Sunday, September 10, 2017

Installing Nero 8 Ultra Edition


CD နှင့် DVD ခွေများ ကွန်ပျူတာဖြင့် ကူးယူနိုင်ရန် ခွေကူးနိုင်သော ဆောဖ့်ဝဲများစွာအနက် Nero ကုမ္ပဏီမှ ထုတ်လုပ်ပေးထားသော Nero Burning ဆောဖ့်ဝဲသည် လူသိများသော ဆောဖ့်ဝဲတစ်ခုလည်း ဖြစ်ပါတယ်။ 
 ယနေ့ Nero burning ROM 2017 ထိ ဖြန့်ချိပေးထားပြီး ဖြစ်ပါတယ်။ Nero burning တစ်ခု သွင်းထားယုံဖြင့် ခွေကူးခြင်း၊ MP3-MP4 အဖြစ် RIP လုပ်ခြင်း၊ ဗီဒီယိုရုပ်ရှင်များကို တစ်ခွေတည်းအဖြစ်ပေါင်းထည့်လိုသည့်အခါ အသုံးပြုခြင်း၊ JPEG ရုပ်ပုံများကို ကြည့်ရှုခြင်း၊ DVD player တစ်ခုအဖြစ် အသုံးပြုနိုင်ခြင်း စသည်ဖြင့် သူ့လုပ်ငန်းဆောင်တာ သူလုပ်နိုင်တဲ့ လုပ်ငန်းတွေကို တိုးချဲ့ ထည့်သွင်းပေးထားပါတယ်။  

Nero 6.0 version မှ Nero 8.0 ထိ ဖိုင်ဆိုဒ် သေးငယ်သော်လည်း သူ့လုပ်ကိုင်နိုင်စွမ်းက များလှပါတယ်။  Nero 8 နောက်ပိုင်းထုတ်တဲ့ version အသစ်တွေမှာ ဆိုရင် ပိုမိုပြီး လုပ်နိုင်လာခဲ့ပါတယ်။  သို့သော်လည်း ကွန်ပျူတာစက်တိုင်းနှင့် မသင့်တော်သလို စက်တိုင်းကလည်း သူလိုချင်တဲ့ အမြန်နှုန်းကို ပံ့ပိုးပေးဖို့ ခက်လာပါတယ်။  ဒါကြောင့် ရှေ့မီနောက်မီ ဖြစ်တဲ့ Nero 8.0 version ကို သုံးနိုင်ဖို့အတွက် Installation လုပ်ပုံ အဆင့်ဆင့်ကို တစ်ဆင့်ခြင်း ဖော်ပြပေးထားပါတယ်။  

Nero 8.0 version မှာ ခွေနှစ်မျိုးထွက်ရှိထားတာကို တွေ့ရပါတယ်။  
     (၁)  ပထမမျိုးက Nero Burning Rom ဆောဖ့်ဝဲတစ်မျိုးသာပါပြီး DVD rip တာတွေ? Nero Express ဆိုတာတွေ မပါဝင်ပါဘူး။
     (၂)  ဒုတိယမျိုးက Nero Burning Rom, Nero Express, Nero Vision စသည်ဖြင့် အစုံပါပါတယ်။  ခုဒီသွင်းနည်းမှာ ဒုတိယမျိုးကို သွင်းပြထားပါတယ်။ Nero 8 ပါတဲ့ အခွေထဲမှာ အောက်ဖော်ပြပါပုံထဲကလို အခန်းတစ်ခုတည်းတွင် Readme, Nero-8.2.8.0_all ဆိုတဲ့ နှစ်ခုပါဝင်ပါတယ်။  Readme ဆိုတဲ့ အခန်းထဲမှာ Serial key ဖိုင်လေး ပါရှိပါတယ်။  Install လုပ်ငန်းစဉ် အစပြုရမယ့် ဖိုင်ကတော့ Nero-8.2.8.0_all ဖိုင်နဲ့ အစပြုရပါမယ်။  




