စာစီစာရိုက်လုပ်ငန်း အတွက်

စာစီစာရိုက်လုပ်ငန်းအတွက် အသုံးအဆောင်များကို ရှာဖွေ စုဆောင်းထားရှိပေးထားပါတယ်။

ဆောဖ့်ဝဲများကလည်း သင့်လုပ်ငန်းအတွက်ပါ

ကွန်ပျူတာအတွက် အသုံးဝင်သော ဆောဖ့်ဝဲများကိုလည်း တင်ပြထားပေးပါတယ်။ မိမိတို့ လိုအပ်သလို အသုံးချနိုင်ကြပါစေ

စာစီလုပ်ငန်းအတွက် ဒီဇိုင်းလိုအပ်သမျှ

အသင့်သုံး ဒီဇိုင်းများ၊ ဘောင်များ၊ ပန်းကနုတ်၊ ဖောက်စွပ်များ၊ ဖိတ်စာ၊ လိပ်စာတို့တွင် အသုံးပြုသည့် သင်္ကေတများ၊ ရုပ်ပုံများကိုလည်း ထားရှိပေးထားပါတယ်

ရပ်တန့်မသွားသော နည်းပညာ

ကွန်ပျူတာ နည်းပညာ နယ်ပယ်ဟာ ရပ်တန့် မသွားပဲ ရှေ့ကို ခပ်မြန်မြန်သွားနေတဲ့ နည်းပညာပဲ ဖြစ်ပါတယ်။ နောက်ကြမကျန်ရအောင် ဒီဘလော့မှာ အဟောင်းတွေအပြင် အသစ်တွေကိုပါ ဖော်ပြပေးထားပါတယ်

သင်လိုအပ်သမျှ ကွန်မန့်မှာ ရေးခဲ့ပေးပါ

တကယ်လို့ သင့်လုပ်ငန်းအတွက် လိုအပ်နေတာ ဒီထဲမှာ ရှိမနေသေးရင် ကွန့်မန့်မှာ မှတ်ချက်ရေးပြီး တောင်းဆိုခဲ့ပေးပါ။ မကြာမီအချိန်အတွင်း ဖြည့်ဆည်းပေးထားပါမယ်

Wednesday, April 25, 2018

Magix Sound Forge Pro 11


Magix Sound Forge Pro 11 က အသံတည်းဖြတ်သမားတွေအတွက်ပါ။  အသံဖိုင်တွေကို တည်းဖြတ်ရာမှာ ပရိုတစ်ယောက်လို လုပ်ကိုင်နိုင်စွမ်းရှိပါတယ်။  အခြေခံ အသံ 2 Track ကို တည်းဖြတ်ပြီး Surround-sound အဖြစ် တည်းဖြတ်ဖို့ဆိုရင် Sound Forge က ကူညီပေးနိုင်ပါတယ်။  သူ့မြင်ကွင်းတွေကလည်း အသုံး ပြုသူတိုင်း နားလည်လွယ်တာကြောင့် လူကြိုက်များပါတယ်။

အသံလွှင့်ဌာနမှာ အသုံးပြုမလား၊ စမ်းသပ်နားသောတဆင်ဖို့ သီချင်းကို တည်းဖြတ်မလား၊  အသံဖမ်းမလား စသည်ဖြင့် အသံတည်းဖြတ်မှု ဆိုင်ရာ ကဏ္ဍတွေအသီးသီးအတွက် အတိုင်းအဆမရှိ ကူညီမှု ပေးနိုင်ပါတယ်။ 



Monday, April 9, 2018

Adobe CS6 Master collection သွင်းနည်း


သင်ကြိုက်နှစ်သက်တယ် သင့်အတွက် Adobe Software တွေက အသုံးဝင်တယ်ဆိုရင် တရားဝင်ဝယ်ယူသုံးဖို့ တိုက်တွန်းပါရစေ။  ခုကျွန်တော် ဆောဖ့်ဝဲတင်ပုံ ရေးသားချိန်မှာတော့ CS6 ကို တရားဝင် ဒေါင်းလုပ်လုပ်ဖို့ Adobe  က ခွင့်ပြုပေးထားတဲ့ အချိန်ရောက်နေပါပြီ။  မူရင်းနေရာက ဖိုင်တွေကို ဒေါင်းရင် Virus အန္တရာယ်က ကင်းဝေးစေနိုင်တဲ့ အခွင့်အရေးတော့ ရှိပါတယ်။ မူရင်းဆောဖ့်ဝဲတွေကို ဒေါင်းပြီး Crack လုပ်ငန်းစဉ်ကို ပြန်လုပ်လည်း ရပါတယ်။  သင်ဒေါင်းလုပ်လုပ်ချင်တယ်ဆိုရင် -

