Tuesday, January 1, 2019

မြန်မာ ယူနီကုတ်အသုံးပြုပါ





ယူနီကုတ်ဖောင့်အသုံးပြုဖို့ လိုတိုရှင်း ဖော်ပြပါရစေ။



ယူနီကုတ် စနစ်ကို အသုံးပြုဖို့အတွက် Font + Keyboard နှစ်ခု ပြည့်စုံအောင် သွင်းယူထားဖို့လိုပါတယ်။

Font များ
Font ကိုတော့ အများသိပြီးသားဖြစ်တဲ့ ယူနီကုတ်စနစ်ကို လိုက်နာသော Myanmar 3 ဖောင့်ကို သုံးနိုင်ပါတယ်။

တကယ်ဆိုရင် Windows စနစ်ကလည်း တဖြေးဖြေး update လုပ်နေတာကြောင့် ယူနီကုတ် စနစ်ကိုလည်း Windows မှာ ပြုပြင်ပြောင်းလဲမှုတွေ အမြဲ ဖြစ်ပေါ်နေခဲ့ပါတယ်။



ဆိုတော့ Windows စနစ်ရဲ့ နောက်ဆုံး အထောက်အပံ့ကို ကောင်းစွာရယူလိုတယ်ဆိုရင်တော့  ယူနီကုဒ်ဖောင့်ကိုလည်း လိုက်ပြီး ပြောင်းလဲပေးနေရပါတယ်။  နောက်ဆုံးထုတ် ယူနီကုတ် မြန်မာ ဖောင့်အမည်ကတော့ Pyidaungsu ဖောင့်ပဲဖြစ်ပါတယ်။

Pyidaungsu 1.7_Regular.ttf
Pyidaungsu 1.7_Bold.ttf

Pyidaungsu 2.4_Regular.ttf
Pyidaungsu 2.4_Bold.ttf

သတိ  - ဒီဖောင့်ကို အစိုးရဌာနများကိုယ်တိုင် အသုံးပြုကျရမှာကို Myanmar3, Myanmar2 ဖောင့်အသုံးပြုနေဆဲပဲဖြစ်နေသေးတာကတော့ ဘယ်သူ့ကိုမှ အပြစ်တင်စရာမရှိပါ။



ခုသုံးနေကြတဲ့ Myanmar 3 ဖောင့်ကတော့ -

Myanmar3 - mm3-multi-os.ttf

ဖြစ်နိုင်ရင် ခုချိန်ကစပြီး  Myanmar 2 ဖောင့် ကို အသုံးမပြုစေလိုတော့ပါ။  သူက မှားလို့ ယူနီကုတ်စံနဲ့ ကိုက်ညီတဲ့ Myanmar 3 အပြင် Pyidaungsu ဖောင့်တွေကိုတောင် ထုတ်လုပ်ပေးထားပြီးပါပြီ။ သူက ဟောင်းသွားပြီ။ စနစ်နဲ့ မကိုက်တော့လို့ပါ။



ဒီနေရာမှာ ဖောင့်အတွက် ပြည့်စုံပါပြီ။  ဒီဟာတွေကို သီးသန့်ဒေါင်းပြီး သွင်းစရာမလိုပါ။  လိုအပ်မယ်ဆိုရင် ဒေါင်းလို့ရအောင် စုစည်းလိုက်တာပါ။  အပေါ်က ဖောင်တွေကို Mac OS မှာလည်း သုံးလို့ ရပါတယ်။



Keyboard  လက်ကွက်စနစ်



Keyboard လက်ကွက်စနစ်ရှိမှ စာရေးတဲ့အခါ အဆင်ပြေမှာပါ။  လက်ကွက်စနစ်က နှစ်မျိုး အသုံးပြုများပါတယ်။  Tavultesoft Keyman 6.2 နဲ့  Keymagic 2.0 ဆိုပြီး နှစ်ခု အသုံးများပါတယ်။  အဲ နှစ်ခုလုံး သိသွားပြီးဆိုပြီး နှစ်ခုလုံး ထည့်စရာမလိုပါဘူး။  ထည့်ရင် ဘာလုပ်ရမှန်းမသိဖြစ်နေပါလိမ့်မယ်။  တစ်ခုပဲထားပါ။



Tavultesoft Keyman 6.2



Tavultesoft Keyman 6.2 ပြီးနောက် သူ့မူပိုင် ကုမ္ပဏီက အခမဲ့ ပေးမသုံးတော့ပဲ ဝယ်ယူသုံးကျဖို့ လုပ်လိုက်ပါတယ်။  ဒါကြောင့် ပိုက်ဆံပေးမဝယ်ရတဲ့ Ver 6.2 ကို ပေးကပ်သုံးချင်လည်းရပါတယ်။  Windows 10 Pro + Office 2016 အထိ အဆင်ပြေနေဆဲဖြစ်ပါတယ်။

Keyboard အလုပ်လုပ်တာက Microsoft Office အုပ်စုမှာ အလုပ်လုပ်စေချင်တာလေ။  Microsoft Office 2007 ~ 2016 အထိ Keyman 6.2 ကောင်းစွာလုပ်နိုင်ပါတယ်။ သို့သော် အချို့က Tavultesoft Keyman 9 Desktop version ကို အသုံးပြုလိုကျပါတယ်။  လိုအပ်ရင် သုံးနိုင်ဖို့  ဒေါင်းလုပ်လင့်ပါ။  Crack ပါပြီးသားပေါ့။  Crack မသုံးချင် ဝယ်သုံးပါ။



