စာစီစာရိုက်လုပ်ငန်း အတွက်

စာစီစာရိုက်လုပ်ငန်းအတွက် အသုံးအဆောင်များကို ရှာဖွေ စုဆောင်းထားရှိပေးထားပါတယ်။

ဆောဖ့်ဝဲများကလည်း သင့်လုပ်ငန်းအတွက်ပါ

ကွန်ပျူတာအတွက် အသုံးဝင်သော ဆောဖ့်ဝဲများကိုလည်း တင်ပြထားပေးပါတယ်။ မိမိတို့ လိုအပ်သလို အသုံးချနိုင်ကြပါစေ

စာစီလုပ်ငန်းအတွက် ဒီဇိုင်းလိုအပ်သမျှ

အသင့်သုံး ဒီဇိုင်းများ၊ ဘောင်များ၊ ပန်းကနုတ်၊ ဖောက်စွပ်များ၊ ဖိတ်စာ၊ လိပ်စာတို့တွင် အသုံးပြုသည့် သင်္ကေတများ၊ ရုပ်ပုံများကိုလည်း ထားရှိပေးထားပါတယ်

ရပ်တန့်မသွားသော နည်းပညာ

ကွန်ပျူတာ နည်းပညာ နယ်ပယ်ဟာ ရပ်တန့် မသွားပဲ ရှေ့ကို ခပ်မြန်မြန်သွားနေတဲ့ နည်းပညာပဲ ဖြစ်ပါတယ်။ နောက်ကြမကျန်ရအောင် ဒီဘလော့မှာ အဟောင်းတွေအပြင် အသစ်တွေကိုပါ ဖော်ပြပေးထားပါတယ်

သင်လိုအပ်သမျှ ကွန်မန့်မှာ ရေးခဲ့ပေးပါ

တကယ်လို့ သင့်လုပ်ငန်းအတွက် လိုအပ်နေတာ ဒီထဲမှာ ရှိမနေသေးရင် ကွန့်မန့်မှာ မှတ်ချက်ရေးပြီး တောင်းဆိုခဲ့ပေးပါ။ မကြာမီအချိန်အတွင်း ဖြည့်ဆည်းပေးထားပါမယ်

Showing posts with label DTP Software. Show all posts
Showing posts with label DTP Software. Show all posts

Saturday, July 20, 2019

Microsoft Office Professional Plus 2010



မိုက်ခရိုဆော့ဖ်မှ ရုံးလုပ်ငန်းသုံးအတွက် ထုတ်လုပ်ပေးထားသော Office Professional Plus 2010 ဗားရှင်းဖြစ်ပါတယ်။

ယနေ့ Office 2019 ထိ ထွက်ရှိပေးထားပြီးဖြစ်ပါတယ်။  ကျွန်တော်တို့ဆီက ရုံးဝန်ထမ်းတွေက စက်လိုအပ်ချက်၊ လူစွမ်းအား လိုအပ်ချက်တွေကြောင့် နောက်ဆုံး ဗားရှင်းကို အသုံးပြုနိုင်ခြေ နဲပါးလှပါတယ်။ ဒီ ၂၀၁၀ ဗားရှင်းတောင် မတတ်သာလို့ တိုးတက် အသုံးပြုရပုံပေါ်တယ်။  Office 2007 ကိုပဲ တစ်ချို့ လက်မလွတ်တမ်း အသုံးပြုနေကျဆဲပါ။

နောက်တစ်ခုက ရုံးလုပ်ငန်းသုံးမှာ ယူနီကုတ်စာရေးစနစ်ဖြစ်တဲ့ ပြည်ထောင်စုဖောင့်ကို အသုံးပြုဖို့ မဖြစ်မနေ လိုအပ်တာကြောင့် ရုံးလုပ်ငန်းသုံးအနေနဲ့ ဆိုလျင် မဖြစ်မနေ Office 2010 ဗားရှင်းလောက်ကိုတော့ဖြင့် အသုံးပြုဖို့ လိုအပ်ပါလိမ့်မယ်။  ဒါတောင် ယူနီကုတ် အထောက်အပံ့ကို စစဦး ပံ့ပိုးပေးထားတဲ့ ဗားရှင်းမို့ပါ။

