စာစီစာရိုက်သမားဆိုတာ အကုန်လုပ်တတ်ရတယ်။ အဲ့လိုဖြစ်နေလားမသိ။ ဟုတ်တော့လည်း ဟုတ်တယ်။
ဘုန်းကြီးကျောင်း၊ စတိုးဆိုင်၊ ကုမ္ပဏီများနှင့် အများမြင်ကွင်းတွင်သော်လည်းကောင်း ဆိုင်ခန်းတွင်းတွင်လည်းကောင်း LED မီးသီးဖြင့် သိစေလိုသော အကြောင်းအရာများကို ကြေငြာပေး အသိပေးလေ့ရှိတဲ့ ခေတ်ကို ရောက်နေပါတယ်။ LeadBorad ကို LED မီးလေးလေးများစွားဖြင့် တစ်ရောင်တည်းသော်လည်းကောင်၊ ဖြူနီဝါပြာစိမ်း စသည်ဖြင့် အရောင်စပ်သော်လည်းကောင်း မိမိတို့နှစ်သက်ရာ အတိုင်းအတာ ပြုလုပ်ပြီး သင်တော်ရာတွင် ချိတ်ဆွဲ ဖော်ပြနေကျလေ့ရှိပါတယ်။
တစ်ရောင်တည်း အသုံးပြုသည့်စနစ်နှင့် ရောင်စုံ အသုံးပြုနိုင်သည့်စနစ်ရှိသည့်အထဲ ဈေးချိုသော တစ်ရောင်တည်းစနစ်ကို မြန်မာပြည်တွင် လူသုံးများသည်။
Led board ပေါ်တွင် ဖော်ပြမည့်စာသားကို ကွန်ပျူတာတွင် မိမိ LedBoard အတိုင်းအတာ (အလျား + အနံ) အတိုင်း ချိန်ညှိပြီး မိမိတို့ ဖော်ပြလိုသည့် စာအရုပ်တို့ကို Transition များဖြင့် စိတ်ဝင်စားဖွယ်ပြသနိုင်ပါသည်။ ထိုသို့ ပြုလုပ်ရန်အတွက် ဆောဖ့်ဝဲကို Huidu ကုမ္ပဏီမှာ ထုတ်လုပ်ဖြန့်ချိသည့် ဆောဖ့်ဝဲကို အသုံးပြုကျပါတယ်။ HD2014, HD2016, HD2018 စသည်ဖြင့် ထွက်ရှိနေပါပြီ။ အောက်ဖော်ပြပါလင့်မှာ မိမိ အသုံးပြုလိုသော LED display (တစ်ရောင် သို့မဟုတ် ရောင်စုံ) ဆိုင်ရာ ဆော့ဖ်ဝဲကို ဒေါင်းယူနိုင်ပါတယ်။
နောက်ဆုံးထွက် HD2018 က အသစ်ဆိုပေမယ့် ရှေးက ဗားရှင်းအဟောင်းတွေလိုပါပဲ သိပ်တော့ အပြောင်းအလဲမရှိပါဘူး။ နောက်ဆုံးထွက် ဗားရှင်းမှာ System config လုပ်ဖို့အတွက် password က 168 ပါ။
HDSeries Software ကို ဒေါင်းလုပ်ရယူလိုပါက -
HDSeries Software ကို အသုံးပြုနည်း -
လက်တွေ့လုပ်တာ ကြည့်ရှုလိုပါက -
0 comments:
Post a Comment