Thursday, September 28, 2017

Microsoft Office 2010 Installation Note


Office 2010 ကို UK မှာ 12 May, 2010 မှာ စတင် ဖြန့်ချိခဲ့ပါတယ်။  Office ကို ၃ မျိုး ထုတ်လုပ်ပါတယ်။  (1) Home and Student (2) Home and Business (3)  Professional တို့ပဲ ဖြစ်ပါတယ်။  Office ပရိုဂရမ်တွေဖြစ်တဲ့ Word, PowerPoint, Excel, Outlook, OneNote စသည်ဖြင့် ဆော့ဖ်ဝဲတွေကို Online ဖြစ်စေ၊ Offline ဖြစ်စေ ကြိုက်တဲ့နေရာသုံးနိုင်ပါတယ်။  မှတ်စုလို မှတ်လိုပါက OneNote ကို အသုံးပြုနိုင်ပါတယ်။ မိမိလုပ်ငန်းခွင်ကနေ Internet အသုံးပြုပြီး OneNote မှာ ရေးမှတ်ထားတာကို အိမ်ရောက်မှ ပြန်ပြင်တာမျိုး ဖြည့်စွက်တာမျိုးလုပ်မယ်ဆို OneNote ကသင့်ကို ကောင်းစွာ အကူအညီပေးနိုင်ပါတယ်။


(၁) Office 2010 ခွေထဲမှာ အောက်ပါအတိုင်း မြင်တွေ့ရပါတယ်။  ဒီအထဲမှာ ကျွန်တော်တို့ ကိုင်တွယ်ရမယ့် ဖိုင်က အ၀ါရောင်လေးနဲ့ Setup နဲ့ Office 2010 Toolkit ဆိုတဲ့ အခန်းပါပဲ။  Setup က Install လုပ်ငန်းစဉ်အတွက် ဖြစ်ပြီး၊ Office 2010 Toolkit ကတော့ ဆောဖ့်ဝဲကို Activate လုပ်ဖို့ Crack ဖိုင်ပါဝင်ပါတယ်။  OK စရအောင်။

Setup ကို Double Click နှိပ်ပါ။


(၂)  Setup နှိပ်ပြီးရင် ခေတ္တစောင့်ပါ။  လိုအပ်တဲ့ ဖိုင်ရှိမရှိ စစ်ဆေးပြီးရင် သင့်ကို install လုပ်ဖို့ အခွင့်အရေးပေးပါလိမ့်မယ်။


 (၃)  I accept the terms of the agreement မှာ အမှန်ခြစ်ထဲ့ပါ။  Continue ကိုနှိပ်ပါ။


(၄)  Choose the installation you want ဆိုတဲ့ စာမျက်နှာမှာ အပိုင်းနှစ်ပိုင်း ရှိပါတယ်။  

Install Now ဆိုတာက ဘာမှ ရွေးချယ်မှုတွေ မလုပ်တော့ဘူး။  လိုအပ်တာ မှန်သမျှ အကုန်သွင်းပါ။  ဆော့ဖ်ဝဲတွေလည်း အကုန်သွင်းပါလို့ ဆိုလိုချင်တာပါ။

Customize ဆိုတဲ့ button က Office အုပ်စု တစ်ခုလုံးကို မသွင်းပဲ မိမိလိုအပ်တဲ့ ဆောဖ့်ဝဲတွေကို ပဲ ရွေးချယ် သွင်းယူလိုတဲ့ အခါ သုံးပါတယ်။  

ခုတော့ အားလုံး ကို သွင်းမှာ ဖြစ်လို့ Install Now ကို နှိပ်ပါ။


(၅)  ခေတ္တစောင့်ပါ။  Word, Excel, PowerPoint, Outlook, OneNote, Access, Publisher, InfoPath, SharePoint Workspace စသည်ဖြင့် Office အုပ်စုဝင် ဆောဖ့်ဝဲတွေကို တစ်ခုခြင်း သူ့ဘာသာသွင်းယူမှာ ဖြစ်တာကြောင့် အနည်းဆုံး ၁၀-၁၅ မိနစ်လောက်တော့ ကြာပါတယ်။ 





(၆)  မိနစ်အနည်းငယ်ကြာပြီးနောက်  သွင်းယူပြီးကြောင်းကို ဖော်ပြပါပြီ။ Close ကိုနှိပ်ပါ။ 


(၇)  အပေါ်က လုပ်ငန်းစဉ်က ဆောဖ့်ဝဲသွင်းတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။  ပြီးတော့ သူ့ကို အပြည့်အ၀ အသုံးချနိုင်ဖို့ Activate လုပ်ဖို့လိုပါသေးတယ်။  ခွေထဲက Office 2010 ToolKit ထဲမှာ သူ့အတွက် Activate လုပ်ဖို့ ပရိုဂရမ်လေးရှိပါတယ်။  Run လိုက်ပါ။  Easy Activator ကို ရွေးလိုက်ပြီး ခဏစောင့်ရင် activate ဖြစ်ကြောင်း အကြောင်းကြားပါလိမ့်မယ်။

Activator တွေက အင်တာနက် မသုံးတဲ့ စက်တွေမှာ အဆင်ပြေပေမယ့်  အင်တာနက်သုံးတဲ့ ကွန်ပျူတာတွေက ဒီ Office application တွေဟာ activate ကို ပိတ်ဆို့ခြင်း ခံရပါတယ်။   ဒီဆိုဒ်ထဲမှာ တင်ထားပေးတဲ့ Re-loader နဲ့ ပြန် run ပေးလိုက်ရင် ရပါတယ်။  

0 comments:

Post a Comment