ခုဒီထဲမှာတော့ activate လုပ်ဖို့ ပါပြီးသားပါ။  .net 4.0 တော့ ကြိုသွင်းထားဖို့ လိုပါလိမ့်မယ်။



ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်တို့ Windows OS, Office Software တို့ကို ဝယ်ယူအသုံးပြုသင့်ပါတယ်။  ဒီ ဝင်းဒိုစ်နဲ့၊ office software တွေကို activate လုပ်ပေးတဲ့ ကောင်တွေကို မယုံတော့လို့ပါ။  မိမိတို့က ရုံးလုပ်ငန်းလုပ်ဆောင်နေတယ်ဆိုရင် ဒေတာတွေ ကာကွယ်ဖို့လိုတယ်ဆိုရင် ဝယ်ယူသုံးဆွဲသင့်တယ်လို့ ထင်မြင်မိပါတယ်။


Saturday, February 23, 2019

Microsoft Office 2016 for MacOS


MS Office 2016 ကို MacOS High Sierra မှာ အသုံးပြုလို့ ရပါတယ်။  Apple Devices တွေ သုံးတဲ့ သူတွေကလည်း စာစီစာရိုက်ဖို့ကို Microsoft ရဲ့ Office ကို အသုံးပြကြပါတယ်။  တခြား Office application တွေထက် လူသုံး ပိုများပါတယ်။

ဝင်းဒိုးစ် အသုံးပြုသူေတွေ အတွက်လည်း  သူ့ရဲ့ Tools တွေကို ရင်းနှီးပြီးသားကြောင့် အသုံးပြုနည်းကို အထူး လေ့လာစရာ မလိုတော့ဘူးပေါ့။ Office 2013 ထက် ပိုကောင်းလာပါတယ်။  အထူးသဖြင့် Cloud Storage ဖြစ်တဲ့ OneDrive ကို တိုက်ရိုက်အသုံးပြုခွင့် ရရှိစေပါတယ်။  သို့သော် စသုံးသုံးခြင်းတော့ OneDrive ကို မတွေ့ရသေးပါဘူး။  Microsoft account နဲ့သာ စတင်အသုံးပြုခဲ့မယ်ဆိုရင်တော့ OneDrive ကို မိမိတို့ Office ကနေ တိုက်ရိုက်အသုံးပြုလို့ ရပါပြီ။  Office ထုံးစံအတိုင်းပါပဲ MS Word, MS Excel, MS PowerPoint, OneNote, Outlook တို့ ပါဝင်ပြီးသားပါ။

MacOS High Sierra မှာ သွင်းယူတာကလည်း လွယ်ကူပါတယ်။  ကျွန်တော်က High Sierra မှာပဲ သွင်းယူခဲ့ဖူးတာကြောင့် တခြား Version မှာ အဆင်ပြေမပြေ မသိပါခင်ဗျာ။


Tuesday, October 30, 2018

Chem4Word Add-in for Microsoft Office Word


 Microsoft Office Word အတွက် Add-in တစ်ခုပဲဖြစ်ပါတယ်။  Chemistry ဘာသာရပ်ဆိုင်ရာ သင်္ကေတတွေ ရေးဖို့ အတွက် တစ်စစီလုပ်နေရတာမျိုး မရှိတော့ပဲ အလွယ်တကူ မြန်မြန်ဆန်ဆန် လုပ်နိုင်သွားပါပြီ။



သူက Open-source အနေနဲ့ Microsoft က ခွင့်ပြုပေးထားပါပြီ။


Microsoft Word 2007 ကနေစပြီး ယနေ့ထိ ထုတ်လုပ်ပေးလာခဲ့ပါတယ်။ တကယ်လို့ Chem4Word အသုံးပြုရတာ အခက်အခဲရှိတယ် တစ်စုံတစ်ခုကို မေးမြန်းချင်တယ်ဆိုရင် Chem4Word facebook group မှာ သွားရောက် မေးမြန်းနိုင်ပါတယ်။



