စာစီစာရိုက်လုပ်ငန်း အတွက်

စာစီစာရိုက်လုပ်ငန်းအတွက် အသုံးအဆောင်များကို ရှာဖွေ စုဆောင်းထားရှိပေးထားပါတယ်။

ဆောဖ့်ဝဲများကလည်း သင့်လုပ်ငန်းအတွက်ပါ

ကွန်ပျူတာအတွက် အသုံးဝင်သော ဆောဖ့်ဝဲများကိုလည်း တင်ပြထားပေးပါတယ်။ မိမိတို့ လိုအပ်သလို အသုံးချနိုင်ကြပါစေ

စာစီလုပ်ငန်းအတွက် ဒီဇိုင်းလိုအပ်သမျှ

အသင့်သုံး ဒီဇိုင်းများ၊ ဘောင်များ၊ ပန်းကနုတ်၊ ဖောက်စွပ်များ၊ ဖိတ်စာ၊ လိပ်စာတို့တွင် အသုံးပြုသည့် သင်္ကေတများ၊ ရုပ်ပုံများကိုလည်း ထားရှိပေးထားပါတယ်

ရပ်တန့်မသွားသော နည်းပညာ

ကွန်ပျူတာ နည်းပညာ နယ်ပယ်ဟာ ရပ်တန့် မသွားပဲ ရှေ့ကို ခပ်မြန်မြန်သွားနေတဲ့ နည်းပညာပဲ ဖြစ်ပါတယ်။ နောက်ကြမကျန်ရအောင် ဒီဘလော့မှာ အဟောင်းတွေအပြင် အသစ်တွေကိုပါ ဖော်ပြပေးထားပါတယ်

သင်လိုအပ်သမျှ ကွန်မန့်မှာ ရေးခဲ့ပေးပါ

တကယ်လို့ သင့်လုပ်ငန်းအတွက် လိုအပ်နေတာ ဒီထဲမှာ ရှိမနေသေးရင် ကွန့်မန့်မှာ မှတ်ချက်ရေးပြီး တောင်းဆိုခဲ့ပေးပါ။ မကြာမီအချိန်အတွင်း ဖြည့်ဆည်းပေးထားပါမယ်

Sunday, June 24, 2018

Aspire E 14 Touch _ VGA Driver



Acer ရဲ့ Aspire E 14 Touch - E5-471PG-55UX  အမှတ်တံဆိပ်လက်တော့ ကို Windows 10 (64bit) တင်အသုံးပြုတဲ့အခါ သူ့ရဲ့ VGA Driver ကို မသိဘူးဖြစ်နေပါတယ်။  သူက Intel Graphic နဲ့  3D Display Driver အတွက် Nvidia GeForce 820M (2GB) ကို သုံးပါတယ်။  Windows 7 ကနေ Windows 10 (64bit) ကို upgrade လုပ်တဲ့အခါ Display Driver တွေ သိလည်း မသိဘူး သွင်းလို့လည်း မရဘူး ဖြစ်နေပါတယ်။
 Windows 10 တင်ပြီးနောက် အင်တာနက်ကို ကွန်ပျူတာမှာ ချိတ်ပြီး https://drp.su ကနေ Driver တွေကို သွင်းယူဖို့ ကြိုးစားတဲ့အခါ nVidia GeForce 820M ကို 3D Display Missing အနေနဲ့ ပြပါတယ်။  DriverPack Solution နဲ့မရလို့ နောက် Snappy နဲ့ သွင်းဖို့ ကြိုးစားလည်း သူက nVidia Graphic card ကို မရှိဘူး မသိဘူးကြည့် ပြောနေပါတယ်။
ဒါကြောင့် Snappy Driver နဲ့လည်း အင်တာနက်အသုံးပြုပြီး သွင်းကြည့်တယ်။ မသိဘူး မရှိဘူးတဲ့ Graphic card ကလေ။  သူ့ဘာသာသွင်းယူမယ့် Driver Pack ကပါ မသိဘူးဆိုတော့ နောက်ဆုံး Windows Driver Update ကို သုံးရပါတော့တယ်။
ဟုတ်ကဲ့ မှန်ပါတယ်။  ကျွန်တော်တို့က  Device Manager မှာ 3D Display ကို Automatic Update လုပ်ပေးလိုက်ပါ။  Windows ကနေ သူနဲ့ ကိုက်ညီတာ ရှာပေးပါလိမ့်မယ်။   Windows  Driver Installer နဲ့ ကြမှ သူ့ဘာသာ VGA Driver ကို သိသွားပါတော့တယ်။

Windows Driver Update ကလည်း ဒီနေရာမှာ အသုံးဝင်သွားပြန်ရော။ 




Saturday, June 23, 2018

နမူနာ ဖိတ်စာ ဖိတ်ကြားလွှာ စာကိုယ် လေ့လာနိုင်ရန်


ဒီစာမျက်နှာမှာ နယ်ပယ်မတူတဲ့ ဖိတ်စာအမျိုးမျိုးကို online ကနေ ရှာဖွေ စုဆောင်းပေးထားပါတယ်။  ဘာလုပ်ဖို့အတွက်လည်းဆိုတော့ ဖိတ်စာတစ်စောင် customer က လာအပ်တဲ့အခါ တစ်ခါတစ်ခါ ဖိတ်စာ စာကိုယ်ကို ဘယ်လိုရေးရမယ်မှန်း မသိဘူးဖြစ်တတ်ပါတယ်။  သူများတွေ ဒီလိုရေးထားတယ်ဆိုတာ သိရအောင်လို့ နမူနာ ကြည့်ဖို့ ရှာဖွေ စုဆောင်းထားတာပါ။  

ကျွန်တော်တို့ မြန်မာတွေ ပွဲတွေကို ၁၂ လရာသီ ပွဲတွေလုပ်တယ်။  အခါမရွေး ပွဲတွေလုပ်တယ်။  ဒီအတွက် မြေပြန့်ဒေသ တောင်ပေါ်ဒေသ ပွဲတွေကို ဖိတ်ကြားတာတွေက မတူတာကို စာကိုယ်စာတွေ ဖိတ်ကြားစာတွေ မတူ ထူးခြားတာတွေကို သတိထားမိပါတယ်။   ဒါအပြင် အခြား ဘာသာဝင်တွေရဲ့ ဖိတ်ကြားလွှာ နမူနာပုံစံတွေပါ တွေ့ရင် တွေ့သလို ရှာဖွေ ထည့်သွင်းပေးထားပါတယ်။  



အချိန်ရရင် နောက်ထပ် အသစ်တွေ ကဏ္ဍမတူတာတွေ တွေ့ရင် ထပ်ဖြည့်ပေးထားပါမယ်။



မိမိလိုချင်တဲ့ ဖိတ်စာခေါင်းစဉ် ပါလား သိချင်ရင် Ctrl + F နှိပ်ပါ။  Find လုပ်ချင်တာပါ။  မိမိဖိတ်စာနာမည် ခေါင်းစီးကို အနည်းငယ်လောက် ရေးထည့်ပါ။  ရှာကြည့်ပါ။


