Monday, February 26, 2018

Camera RAW ဖိုင် အသုံးပြုနိုင်ဖို့


Camera RAW ဖိုင်များကို အသုံးပြုနိုင်ဖို့


ဓါတ်ပုံသမားတွေအတွက် ဓါတ်ပုံ JPEG ပုံစံထက် RAW ဖိုင်အမျိုးအစားကို အသုံးပြုကြရတဲ့ အခြေအနေတွေ ရှိနေပါတယ်။  RAW ဖိုင်ဆိုတဲ့ အမည်ပေးရတာက အဲ့ဒီဖိုင်ထဲမှာ သင်ရိုက်လိုက်တဲ့ ဓါတ်ပုံဟာ ဘာကိုမှ ပြုပြင်ထားခြင်းမရှိသေးတဲ့ Image Sensor က ဖမ်းယူရထားတဲ့ ဒေတာအချက်အလက်အတိုင်းပဲ ရှိနေတာတွေပါ။  သင်က JPEG နဲ့ပဲရိုက်တာဆိုရင် Image Sensor က ပုံရဲ့ ဒေတာအချက်အလက်တွေကို JPEG စနစ်အတိုင်း ပြန်ပြီး ပြောင်းလဲလိုက်ပါတယ်။ TIFF ဆိုရင်လည်း TIFF ဖိုင်ပုံစံအတိုင်း ဖွဲ့စည်းခြင်းခံလိုက်ရပါတယ်။  RAW ကတော့ ဘယ်ပုံအမျိုးအစားအောက်မှာမှ မရှိသေးလို့ မူလဒေတာတွေ ရှိနေတာပါ။  အဲ့ဒါကြောင့် RAW ဖိုင်ကို တိုက်ရိုက်ပုံထုတ်လို့လည်း မရနိုင်တာပေါ့။  RAW ဖိုင်နဲ့ ဓါတ်ပုံတွေကို Digital Negatives ပုံတွေလို့လည်း ခေါ်ကြပါသေးတယ်။ 
ကင်မရာ ထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီတွေကလည်း များသလို သူတို့ရဲ့ အသုံးပြုတဲ့ Image Sensor တွေကလည်း မတူခြားနားကြတာကြောင့် Digital Negatives ဖြစ်တဲ့ RAW ဖိုင်တွေက မတူကွဲပြားသွားကြရပါတယ်။  အတွေ့ရများတဲ့ RAW ဖိုင်တွေကတော့  IIQ (Phase One), 3FR (Hasselblad), DCR, K25, KDC (Kodak), CR2 (Canon), ERF (Epson), MEF (Mamiya), MOS (Leaf), NEF (Nikon), ORF (Olympus), PEF (Pentax), RW2 (Panasonic) and ARW, SRF, SR2 (Sony) စသည်တို့ပဲဖြစ်ပါတယ်။ အဲ့တော့ RAW ဖိုင် ကွန်ပျူတာမှာ ဖတ်နိုင် ပြုပြင်နိုင်ဖို့ မိမိကိုင်တဲ့ ကင်မရာ ကုမ္ပဏီကိုလိုက်ပြီး ကွဲပြားသွားတာမို့ ဆိုင်ရာ ကုမ္ပဏီရဲ့ RAW ဖိုင် ကြည့်နိုင်တာလေးကိုကွန်ပျူတာ မှာ ထည့်ဖို့လိုပါမယ်။  နီကွန်ကိုင်တဲ့သူက နီကွန်ရဲ့ RAW ဖိုင်တွေ ဖတ်နိုင်တဲ့ plug-in သို့မဟုတ် သူ့ ဆောဖ့်ဝဲကို သွင်းထားရပါမယ်။
ဓါတ်ပုံပြုပြင်တဲ့ ဆောဖ့်ဝဲတွေထဲမှာ Adobe Photoshop, Adobe Lightroom တို့ဟာ နာမည်ကြီးပါတယ်။ ACDSee တို့ Paint Shop Pro တို့ Picasa တို့ XnView, Konvertor, PhotoLine စသည်ဖြင့် အများကြီး ရှိပါသေးတယ်။  တစ်ချို့ က အခမဲ့ အသုံးပြုခွင့် ရနိုင်ပါတယ်။ 
မိမိ ကွန်ပျူတာမှာ RAW ဖိုင်ဖတ်ဖို့အတွက်ဆိုရင် မိမိအသုံးပြုတဲ့ Photo Editor ကဘာလည်း။  Version ဘယ်လောက်လည်းဆိုတာ ကြိုသိထားရပါမယ်။ Adobe Photoshop ကို အသုံးပြုမယ်ဆိုရင် Version က Photoshop CS 5, 5.5, 6, CC, CC 2014, CC 2015, CC 2017, CC 2018 စသည်ဖြင့် ဘယ်Version လည်းဆိုတာ သိထားပါ။
နောက်တစ်ခု မိမိ ကင်မရာ အမျိုးအစား နဲ့ သူ့ရဲ့ RAW ဖိုင် အမျိုးအစားက ဘာလည်း သိရပါမယ်။ အစောပိုင်း မော်ဒယ် Nikon ကင်မရာတွေက RAW ဖိုင်က NEF အမျိုးအစားဖြစ်ပြီး ခုအသစ်ထွက်တဲ့ မော်ဒယ်တွေက NEF2 ကို အသုံးပြုပါတယ်။ အပေါ်က ပြောသလို နမူနာယူပြီး မိမိဖိုင်တွေကို စစ်ဆေးပါခင်ဗျာ။
နမူနာ တစ်ခု အောက်မှာ ဖော်ပြပေးပါမယ်။  Nikon D5300 အတွက် RAW ဖိုင်အမျိုးအစားက NEF ပါ။ အဲ့ဒီအတွက် Adobe Photoshop CS 5 မှာ အသုံးပြုဖို့ RAW file viewer ကို ရှာပါမယ်။  http://downloadcenter.nikonimglib.com/en/products/166/ViewNX_2.html  ဒီဆိုက်မှာ ViewNX2 ကို ဒေါင်းလုပ်ခွင့် ပြုထားပါတယ်။ ဒါရှိရင် RAW ဖိုင် ကို ပြုပြင်လို့ရ ကြည့်လို့ရပေမယ့် Adobe Photoshop နဲ့ ပေါင်းကူးလို့ မရသေးပါဘူး။  ဒါကြောင့် Adobe မှာ RAW file viewer  plug-in ကို ရှာပါမယ်။



