Sunday, October 7, 2018

MalwareBytes

ဗိုင်းရပ်စ် အမျိုးမျိုးရှိပါတယ်။  အင်တာနက်လည်း အသုံးများတဲ့ အချိန်ရောက်လာပြီဆိုတော့ အင်တာနက်ကနေ ၀င်ရောက်လာနိုင်တဲ့ ဗိုင်းရပ်စ်ရန်ကလည်း မသေးပါဘူး။ လူကြီးတွေကတော့ အင်တာနက်ကို ကွန်ပျူတာကနေ အသုံးပြုတာ နည်းပါတယ်။  လူငယ်တွေက အင်တာနက် အသုံးပြုချိန် ပိုများပါတယ်။ 
အင်တာနက်အသုံးပြုတဲ့အခါ Browser တွေကို မဖြစ်မနေအသုံးပြုကြရပါတယ်။  ဘာဖြစ်လို့လည်း မသိဘူး ကျွန်တော်တို့ဆီမှာ Internet Explorer Browser ကို အသုံးပြုနည်းပြီး  Firefox ကို အသုံးပြုလေ့ရှိပါတယ်။  ဒါ့အပြင် Google Chrome ကိုလည်း သုံးကြပါတယ်။  

Browser တွေကို မှီခိုပြီး အထောက်အကူယူပြီး  Hijack လုပ်တာမျိုးကို အချိန်မရွေး တွေ့နေရပါတယ်။  အဲ့လို လုပ်ခံရပြီဆိုရင် Browser မှာ My-Search လို Search အင်ဂျင်အလိုအလျောက်ဝင်လာတတ်ပါတယ်။  တကယ်တော့ Search အင်ဂျင်မဟုတ်ပါ။  သူရှိနေပြီဆိုရင် အင်တာနက်မှ စာမျက်နှာတွေ ဖွင့်ကြည့်လိုက်တိုင်း porn site, game site နဲ့ တခြား ကြော်ငြာတွေ အလိုအလျောက် မိမိကလစ်နှိပ်တိုင်း ပေါ်လာပါတော့တယ်။  သေခြာပါပြီ။ သင့်စက် Hijack လုပ်ခံရပြီး  သင့်စက်ကို သူ့တို ထိမ်းချုပ်ထားနိုင်ပါပြီ။  စက်အတွင်းရှိ Microsoft Security Essential တောင် မသိ မဖမ်းနိုင်၊ Kaspersky လည်း တုတ်တုတ်မှ မလုပ်တော့ဘူးဆိုရင် keylogger တောင် ထည့်ပြီး ဖြစ်သွားပါပြီ။  

အပေါ်ကပြောသလိုဖြစ်နေပြီဆိုရင် မလိုတဲ့ ဆောဖ့်ဝဲတွေရှာ ဖြုတ်။  ဖျက်ပါ။  မိမိမသိပဲ ရောက်နေတာတွေ uninstall လုပ်ပါ။  ပြီးရင် အရင်ဆုံး ခုဖော်ပြပေးထားတဲ့ MalwareBytes ကို ရှာဒေါင်းပါ။  သူက အခမဲ့ အချိန်ပိုင်းသုံးစွဲပိုင်ခွင့်လည်း ရှိပါတယ်။  MalwareBytes နဲ့ ၀င်နေတဲ့ အကောင်တွေကို သတ်ဖို့ ကြိုးစားပါ။  သတ်နိုင်တယ်ဆိုရင် စက်တစ်ခုလုံး ပေါ့ပါးသွားပါလိမ့်မယ်။  မရရင် နောက်ထပ် AntiSpyware ဆောဖ့်ဝဲ တစ်ခုခု ထပ်ရှာရပါမယ်။   ဒါဟာ ပုံမှန်လုပ်ရိုး လုပ်စဉ်ပါ။  တစ်ခုမရ နောက်တစ်ခုနဲ့ ထပ်ကြိုးစားဖို့လိုပါတယ်။  

ခု ဗားရှင်းက 3.5.1.2771 ပါ။  Crack ပါပြီးသားပါ။ Premium ဗားရှင်းပါ။  အဆင်ပြေမယ်ဆိုရင် ၀ယ်ယူသုံးစွဲပါ။







0 comments:

Post a Comment