Saturday, June 1, 2019

ပြည်ထောင်စုဖောင့်




ယခုအခါ Unicode စနစ်ကို လိုက်နာသောဖောင့်အဖြစ်သော်လည်းကောင်း၊ တိုင်းရင်းသား ဘာသာစကားများအတွက် လက်ကွက်စနစ် ပါဝင်ပြီးသားဖြစ်သော ပြည်ထောင်စုဖောင့်ကို ရုံးလုပ်ငန်းသုံးအဖြစ် တရားဝင် သတ်မှတ်ထားပြီးဖြစ်ပါတယ်။  မိမိ ဝန်းကျင် အစိုးရရုံးများမှာလည်း ပြည်ထောင်စုဖောင့်ကိုပဲ အသုံးပြုနေကြပြီ ဖြစ်ပါတယ်။  ပြည်ထောင်စုဖောင့်ကို ရယူလိုပါက အောက်ဖော်ပြပါလင့်မှ ဒေါင်းလုပ်ရယူပါ။  သူက ပြည်ထောင်စုဖောင့်ရော လက်ကွက်စနစ် (Keymagic 2.0.0.6) ပါဝင်ပြီး  မိမိစက်အခြေအနေပေါ်မူတည်ပြီး Pyidaungsu ဖောင့်ကို အလိုအလျောက် ချိန်ညှိသွင်းယူပေးသွားပါလိမ့်မယ်။

ပြည်ထောင်စုဖောင့်ကိုသွင်းယူလိုတဲ့အခါ မိမိအသုံးပြုနေတဲ့ OS Version (Windows 7, Windows 8, 8.1, Windows 10 pro) နှင့် Office Version (Office 2010, Office 2013-up) စသည်ဖြင့် ကိုက်ညီရာကို ရွေးပြီး ဖောင့်ကို ထည့်သွင်းရပါတယ်။  ဖောင့်မှားသွင်းမိရင် အဆင်ပြေပြေ စာလုံးများ မပေါ်နေပါ။

ယခုဖော်ပြပါ Installer ကတော့ သူ့ဘာသာသူ ရွေးချယ် သွင်းပေးပါလိမ့်မယ်ခင်ဗျာ။



ဖောင့်ကို update to date တင်ပေးနေတဲ့ နေရာကတော့ http://unicode.today/ ပါခင်ဗျာ။ သွားရောက်လေ့လာနိုင်ပါတယ်။


0 comments:

Post a Comment