64th Anniversary of Burmese Martyrs Day.jpg
Dr Cynthia's 53rd Birthday.jpg
drcyn_birthday_card_5.jpg
World Environmental Day ဖိတ်ကြားလွှာ.jpg

ကုမ္ပဏီဖွင့်ပွဲ နှင့် ရှေ့လုပ်ငန်းစဉ်များ မိတ်ဆက်ပွဲ အခမ်းအနား ဖိတ်ကြားလွှာ.jpg

ကွယ်လွန်သူ ရည်စူး အလှူတော်မင်္ဂလာ ဖိတ်ကြားလွှာ.jpg

ခင်မင်ရင်းနှီးစွာဖြင့် ဖိတ်ကြားအပ်ပါသည်။.jpg

ခရစ္စမတ် (၉)ရက် ဝိပဿနာ တရား စခန်းပွဲ ဖိတ်ကြားလွှာ.jpg

ဂရုဓမ္မ အခါတော်နေ့.jpg

ဂုဏပူဇော်ပွဲ ဖိတ်ကြားလွှာ.jpg

ဂုဏ်ပြုမှတ်တမ်းလွှာ.jpg

ဂုဏ်ပြုကြိုဆိုပွဲ.jpg

ဂုဏဝိညိန သဘင်ပူဇော်ပွဲ နှင့် ဝါဆိုသင်္ကန်း ဆွမ်းကပ် အလှူ ဖိတ်ကြားလွှာ.jpg

စတုတ္ထအကြိမ်မြောာက် ထေရဝါဒ တရားအလှူတော် မင်္ဂလာ ဖိတ်ကြားလွှာ.jpg

စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနား ဖိတ်ကြားလွှာ.jpg

စာအုပ်မိတ်ဆက်ပွဲ ဖိတ်ကြားလွှာ.jpg

စာပေမြတ်နိုးသူများအသင်း မန္တလေး စာပေခရီးစဉ် ဖိတ်ကြားလွှာ.jpg

စာရေးဆရာ တာရာမင်းေ၀ (၉)နှစ်ပြည့် အောက်မေ့ဖွယ်.jpg

စိုက်ပျိုးခြင်းဆိုင်ရာ ဆွေးနွေးပွဲ ဖိတ်ကြားလွှာ.jpg

စုပေါင်း ဘုံကထိန် သင်္ကန်းအလှူပွဲ ဖိတ်ကြားလွှာ.jpg

စုပေါင်း ဘုံကထိန်ပွဲတော် Chinese လိုစာပါ.jpg

စုပေါင်း ရှင်ပြု ရဟန်းခံ အလှူ.jpg

စုပေါင်း ရှင်ပြု ရဟန်းခံပွဲ.jpg

စုပေါင်း သက်ကြီးပူဇော်ပွဲ ဖိတ်ကြားလွှာ.jpeg

ဆရာကြီး သခင်ကိုယ်တော်မှိုင်း ၁၄၁ နှစ်မြော်က မွေးနေ့ အခမ်းအနား ဖိတ်ကြားလွှာ.jpg

ဆွမ်းပဒေသာပင် ကုသိုလ်ရှင် မှတ်တမ်းတင် ဂုဏ်ပြုလွှာ.jpg

ဇီဝိတဒါန ငါးလွှတ်ပွဲနှင့် သက်ကြီးပူဇော်ပွဲ အလှူ.png

ဇူလိုင် (၇) ရက် အရေးတော်ပုံ အောက်မေ့ဖွယ် အခမ်းအနား ဖိတ်ကြားလွှာ.jpg

ဌာပနာ ပူဇော်ပွဲ နှင့် သိက္ခာထပ် ရဟန်းခံ ရှင်ပြု အလှူတော် မင်္ဂလာ.jpg

တက္ကသိုလ်ဝင်တန်းအောင် ဂုဏ်ပြုပွဲ အခမ်းအနား ဖိတ်ကြားလွှာ.jpg

တရုတ် မြန်မာ နယ်စပ် ကုန်စည်ပြပွဲ.jpg

တလပြည့် ဆွမ်းကျွေးတရားတော်နာ ဖိတ်ကြားလွှာ.jpg

ထာဝရ ရဟန်း သိက္ခာခံယူခြင်း.jpg

ထိမ်းမြားမင်္ဂလာ ဧည့်ခံပွဲ ဖိတ်ကြားလွှာ.jpg

ဓါတ်အားခွဲရုံဖွင့်ပွဲ ဖိတ်ကြားလွှာ.jpg

နည်းပညာဆိုင်ရာ သင်တန်းများ ဖွင့်ပွဲ.jpg

နာဂစ် အမှတ်တရ ဆုတောင်းအမျှေ၀ အခမ်းအနား.gif

နာရေးကူညီမှုအသင်း ဂုဏ်ပြုမှတ်တမ်းလွှာ .jpg

နာရေးကူညီမှုအသင်း ရန်ကုန် ဂုဏ်ပြုမှတ်တမ်းလွှာ.jpg

နာရေးကူညီမှုအသင်း ၁၀ နှစ်ပြည့် အခမ်းနား ဖိတ်ကြားလွှာ.jpg

ပညာရှင်ကြီးများ ဆွေးနွေးပွဲ ဖိတ်ကြားလွှာ.jpg

ပညာရေး ဆွေးနွေးပွဲ ဖိတ်ကြားလွှာ.jpg

ပညာရေးစုံညီပွဲတော် အခမ်းအနား ဖိတ်ကြားလွှာ.jpg

ပရဟိတအသင်း ၂ နှစ်ပြည့် အထိမ်းအမှတ် အလှူပွဲ ဖိတ်ကြားလွှာ.jpg

ပရဟိတဂေဟာ ကျောင်း ဆွမ်း သင်္ကန်း ကျောင်း ဆေး ပညာရေး အလှူရှင် ဂုဏ်ပြုမှတ်တမ်းလွှာ.jpg

ပလ္လင်အပ်နှင်းပွဲနှင့် ဒီကင်ငါးပါးအား ရဟန်း သိက္ခာတင်ခြင်း.jpg

ဗန်းမော် ဆရာတော်ကြီး ၏ အထူးတရားပွဲ .png

ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်တန်း အဆင့်မြင့်စာမေးပွဲ ထူးချွန်ဂုဏ်ပြု လက်မှတ်.jpg

ဘိုးဘွား ထိန်းသိမ်းစောက့်ရှောက်ရေးအဖွဲ့ ဂုဏ်ပြု မှတ်တမ်းလွှာ English လိုပါ.JPG

ဘီဘီစီ၏ မဟာလုပ်ကြံမှုကြီးအား ကန့်ကွက်ပွဲ အခမ်းအနား ဖိတ်ကြားလွှာ.JPG

ဘုရားဖူး ဖိတ်ကြားလွှာ.jpg

ဘုရားအနေကဇာတင် ပင့်လျှောက်လွှာ.jpg

ဘုရားအနေကဇာတင် ဝါဆိုသင်္ကန်းကပ် နှင့် မွေးနေ့မင်္ဂလာ ဖိတ်ကြားလွှာ.jpg

ဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံရသော ဆရာတော်အား ကြိုဆိုပွဲ အခမ်းအနား ဖိတ်ကြားလွှာ.jpg