https://helpx.adobe.com/x-productkb/policy-pricing/cs6-product-downloads.html

Adobe CS6 Master Collection သွင်းယူပုံ Installation လုပ်ပုံအဆင့်ဆင့်ကို ဖေါ်ပြပေးပါမယ်။  ကျွန်တော်တို့ဆီကို Adobe CS6 Master Collection က RAR ဖိုင်နဲ့ ချုံ့ထားပြီး DVD နှစ်ခွေစာရှိတာကို ရောင်းချပေးလေ့ရှိပါတယ်။  ပထမခွေထဲက Part one သို့မဟုတ် ပထမဆုံး တစ်ဖိုင်ကို Double Click နှိပ်ပြီ မိမိကွန်ပျူတာထဲသို့ ဖြန့်ချထားပါက အောက်ဖော်ပြပါအတိုင်း အခန်းသုံးခုပါဝင်တာကို တွေ့ရပါမယ်။ 
(1)  Adobe CS6 (ဒီအခန်းထဲမှ Setup ပါလို့ ဒီအခန်းထဲကနေ ဆောဖ့်ဝဲကို သွင်းယူဖို့ ကြိုးစားပါမယ်)
(2)  Crack ( ဒီအခန်းထဲကတော့ ဆောဖ့်ဝဲကို အက်တစ်ဖြစ်အောင် လုပ်ဖို့ပါတယ်။  Keygen ပါမယ်)
(3)  Fonts (ဒီအခန်းထဲမှာ Adobe က ပေးတဲ့ ဖောင့်တွေပါတယ်။ Eng ဖောင့်တွေပေါ့) 

(တစ်ချို့ ဖြန့်ချပြီးနောက် C:\CS6 အခန်းတွင် Setup.exe ဖိုင်မတွေ့ဘူးဆိုတာကို မက်ဆေ့ ပြတာရှိပါတယ်။ ပိတ်ထားလိုက်ပေါ့။  အောက်မှာ ဆက်လုပ်မှာ မို့လို့ပါ။)


ဆောဖ့်ဝဲသွင်းဖို့ Adobe CS6 အခန်းကို ဖွင့်ပါ။  Set up ဆိုတဲ့ အနီရောင်ဖိုင်လေးကို Double Click နှိပ်ပါ။


ခဏစောင့်ပါ။  ဆောဖ့်ဝဲသွင်းဖို့ အဆင်သင့်ဖြစ်အောင် လိုအပ်တဲ့ဖိုင်တွေကို အစီအစဉ်လုပ်နေပါတယ်။


Install ဆိုတာက သူ့ရဲ့ Serial key တွေ ရှိပြီးသားဆိုရင် သူနဲ့ စတင်လုပ်ဆောင်ပါမယ့်။  Try ကတော့
Serial key တွေ မိမိမှာ မရှိသေးရင် အစမ်းသုံးဖို့ လုပ်လိုတဲ့အခါ သွင်းယူမယ့် အဆင့်ပေါ့။
ခုတော့ Crack အခန်းထဲမှာ Keygen ပါတဲ့အတွက် Install ကို နှိပ်ပါ။



ဆောဖ့်ဝဲကို အသုံးပြုမယ်ဆို ဖော်ပြပါ နည်းပညာလိုင်စင် တွေကို လိုက်နာပါမည်ဟု သိစေလိုတာပါ။  ခုတော့ Accept ဆိုတာကို နှိပ်ပါမယ်။


Serial Number ထည့်ပေးရပါမယ်။ 


တစ်ချို့ Serial number တွေကို ခွေကာဗာမှာ ရေးထားတတ်သလို ခွေထဲမှာ စာဖိုင်လေးနဲ့ ရေးထည့်ထားတတ်ပါတယ်။  ပုံမှန်ဆိုရင် Crack အခန်းတို့ Patch အခန်းတို့ စာလုံးအကြီးအသေးတွေနဲ့ ရေးထားတတ်တဲ့ Folder (xFoRcE) စသည်ဖြင့် အဲ့ဒီအခန်းတွေကို စစ်ပါ။  အဲ့ထဲမှာ ကီးတွေ ပါတတ်တယ်။ ခုတော့ Crack အခန်းကို ဖွင့်ပါ။ xf-mccs6 ဖိုင်ကို ဖွင့်ပါ။ 



အောက်က ခလုပ်နှစ်ခုအနက် Generate ခလုပ်ကို နှိပ်ပါ။  အပေါ်ဆုံးက Serial မှာ မိမိစက်မှာ အသုံးပြုရမယ့် Serial key ကို ရပါပြီ။ ကီးတွေကို Copy လုပ်ပါ။  

သတိ - Generate တစ်ခါလုပ်ရင် ကီး တစ်ခု ပြောင်းပြောင်းသွားပါတယ်။  ခု ကော်ပီယူပြီး ဆောဖ့်ဝဲကို အင်စတော စလုပ်လိုက်ပြီဆိုလျှင်  Generate ခလုပ်ကို ထပ်မနှိပ်ပါနဲ့တော့။  Copy ကူးယူထားတဲ့ ကိန်းဂဏန်းတွေ ပြောင်းသွားရင် Activate လုပ်လို့ မရနိုင်တော့ပါဘူး။  