https://helpx.adobe.com/camera-raw/using/supported-cameras.html  ဒီလင့်ဟာ ကင်မရာ ကုမ္ပဏီ အသီးသီးအတွက် သက်ဆိုင်ရာ RAW file viwer တွေကို ဒေါင်းလုပ်ခွင့် ပြုထားတဲ့ နေရာ ဖြစ်ပါတယ်။  အထက်ပါ နေရာက ကျွန်တော့ ကင်မရာ Nikon ကို ရွေးပါတယ်။  အဲ့ဒီမှာ Nikon ကထုတ်လုပ်ပေးထားတဲ့ ကင်မရာ မော်ဒယ်အများကြီးကို အစဉ်အတိုင်း ဖော်ပြပေးထားပါတယ်။  မိမိဆိုင်တာကို ရှာပါ။ ကျွန်တော် ရဲ့ ကင်မာပါ ဒေတာကို ပဲ ချုံ့ ကြည့်လိုက်တော့…
Nikon
Camera
Raw image filename extension
Minimum Camera Raw plug-in version required
Minimum Lightroom CC version required
Minimum Lightroom Classic CC version required
Minimum Lightroom Perpetual version required
D5300
NEF
8.3
1.0
5.3
5.3
Nikon D5300 အတွက် RAW ဖိုင် NEF အမျိုးအစားဖြစ်ပြီ။ Camera Raw Plug-in အနိမ့်ဆုံး ထားရှိ အသုံးပြုရမှာက Adobe Camera Raw 8.3 ကိုသုံးရပါမယ်။ အဲ့ဒီအတွက် Lightroom က CC 1.0, 5.3 အနည်းဆုံး ရှိရမှာ ဖြစ်ပါတယ်။
အိုကေ ဒါဆို Adobe Camera Raw Viewer 8.3 သုံးရင် NEF ဖိုင်ကို ဖွင့်နိုင် သိနိုင်ပေမယ့်  ဒီ plug-in ကိုလည်း Version အမျိုးမျိုးနဲ့ ထုတ်ထားလို့ Adobe Photoshop ဘယ် Version ကို သုံးရမလည်း ကြည့်ရအောင်။
https://helpx.adobe.com/camera-raw/kb/camera-raw-compatible-applications.html  ဒီနေရာက Raw viewer နဲ့ သုံးရမယ့် Adobe Photoshop နဲ့ Adobe Lightroom version ကို ပြန်စစ်ကြည့်ရပါမယ်။
ကျွန်တော့် Raw viewer 8.3 သည် Adobe Photoshop  CC နှင့် အထက်ကို အသုံးပြုရပါမယ်တဲ့။  ဒါဆိုရင် ခု သုံးနေတဲ့ Adobe Photoshop CS 5 မှာ RAW 8.3 က အလုပ်မလုပ်နိုင်သေးဘူးတဲ့။  ဒါကြောင့် Adobe Photoshop CC တော့ အနည်းဆုံး ပြန်တင်ရပါတော့မယ်။ 