မင်္ဂလာ ဖိတ်ကြားလွှာ.png

မင်္ဂလာ ဧည့်ခံပွဲ ဖိတ်ကြားလွှာ.jpg

မင်္ဂလာ ဧည့်ခံပွဲ ၂.jpg

မင်္ဂလာ မော်ကွန်းတင်လက်မှတ် ရေးထိုးပွဲ မင်္ဂလာ ညစာစားပွဲ ဖိတ်ကြားလွှာ Eng စာပါ.jpeg

မင်္ဂလာဦးဆွမ်းကျွေး.jpg

မင်္ဂလာဧည့်ခံပွဲ .jpg

မဘသ ဗဟို အစည်းအဝေး ဖိတ်ကြားလွှာ.jpg

မဘသဗဟို နှစ်ပတ်လည် ညီလာခံ ပင်ဖိတ်ခြင်း.jpg

မဟာဒုတ် စာရေးတံမဲနှင့် ထမနဲပွဲတော်.jpg

မဟာပဏီတ ပရဟိတ အောင်တော်မူ စေတီတော် ဘက်စုံ တည်ဆောက်ရေး အလှူတော် မှတ်တမ်းတင် ဂုဏ်ပြုလွှာ.jpg

မဟာပရိတ်တော်နှင့် မဟာပဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲ နျင့် မဟာသံဃဒါန

ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ဖိတ်ကြားလွှာ.jpg

မဟာပရိတ်တော်နှင့် မဟာပဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲ နျင့် မဟာသံဃဒါန

ဆွမ်းဆန်စိမ်းလောင်းလှူပွဲ.jpg

မဟာဘုံကတထိန်ပွဲ ကျင်းပရေး ဖိတ်ကြားလွှာ.jpg

ရက်လည်ဆွမ်းကျွေးတရားနာ.jpg

ရတနာပုံ တက္ကသိုလ် (၁၇)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ.jpg

ရန်ကုန် ကလေးဆေးရုံကြီး ကြီးကြပ်ရေးအဖွဲ့ ချီးကျူး ဂုဏ်ပြုလွှာ.jpg

ရဟန်းခံ ရှင်ပြု ယောဂီဝတ် အလှူတော် မင်္ဂလာ ဖိတ်ကြားလွှာ.jpg

ရာပြည့် ဗုဒ္ဓပူဇနိယပွဲတော်  ရွှေထီးတော်သစ် ဆက်ကပ်တင်လှူပွဲ နှင့် ဆွမ်းဆန်စိမ်း

လောင်းလှူပွဲ.jpg

ရုပ်ရှင်တော်မြတ်ကြီး ဌာပနာ ပူဇော်ပွဲ နှင့် သိက္ခာထပ် ရဟန်းခံ ရှင်ပြု အလှူတော် မင်္ဂလာ.jpg

လပတ် အထူးအစည်းအဝေး ပင့်လျှောက်လွှာ စာကိုယ်.jpg

လပတ် အထူးအစည်းအဝေး ပင့်လျှောက်လွှာ.jpg

လပတ်အစည်းအဝေး ပင့်လျှောက်လွှာ စာကိုယ်.jpg

လလည်ဆွမ်းကပ် ပရိတ်တရားတော်နာ ဖိတ်ကြားလွှာ.png

လုပ်ငန်းရှင်များအသင်း နှစ်ပတ်လည် တွေ့ဆုံပွဲ.jpg

လူထု ဗဟိုပြုစီမံကိန်း တွေ့ဆုံ ရှင်းလင်းခြင်း အစည်းအဝေး ဖိတ်ကြားလွှာ.jpg

လွန်တောမူခြင်း ၁၄ နှစ်ပြည့်.jpg

လှိုက်လှဲစွာ ဝမ်းမြောက် ဂုဏ်ယူကြောင်း.jpg

သက်တော် ၇၀ ပြည့် ဝိဇာတမင်္ဂလာ နှင့် ကထိန်အကြို သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနား

ဖိတ်ကြားလွှာ.jpg

သက်ကြီး ပူဇော်ပွဲ တိုက်တွန်း နှိုးဆော်လွှာ.JPG

သက်ကြီး ပူဇော်ပွဲ ယဉ်ကျေးမှုသင်တန်း ဆုချီးမြှင့်ပွဲ.jpg

သက်ကြီး ပူဇော်ပွဲ.jpg

သက်ကြီးပူဇော်ပွဲ နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ဖိတ်ကြားလွှာ.jpg

သင်းလုံးကျွတ်အစည်းအဝေး သက်ကြီး ပူဇော်ပွဲ နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား.jpg

သတင်းစာပါ ထိမ်းမြားမင်္ဂလာ ဖိတ်ကြားလွှာ.jpg

သာဓု အနုမော်ဒနာ ဂုဏ်ပြုလွှာ.jpg

သာဓုအနုမောဒနာ ဂုဏ်ပြုလွှာ.jpg

သာသနာရေးဆိုင်ရာ ရှင်းလင်းပွဲအတွက် ပင့်လျှောက်လွှာ.jpg

သာသနာ့ ထာဝရ ငွေပဒေသာပင် ဂုဏ်ပြုလွှာ ပေးအပ်ပွဲ အခမ်းအနား စာကိုယ်.jpg

သာသနာ့ ထာဝရ ငွေပဒေသာပင် ဂုဏ်ပြုလွှာ ပေးအပ်ပွဲ အခမ်းအနား ဖိတ်ကြားလွှာ.jpg

သိက္ခာထပ် ပုနောပသမ္ပဒါ အလှူတော်မင်္ဂလာ   သိမ်ဆင်း ဆွမ်းဆန်စိမ်းလောင်းလှူပွဲ နှင့် ညနေချမ်း

