Thursday, October 11, 2018

Webp to JPEG



အင်တာနက် စာမျက်နှာမှ ပုံများကို အများအားဖြင့် JPG,  PNG, GIF စသည့် ပုံများဖြင့်သာ အသုံးပြု များပါတယ်။ အဲ့ဒီ ဖိုင်စနစ်တွေကို မည်သည့် ကွန်ပျူတာဖြစ်စေ၊ မိုဘိုင်းဖုန်း Android, iOS, Nokia စသည်ဖြင့် မည်သည့် ဖုံးစနစ်မှာမဆို ဒေါင်းလုပ် ရယူ အသုံးပြုနိုင်ပါတယ်။ သို့သော် ပိုမိုလျင်မြန်တဲ့ ပို့ဆောင်မှုကို ရယူနိုင်ဖို့အတွက် webp ဆိုတဲ့ ဖိုင်စနစ်တစ်ကို ထပ်မံ အသုံးပြုနေကြပါပြီ။  webp ရုပ်ပုံဖိုင်စနစ်ကို Google ကပဲ ဖော်ထုတ်တင်ပြပေးထားတာပါ။  Google ရဲ့ မူပိုင်ပေါ့။  ဒီဖိုင်ကို အင်တာနက် စာမျက်နှာတွေမှာ ရုပ်ပုံတွေကို လျင်မြန်စွာ ဖော်ပြနိုင်ဖို့အတွက်အသုံးပြုကြပါတယ်။



အရင်က Dial-up အင်တာနက်ကို အသုံးပြုခဲ့ကြဖူးသူတိုင်းသိပါတယ်။  ပုံတွေအများကြီး ပါတဲ့ Web စာမျက်နှာတွေကို ဖွင့်ကြည့်ရင် ပုံတွေက တစ်ပိုင်းစီ တဖြေးဖြေး ဖော်ပြပေးနေတာကိုတွေ့ဘူးပါလိမ့်မယ်။  အဓိက ပုံရဲ့ Size ကို အသုံးပြုသူဆီရောက်အောင် နှေးကွေးစွာ တစ်ပိုင်းချင်း ပို့တဲ့ စနစ်ကြောင့်ပါ။  ခုတော့ အဲ့ဒီ အခက်အခဲကို ဖြေရှင်းဖို့ မိုဘိုင်းဖုန်းတွေမှာ မြန်မြန်ဆန်ဆန် ဖော်ပြပေးနိုင်ဖို့ကို Google က Webp ပုံစနစ်ကို အသုံးပြုခွင့် ပေးထားခဲ့ပါပြီ။



ခက်တာက အရင်လို ပုံတွေရင် Right-Click နှိပ် Save Image As ဆိုရင် သူက Jpeg နဲ့ မဟုတ်ပဲ Webp နဲ့ပဲ ရတာကြောင့် ကျွန်တော်တို့ Photoshop ထဲ ထည့်လို့မရဘူး။ Convert လုပ်ပေးရပါမယ်။  ကျွန်တော်က ခု Chrome Browser အသုံးပြုနေတာကြောင့် Chrome extension ထဲကို ပေါင်းထည့်နိုင်တဲ့ Save Image as Type extension ကို ဒေါင်းပြီး Add လုပ်ထားလိုက်ပါတယ်။ 



နောက်ဆို webp ပုံဖြစ်နေရင် ပုံမှာ ညာကလစ်နှစ်ပြီး Save Image As Type ဆိုတာမှာ JPEG ရွေးပေးလိုက်ယုံပါပဲ။




Extension ကို ဒေါင်းလုပ်လုပ်မယ်ဆို Chrome Web Store မှာ အခမဲ့ ရယူနိုင်ပါတယ်။  ရှာရခက်တယ်ဆိုရင် အောက်ဖော်ပြပါလင့်ကို သွားပါ။



0 comments:

Post a Comment