Sunday, October 7, 2018

Internet Download Manager


အင်တာနက်မှ မိမိတို့ နှစ်သက်ရာ ဖိုင်များကို ဒေါင်းလုပ်လုပ်လိုတဲ့ အခါ ဒေါင်းလုပ် အမြန် လုပ်နိုင်တဲ့ Downloading tool တွေကို အသုံးပြုကြရပါတယ်။  ဖိုင်တွေကို ဒေါင်းဖို့ လူသိများ အသုံးများတဲ့ tool က Internet Download Manager ပါ။  သူ့အပြင် Free Download Manager ဆိုတာ ရှိပါသေးတယ်။  FDM က torrent ဖိုင်တွေကိုပါ ဒေါင်းလုပ်ရယူနိုင်ပါတယ်။  IDM ကတော့ torrent ဖိုင်တွေကို တိုက်ရိုက် ဒေါင်းလုပ် လုပ်ခွင့် မပေးထားပါဘူး။  Torrent ဖိုင်တွေကို IDM ကနေ ဒေါင်းလုပ်ရယူနိုင်ဖို့ ကြားခံ ဆိုဒ် လိုပါတယ်။  ဥပမာ Zbigz.com လိုမျိုးပေါ့။  zbigz.com မှာ မိမိတို့ torrent magnet link ကို သွားထည့်ပေးပါ။ zbigz က ဒေါင်းလုပ်လင့်ကို ချပေးပါလိမ့်မယ်။  ရလာတဲ့ လင့်ကိုမှ IDM မှာ ထည့် ဒေါင်းနိုင်ပါပြီ။  


ခုတင်ထားပေးတဲ့ IDM က 6.31 ပါ။ သူက သွင်းပြီး တောင်မေး မြောက်မေး မမေးတော့ပါဘူး။  ခရက်ထားပြီးသားမို့ပါ။  Update လည်း မတောင်းပါဘူး။  
ဒီဆောဖ့်ဝဲကို သင်ဝယ်ယူဖို့ အဆင်ပြေတယ်ဆိုရင်တော့ ၀ယ်ပြီး သုံးသင့်ပါတယ်။  Crack ဗားရှင်းတွေကို မဖြစ်မနေမှသာ သုံးပါ။










0 comments:

Post a Comment