ဓမ္မသဘင် ဖိတ်ကြားလွှာ.jpg

သီတင်းကျွတ် သံဃာ့ ပဝါရဏာပွဲတော် ဖိတ်ကြားလွှာ.JPG

အခမ်းအနား ဖိတ်ကြားလွှာ.jpg

အဂ္ဂမဟာ ပူဇာသဘင် ဖိတ်ကြားလွှာ.jpg

အစည်းအဝေး ပင့်လျှောက်လွှာ.jpeg

အထူးတရားပွဲ .jpg

အထူးတရားပွဲ ဖိတ်ကြားလွှာ.jpg

အထူးဓမ္မသဘင်အလှူရှင် ဂုဏ်ပြုမှတ်တမ်းလွှာ.png

အဘိဓမ္မာဆုနှင်းသဘင် အခမ်းအနား.png

အမည်ပေး ကင်ပွန်းတပ်နှင့် ရက် (၁၀၀) ပြည့် မွေးနေ့ မင်္ဂလာ ဖိတ်ကြားလွှာ.jpg

အမည်ပေးကင်ပွန်းတပ် မင်္ဂလာ ဖိတ်ကြားလွှာ.jpg

အမှတ်တရ စကားပြောပွဲ ဖိတ်ကြားလွှာ.jpg

အလှူ2.jpg

အလှူဂုဏ်ပြုလွှာ.jpg

အလှူရှင် ဂုဏ်ပြု မှတ်တမ်းလွှာ.jpg

အလှူတော် မင်္ဂလာ ဖိတ်ကြားလွှာ စုပေါင်း.jpg

အာစရိယပူဇော်ပွဲ နှင့် တွေ့ဆုံပွဲ ဖိတ်ကြားလွှာ.jpg

အိတ်ဖွင့် တင်ဒါ စိစစ်ရွေးချယ်ရေး အခမ်းအနား ဖိတ်ကြားလွှာ.jpg

အန္တိမ အဂ္ဂိဈာပန ပူဇော်ပွဲ ဖိတ်ကြားလွှာ.jpg

ကျေးဇူးတင်လွှာ.jpg

ဆေးပဒေသာပင် မြတ်သော ဒါန ကုသိုလ်ရှင် သာဓုအနုမောဒနာ ဂုဏ်ပြုမှတ်တမ်းလွှာ.jpg

ဆွေးနွေးပွဲ ဖိတ်ကြားလွှာ.jpg

တွေ့ဆုံပွဲ ဖိတ်ကြားလွှာ.jpg

ထောက်ခံပွဲ ဖိတ်ကြားလွှာ.jpg

မောင်မယ် သစ်လွင်ကြိုဆိုပွဲနှင့် နှုတ်ဆက်ပွဲ အခမ်းအနား ဖိတ်ကြားလွှာ.jpg

မွေးနေ့ သွေးလှူဒါန်းပွဲနျင့် အမျိုးသားရေး ကဗျာပြိုင်ပွဲ.jpg

ရွှေမြန်မာ အသင်း အလှူတော်မင်္ဂလာ ဖိတ်ကြားလွှာ.jpg

လောကမာရဇိတ်သိမ်တော်ကြီး ကထိန်သင်္ကန်းကပ်လှူပွဲ ဖိတ်ကြားလွှာ.jpg

သွေးလှူဘဏ် ကော်မတီ ဂုဏ်ပြုလွှာ.jpg

သွေးလှူရှင်များ ဖိတ်ကြားလွှာ.png

အောင်လက်မှတ် ပေးအပ်ပွဲ အခမ်းအနား ဖိတ်ကြားလွှာ.jpg

ပြည်လုံးအေး သဲပုံစေတီပွဲ.jpg

ပြည်သူ့ ဂုဏ်ရည်ဆုချီးမြှင့်ပွဲ အခမ်းအနား ဖိတ်ကြားလွှာ.jpg

ပြည်သူ့ဂုဏ်ရည် ဆုပေးပွဲ အခမ်းအနား.jpg

ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ ဘာသာပေါင်းစုံ ဆုတောင်းပွဲ.jpg

ပြည့်သူ့ဂုဏ်ရည်ဆု.jpg

မြန်မာ နှစ်သစ်ကူး သင်္ကြန်ပွဲတော ဖိတ်ကြားလွှာ  Chinese လိုပါသည်.jpg

မြန်မာရိုးရာ သက်ကြီးပူဇော်ပွဲ အတာသင်္ကြန်ပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော် ဖိတ်ကြားလွှာ.jpg

မြန်မာ့ ရိုးရာ အတာသင်္ကြန်နှင့် နှစ်သစ် မင်္ဂလာ သဝဏ်လွှာ.jpg

ဝမ်းနည်းကြောင်း သဝဏ်လွှာ.jpg

ဝမ်းမြောက်ဂုဏ်ပြုပါကြောင်း.jpg

ဝါဆိုသင်္ကန်း ကပ်လှူပွဲ ဖိတ်ကြားလွှာ.jpg

ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲနှင့် ဓမ္မစကြာအခါတော်နေ့ အထူးတရားပွဲ ဖိတ်ကြားလွှာ.jpg

ဝါဆိုသင်္ကန်းကပ်နှင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်ခြင်း ဂုဏ်ပြုပွဲ မင်္ဂလာ.jpg

