနေသည့်အဖွဲ့အစည်း ဖြစ်သည်။ ယခုအခါ အခမဲ့ သုံးစွဲခွင့်ပေးသည်။ ယနေ့ Keyman Desktop 13.0 အထိ ထွက်ရှိပြီးဖြစ်ပါသည်။
  • Windows User အတွက် Keyman Desktop ဆောဖ့်ဝဲဒေါင်းလုပ်ရယူရန်နေရာ https://keyman.com/desktop/
  • Mac user အတွက် ဒေါင်းရမည့် နေရာက - https://keyman.com/mac/
    • ဒေါင်းလုပ်ရယူထားသည့် ဖိုင်ကို ကလစ် နှစ်ချက် နှိပ်ပါ။
    • Install Keyman Desktop (နမူနာ ၁၁.၀ ဖြင့် ပြသည်) ကို နှိပ်ပါ။
    • Start Keyman ကိုနှိပ်လျင် ပြီးပါပြီး။ သို့သော် မြန်မာစာ လက်ကွက်စနစ် PyidaungsuMM-2.kmp ဖိုင် မပါသေးပါ။


  • မြန်မာ လက်ကွက်စနစ်သွင်းရန် PyidaungsuMM-2.1.kmp ဖိုင်ကိုဒေါင်းယူပြီး ကလစ်နှစ်ချက်နှိပ်သွင်းယူလိုက်ပါ။ သူဘာသာသူ သွင်းပြီးလျင် မြင်ကွင်းမှာ ကီးဘုတ် ပုံစံပေါ်လာပါလိမ့်မည်။
  • ဒါဆို Keyman Desktop + Pyidaungsu MM ကီးဘုတ်နှင့် လက်ကွက် စနစ် သွင်းယူပြီးပါပြီ။

အပေါ်က အဆင့်ဟာ ကီးဘုတ် ၃ မျိုး ရဲ့ တစ်ခုစီ သွင်းယူပုံဖြစ်ပါတယ်။ ဝင်းဒိုးအတွက်သာ အဆင့်ဆင့် သွင်းယူရပေမယ့် Mac OS အတွက် အခက်အခဲ မရှိလွယ်ကူစွာသွင်းယူနိုင်သည့်အတွက် အကျယ် မရေးတော့တာ ခွင့်လွတ်ပါ။
သတိ ကီးဘုတ်သုံးမျိုး ရှိပေမယ့် တစ်ခုသာ သွင်းယူ အသုံးပြုပါ။ သွင်းယူထားသည့် ကီးဘုတ်နှင့် MS Word, MS Excel နှစ်ခုစလုံးတွင် မြန်မာစာ ရေးစမ်းကြည့်ပါ။ နှစ်နေရာလုံး မှန်လျင် အိုကေပေါ့။  စာလုံးပေါင်း မမှန်လျင် သွင်းယူထားသော ကီးဘုတ်စနစ်ကို ဖြုတ်ပါ။ နောက် ကီးဘုတ်ကို သွင်းယူပါ။
ကီးဘုတ်တစ်ခု တည်းကိုသာ သုံးစွဲပါ။  
ယူနီကုတ် ကီးဘုတ်နှင့် လက်ကွက် စနစ် အဆင်ပြေပြေ ထည့်သွင်း နိုင်ပါစေ။   တကယ်လို့ အဆင်မပြေရင် ကွန်မန့်မှာ မှတ်ချက် ရေးခဲ့ပါ။ အချိန်မှီ ဖြေကြားနိုင်ဖို့ ကြိုးစားပေးပါမယ်။ 
  
======================================================
(၁) ၂၂ - ၃ -၂၀၂၀ ရက်နေ့တွင် ကီးဘုတ်ပုံ ပေါင်းထည့်ခဲ့သည်။
(၂) ၂၂ - ၃ - ၂၀၂၀ ရက်နေ့တွင် Microsoft Office Word Fix ကိုရေးသွင်းခဲ့သည်။
(၃) ၃-၄-၂၀၂၀ ရက်နေ့တွင် Mac OS catalina အတွက် Fix ရေးသွင်းခဲ့သည်။
(၄) ၂၄-၈-၂၀၂၁ ရက်နေ့တွင် Mac OS , Excel စာ အမှန် ပေါ််အောင်အတွက် ဖြေရှင်းချက် ရေးခဲ့သည်။
======================================================
(၁) ပြည်ထောင်စု လက်ကွက်စနစ်ပုံ


(၂) Microsoft Office Word Fix
ပြည်ထောင်စုဖောင့်ကို Microsoft Office Word တွင် ရေးသားရာ အခက်အခဲ့ ဖြစ်သူများ၊ ဝိရာမ လက္ခဏာ ပေါ်နေသူများ၊ ပဒ်ဆင့် မမှန်သူများအတွက် ပုံပြပါ အမှတ်စဉ် အတိုင်း လုပ်ဆောင်ပါ။



OK နှိပ်ပြီး ထွက်ခဲ့ပါ။ ပြည်ထောင်စုလက်ကွက် မှန်ကန်စွာ ရေးနိုင်ပါပြီ။

(၃) Mac အတွက် မြန်မာစာပေါ်အောင် Fix
     Mac OS catalina အတွက် Unicode fonts ပေါ်အောင် အတွက် အထူးပြုပြင်စရာ မလိုပါ။  သူ့မှာပါတဲ့ Myanmar text ဖောင့် နှင့် Burmese စာရိုက်စနစ်ကိုသာ သုံးပါ။ 
     MS office 2019 အထိ မြန်မာစာမှန်ပါတယ်။ ဇော်ဂျီစာများရိုက်လျင်တော့ ရေးလို့ရပြီး စာတွေ Alignment မမှန်ပါ။ Myanmar 3, Myanmar text စာရိုက်မှ Alignments မှန်ပါတယ်။ 

(၄) Mac အတွက် Office Excel  မြန်မာစာ မမှန်ရင် - Fix
 MS office Excel မှာ ‌ရေးသွင်းနေတာ စာအမှန် မပြရင် နဂိုပါတဲ့ Myanmar MN ဖောင့်ကိုသာသုံးပြီးရေးပါ။ တခြား Pyidaungsu, Pyidaungsu Number, Myanmar 3 တွေလည်း အမှန်မပြဘူးဆိုရင်ပေါ့။