ဟုတ်ကဲ့ ပြီးပါပြီ။ အတိုချုပ် ပြောရရင်တော့ -
(၁) မိမိ RAW ဖိုင်အမျိုးအစားကို အရင်သိအောင်လုပ်ထား။  ပြီးရင် Raw Plug-in ရဲ့ ဘယ်ဗားရှင်း အသုံးပြုရမယ်ဆိုတာ အောက်ဖော်ပြပါလင့်မှာ သွားရှာ။  သူကတော့ Camera Support လို့ ပြောတာပဲ။

(၂) မိမိ RAW ဖိုင် ဗားရှင်း သိရင် Adobe Photoshop , Lightroom ဘယ်ဗားရှင်နဲ့မှာ ကိုက်မယ်ဆိုတာ ရှာပါ။
ဒီနေရာမှာ ကိုယ် အနည်းဆုံး အသုံးပြုရမယ့် Adobe Photoshop Version ကို စစ်ပါ။  ဒါဆို ဒေါင်းရမယ့်ဟာတွေ အဆင်ပြေပြေ ရနိုင်ပါပြီ။
အများစုက မှားယွင်းစွာ လုပ်ဆောင်တဲ့အချက်က  ကျွန်တော့် စက်က Photoshop အမြင့်တွေ မနိုင်လို့ Adobe Photoshop CS 5 ပဲသွင်းထားတာ  အဲ့ဒီမှာပဲ သုံးချင်တယ်ဆိုရင်တော့ ဆောရီးပါ။  အဲ့လို တင်းခံနေလို့ မရတော့ဘူး။  Plug-in နဲ့ ကိုက်ညီတဲ့ Photoshop , Lightroom ကို ပဲ သုံးရပါလိမ့်မယ်ခင်ဗျာ။
အပေါ်က အဆင့် နှစ်ခုလုပ်ရုံတင်နဲ့ RAW ဖိုင်တွေကို စိတ်ကြိုက်လုပ်လို့ ရပါပြီ။  အဲ့ဒါတွေက ရှုပ်တယ် နားအေးပါးအေးလုပ်ချင်ရင် ။  Photoshop နောက်ဆုံးထွက်တာတင်လိုက်။   Plug-in နောက်ဆုံးထွက်တာ တင်လိုက် အေးဆေးသုံးလို့ရပါပြီ။
Sony RAW ဖိုင်အတွက် သွင်းရမယ့် RAW Viewer က -

Microsoft က ထုတ်ပေးထားတဲ့ RAW Viewer က -
https://www.microsoft.com/en-us/download/details.aspx?id=26829

GoPro အတွက် -

Canon သမားတွေအတွက်က
မိမိ ကင်မရာ မော်ဒယ်အမျိုးအစားကို ရှာပါ။ မိမိအသုံးပြုတဲ့ Windows အမျိုးအစားကို ရှာပါ။  အဲ့ဒါမှ သက်ဆိုင်ရာ ကင်မရာအတွက် အသုံး ပြုရမယ့် RAW Viewer ဖိုင်အပြင် သူ့ရဲ့ Original Software တွေကို ဒေါင်းခွင့် ပြုပါလိမ့်မယ် -

Fujifilm ကင်မရာသမားတွေအတွက်ကတော့ -

ဖိုးခွား(AMMB)




0 comments:

Post a Comment