ဝါတွင်း ပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖိတ်ကြားလွှာ.jpg

ဝါရင့် နိုင်ငံရေးသက်ကြီး ပူဇော်ပွဲ ဖိတ်ကြားလွှာ.jpg

ဝိဇာတမွေးနေ့ မင်္ဂလာ ဖိတ်ကြားလွှာ.gif

၁ လပြည့် အထိမ်းအမှတ် တရားနာ ဆွမ်းဆက်ကပ် လှူဒါန်းခြင်း.jpg

၁ နှစ်ပြည့် မွေးနေ့ မင်္ဂလာ .jpg

၁ နှစ်ပြည့် မွေးနေ့ မင်္ဂလာ ဖိတ်ကြားလွှာ.jpg

၁၈ ကြိမ်မြော်က မြတ်ဆရာပူဇော်ပွဲ ဖိတ်ကြားလွှာ.jpg

၂ လပြည့် အမည်ပေးကင်ပွန်းတပ် မင်္ဂလာ ဖိတ်ကြားလွှာ.jpg

၂ နှစ်ပြည့် အထိမ်းအမှတ် ဂုဏ်ပြုနေ့လည်စာ စားပွဲ ဖိတ်ကြားလွှာ.jpg

၃ နှစ်ပြည့် မွေးနေ့မင်္ဂလာ ဖိတ်ကြားလွှာ.jpg

၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနား ဖိတ်ကြားလွှာ.jpg

၅၁ ကြိမ်မြောက် မဟာဘုံကထိန်တော် ဖိတ်ကြားလွှာ.jpg

သြဝါဒခံယူပွဲ ဖိတ်ကြားလွှာ.jpg

မြို့နယ်ရုံးသစ် ဖွင့်လှစ်ပွဲ အခမ်းအနား.jpg

နှစ်ပတ်လည် ဆွမ်းသွတ် တရားတော်နာ ဖိတ်ကြားလွှာ.jpg

နှစ်ပတ်လည် အသင်းသားစုံညီ အစည်းအဝေး ဖိတ်ကြားလွှာ.jpg

နှစ်ပတ်လည် အောင်ပွဲ အထိမ်းအမှတ် ပင့်လျှောက်လွှာ.jpg

နှစ်သစ်အကြို လက်ဝတ်ရတနာ အထူးဈေးရောင်းပွဲ ဖိတ်ကြားလွှာ.jpg

Wednesday, June 20, 2018

မြန်မာ ဖောင့် စုစည်းမှု



ကျွန်တော်တို့ဆီမှာ ကွန်ပျူတာ စာစီစာရိုက်အတွက် Font အမျိုးအစား နှစ်မျိုး အသုံးပြုလေ့ရှိပါတယ်။  True Type Font နှင့် Adobe Type Manager - ATM ဖောင့်လို့ ခေါ်ပါတယ်။  True Type Font က ဖိုင် extension *.ttf ဖြစ်ပြီး   Adobe Type Manger ဖောင့်ကျတော့ ဖိုင်နှစ်ခုပေါင်းမှ တစ်ခုဖြစ်ပါတယ်။  *.pfm +  *.pfb ဖောင့်ဆိုပြီး နှစ်ခုရှိမှ သွင်းယူလို့ ရပါတယ်။  သူ့ကို သွင်းမယ်ဆို ATM - Adobe Type Manager 4.1 ကို သွင်းပြီး PFM + PFB တို့ကို သွင်းယူနိုင်ပါတယ်။  Windows 7 32bit အထိသာ အသုံးပြုလို့ ရပါတယ်။  ATM 4.1 က ခုတော့ ရပ်နားသွားပါပြီ။ Windows 7 32bit အထိသုံးလို့ သွင်းလို့ရပါတယ်။  64bit Windows တွေမှာ အလုပ်မလုပ်တော့သလို  ခုနောက်ပိုင်း ATM ဖောင့်အမျိုးအစားကိုအသုံးမပြုတော့လို့ပါ။  ATM ဖောင့်တွေကို Adobe  က အဆင့်မြင့်တင်လိုက်ပြီး TypeKit ဆိုတာကို အသုံးပြုနေပါပြီ။  https://typekit.com/  မှာမိမိ ဒီဇိုင်းအတွက် လိုတာ ရှာဒေါင်းပေါ့။  မြန်မာ ဖောင့်တော့ ရှိဘူးရယ်။



မြန်မာဖောင့်တွေအများစုက နီးစပ်ရာရာ တစ်ယောက်တစ်လှည့် ဝေနေကြတာကြောင့် အောက်ဖော်ပြပါဖောင့်များက လူသုံးများကြပါတယ်။  ဒီအထဲကမှ ArtHouse ကုမ္ပဏီကတော့ သူတို့ဖောင့်ကို CD ခွေနဲ့ စာအုပ်နဲ့ ပြည့်စုံစွာ ထုတ်လုပ်ရောင်းချပေးပါတယ်။  ဖောင့်တစ်ခုက ဖြစ်ပေါ်ဖို့ မလွယ်တာကြောင့် မိမိစိတ်ကြိုက် ဒီဇိုင်းအတွက်ဆိုရင် ArtHouse ဖောင့်တွေကို ဝယ်ယူသုံးစွဲဖို့ တိုက်တွန်းပါရစေ။  ArtHouse တစ်ခုတည်းကို ဆိုလိုတာမဟုတ်ပဲ မိမိကုမ္ပဏီအတွက် လိုအပ်မယ်ဆို ဒီဇိုင်းပြုဖို့လိုမယ်ဆို ဖောင့်ရေးသားသူများထံမှ ဝယ်ယူအသုံးပြုသင့်ပါတယ်။



True Type Fonts



အရင်က ATM ဖောင့်တွေကို TTF ဖောင့်အဖြစ် ပြောင်းပြီးလည်း သုံးနေကြပါပြီ။  အောက်က Zip အခန်းထဲမှာ True Type Fonts တွေကို စုထဲ့ထားတာပါ။  ဒေါင်းဖို့က -

All TTF fonts
9 of 1 U4 Computer Group , Animals , BLNew , BM_Amarapura , Borderbats Fleur2 , CE - Collectoins , DG Fonts , Gandamar , King , LM , Mayor , Masterpieces Design , Metrix , Myanmar3 multi os , MTK , Myanmar , Pa O , Pa-Oh , PAcadame , Pao-A , PM Fonts , Royal-Art House , Shwe Thwe U4 , Sai , Sak , U4 ABC , U4 Present , U4 Shwe Thway , W-ArtHouse , Win , Wwin

Poscript Font

Adobe ကုမ္ပဏီက ထုတ်လုပ်ဖြန့်ချိတဲ့ဖောင့်က Poscript font အမျိုးအစားဖြစ်ပါတယ်။  ဖိုင်နှစ်မျိုးပေါင်းမှ တစ်ဖိုင်အဖြစ်ရပ်တည်ပြီး သွင်းယူ အသုံးပြုနိုင်ပါတယ်။  Windows 7 ကနေစလို့ Microsoft က Font type ပုံစံတွေကို Type 1 ပြောင်းလဲအသုံးပြုလာပါတယ်။ ဒီဖိုင်အမျိုးအစားက Windows 98 ကနေ Windows 7 အထိ အသုံးပြုခဲ့ကြတဲ့ -Win---Innwa လို ဖောင့်ဖြစ်ပါတယ်။  ခုနောက်ပိုင်း Windows 7 ကို 64bits Version တွေ  Windows 8 , 8.1, 10 pro စသည်ဖြင့် Windows အသစ်တွေ ထွက်ရှိလာပြီးနောက်မှာ -Win---Innwa ဆိုတဲ့ ဖောင့်တွေကို သုံးစွဲဖို့ ခက်ခဲလာပါတယ်။  ဝင်းဒိုးစ် စနစ်အသစ်တွေမှာ ဖောင့်အမည်ကို ( - ) သင်္ကေတတွေ ထည့်ခွင့်မပြုတော့တာကြောင့် -Win--- ဖောင့်တွေကို ကျွမ်းကျင်သူတွေက TTF ဖောင့်တွေအဖြစ် ပြောင်းလိုက်ကြပြီး  နာမည်ပါ Win, Winn, Wynn စသည်ဖြင့် အမည်တွေ ပြောင်းခဲ့ကြပါတယ်။

အဲ့ဒါကြောင့်  ပုံစံအမျိုးမျိုး ပြောင်းလဲ လိုက်ကြပြီးနောက် Windows 7, 8, 8.1, 10 တွေမှာ Adobe Pagemaker 7 လို ပရိုဂရမ်တွေမှာ -Win---Innwa ဖောင့်တွေ မတွေ့ရတာ ရှိနေ သွင်းထားလျက်နဲ့ သုံးမရ ရှာမရ ဖြစ်နေကြရပါတယ်။

ဒီလိုဖြစ်နေရင်တော့ ကျွန်တော်က windows တင်ကတည်းက ဒီ -Win--- တွေကို ကြိုသွင်းထားပါတယ်။ တခြားဖောင့်တွေထက် အရင်စောစွာသွင်းပါတယ်ပေါ့။  တဆက်တည်း Adobe Pagemaker 7 ကိုဆက်တင်ပါတယ်။  PM 7 ကို ဖွင့်ကြည့်ပါတယ်။  -Win--- တွေ ပေါ်ရဲ့လား စစ်ပါတယ်။ ပေါ်ပါတယ်ဆိုရင် ရပြီ။  တခြား အသုံးလိုတဲ့ ဖောင့်တွေကို မိမိလိုသလောက် ပြန်သွင်းပါ။  -Win--- ဖောင့်တွေ မပေါ်မရှိပေါ်ပါတယ်။  Adobe ကုမ္ပဏီကတော့ ဖောင့်တွေမပေါ်ရင် သူ့ရဲ့ ပရိုဂရမ်ဖိုင်အောက်က PostScript အခန်းထဲက Extras ဆိုတဲ့ အခန်းထဲကို ထည့်ရင်လည်း ရပါတယ်။

အဓိက windows 98, windows xp ခေတ်ကတည်းက အသုံးပြုခဲ့ကြတဲ့ -Win--, Metrix, CE , King  စသည်ဖြင့် ပါဝင်ပါတယ်။

