Wednesday, July 24, 2019

Camera RAW file မြင်ရဖို့


Camera ထုတ်လုပ်ပေးတဲ့ ကုမ္ပဏီက သိပ်အများကြီး မရှိပေမယ့် အရေအသွေးကောင်းမွန်သော ပုံရိပ်များကို ရရှိစေနိုင်တဲ့ ပုံရိပ်ဖိုင် RAW ဖိုင်ကို တစ်ယောက်တစ်မျိုးစီ တီထွင် ဖန်တီး ထုတ်လုပ်ကျပါတယ်။  Sony က ARW ဖိုင်၊ Nikon က NEF ဖိုင်၊ Canon က CR2, Fuji က xt2 ဖိုင် စသည်ဖြင့် အသီးသီး ကိုယ်ပိုင် RAW ပုံရိပ်များကို ထုတ်လုပ်ပေးထားပါတယ်။

RAW ဖိုင်တွေကို မိမိတို့ ဝင်းဒိုးကွန်ပျူတာတွေမှာ နမူနာပုံမမြင်ရသလို ဆိုင်ရာ Raw Viewer မထည့်ထားလျှင် ဖွင့်လို့ကို မရပါဘူး။ ဒီအတွက် RAW ဖိုင်တွေကို မြင်ရဖို့ အတွက် Raw Codec တွေကို ဝင်းဒိုးစနစ်ထဲ ထည့်သွင်းပေးဖို့လိုပါတယ်။

ဓါတ်ပုံတွေကို တည်းဖြတ်ပေးတဲ့ ဆောဖ့်ဝဲတွေက RAW ဖိုင်တွေကို မသိပါ။  Photoshop လိုမျိုးအတွက်ဆို Adobe Camera RAW ဆောဖ့်ဝဲကို ဆိုင်ရာ ထည့်သွင်းပေးပါမှ တည်းဖြတ် ပြုပြင်လို့ ရပါမယ်။ Photoshop အတွက်ဆိုရင် (၁) ဖိုတိုရှော့ ဗားရှင်း၊ (၂) အသုံးပြုနေတဲ့ ဝင်းဒိုးစ် ဗားရှင်း တွေနဲ့ ကိုက်ညီတဲ့ Adobe Camera RAW ကို ချိန်ညှိထည့်သွင်းပေးရပါမယ်။

မိမိတို့ ဘာသာ မိမိစက်နှင့် ကိုက်ညီတဲ့ Adobe Camera RAW ကို ဒေါင်းလုပ်ရယူလိုပါက အောက်ဖော်ပြပါ လင့်သို့ သွားရောက်ရယူနိုင်ပါတယ်။

       Adobe Camera RAW download site မှာ နောက်ဆုံးဗားရှင်းကိုဖြစ်စေ မိမိ စက်ဖြင့် ကိုက်ညီသည့် ဗားရှင်းကို ဖြစ်စေ ဒေါင်းလုပ်ရယူနိုင်ပါတယ်။

       Adobe Camera RAW 11.3 က လက်ရှိပိုစ့်အချိန်အရ နောက်ဆုံးဗားရှင်းပါ။ Windows Version အတွက်ပါ။


Adobe Camera RAW က RAW အားလုံးကို ဖွင့်ဖို့ အထောက်အပံ့ပေးထားသော်လည်း Windows Explorers (File Explorers) မြင်ကွင်းတွင် မဖော်ပြနိုင်သေးပါ။ ရုပ်မမြင်ရဘူးလို့ ဆိုလိုချင်တာပါ။

  • Nikon Raw Codec
  • Fuji Raw Codec
  • Sony Raw Codec
  • Canon Raw Codec (သူက မျိုးကွဲများစွာရှိလို့ မိမိကင်မရာမော်ဒယ် + လက်ရှိ အသုံးပြုနေသော ဝင်းဒိုး ဗားရှင်းဖြင့် မူလဆိုဒ်တွင် ရွေးချယ် ဒေါင်းလုပ်ရယူပါ)


        အပေါ်က Codec တွေက မိမိတို့ ဝင်းဒိုးမှာ ပုံတွေ မြင်ရအောင် ကြည့်ခွင့်ပေးပါလိမ့်မယ်။  မိမိအသုံးပြုတဲ့ ကင်မရာအမျိုးအစားကို ရွေးချယ် ဒေါင်းလုပ်ရယူနိုင်ပါတယ်။








          0 comments:

          Post a Comment