စာစီစာရိုက်လုပ်ငန်း အတွက်
စာစီစာရိုက်လုပ်ငန်းအတွက် အသုံးအဆောင်များကို ရှာဖွေ စုဆောင်းထားရှိပေးထားပါတယ်။
ဆောဖ့်ဝဲများကလည်း သင့်လုပ်ငန်းအတွက်ပါ
ကွန်ပျူတာအတွက် အသုံးဝင်သော ဆောဖ့်ဝဲများကိုလည်း တင်ပြထားပေးပါတယ်။ မိမိတို့ လိုအပ်သလို အသုံးချနိုင်ကြပါစေ
စာစီလုပ်ငန်းအတွက် ဒီဇိုင်းလိုအပ်သမျှ
အသင့်သုံး ဒီဇိုင်းများ၊ ဘောင်များ၊ ပန်းကနုတ်၊ ဖောက်စွပ်များ၊ ဖိတ်စာ၊ လိပ်စာတို့တွင် အသုံးပြုသည့် သင်္ကေတများ၊ ရုပ်ပုံများကိုလည်း ထားရှိပေးထားပါတယ်
ရပ်တန့်မသွားသော နည်းပညာ
ကွန်ပျူတာ နည်းပညာ နယ်ပယ်ဟာ ရပ်တန့် မသွားပဲ ရှေ့ကို ခပ်မြန်မြန်သွားနေတဲ့ နည်းပညာပဲ ဖြစ်ပါတယ်။ နောက်ကြမကျန်ရအောင် ဒီဘလော့မှာ အဟောင်းတွေအပြင် အသစ်တွေကိုပါ ဖော်ပြပေးထားပါတယ်
သင်လိုအပ်သမျှ ကွန်မန့်မှာ ရေးခဲ့ပေးပါ
တကယ်လို့ သင့်လုပ်ငန်းအတွက် လိုအပ်နေတာ ဒီထဲမှာ ရှိမနေသေးရင် ကွန့်မန့်မှာ မှတ်ချက်ရေးပြီး တောင်းဆိုခဲ့ပေးပါ။ မကြာမီအချိန်အတွင်း ဖြည့်ဆည်းပေးထားပါမယ်
Saturday, August 26, 2017
Defraggler
     ကွန်ပျူတာ တစ်လုံးအတွက်  ဖိုင်တွေကို သန့်ရှင်းရေးလုပ်ဖို့နဲ့ အစီအစဉ်တကျဖြစ်ဖို့ အတွက်လုပ်ဆောင်ပေးမှာကတော့ ပိုင်ရီဖောင်း ကုမ္ပဏီက ထုတ်လုပ်ပေးထားတဲ့ defraggler က အကောင်းဆုံး လုပ်ဆောင်ပေးနိုင်ပါတယ်။  ၀င်းဒိုးစ် ရဲ့ system ဖိုင်တွေ registry ဖိုင်တွေကို သန့်ရှင်းရေးလုပ် ပေးတဲ့ CCleaner ကို ထုတ်ပေးတဲ့ ကုမ္ပဏီကပဲဆိုတော့ သုံးရတာ အဆင်ပြေပါတယ်။
 Piriform's Defraggler
Monday, August 21, 2017
၀င်းဒိုးစ် အက်တစ်ဖြစ်ဖို့ အတွက်
     ဒီ ဆောဖ့်ဝဲလေးက ဝင်းဒိုးစ် ဗားရှင်းအားလုံး နှင့် ၊ Office 2010, Office 2013, Office 2015, Office 2016 တို့ကို အက်တစ်ဖြစ်အောင် ပြန်လုပ်ပေးနိုင်ပါတယ်။  ဝင်းဒိုးစ်အတွက် activate လုပ်တဲ့ အခြားဆော့ဖ်ဝဲတွေဖြစ်တဲံ Kmspico, Reloader စသည်ဖြင့် အခြား activator တွေထဲကမှ ဒီတစ်ခုက ပိုမို အသုံးတဲ့စေပါတယ်။  အလွယ်တကူ အသုံးပြုနိုင်ခြင်း အပြင် ဖိုင်ဆိုဒ်ကလည်း သေးတော့ အဆင်ပြေပါတယ်။  အဓိကကတော့ မိုက်ခရိုဆောဖ့်ရဲ့ ထုတ်ကုန်တွေဖြစ်တဲ့ ဝင်းဒိုးစ် အိုအက်စ် နဲ့ သူ့ရဲ့ ရုံးသုံး စာစီစာရိုက် ဆော့ဖ်ဝဲတွေကို အမြဲတမ်း အသုံးပြုလိုသူတစ်ယောက်ဆိုရင် ဒီ Re-Loader Activator ကို မဖြစ်မနေအသုံးပြုရပါလိမ့်မယ်။  
     ကျွန်တော်တို့ မူလ ဝင်းဒိုးစ် ထည့်သွင်းစဉ်အခါက တစ်ကြိမ် ဝင်းဒိုးစ်ကို activate လုပ်ထားပြီးသားပါ။ အသုံးပြုရင်း အင်တာနက် ချိတ်ဆက်မိသွားတဲ့အခါ ဝင်းဒိုးစ်က activate ကို ကန့်ကွက်ခြင်းခံရပါတယ်။  ဒါဆို ထင်ရှားတဲ့ ပြောင်းလဲမှုက မိမိတို့ ကွန်ပျူတာ ဒက်စတော့နောက်ခံ အရုပ်က ပျောက်ပြီး အမဲရောင် စခရင် ပဲရှိနေတော့တာပါ။  အရုပ်ပုံပြောင်းလဲ သူ့ဘာသာ အလိုအလျောက် အမဲကို ပြန်ပြန် ပြောင်းနေပါလိမ့်မယ်။  စက် စတက်တက်ခြင်းဆိုလဲ ဝင်းဒိုးစ်ကို activate လုပ်ဖို့ တရားဝင်သုံးစွဲဖို့  အကြောင်းကြားပါလိမ့်မယ်။ အဲ့ဒီလို အချိန်အခါမျိုးနဲ့ ကြုံ့ရင် ဒီ ရီလုပ်ဒါ အက်တီဗေတာ ကို အသုံးပြုပါ။
