Saturday, March 30, 2019

Dell PC, Laptop များ ဖွင့်လို့မရ Boot လုပ်လို့မရတဲ့အခါ



(Writing with Pyidaungsu font - ပြည်ထောင်စုဖောင့်ဖြင့် ရေးသားထားပါသည်)

Dell PC တွေ Laptop တွေ Power ဖွင့်လိုက်သော်လည်း မတက်လာတဲ့အခါ OS ကို Boot မလုပ်တဲ့အခါတွေကို အောက်ဖော်ပြပါနည်းလမ်းဖြင့် လုပ်ကိုင်နိုင်ပါတယ်။


Hard Reset ပြုလုပ်ခြင်း
၁ - သင့် Dell PC ကို ပိတ်ပါ။
၂ - AC Adapter မီးကြိုးကိုဖြုတ်ပါ။ ထို့အတူ ဘက်ထရီ ဓါတ်ခဲကိုလည်း ဖြုတ်ပါ။ (Laptop ဆိုရင်ပေါ့)
၃ - သီးခြား ချိတ်ဆက်ထားသော USB အသုံးပြုသော ပရင်တာကြိုး, SD / xD ကဒ်, နှင့် ချိတ်ဆက်ထားသော ပြင်ပ ပစ္စည်းများကို ဖြုတ်ပါ။
၄ - အကြွင်းအကျန် ဓါတ်အားများကို လျော့ချနိုင်ရန် ပါဝါ ခလုပ်ကို ၁၅-၂၀ စက္ကန့်အချိန်ခန့် ဖိထားပါ။ ပြီးမှ လွတ်လိုက်ပါ။
၅ - AC Adapter ကို ပြန်ချိတ်ပါ။ ဘက်ထရီ ပြန်တပ်ပါ။
၆ - စက်ပြန်ဖွင့်ကြည့်ပါ။

     ဖော်ပြပါနည်းအတိုင်း လုပ်ကြည့်လို့မှ မတက်သေးရင် Dell ကညွန်းတာက သူ့စက်မှာပါတဲ့ Diagnostics ကိုသုံပြီး စစ်ဆေးဖို့ အကြံပေးပါတယ်။  ဒါကိုလုပ်ဖို့က OS ကို သိနေတဲ့အချိန်မှာမှ ရနိုင်မှာမို့ ခုလို ဘာမှ မတက်တဲ့အခါ Diagnostics လုပ်ဖို့ အဆင်မပြေတော့ဘူး။

Laptop ဆိုရင်တော့ -
    Fn + Power ကိုတွဲနှိပ်ပြီး Hardware Diagnostics မြင်ကွင်းကို သွားပါ။ စစ်ကြည့်ပါ။

     ဆိုရရင် ဒီအဆင့်နဲ့ အဆင်မပြေဘူးဆိုရင်တော့ Hardware ကို တစ်စစီ စစ်ရပါတော့မယ်။




1 comment: