Tuesday, February 27, 2018

BusinessCards MX

BusinessCards MX လိပ်စာကဒ် လုပ်ရအောင်



     လိပ်စာကဒ်လုပ်ဖို့ ဒီဇိုင်းပိုင်းကို သင့်အနေဖြင့် အကျွမ်းတ၀င်ရှိနေဖို့ မလိုပါဘူး။  လိပ်စာကဒ်တစ်ခုရဖို့ သူများကို အပူမကပ်ချင်ဘူးဆိုရင် ကိုယ်တိုင် အလွယ်တကူလုပ်နိုင်ပါပြီ။  BusinessCarsds MX က တစ်ဆင့်ခြင်းစီ အကူအညီပေးသွားပါလိမ့်မယ်။



     ဒီပရိုဂရမ်လေးက လိပ်စာကဒ် ဒီဇိုင်းအပြင် ပုံနှိပ်ထုတ်ဖို့ အဆင်သင့်လုပ်ဆောင်ပေးနိုင်ပါတယ်။


 တစ်ခါမှ လိပ်စာကဒ် မလုပ်ဘူးသူဆိုရင်တောင်မှ အခက်အခဲမရှိ လုပ်နိုင်ပါလိမ့်မယ်။ လိပ်စာကဒ် ဒီဇိုင်းအတွက်ကတော့ သူ့ရဲ့ အလုပ်လုပ်ပုံက ပုံထည့်မလား၊ စာရေးမလား စသည်ဖြင့် နေရာချထားဖို့ အတွက် သူကအဆင်သင့်ပါပဲ။ 





ကိုယ်တိုင် ဒီဇိုင်းလုပ်ဖို့ ဘယ်နေရာမှာ အရုပ်ထားရမလည်း၊ စာလုံးက ကြီးမှ လှမှာလား၊ သေးရမလား မသိရင် သူ့ရဲ့ မူလပါ ဒီဇိုင်း template ကို ရယူအသုံးချနိုင်ပါသေးတယ်။  နမူနာ Template ပေါင်း ကဏ္ဍအလိုက်ရှိပြီး  ဒီဇိုင်းပေါင်း ၇၅၀ လောက် ထားရှိပေးထားပါတယ်။











3 comments: