Monday, January 22, 2018

စာလုံးလှလှလေးများ ဖန်တီးဖို့ FontLab


FontLab Studio 5.2.2 ကတော့ Windows နှင့် macOS အတွက် ဖောင့်ရေးသားထုတ်လုပ်ပေးတဲ့ သက်တမ်းရင့် ဆောဖ့်ဝဲတစ်ခုပဲဖြစ်ပါတယ်။  ကွန်ပျူတာ စနစ်အတွက် အက္ခရာ စာသားများ အသုံးပြုဖော်ပြပေးဖို့ရန် Font သည် အဓိကအခန်းကဏ္ဍက ပါဝင်ပါတယ်။  Adobe, Apple, IBM, Microsoft, Monotype, Morisawa နှင့် အခြား ဖောင့်များကို မှီခိုရတဲ့ ကုမ္ပဏီများက ဖောင့်များကို နည်းပညာ သစ်များနဲ့အတူ အသစ်အသစ်တွေ တီထွင်ထုတ်လုပ်ကြသလို  ဖောင့်ဒီဇိုင်းသမားများကလည်း FontLab ကို သုံးစွဲကြရပါတယ်။  



FontLab Studio 5 က  ဖောင့်တစ်ခု ဖော်ထုတ်ကြရတဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်အတွက် အကောင်းဆုံး လုပ်နိုင်အောင် ခေတ်မီသော Operation System အသစ်တွေနဲ့လည်း ကိုက်ညီအောင် အမြဲ အလေးထား ဂရုပြုထားပါတယ်။  မျိုးတူဖောင့်အုပ်စုများ၊ ဘာသာစကားအမျိုးမျိုးအတွက် glyph ဒီဇိုင်းများ၊ spacing, kerning များအတွက် အသေးစိတ် စာလုံး တစ်ခုစီ ချိန်ညှိစရာ မလိုတော့ပဲ အလိုအလျောက် ချိန်ညှိပေးနိုင်သဖြင့် အချိန်ကုန် သက်သာသွားစေခဲ့ပါတယ်။  ယနေ့ ခေတ်စားနေတဲ့ Python scripting ပါ လုပ်နိုင်နေပါပြီ။  တကယ်လို့ OpenType နှင့် TrueType မှ အောက်လိုင်း အမျိုးအစားဖောင့်တို့ကို  PostScript Type 1 ဖာင့်အဖြစ် အလွယ်တကူ ပြောင်းလဲပေးနိုင်ပါတယ်။  ဒီအချက်က ဖောင့်အဟောင်းတွေကို ခေတ်မီဖောင့်အဖြစ် ပြောင်းဖို့ လွယ်ကူစေခဲ့ပါတယ်။



Bézier tool ရဲ့ အထာကျမှု

 


ဖောင့်ဒီဇိုင်နာအများစုကတော့ ဘဇီယာတူးဟာ FontLab Studio မှာ အကြိုက်ဆုံးပဲလို့ တညီတည်း ပြောဆိုကြပါတယ်။  Pen, Rectangle, Ellipse, Knife နှင့် Eraser tools တွေကို ပေါင်းစပ်လိုက်ပြီး Bézier drawing tool ကို အသုံးပြုခြင်းက အက္ခရာတစ်ခုကို စိတ်ကြိုက် ဒီဇိုင်း ဖန်တီးခွင့် ပေးလိုက်နိုင်တာပါပဲ။





Bitmaps ပုံများထဲ့သွင်းခြင်း


Adobe Illustrator သို့မဟုတ် EPS outline ဖြင့်ဖန်တီးထားတဲ့ အက္ခရာ အောက်လိုင်းဒီဇိုင်းများကို Copy-paste လုပ်သွင်းရုံဖြင့် ဆက်လက်ပြီး Trace လုပ်ပြီး သန့်ရှင်းရေးလုပ်နိုင်ပါတယ်။  ထဲ့သွင်းထားတဲ့ bitmap ပုံကို Trace လုပ်၊ outline ထုတ်လိုက်ပါ။  အနားသတ်များ သပ်ရပ်လှပသွားစေရန် Bézier tool ကို သုံးပြီး သန့်ရှင်းရေးလုပ်လိုရင် အက္ခရာတစ်ခု လွယ်ကူစွာ ရယူနိုင်ပါတယ်။



