Wednesday, October 10, 2018

Asus' VivoBook X202E notebook



Asus VivoBook Series တွေက ပေါ့ပေါ့ပါးပါး သယ်သွားသယ်လာလို့ကောင်းပါတယ်။  လူကြိုက်များတယ်။  သူက Windows 8, 8.1 နှစ်မျိုး နဲ့ လာပါတယ်။ CPU က Core i3-3217U 1.8GHz နဲ့လာတာမို့ Windows တွေက 64 bit Driver တွေကိုပဲ Support ပေးထားပါတယ်။  Windows 8 စထွက်ကာစမို့ ဝင်းဒိုးကို လူတွေသုံးရတာ အဆင်မပြေဖြစ်နေတတ်ကြပါတယ်။  သူတို့က Windows 7 ပြန်တင်ပေးစေချင်ပြန်ပါတယ်။  Windows 7 ပြန်တင်ချင်သူတွေ တင်မရလို့ အခက်အခဲရှိနေရင် အောက်ဖော်ပြပါအတိုင်းလုပ်နိုင်ပါတယ်။



UEFI စနစ်စတင်အသုံးပြုတဲ့အချိန်မှာ ထုတ်လုပ်ခဲ့ကြတဲ့ နာမည်ကြီး အမှတ်တံဆိပ် ကွန်ပျူတာ တော်တော်များျများဟာ Legacy + UEFI စနစ်ကို တွဲမထားခဲ့ပဲ  UEFI တစ်ခုတည်း အသုံးပြုလာကြပါတယ်။  တကယ်အခက်အခဲက အသုံးပြုသူတွေက အမြင်ဆန်းပြီး စိတ်သွားတိုင်း ကိုယ်မပါနိုင်တဲ့ Windows 8 စနစ် ကို မသုံးချင်တော့ပဲ Downgrade လုပ်ပြီး Windows 7 ကိုသုံးချင်နေကြပါတော့တယ်။  ဒါကြောင့် Legacy Mode မပါတဲ့ BIOS setting တွေကို အောက်ဖော်ပြပါနည်းအတိုင်း သုံးပြီး  Legacy Mode ကိုရယူအသုံးပြုနိုင်ပါတယ်ခင်ဗျာ။

အောက်ဖော်ပြပါနည်းတွေဟာ Asus က ထုတ်တဲ့ ကွန်ပျူတာတွေ တော်တော်များများမှာ အဆင်ပြေပါတယ်။  တစ်ခြား ကုမ္ပဏီထုတ်တွေလည်း Legacy Mode မပါတဲ့ကောင်တွေကို ဒီနည်းနဲ့ပဲ အဆင်ပြေစေပါတယ်။


 သူ့ရဲ့ BIOS က UEFI စနစ်သစ်တစ်ခုပဲ ထည့်သွင်းထားလို့ UEFI အထောက်အပံ့မရှိသေးတဲ့ Windows 7 တင်လို့ မရဖြစ်နေမယ်ဆိုရင် -

၁ - စက်ဖွင့်နေချိန် BIOS ထဲကိုသွားဖို့  F2 ကိုနှိပ်ပါ။  BIOS menu ပေါ်လာပါမယ်။

၂ - Boot menu ကို ရွေးပါ။  Launch CSM ကို Enabled လုပ်ပါ။

၃ - Security menu ကို ရွေးပါ။  Secure Boot Control ကို Disabled လုပ်ပါ။

၄ - F10 ကိုနှိပ်ပြီး  Save and Exit လုပ်ပါ။


ဒါဆို Windows 7 တင်ဖို့ ရသွားပါပြီ။   ဖြစ်နိုင်ရင် Windows 7 64bit ကို ပဲ တင်စေချင်ပါတယ်။  Driver တွေ အခက်အခဲ မရှိအောင်လို့ပါ။

0 comments:

Post a Comment