ဖောင့်ကို ဒေါင်းမယ်ဆိုရင် -

ATM fonts only

ဖောင့် နှစ်မျိုးလုံး ဒေါင်းလုပ် လုပ်မယ်ဆိုရင် -









Sunday, June 17, 2018

Myanmar 3 Unicode အပြည့်အစုံ


ရုံးသုံး မြန်မာစာ စာစီစာရိုက်အတွက် မြန်မာ ၃ ဖောင့် ( Myanmar 3.ttf) ဖောင့်ကို တပြေးညီ အသုံးပြုကျဖို့ သက်ဆိုင်ရာ ဝန်ကြီးဌာနအသီးသီးကို အကြောင်းကြား အသိပေးပြီး ဖြစ်ပါတယ်။ ထို့ကြောင့် တပြေးညီ မြန်မာ ၃ ဖောင့်ကို အသုံးပြုပြီး ရေးသား အသုံးပြုနေကြပါပြီ။ တစ်ချို့ စနစ်ဟောင်း ဖြစ်တဲ့ Myanmar 2 ဖောင့်ကို ဆက်လက်အသုံးပြုနေသေးတာကိုလည်း တွေ့ရပါတယ်။ ဖြစ်သင့်တာက Myanmar2 ဖောင့်ကို ပိုကောင်းအောင် မွန်းမံ ပြင်ဆင်ပြီး Myanmar 3 ဖောင့်ကို ထုတ်လုပ်ပေးထားတဲ့အတွက်  Myanmar 2 ဖောင့်ကို ဆက်သုံးစရာ မလိုတော့ပါ။ အကယ်၍ အရင် ဖိုင်အဟောင်းတွေကို Myanmar 2 နဲ့ ရေးသားခဲ့တာကြောင့် လက်ရှိ ပြန်ဖွင့်သုံးနေရတဲ့ဖိုင်တွေအတွက် Myanmar 2 -> Myanmar 3 ဖောင့်ကို အမှားပြင် ပြောင်းလဲပေးတဲ့ Converter ကို အောက်မှာ ထည့်သွင်းဖော်ပြပေးထားပါတယ်။ ထို့အတူ Zawgyi-One ဖောင့်၊ Win လက်ကွက်စနစ် ဖောင့်တွေကို ပြောင်းပေးနိုင်တဲ့ Kanaung Converter ကိုလည်း သုံးပြီး ပြောင်းနိုင်ပါတယ်။



Fonts and Keyboard



မြန်မာစာယူနီကုတ်ကို အသုံးပြုတဲ့အခါ အခက်အခဲတစ်ချို့ တွေ့ရတတ်ပါတယ်။ Adobe Pagemaker 7.0 ကတော့ မူလကတည်းက Unicode Font စနစ်ကို အထောက်အပံ့မလုပ်လို့ ဒီဆော့ဖ်ဝဲမှာ Myanmar 3 font ကို အသုံးမပြုနိုင်ပါဘူး။ Layout Design နဲ့ စာစီစာရိုက်အတွက် ပုံနှိပ်ထုတ်ဝေရေးမှာ အသုံးပြုနေတဲ့ Adobe software စနစ်တွေကလည်း ကျွန်တော်တို့ မြန်မာစာ ယူနီကုတ် စနစ်ကို အပြည့်အ၀ ထောက်ပံ့ပေးနိုင်ခြင်းမရှိတကြောင့် Photoshop, InDesign, Illustrator စတာတွေမှာ Myanmar 3 ဖောင့်ကို အသုံးပြုဖို့ အခက်အခဲ ရှိနေတုန်းပါ။ ဒီ Adobe အုပ်စုအတွက် Asoka နည်းပညာ ကနေ Adobe software တွေမှာ အသုံးပြုနိုင်အောင် ရေးသားထုတ်ပေးထားတာလည်း ရှိပါတယ်။ အကျယ်ဖတ်ရှုလိုပါက အောက်ပါလင့် မှာ ဖတ်ရှု နိုင်ပါတယ်။ https://www.facebook.com/asokatechnologies/posts/1596166177366561

Asoka font ကို ဒေါင်းလုပ်ရယူလိုပါက - https://mega.nz/#!pVABjQqY!JaoTnavHlIQyLBx227ZnzxNg1u3K0hydNue6IsqRcbo 

Asoka Writer လက်ကွက်စနစ်ကို ဒေါင်းလုပ်ရယူလိုပါက - https://mega.nz/#!sdY10Z6R!cJTIsRj0CQoxKu-9tZ8tbfBIq8LGxjVp0LcpDicTVgE

မြန်မာ ၃ ဖောင့် (Myanmar3) ကိုလည်း version အမျိုးမျိုး ထုတ်လုပ်ရာမှာ နောက်ဆုံးထွက်ရှိတဲ့ ဘယ် စနစ်မျိုးမဆို ထောက်ပံ့ပေးနိုင်တဲ့ (Multi OS support) ဖောင့်ကို အသုံးပြုရပါမယ်။ ဒေါင်းလုပ်ရယူလိုပါက
 - https://mega.nz/#!NRASxSKR!lbfl6I_CFQ43HhMyYh-wCn1LjP7RGHEayILGWTCi0cM 

 ဒါဆို မြန်မာစာ ရေးချင်တိုင်း Myanmar 3 ဖောင့်တစ်မျိုးတည်း အသုံပြုရမလိုဖြစ်နေတာပေါ့။ စာအုပ်တွေရိုက်တဲ့အခါ ဒီဇိုင်း ဆန်းဆန်းလေးတွေ Myanmar 3 လိုမျိုး မရှိသေးဘူးလား မေးစရာပါ။ Myanmar 3 ဖောင့် ကို မြန်မာ ဘာသာအပြင် တိုင်းရင်းသားဘာသာစကားတွေ အတွက်ပါ ရေးသား ထုတ်လုပ်ပေးပြီး ဖောင့်ရေးသားထုတ်လုပ်သူများက ဝိုင်းဝန်းပြီး ဒီဇိုင်းဆန်းတွေကို ရေးသားထုတ်လုပ်ပေးနေကြတာ ယခုဆိုလျင် အရေအတွက် ၁၀၀ ကျော်ပင် ရှိနေပါပြီ။ Myanmar 3 ဖောင့်အစား တိုင်းရင်းသား ဘာသာစကားတွေပါ အပါအဝင်ဖောင့်ကို Pyidaungsu font အဖြစ်လည်း ထုတ်လုပ်ပေးထားပါသေးတယ်။



 ပြည်ထောင်စုဖောင့်ကို ဒေါင်းလုပ်ရယူလိုပါက -



Windows 8, 10 (Microsoft Office 2013, 2016) အတွက်
– Pyidaungsu-2.4_Regular.ttf [DOWNLOAD]
– Pyidaungsu-2.4_Bold.ttf [DOWNLOAD]

Windows 7, Mac OS X နှင့် Linux (Microsoft Office 2010) အတွက်
– Pyidaungsu-1.7_Regular.ttf [DOWNLOAD]
– Pyidaungsu-1.7_Bold.ttf [DOWNLOAD]