မျဉ်းကွေးများဖြင့် ဖောင့်ဒီဇိုင်း


ဖောင့်တစ်ခုရဲ့ အက္ခရာ တစ်ခုရဲ့ လှပမှုဟာ တကယ်တော့ မျဉ်းကွေးလေးတွေရဲ့ သပ်ရပ်လှပမှုမှာ အများကြီး သက်ဆိုင်ပါတယ်။  ဒီအတွက် ဖောင့်ရေးသူက စာလုံး အောက်လိုင်းတွေရဲ့ မျဉ်းကွေးတွေကို စိတ်ကြိုက်ဖန်တီးတဲ့အခါ spot တွေကို ပေါင်းထဲ့မလား။  နှုတ်ပစ်လိုက်မလား စိတ်ကူးတဲ့ရာ လုပ်ခွင့်ရဖို့ Click နှိပ်ရုံတင်နဲ့ ဖန်တီးနိုင်ပါတယ်။



ဆက်စပ်စာလုံးများ ပုံစံများဖြင့် ညီညွတ်စေခြင်း



FontLab Studio 5 သည် ယခု ဖန်တီးပြီးသား အက္ခရာ စာလုံး တစ်လုံးစီအတွက် ဒီဇိုင်း ကွက်လပ်များ ညီညွတ်မျှတစေရန် နီးစပ်ရာ စာလုံးများဖြင့် အလိုအလျောက် ဖော်ပြပေးတဲ့အတွက်ကြောင့် စာလုံးများကို လိုက်လျော ညီထွေစေရန် ချက်ခြင်း ပြင်ဆင်ခွင့်ရရှိစေပါတယ်။


ဟိုးရှေးက Adobe ရဲ့ ခေတ်ဦး ကွန်ပျူတာ ခေတ်ဦးပေါ့ဗျာ။  ပြောရရင် မြန်မာနိုင်ငံမှာ ကွန်ပျူတာတွေ အသုံးပြုဖို့ စကတည်းက မြန်မာဖောင့်တွေအများစုဟာ Fontographer ဆိုတဲ့ ဆော့ဖ်ဝဲနဲ့ ရေးသားခဲ့ကြပါတယ်။  သူနဲ့ အပြိုင် အခြား ဖောင့် အယ်ဒီတာတွေရှိပေမယ့် မြန်မာပြည်မှာတော့ Adobe ကုမ္ပဏီရဲ့ Fontographer ကိုပဲ သုံးခဲ့ကြပါတယ်။ ခုတော့ Fontographer ဆော်ဖ့်ဝဲ ရေးသားသူများက 1992 ခုနှစ်ကစလို့ FontLab ဆိုတာကို တည်ထောင်ဖို့အတွက် Adobe မှ ခွဲထွက်ခဲ့ကြသလို Fontographer ကလည်း ရပ်တန့်သွားခဲ့ရပါတယ်။  ဖောင့်အယ်ဒီတာ လောကမှာ ဘုရင်တစ်ဆူဖြစ်တဲ့ FontLab Studio ကို သုံးကြည့်လိုက်ပါ။  



နောက်ပြီး ကျွန်တော် ဖြစ်ချင်တဲ့ ဆန္ဒတစ်ခုက မြန်မာပြည်မှာ ဖောင့်လှလှလေးတွေကို ဝယ်ယူအားပေးကြစေလိုပါတယ်။  ဖောင့် ဖန်တီးသူက ရောင်းရင်ပေါ့။ နောက် ဖောင့်တွေကို မူပိုင်ခွင့်ရှိစေချင်သလို ဖန်တီးသူတွေကိုလည်း အကျိုးအမြတ် ရရှိစေချင်တယ်ဗျာ။  ခုတော့ FontLab Studio ကို ဝယ်သုံးမယ်ဆိုရင်တော့ FontLab ရဲ့ ဝက်ဆိုဒ်ကိုသွားပါ။  ယနေ့ ပေါက်ဈေးကတော့ $649 ကျသင့်ပါတယ်။  တကယ်လို့ သင်က ဝယ်မသုံနိုင်ဘူး  Crack ဗားရှင်းကို သုံးမယ်ဆိုရင်တော့ -




0 comments:

Post a Comment