Tavultesoft Keyman Desktop Pro 9.0.507



အပေါ်က Keyboard တစ်ခုအကြောင်း ပြီးပြီ။  ခုနောက်တစ်ခု သူရဲ့ ဖြစ်ပေါ်လာပုံအကျဉ်းက အပေါ်က Keyman အုပ်စုမှာ ပါဝင်ခဲ့တဲ့ Developer က Keyman အခမဲ့ မပေးတော့ဘူးလို့ သိရတဲ့နောက်ပိုင်း မြန်မာနိုင်ငံသားတွေအတွက် ယူနီကုတ်စနစ်ကို အခမဲ့ အသုံးပြုနိုင်အောင် ထုတ်လုပ်ပေးခဲ့ပြီး  Keymagic လို့ အမည်ပေးခဲ့ပါတယ်။

သူ့ရဲ့ မူရင်း ဆိုဒ် အမည်က https://keymagic.net ပါ။  သူ့ထဲမှာ Windows စနစ်အတွက် နောက်ဆုံးထုတ် KeyMagic များကို သွားရောက်ရယူနိုင်ပါတယ်။ ခုဖော်ပြပေးထားတာကတော့ သူ့ရဲ့ လတ်တလော နောက်ဆုံး ဗားရှင်းပါ။



KeyMagic-V2.0 Pre-4  Installer



KeyMagic က အလုပ်လုပ်နိုင်ဖို့ လိုအပ်တဲ့ တခြားဖိုင်တွေရှိပါသေးတယ်။  သင့်စက်ထဲမှာ မရှိနေဘူးဆိုရင် KeyMagic အလုပ်မလုပ်နိုင်ပါဘူ။  တကယ်လို့ အလုပ်မလုပ်နိုင်ခဲ့ဘူးဆိုရင် .NET 3.5 , VC2008 Redist  x86,  VC2008 x64  ကိုသွင်းပေးဖို့လိုအပ်ပါတယ်။ သင့်စက်ထဲ ဒါတွေ ရှိနေရင် သွင်းပြီးတာနဲ့ အလုပ်လုပ်ပါတယ်။ မရှိရင် ဒေါင်းပြီး သွင်းလိုက်ပေါ့။



အပြည့်အစုံ ပါတာ ဒေါင်းချင်တယ်ဆိုရင်  KeyMagic + sys need

KeyMagic Full Installation





စာရိုက်ဖို့ ကြိုတင် ပြင်ဆင်ပါ



ရပြီ။  ဒါလောက်ဆို ယူနီကုတ်ဖောင့်ကို အသုံးပြုနိုင်ပြီ။  အဆင်သင့်ဖြစ်ပြီ။  သို့သော် စာရေးရမယ့် နေရာမှာ ယူနီကုတ်အတွက် သွားညှိပေးရဦးမယ်။  မိမိ အသုံးပြုတဲ့ Microsoft Office Word 2007 အသုံးပြုသူတွေကတော့ လုပ်စရာ မလိုပါ။  Microsoft Office Word 2010 ~ 2016 သုံးသူများကတော့ မဖြစ်မနေ လုပ်ရပါမယ်။  ဒါကို မပြင်ရင် Word တွေမှာ  မြန်မာစာ အမှန်မထွက်ပဲ  ၀ လုံး တွေ ပိုနေလိမ့်မယ်။  ဒါဆို အောက်ကပုံပါအတိုင်းလုပ်ပါ။



- MS Word > Ctrl + D နှိပ်။

- Advanced Tab မှာ Use Contextual Alternates ကို အမှန်ခြစ်ထည့်ပါ။  Ligatures to ကို  All ကို ရွေးလိုက်ပါ။

- ဒါလေး လုပ်လိုက်မယ်ဆို မြန်မာစာ အမှန်ရပါပြီ။



ပုံကို အသစ်မလုပ်တော့ပဲ Ranka မှ ရယူ အသုံးပြုပါတယ်။  Crd : Ranka 



ဒါဆို မြန်မာ ယူနီကုတ်စနစ် ကို အသုံးပြုဖို့ လုံလောက်ပါပြီ။



Error တွေ့တယ်ဆိုရင် -


- Font (Myanmar 3.ttf, Pyidaungsu.ttf ဖောင့်ရှိမရှိစစ်)

- Keyboard စနစ်ကို တစ်ခုပဲ ထားပါ။  နှစ်ခုစလုံး သွင်းထားရင် တစ်ခုကို uninstall လုပ်လိုက်ပါ။  မလုပ်ရင် တိုင်ပတ်နေပါလိမ့်မယ်။

-  အပေါ်က ဟာတွေလုပ်ပြီးရင် စက်ကို Restart လုပ်ပါ။

-   တစ်ခါတစ်လေ Microsoft Office Word မှာ ဘယ်လိုမှ လုပ်မရပဲ စာတွေလွဲနေတယ်။  စာရေးလို့ မရဘူးဆိုရင် ၊  ကီးဘုတ်တွေကလည်း တစ်ခုပဲသုံးတာကို မမှန်နေဘူးဆိုရင် MS Office ကို ပြောင်းသုံးပါ။ Office 2010 ထည့်ထားရင် Office 2013 ဖြစ်စေ Office 2016 ဖြစ်စေ ပြောင်းလဲသုံးပါ။  လက်ကွက်ကို မှန်အောင် ညှိနေရင် အချိန်ကုန်ပြီး  မှန်အောင်လည်း မလုပ်နိုင်လို့ပါ။  ဘာ Error မှန်းမသိဘူး။  Office version  ပြောင်း သုံးလိုက်ပါ။


3 comments: