.Net Framework 4.0.30319 ကို သွင်းတဲ့အခါ ပြီးဆုံးသည့်တိုင် မသွင်းပဲ HRESULT 0xc8000222 Error ဖော်ပြသွားပါတယ်။ ဒါကို Windows 7 32 bit မှာ သွင်းတာပါ။ Windows 7 က SP1 တောင် မဖြစ်သေးတဲ့အခါ ဒီပြဿနာ ဖြစ်လာတယ်လို့ ထင်ပါတယ်။
နောက်တစ်ခုက PES 2017 သွင်းတဲ့အခါ မှာလည်း Windows 7 က Service Pack 1 တောင် မသွင်းရသေးတဲ့အတွက် PES 2017 ရဲ့ Setting ကို ဖွင့်လို့ မရပဲ အောက်ကပုံလို Error ပြပါတယ်။
အပေါ်က ပုံတွေလို
ဖြစ်နေတဲ့အခါ အောက်ဖော်ပြပါ Solution နဲ့ ပြေလည်စေပါတယ်။
၁ -
Start > Run ကို နှိပ်ပါ။
၂ - cmd လို့ရိုက်ပြီး
Enter နှိပ်ပါ။
၃ - Command
ဝင်းဒိုးစ် ထဲမှာ net stop WuAuServ ကို ရိုက်ပြီး Enter နှိပ်ပါ။
၎ - နောက်တဆင့်
အနေဖြင့် Start > Run ကိုနှိပ်ပါ။ ပြီးလျှင် %windir% ကို ရိုက်ပြီး Enter နှိပ်ပါ။
၅ - ပွင့်လာတဲ့
အခန်းထဲမှ အခန်းအမည် SoftwareDistributaion ကို ရှာပါ။ SDold ဟု အမည်ပြောင်းလိုက်ပါ။
၆ - အပေါ်က
Command prompt မပိတ်ရသေးရင် သူ့ထဲကို သွားပါ။
ပိတ်သွားတယ်ဆိုရင် ပြန်ဖွင့်ရအောင်ပါ။
Start > Run ထဲမှာ cmd ကို ရိုက်ထည့်။
Enter နှိပ်ပါ။
၇ - အဲ့ အမည်းရောင်
စခရင်ထဲမှာ net start WuAuServ ကို ရိုက်ပြီး Enter နှိပ်ပါ။
၈ - ပြီးပါပြီ။ အဆင်ပြေပါစေ။
0 comments:
Post a Comment