Saturday, September 2, 2017

Jagannatha Hora 8.0


      ဝေဒ ပညာရပ်တွင် ဂဏိတကဏ္ဍအတွက် အထောက်အကူပြု ဆော့ဖ်ဝဲဖြစ်ပါတယ်။  ဝေဒ သုသေသီတိုင်းအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ 


     Windows စနစ်သုံး ကွန်ပျူတာတွေအတွက် ဆရာကြီး P.V.R Narasimha Rao က ဒီဇိုင်းပြု ထုတ်လုပ်ပေးထားတာပါ။  ဆရာကြီးက ဆော့ဖ်ဝဲအင်ဂျင်နီယာလည်း ဖြစ်ပြီး၊ အိန္ဒိယမှာရှိတဲ့ ဝေဒပညာရှင်များစွာထဲမှ ထင်ရှားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ စာအုပ်များစွာလည်း ရေးသားထားပြီး၊ မဂ္ဂဇင်းများတွင် သုတေသနပြုထားသော ဝေဒပညာရပ်များကို ရေးသားပြီး သင်ကြားပေးနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ 
Jagannatha Hora ကို ဝေဒပညာသမားများအတွက် အခမဲ့ ဖြန့်ချိပေးထားတာပါ။  အခမဲ့ဆိုပေမယ့် အလွန်ကို တန်ဖိုးများတဲ့ ဆောဖ့်ဝဲဖြစ်ကြောင်း သင်အသုံးပြုကြည့်ရင် သိလာပါလိမ့်မယ်။
JH ဆောဖ့်ဝဲတွင် ပါရှိသော ဂြိုလ်သွားပြက္ခဒိန်တွင် 12899 BC – 16900 AD အထိ ပါဝင်ပါတယ်။  မြို့ပြတည်နေရာ တွေက 2.5 million ပါရှိပါတယ်။ jh_full_install.zip (102.0 MB)
 JH Full

တကယ်လို့ JH ကို လိုသလောက်ပဲ ဖိုင်အနည်းငယ်အဖြစ် အသုံးပြုလိုပါက jh_short_install.zip (3.7 MB) ကို သုံးပါ။  ဂြိုလ်သွားပြက္ခဒိန်ကတော့ 1800-2400 AD အထိပဲ ပါရှိပါလိမ့်မယ်။ 2999 BC – 3000 AD အထိကိုလည်း ရွေးချယ်အသုံးပြုနိုင်ပါသေးတယ်။ မြို့တည်နေရာ မြေပုံတွေကိုလည်း ထင်ရှားသော မြို့တွေကိုသာ ထဲ့သွင်းပေးထားပါတယ်။
 JH short
သင့်မှာ JH version 7.3 ဒါမှမဟုတ် သူ့ထက် မြင့်တာ သွင်းထားပြီးသာဆိုရင် update လုပ်ပေးနိုင်တဲ့ jh_update.zip (2.6 MB) ကို သွင်းယူယုံပါပဲ။ 
 Update only





0 comments:

Post a Comment