Myanmar 3 ကဲ့သို့ အသုံးပြုနိုင်သော ဖောင့်များကို တစ်စုတစီးတည်း ဒေါင်းလုပ်ရယူလိုပါက - https://mega.nz/#!EAIHxLwC!9UxuQq2r8SpFzGIUdWF_ZRJzWbJ3t6Okndg4XLkzmpU 

ဒါဆို မြန်မာ ယူနီကုတ် ဖောင့်အသုံးပြုရန်အတွက် စာလုံးဖောင့်ဒီဇိုင်းများ အဆုံအလင် ရှိပါပြီ။ Myanmar 3 ဖောင့်အစားလည်း အလဲအလှယ် သုံးနိုင်ပါပြီ။ အလဲအလှယ် သုံးသော်လည်း တပါးသူထံတွင် ပြည်ထောင်စု ဖောင့် မရှိလျင် ဘယ်လိုလုပ်မလဲ တွေးစရာပါ။  သို့သော် ယူနီကုတ်ဖောင့်ဖြစ်တဲ့အတွက် Myanmar 3 ဖောင့် ရှိသည်ဆိုလျင် မိမိတို့ ဖောင့် အဆန်းသုံးသော်လည်း မြင်နေရမည်သာဖြစ်ပါသည်။



ဖောင့် အကြောင်း ပြည့်စုံပြီဖြစ်သဖြင့် စာရိုက်ရာတွင် အသုံးပြုရသော လက်ကွက် စနစ် Keyboard Layout ကို ဆက်လက် ဖော်ပြပါမည်။ လက်ကွက်စနစ်ကို အဓိက နှစ်မျိုး အသုံးပြုများပါတယ်။



ပထမ Tavultesoft အဖွဲ့အစည်းအမည်ရှိ နိုင်ငံတကာ ဘာသာစကားလက်ကွက် စနစ်ကို ရေးသားထုတ်လုပ်ပေးသူအုပ်စုက မြန်မာဘာသာအတွက် Tavultesoft Keyman ကို ကျွန်တော်တို့ ဒေသခံ မြန်မာများဖြင့် ပူးပေါင်း ရေးသားပေးခဲ့သော လက်ကွက်စနစ်ဖြစ်တဲ့ Keyman ကို လူသိများပါတယ်။ http://www.tavultesoft.com/keyman/downloads/keyboards/search.php

Windows 7 အတွက် Tavultesoft Keyman Version 6.2 လောက်ကို အသုံးပြုဖို့ တိုက်တွန်းပါရစေ။ Windows 8, 8.1, 10 အတွက်ကလည်း Version 6.2 ကို ဆက်လက် အသုံးပြုလို့ ရသေးသော်လည်း တခါတရံ အခက်အခဲ ဖြစ်တတ်ပါတယ်။ ဒါကြောင့် Windows 8, 8.1, 10 အတွက် Tavultesoft Keyman Version 9 ကို အသုံးပြုရလေ့ရှိပါတယ်။ တစ်ခုရှိတာက Keyman Version 6.2 အထိကို သူတို့က အခမဲ့ အသုံးပြုခွင့် ပေးခဲ့ပေမယ့် Version 9 ကိုတော့ ဝယ်ယူသုံးကြရပါမယ်။ (အခုတော့ Crack ဖိုင်ထည့်ထားပေးပါတယ်) ။



 ဒီ Keyman ကို အသုံးပြုမယ်ဆိုရင် လုပ်ရမယ့် အဆင့် နှစ်ခုရှိပါတယ်။ Keyman ကို အရင် သွင်းရပါတယ်။ ပြီးမှ မြန်မာလက်ကွက်စနစ်ဖြစ်တဲ့ Myanmar3.kmx ကို ထပ်သွင်းရပါတယ်။ နှစ်ဆင့်သွင်းပြီးမှ ဖောင့်လည်း ရှိပြီဆို စာရေးလို့ရပါပြီ။ Version မြင့်တဲ့အခါကြတော့ *.kmx ဖိုင်မဟုတ်တော့ပဲ Version 9 နှင့် အထက်မှာ Myanmar.kmp အဖြစ် ဖိုင်အမျိုးအစား ပြောင်းသွားပါတယ်။ ခက်တာက သူတို့ကို ဝယ်သုံးရတာပါပဲ။ Version 9 ကိုပြောတာ။ ဝယ်သုံးရမယ်ဆို အဆင်မပြေတော့လို့ အဲ့ဒီ Keyman မြန်မာစာအတွက် ပူးပေါင်းစဉ်မှာ ပါဝင်ခဲ့တဲ့ ပညာရှင်က အခမဲ့ အသုံးပြုနိုင်တဲ့ Keymagic ဆိုတာကို ထုတ်လုပ်ပေးထားပါတယ်။



 ဒုတိယ အသုံးအများဆုံး မြန်မာ လက်ကွက်စနစ်က Keymagic ပါပဲ။ Keymaigc ကို ဒေါင်းလိုပါက - https://keymagic.net/downloads/ မှာ ဒေါင်းနိုင်ပါတယ်။အဲ့ဒီမှာ ရှိတဲ့  Version 1.5 ကို Windows 7 အတွက် ရည်ရွယ်ပြီး၊ Version 2.0(Pre 4) ကိုတော့ Windows 8, 8.1, 10 တို့အတွက် အသုံး ပြုရပါမယ်။ ဒေါင်းလုပ်ရယူ လိုပါက -https://mega.nz/#!tE4RUJ5Z!HQHhOJcWJZ3PQl74Ti9wXG086GMMW_jT2jvGAUCiU08 

အိုကေ။ ဒါဆို ကျွန်တော်တို့ ယူနီကုတ်အတွက် စာရေးဖို့ ဖောင့်လည်း ရပြီ။ စာရိုက်ဖို့ လက်ကွက်စနစ်လည်း ရှိပြီ။ စာရိုက်ဖို့ပဲ ကျန်တော့တာပေါ့။  ကျန်သေးတယ် ခုမှသတိရလို့ ကီးဘုတ်ပေါ်က လက်ကွက်တွေဟာ အရင် စနစ်ဟောင်းက Win စာစီစာရိုက်လက်ကွက်စနစ်ကို အခြေခံသော်လည်း တစ်ချို့ စာလုံးတွေက တစ်ခုပဲရှိတော့ပါတယ်။ လက်ကွက်နေရာတွေ အနည်းငယ် ပြောင်းသွားပါတယ်။ ဒီအတွက် အောက်က ပုံတွေကို ကြည့်ရင် သိနိုင်ပါတယ်။ အရင်က အောက်ကမြစ် (-့) ကို သုံးနေရာလောက်မှာ ထားထားပေမယ့် ယူနီကုတ် ဖောင့်မှာ တစ်နေရာပဲ ရယူပိုင်ဆိုင်တော့တယ်ဗျ။  ကျေးဇူးတင်ပါတယ်။ လက်ကွက်ပုံတွေက -