     ဒီ Loader ကို Run တဲ့အခါ သင့်စက်ထဲရှိတဲ့ ဗိုင်းရပ်သတ်တဲ့ ပရိုဂရမ်တွေရဲ့ ထိန်းသိမ်းခြင်းခံရနိုင်တာကြောင့် Antivirus program တွေကိုခတ္တ ပိတ်ထားပေးဖို့ လိုပါမယ်။
     ဝင်းဒိုးစ် ဆဲဗင်း အသုံးပြုသူတွေအတွက် .NET Framework 4.0 ကို သွင်းယူထားပြီး ဖြစ်ရပါမယ်။ မသွင်းရသေးသူများက လိုအပ်မယ်ဆို  DOWNLOAD .NET Framework 4.0 ကို ဒေါင်းဖို့ နှိပ်ပါ။
.NET Framework 4.0
ဝင်းဒိုးရီလုပ်ဒါ ဒေါင်းဖို့ ရန်
Re-Loader Activator
Sunday, August 20, 2017
Photoshop ဖိုင် နမူနာပုံ ဖော်ပြခြင်း
  Photoshop ဖိုင်များ ဖြစ်သော psd ဖိုင် များကို ၀င်းဒိုးစ်ရဲ့ Expolorer မှ ဖော်ပြမပေးသောအခါ အထူးပြု ဆောဖ့်ဝဲများကို အသုံးပြုရပါတယ်။ အဲ့ဒီအတွက် PSD view thumbnail ကို အသုံးပြုကြည့်ပါ။
psd view thumbnail
MathType
 Microsoft Equation Editor ကို Microsoft Office products တွေမှာ ပါရှိပေမယ့် အကန့်အသတ်နဲ့သာ သုံးစွဲကြရပါတယ်။  စာစီစာရိုက် လုပ်တဲ့အခါ သချာင်္၊ ရူပဗေဒ ဘာသာရပ်တွေမှ အသုံးပြုကြရမယ့် သချာင်္ကိန်းတန်းတွေ၊ ထပ်ညွှန်းတွေ၊ ဖော်မြူလာတွေကို ရေးသားကြရတဲ့ သူတွေအတွက် အလွန်အသုံးဝင်ပါတယ်။  ကျောင်းဆရာ/ဆရာမ တွေ အတွက် မရှိမဖြစ် လိုအပ်တာပေါ့။
     MathType ကို ၁၉၈၇ ခုနှစ် ဇွန်လ (၂၃) ရက်နေ့ကနေ စတင် ထုတ်လုပ်ဖြန့်ချိခဲ့ပါတယ်။  ၀င်းဒိုးစ် အိုအက်စ်နှင့် မက်အိုအက်စ်အတွက် အသုံးပြုနိုင်ပါတယ်။  အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန် ဘာသာစကားများနှင့် ဖြန့်ချိပါတယ်။  လိုင်စင်အနေနဲ့ကတော့ စမ်းသပ်သုံးစွဲခွင့် တလပေးထားပါတယ်။ ကြိုက်ရင်ဝယ်ပေါ့။  ခုတော့ serial key ထည့်ထားပေးပါတယ်။  အသုံးဝင်တယ် ကြိုက်တယ်ဆိုရင်တော့ ၀ယ်ယူသုံးဖို့ တိုက်တွန်းပါရစေ။
      MathType မှာ TeX, LaTeX နှင့် MathML စတဲ့ သချာင်္ဆိုင်ရာ ဘာသာရပ်သင်္ကေတတွေကို အပြည့်အစုံ အသုံးပြုနိုင်ပါတယ်။  ၀င်းဒိုးစ် ၇ နှင့် နောက်ဆုံးထုတ် ၀င်းဒိုးစ်တွေမှာ အသုံးပြုနိုင်ပါတယ်။  အီကွေးရှင်းတွေကို touch screen မှာ pen နဲ့ လည်း အသုံးပြုနိုင်ပါသေးတယ်။
     MathType အီကွေးရှင်းတွေမှာ Times New Roman ဖောင့်နှင့် Symbol, Greek စာလုံးတွေကို အဓိကထားအသုံးပြုပါတယ်။
     MathType ကို stand alone အဖြစ် အသုံးပြု၍ရသလို Microsoft Office for Mac  နှင့်  ၀င်းဒိုးစ်အတွက် Microsoft Word add-in အဖြစ် အသုံးပြုနိုင်ပါတယ်။
 MathType 6.9