သူက Equation Editor နဲ့  သဘောတရားဆင်တူပါတယ်။  သုံးရလွယ်အောင်ပါ။  သို့သော် ဘယ်ကနေစသုံးရမှန်းမသိဘူးဖြစ်နေတယ် သင်ယူဖို့လိုမယ်ဆိုရင်တော့ အောက်က ဗွီဒီယိုဖိုင် သင်ခန်းစာ လေးခုကို လေ့လာနိုင်ပါတယ်။ 








Chem4Word Add-in ကို ဒေါင်းလုပ်ရယူလိုပါက -









Friday, October 12, 2018

Mavis Beacon 20



ကွန်ပျူတာလက်ကွက် ရိုက်ကျင့်ဖို့ နှစ်ပေါင်းများစွာ မြန်မာပြည်ရဲ့ ကွန်ပျူတာ သင်တန်းတွေ သင်ကြားရေးစံနစ်မှာ ယနေ့ထိ အသုံးပြုနေဆဲ လက်ကွက်ကျင့်စနစ်ဖြစ်ပါတယ်။  Mavis Beacon လို့ လူသိများပါတယ်။ Mavis Beacon လက်ကွက်စံနစ်ဆောဖ့်ဝဲကို အသုံးပြုမယ်ဆိုရင် ၁၄ ရက်အတွင်း ကောင်းမွန်စွာ စာရိုက်နိုင်ပြီလို့လည်း အာမခံထားပါတယ်။  အင်္ဂလိပ်စာကို ပြောတာပါ။  သင်တန်းတွေမှာ ပုံမှန်အချိန် ၁၀ မိနစ်၊ ၁၅ မိနစ်လောက်ပေးပြီး ရိုက်ကျင့်စေခဲ့နိုင်ရင် သင်တန်းသားတော်တော်များများဟာ အင်္ဂလိပ်စာ လက်ကွက်ကို ပိုင်ပိုင်နိုင်နိုင်ရိုက်ကျင့်နိုင်ပါတယ်။   ကလေး လူကြီး ဒီဆောဖ့်ဝဲကို ပဲ အသုံးပြု လေ့ကျင့်နိုင်ပါတယ်။  




Mavis Beacon 20 ကိုရယူလိုပါက - 



Wednesday, September 5, 2018

Adobe Pagemaker 7.0.1a


     Adobe ကုမ္ပဏီက ထုတ်လုပ်ဖြန့်ချိပေးထားသော PageMaker 7.0 ဆောဖ့်ဝဲဟာ ကျွန်တော်တို့ စာစီစာရိုက်လောကမှာယနေ့ အထိ ပန်းပန်လျက်ပါပဲ။  2001 July  9 ရက်နေ့က စတင်ထုတ်လုပ်ဖြန့်ချိပေးခဲ့ပြီး၊2011 August  1 ရက်နေ့မှာ ထောက်ပံ့မှုတွေကို ရပ်ဆိုင်းထားခဲ့ပါပြီ။

     သို့သော် ယနေ့ထိ PageMaker ကို ဆက်လက် သုံးစွဲနေကြပါတယ်။  ဖြစ်နိုင်ရင်တော့ Pagemaker ကို Adobe က ပြန်လည် မွန်းမံပြီး ထုတ်လုပ်ပေးထားတာကတော့ Adobe InDesign ဆောဖ့်ဝဲပဲ ဖြစ်ပါတယ်။   စာစီစာရိုက်စနစ်ကို InDesign က ကောင်းစွာ အထောက်အပံ့ပေးထားပါတယ်။ Adobe InDesign ကို သုံးဖို့လည်း တိုက်တွန်းလိုပါတယ်။

     ကျွန်တော် Adobe PageMaker 7.0 သွင်းယူပုံ အဆင့်ဆင့်ကို ဖော်ပြပေးထားပြီး ဖြစ်ပါတယ်။ ဒီမှာ သွားကြည့်နိုင်ပါတယ်။

     PageMaker ကိုသွင်းတဲ့အခါ နောက်ဆုံး Update အထိ သွင်းယူစေလိုပါတယ်။  Update သွင်းထားမှ Stop Working စသည့် Error တွေ မတက်တော့တာပါ။ Update နှစ်ခုလုံးကို အစဉ်အတိုင်း သွင်းယူပါ။

