Thursday, October 18, 2018

Lenovo ideapad 100s - 11lBY


Lenovo ကထုတ်တဲ့ netbook လိုမျိုးသုံးလို့ရတဲ့ ideapad 100s ပါ။ သူက eMMC အသုံးပြုထားပြီး 32 GB ပါတယ်။  CPU က Intel Atom Z3735F Quad-Core Processor ကို သုံးထားပါတယ်။ အရွယ်အစားက 11.5 '' x 7.5 '' ပဲဆိုတော့ သေးပါတယ်။ Micro SD card အပေါက်ပါတယ်။



သူ့အခက်အခဲက  UEFI စနစ် တစ်ခုတည်းကိုသာ အထောက်အပံ့ပြုပါတယ် ။  USB boot ပဲ Boot လုပ်နိုင်ပါတယ်။



မူလက သူ့ windows partition နဲ့ recovery partition တွေကို Bitlocker နဲ့ encrypt လုပ်ထားမိရင်  windows အသစ်ပြန်တင်တဲ့အခါ အခက်အခဲရှိလာပါတယ်။ Bitlocker က ပိတ်ထားတဲ့အတွက်  Windows တင်ခွင့် မပေးတော့ပါ။  ဒီလိုမျိုးဆိုရင် Recovery Mode ထဲဝင်ပြီး  Commandprompt ကနေ Diskpart ကို အသုံးပြုပြီး ရှိသမျှ Partition တွေကို ဖျက်ရပါတယ်။  Delete Volume 0 to 3 အထိ ရှိသမျှဖျက် ထုတ်လိုက်ရပါမယ်။



ပြီးမှ UEFI bootable usb stick နဲ့ Windows 10 32 bit ကို ပြန်တင်ဖို့ လုပ်ပါ။  Windows ပြန်တင်ဖို့  -

Security Boot = Off လုပ်ပါ။  ဒါမှ Windows Installation ဆက်လို့ ရပါတယ်။



သူ့မူလ windows  က Windows 10 Home ပါ။  မူလ Support လုပ်ပေးထားတဲ့ Driver တွေကလည်း Windows 10 32 bit အတွက်ပဲ ရည်ရွယ်ထားပေးပါတယ်။  တခြား Windows မှာ သွင်းလို့ ရမရ မစမ်းကြည့်ရသေးပါ။  Windows 10 လေး တင်နိုင်ဖို့ကိုပဲ တော်တော် အချိန်ပေးလိုက်ရပါတယ်။  ဝင်းဒိုးတင်တာ ခက်မလား မခက်လား မေးရမလိုပဲ။



0 comments:

Post a Comment