Saturday, July 20, 2019

Photoshop CC မှာ RAM မလုံလောက်ခြင်း Error fix


Adobe Photoshop CC အုပ်စုတွင် Windows 10 (build 177xxx) ပေါ်တွင်

- JPEG ကို Save မရခြင်း၊ ("there is not enough memory RAM")

- Edit > Preference dialog ဖွင့်သည့်အခါ 96 သို့မဟုတ် 8 တန်ဘိုး တစ်ခုခုထည့်သွင်းဖို့ တောင်းဆိုခြင်း (ထည့်စရာနေရာလည်း မပါ)



စသည့် Error များဖြစ်ပေါ်ပါက Registry တွင် တန်ဖိုးအသစ်တစ်ခု ထည့်သွင်းပေးရပါမည်။



- Windows + R

- regedit လို့ရိုက်ပါ။  Enter နှိပ်ပါ။

- Registry Editor တွင် အောက်ဖော်ပြပါ လမ်းကြောင်းသို့ သွားပါ။

- HKEY_CURRENT_USER\SOFTWARE\Adobe\Photoshop\110.0 (120.0)  အခန်းအမည်မှာ ညာကလစ်နှိပ်ပါ။

- New > DWORD (32-bit) ကို ရွေးပါ။

- ညာဖက်ခြမ်းတွင် ခုဏက ထည့်သွင်းထားသည့် New value အမည်ကို OverridePhysicalMemoryMB ဟုအမည်ပြောင်းပါ။ Enter နှိပ်ပါ။

- အမည်ပြောင်းလိုက်သည်ကို Double Click နှိပ်ဖွင့်ပါ။  Edit DWORD (32bit) Value dialog box တွင်

     the Value Data = 0 မှ စတင်ပြီး သင့်စက်က ထည့်သွင်းထားသော် RAM ပမာဏကို ရေးထည့်ပါ။

     ဥပမာ - 4098 (for 4 GB), 8196 (for 8 GB), 16384 (for 16 GB)



    ကျွန်တော့်စက်က 4GB RAM ဖြစ်တာကြောင့် -

    the Value Data = 4098 လို့ရေးထည့်လိုက်ပါတယ်။

- Base as = Decimal ကိုရွေးလိုက်ပါ။ (decimal တန်ဖိုးပြောင်းလိုက်တာပါ။  အပေါ်က လိုက်ပြောင်းသွားပါလိမ့်မယ်။  ထားခဲ့လိုက်ပါ။ မှန်ပါတယ်။)

- OK

- ပြီးပါပြီ

0 comments:

Post a Comment