ဒီပုံစံ (၁) လက်ကွက်စနစ်ကို update date အဖြစ် သုံးကြရပါမယ်။ မြန်မာ ၃ စာစီစာရိုက်မယ်ဆို ဘေးမှာ ပရင့်ထုတ် ကပ်ထားပေါ့။  ခုထိ စာလုံးတွေ ကျွန်တော် အလွတ်မရသေးဘူးဗျ။  ဿ ၍  ဤ  တို့တွေ ကျွန်တော် မမှတ်မိသေးဘူးဗျ။

ပံုစံ (၁)

အောက်က ပုံစံ (၂) လက်ကွက်ပုံဟာ ယူနီကုတ်စနစ်ကို အတိအကျလိုက်နာတဲ့ ဖောင့်တစ်ခုရဖို့ စတင် လုပ်ဆောင်ပေးခဲ့တဲ့ အသင်းအဖွဲ့ ဖြစ်တဲ့ Myanmar NLP team မှာ ရေးသားထုတ်လုပ်ပေးခဲ့တာပါ။  မြန်မာ ၃ လက်ကွက်သုံးဖို့ Keyboard ထွက်ရှိထားပါတယ်။  သူက မြင်တွေ့တဲ့အတိုင်း မြန်စံ (Smart) စာစီစာရိုက်စနစ် အမည်နဲ့ စခဲ့ပါတယ်။ မြန်စံစနစ်ပေါ့။  ခုတော့ သူက သဝေထိုး အရင်ရိုက်မယ် နောက်မှ ရိုက်ရမယ် ဇာတ်လမ်းနဲ့ လူအများအကြိုက်လိုက်ပြီး သဝေထိုးအရင်ရိုက်ရတဲ့ စနစ်ကို ပြောင်းလဲခဲ့ပါတယ်။  ခု သူ့ကိုအခြေခံပြီး ဆက်လက် လုပ်ဆောင်ကြရာမှာ Keymagic ဆိုတာ ဖြစ်ပေါ်လာပါတယ်။  



မြန်စံ (Smart ) keyboard ကို ဒေါင်းလုပ်ရယူဖို့ -   http://pc.cd/VgtrtalK





သူ့မှာ သတိထားရမှာက  အက္ခရာ  ဂ ၊ ဝ ၊ ယ စတာတွေက နေရာဟောင်းနားမှာပဲရှိနေပါသေးတယ်။  အပေါ်က Myanmar 3 လက်ကွက်သစ်မှာတော့ ပြောင်းသွားတာကို သတိထားစေလိုပါတယ်။  
ပံုစံ (၂)

မူလလက်ဟောင်း ဝင်း လက်ကွက်စနစ်ကို အောက်ကပုံစံ (၃) ရုပ်ပုံအတိုင်းဖြစ်ပါတယ်။   ယူနီကုတ်တွေနဲ့ လက်ကွက် လျော့သွားတာကို နှိုင်းယှဉ် သိနိုင်အောင်ပါ။  မှတ်ရလွယ်သွားအောင်လို့။

ပံုစံ (၃)



Converter များ စုစည်းမှု



Converter တွေအကြောင်း ပြောကျပါဦးစို့။ Myanmar 2 နဲ့ ရိုက်ထားတဲ့စာတွေကို Myanmar 3 ဖောင့်ပြောင်းတဲ့အခါ အချို့ စာလုံးတွေ မှားယွင်းနေပါတယ်။ ဒါကို ပြင်ဆင်ဖို့အတွက် Myanmar2CorrectionSetup ကို သုံးပါ။ ေ

ဒါင်းလုပ်ရယူရန် https://mega.nz/#!hBJHCCza!LHOIQyMyPIxUUa5_ZT9N4RLgozSObAE835ccEvNL3Io

Win Innwa, Zawgyi-One စသည်ဖြင့် အခြားစနစ်ဖြင့် ရိုက်ထားသည့် စာများကို ယူနီကုတ် စံအဖြစ် ပြောင်းလဲသုံးလိုပါက -
  https://mega.nz/#!UdIRjSpL!GqRtWv7jROvW3WWesp0jhxuzdtCiVC-nEAMhrXNeSAk

Converter တွေကို စုထားပေးတာဖြစ်လို့ မိမိနှစ်သက်ရာသုံးနိုင်ပါတယ်။ အားလုံးကတော့ အဖြေတူတူရတာပါပဲ။ ဒီအခန်းထဲမှာ Kanaung, Converter, MUAFC, NLP converter, PK_Converter ဆိုတဲ့ converter တွေ စုထားတာပါ။ ဒေါင်းလုပ်လုပ်ဖို့ အတွက် - https://mega.nz/#F!NZhGGCQI!OIetaS0bgBQEI3h2sXcn0A

စုဆောင်းထားရှိလိုသူများအတွက် အပေါ်က ဒေါင်လုပ်လင့်တွေကို လင့်တစ်ခုတည်း ဒေါင်းလိုပါက - https://mega.nz/#F!lJx0lYwI!hD3wNTGMBDtjhCMrdDZGyA

အပေါ်က စာစုတစ်ခုလုံးဟာ မြန်မာ ယူနီကုတ် ဖောင့်နဲ့ လက်ကွက်တွေအကြောင်းအရာတွေဖြစ်ပေမယ့် လူအများသုံးနေ ဖတ်နေတဲ့ ဇော်ဂျီနဲ့ ရေးရတာကို ခွင့်လွတ်နားလည်ပေးမယ်လို့ မျှော်လင့်ပါတယ်။ (ဇော်ဂျီ မှ ယူနီကုတ်သို့ ပြောင်းပြီး)



သင့်ပတ်ဝန်းကျင်မှာ ဒေတာ ဆိုတဲ့ အချက်အလက်တွေ ဟာ တနေ့တခြား အသုံးဝင် ကျယ်ပြန့်လာနေတယ်ဆိုတာကို သတိထားမိပါသလား။  အဲ့ဒီအချက်အလက်တွေဟာ နောက်နှစ်အနည်းငယ်အတွင်းမှာပဲ အဆမတန် ကြီးထွားပြီး မဖြစ်မနေ အသုံးပြုကြရပါလိမ့်မယ်။  တစ်ခုခုသိချင်လား ကွန်ပျူတာကို မေးလိုက်၊ ရှာလိုက်။  ချက်ခြင်း သင်သိလိုတဲ့ အချက်အလက်တွေကို သိမ်းဆည်းထားတဲ့ နေရာကနေရှာပေးပါလိမ့်မယ်။  အဲ့ဒီလို အထောက်အကူပြုနိုင်တဲ့ အချက်အလက်တွေကို ယနေ့ကစလို့ ပြုစု ရေးသွင်းကြရာမှာ နိုင်ငံတကာစံနှုန်းအတိုင်း လိုက်နာတဲ့ ဖောင့် ဖြစ်ဖို့ သိပ်ကို အရေးကြီးတယ်ဆိုတာ သင်ရိပ်မိလောက်ပါပြီ။  အဲ့ဒီလို အချက်အလက်တွေကို စုဆောင်းထားရှိနိုင်အောင် ယူနီကုတ်စံစနစ်ကို လိုက်နာသော ဖောင့်ကအပြည့်အ၀ အထောက်အကူပေးနိုင်ပါတယ်။