PageMaker 7.0.1a အထိ Update file အပါအဝင် ဒေါင်းလိုပါက -







Wednesday, April 25, 2018

Magix Sound Forge Pro 11


Magix Sound Forge Pro 11 က အသံတည်းဖြတ်သမားတွေအတွက်ပါ။  အသံဖိုင်တွေကို တည်းဖြတ်ရာမှာ ပရိုတစ်ယောက်လို လုပ်ကိုင်နိုင်စွမ်းရှိပါတယ်။  အခြေခံ အသံ 2 Track ကို တည်းဖြတ်ပြီး Surround-sound အဖြစ် တည်းဖြတ်ဖို့ဆိုရင် Sound Forge က ကူညီပေးနိုင်ပါတယ်။  သူ့မြင်ကွင်းတွေကလည်း အသုံး ပြုသူတိုင်း နားလည်လွယ်တာကြောင့် လူကြိုက်များပါတယ်။

အသံလွှင့်ဌာနမှာ အသုံးပြုမလား၊ စမ်းသပ်နားသောတဆင်ဖို့ သီချင်းကို တည်းဖြတ်မလား၊  အသံဖမ်းမလား စသည်ဖြင့် အသံတည်းဖြတ်မှု ဆိုင်ရာ ကဏ္ဍတွေအသီးသီးအတွက် အတိုင်းအဆမရှိ ကူညီမှု ပေးနိုင်ပါတယ်။ 



Sunday, August 20, 2017

MathType


 
 Microsoft Equation Editor ကို Microsoft Office products တွေမှာ ပါရှိပေမယ့် အကန့်အသတ်နဲ့သာ သုံးစွဲကြရပါတယ်။  စာစီစာရိုက် လုပ်တဲ့အခါ သချာင်္၊ ရူပဗေဒ ဘာသာရပ်တွေမှ အသုံးပြုကြရမယ့် သချာင်္ကိန်းတန်းတွေ၊ ထပ်ညွှန်းတွေ၊ ဖော်မြူလာတွေကို ရေးသားကြရတဲ့ သူတွေအတွက် အလွန်အသုံးဝင်ပါတယ်။  ကျောင်းဆရာ/ဆရာမ တွေ အတွက် မရှိမဖြစ် လိုအပ်တာပေါ့။
     MathType ကို ၁၉၈၇ ခုနှစ် ဇွန်လ (၂၃) ရက်နေ့ကနေ စတင် ထုတ်လုပ်ဖြန့်ချိခဲ့ပါတယ်။  ၀င်းဒိုးစ် အိုအက်စ်နှင့် မက်အိုအက်စ်အတွက် အသုံးပြုနိုင်ပါတယ်။  အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန် ဘာသာစကားများနှင့် ဖြန့်ချိပါတယ်။  လိုင်စင်အနေနဲ့ကတော့ စမ်းသပ်သုံးစွဲခွင့် တလပေးထားပါတယ်။ ကြိုက်ရင်ဝယ်ပေါ့။  ခုတော့ serial key ထည့်ထားပေးပါတယ်။  အသုံးဝင်တယ် ကြိုက်တယ်ဆိုရင်တော့ ၀ယ်ယူသုံးဖို့ တိုက်တွန်းပါရစေ။
      MathType မှာ TeX, LaTeX နှင့် MathML စတဲ့ သချာင်္ဆိုင်ရာ ဘာသာရပ်သင်္ကေတတွေကို အပြည့်အစုံ အသုံးပြုနိုင်ပါတယ်။  ၀င်းဒိုးစ် ၇ နှင့် နောက်ဆုံးထုတ် ၀င်းဒိုးစ်တွေမှာ အသုံးပြုနိုင်ပါတယ်။  အီကွေးရှင်းတွေကို touch screen မှာ pen နဲ့ လည်း အသုံးပြုနိုင်ပါသေးတယ်။
     MathType အီကွေးရှင်းတွေမှာ Times New Roman ဖောင့်နှင့် Symbol, Greek စာလုံးတွေကို အဓိကထားအသုံးပြုပါတယ်။
     MathType ကို stand alone အဖြစ် အသုံးပြု၍ရသလို Microsoft Office for Mac  နှင့်  ၀င်းဒိုးစ်အတွက် Microsoft Word add-in အဖြစ် အသုံးပြုနိုင်ပါတယ်။

 MathType 6.9