X-Force ကို မပိတ်သေးပါနှင့်။


Serial Number မှာ သွားထည့်ပါ။ Paste လုပ်ပါ။  ပြီးလျင် Next နှိပ်ပါ။


Serial မှန်မမှန်နဲ့ နောက်ဆုံးထုတ် CS ဗားရှင်းအသစ်တွေ Update တွေရှိမရှိ စစ်ဖို့ Internet ကို ချိတ်ပါတယ်။  ခုတော့ ချိတ်ဆက်ဖို့ မလိုတဲ့အတွက် အင်တာနက် ကွန်နက်ရှင် မရှိဘူးလို့  Message ပြပါတယ်။  မလိုအပ်လို့  Connect Later ကို နှိပ်ပါ။



ဒီအဆင့်မှာတော့ CS6 Master Collection ဆိုတဲ့အတိုင်း Adobe ရဲ့ ထုတ်ကုန် multimedia software တွေအားလုံးကို သွင်းယူဖို့ အဆင့်သင်ဖြစ်နေပါပြီ။  အမှန်ခြစ်လေးတွေ ထည့်ထားပေးပါတယ်။

သင့်အတွက် ဗွီဒီယိုတည်းဖြတ်တာမျိုးမလုပ်ဖူးဆို After, Premiere စသည်တို့ကို သွင်းယူစရာမလိုဘူးပေါ့။  မိမိလိုအပ်တာပဲသွင်းလိုပါက အရင်ဆုံး အမှန်ခြစ်တွေ ဖြုတ်လိုက်ပါ။  ပြီးမှ မိမိလိုအပ်မယ့် ဆောဖ့်ဝဲကို အမှန်ခြစ်ထည့်ပေးထားပါ။  ပြီးရင် Install ခလုပ်ကို နှိပ်ပါ။



မိမိသွင်းယူမယ့် ဆောဖ့်ဝဲ အနည်းအများပေါ်မူတည်ပြီး  သွင်းယူချိန် ကြာမြင့်နိုင်ပါတယ်။  ခေတ္တစောင့်ပါ။


တစ်ခု သတိထားရမှာက Serial key ထည့်တဲ့ လုပ်ငန်းက မပြီးပြတ်သေးပါဘူး။  သွင်းပြီးရင် ပြန်လုပ်ရမှာ ဖြစ်လို့ ခုဏက X-Force ကို မပိတ်ခိုင်ထားတာပါ။


ခုတော့ ကျွန်တော် သွင်းလိုတဲ့ ဆောဖ့်ဝဲတွေ သွင်းယူပြီးကြောင်း Message ပေါ်လာပါပြီ။  Close နှိပ်ပါ။


Desktop ပေါ်မှာ Adobe Photoshop CS6 ဆိုတာကို Double click နှိပ်ပါ။ ( တကယ်လို့ သင့်စက်မှာ ခုလို မပေါ်သေးဘူးဆိုရင်  Start > All Programs > Adobe > ဆိုတဲ့ အထဲက Desktop ပေါ်တင်ချင်တဲ့ Program ကို ညာကလစ်နှိပ် Send to > Desktop (Create shortcut) ကိုရွေးပေးရင် Desktop မှာ မြင်ရပါပြီ)


ဒီအဆင့်ကနေစ Photoshop ကို အသုံးပြုလို့ရအောင် Activate လုပ်ရပါမယ်။  အပြာရောင်နဲ့ ရေးထားတဲ့ Having trouble connection to the internet? ဆိုတဲ့ လင့်ကို နှိပ်ပါ။  


အင်တာတက် မချိတ်ထားလို့ ချိတ်ဖိုပ တောင်းဆိုပါတယ်။  မလိုအပ်လို့ မချိတ်သေးပါဘူး။  Offline Activation ကို နှိပ်ပါ။


Generate Request Code ကို နှိပ်ပါ။


Offline Activation အတွက် သူက Request Code: လေး တစ်ကြောင်းပေးပါတယ်။  အပြာရောင်ချယ်ပြ ပေးထားပါတယ်။  အဲ့ဒီစာကြောင်းကို Select လုပ် ကော်ပီကူးပါ။


ခုနက မပိတ်ထားတဲ့ - X-Force ထဲက ဒုတိယစာကြောင်းထဲကို Paste လုပ်ပါ။ ပြီးလျင် Generate ခလုပ်ကို ဒုတိယအကြိမ် နှိပ်ပါ။  Activation အကွက်ထဲမှာ Response Code ကို ရယူနိုင်ပါပြီ။   ကော်ပီ ကူးပါ။  ပြီးလျှင်  Response Code ထဲမှာ သွားထည့်ပါ။  Paste လုပ်ပါ။

Activate ကို နှိပ်ပါ။






အိုကေပြီ။  Launch ဆိုတာကို နှိပ်ပါ။  ကျွန်တော်တို့ Activate အောင်မြင်စွာ လုပ်ဆောင်နိုင်ပါပြီ။


ဒီ Activate လုပ်တဲ့ လုပ်ငန်းစဉ်က နည်းလမ်းတစ်မျိုးပါ။ ဒီလုပ်နည်းလိုပဲ  CorelDRAW အုပ်စုကလည်း ကျင့်သုံးပါတယ်။  Double Activation လုပ်နည်းပေါ့။