(1) Nero-8.2.8.0_all ကို Double Click နှိပ်ပါ။


(2) ခေတ္တစောင့်ပါ။ 
နည်းပညာသဘော - ဒီအဆင့်မှာ Nero က သူ့ရဲ့ Setup ဖိုင်တွေကို ချုံ့ ထားတာကို ကျွန်တော်တို့ စက်ထဲမှာ ယာယီဖိုင်အဖြစ် ဖြန့်ချနေတာပါ။  ပြီးရင်တော့ သူ့ဘာသာသူ ပြန်ဖျက်ပါတယ်။  ဖိုင်တွေက များလို့ ဒီနေရာမှာ ခေတ္တစောင့်ဆိုင်းဖို့ လိုပါတယ်။)


(3) အပေါ်ပုံကို ရောက်ရင်တော့ Install လုပ်ငန်းစဉ် လုပ်ဖို့ စတင်တဲ့ မြင်ကွင်းကို ရောက်ပါပြီ။  Next ကိုနှိပ်ပါ။


(4)  အပေါ်ပုံက Nero Ask Toolbar ကို သွင်းဖို့ပါ။  အင်တာနက်ကြည့်တဲ့ ဘရောက်ဆာမှာ ၀င်သွားမှာပါ။  ကျွန်တော်တို့အတွက် အသုံးမလိုဘူး။  Google မှာပဲ ရှာမှာမို့ပါ။  ဒါကြောင့် ပုံပါအတိုင်း အမှန်ခြစ်ဖြုတ်ပါ။  Install Nero without the Ask Toolbar မှာ အစက်ကလေး ထည့်ခဲ့ပါ။


(5)  License Agreement မြင်ကွင်းကို ရောက်ပါပြီး။  သဘောကတော့ ဒီမှာ nero ဆောဖ့်ဝဲကို အသုံးပြုရင် ဒီစည်းကမ်းတွေကို ဥပဒေတွေကို လိုက်နာရပါမယ်လို့ အကြမ်း သိထားနိုင်ပါတယ်။  I accept the ... ဆိုတဲ့နေရာမှာ အမှန်ခြစ် ထည့်ပါ။  Next နှိပ်ပါ။


(6)   Preparing installation မှာ အနည်းငယ်ကြာတတ်ပါတယ်။  မိမိစက်ထဲမှာ မရှိမဖြစ်လိုတဲ့ VC++2008 လို ဖိုင်တွေကို နောက်ကွယ်ကနေ သွင်းပေးနေပါတယ်။


(7)   Serial Number: အကွက်ထဲကို ခုနက Readme ဆိုတဲ့ အခန်းထဲကနေ ရယူပါ။  ပထမဆုံးလိုင်းမှာရှိတဲ့ key တွေကို Copy လုပ်ပြီး ဒီအကွက်ထဲကို Paste လုပ်ပါ။   Next နှိပ်ပါ။

(8)   Next ကိုနှိပ်ပါ။


(9)   Next ကိုနှိပ်ပါ။ ( ရွေးချယ်စရာ နှစ်ခုပေးပါတယ်။  ပထမက Typical ဆိုတာက သူ့ဘာသာ လိုအပ်သမျှ အကုန်သွင်းမယ်လို့ ဆိုလိုတာပါ။  ဒုတိယ Custom က ကျွန်တော်တို့ မလိုချင်တဲ့ အပိုဆောင်း လုပ်ဆောင်မှုတွေ တစ်ချို့ ဆောဖ့်ဝဲတွေကို မလိုအပ်လို့ မသွင်းချင်ဘူးဆိုရင် ဖြုတ်ထားခဲ့နိုင်ပါတယ်။  ဒီနေရာမှာ အကုန်သွင်းမှာမို့ Typical  ကိုပဲ ရွေးခဲ့ပါတယ်။)



(10)  ဒီအဆင့်မှာ သင်ခုဏရွေးချယ်ထားတာတွေမှာ လိုအပ်ချက်တွေ ရှိနေမယ်ဆိုရင် ပြန်ပြင်လိုပါသေးသလားလို့ မေးနေတာပါ။  အပြောင်းအလဲ မလုပ်တော့ဘူးဆိုရင်   Install ကိုနှိပ်ပါ။




(11)   Install လုပ်ငန်း စတင်ပါပြီ။   ခေတ္တ စောင့်ပါ။


(12)   အပေါ်ပုံက မြင်ကွင်းက Windows OS မှာ ပါတဲ့ ပုံတွေကို ကြည့်တဲ့ ဆောဖ့်ဝဲလိုပဲ Nero က သူပုံတွေ အားလုံးကို သူ့ဆောဖ့်ဝဲနဲ့ပဲ ဖော်ပြပါတော့မယ်လို့ ပြောနေတာပါ။ ဒီမှာ ဒီအတိုင်းထားခဲ့ပြီး  Next ကို နှိပ်ပါ။  ( နောက်မှ ပုံကြည့်တဲ့ ဆောဖ့်ဝဲကို ပြန်ပြောင်းလည်း ရပါတယ်။)


(13)   Install လုပ်တဲ့ လုပ်ငန်းစဉ် ပြီးပါပြီ။  Finish ကို နှိပ်ပါ။


(14)   Nero မှ သူ့ဆောဖ့်ဝဲသုံးရတာ အခက်အခဲရှိရင် အဆင်မပြေဖြစ်ရင် သူတို့ကို အကြောင်းကြားပေးနိုင်ပါရန် မေတ္တာရပ်ခံစာပါ။   OK နှိပ်ပါ။


(15) Windows ရဲ့ စနစ်ဖိုင်တွေအထိပါ သူသုံးမယ့် ဖိုင်တွေကို သွင်းယူထားတာကြောင့် Nero ကို အသုံးမပြုမီ  စက်ကို Restart လုပ်မလားလို့ မေးပါတယ်။  No လို့ ရွေးခဲ့ပါ။ 
     ( ဒီနေရာမှာ ပုံမှန်ဆိုရင်တော့ Yes နှိပ်လည်း ရပါတယ်။  ဒါပေမယ့် ကျွန်တော်တို့တွေကို ခိုးကူးတွေကိုသုံးတာမို့  စက်ကို Restart မလုပ်ပါနဲ့ဦး။  )

(16)   Nero ကို အသုံးမပြုမီ သူ့ရဲ့ serial key တွေကို အကုန်ဖြည့်ထည့်လိုပါတယ်။  ဒါကြောင့်  Start > All Programs > Nero 8 > Nero Toolkit > Nero ControlCenter ဆောဖ့်ဝဲကို ဖွင့်ပါ။



-  Popup Message မှာ Yes ကို ရွေးပါ။
-  Nero ControlCenter ရဲ့ မြင်ကွင်း ဘယ်ဘက်အခြမ်းက License ဆိုတဲ့ သော့ပုံလေးကို နှိပ်ပါ။  ညာဖက် မြင်ကွင်းက Add ကိုနှိပ်ပါ။  Readme အခန်းထဲက > serial ဖိုင်မှာ အောက်မှာ အသုံးမပြုရသေးတဲ့ serial key တွေကို တစ်ခု ကို Copy ကူးခဲ့ပြီး။  Nero ControlCenter မှာ လာ Paste လုပ်ပါ။  OK နှိပ်ပါ။
-   အထက်ပါနည်းအတိုင်း ကျန်ရှိနေတဲ့ Key တွေကို ဆက်လက်ဖြည့်ပါ။
-   ပြီးပါပြီ။

1 comment:

  1. Installing Nero 8 Ultra Edition ~ Dtp For You >>>>> Download Now

    >>>>> Download Full

    Installing Nero 8 Ultra Edition ~ Dtp For You >>>>> Download LINK

    >>>>> Download Now

    Installing Nero 8 Ultra Edition ~ Dtp For You >>>>> Download Full

    >>>>> Download LINK M6

    ReplyDelete