Apple ကုမ္ပဏီက ထုတ်လုပ်ဖြန့်ချိတဲ့ Mac OS အသုံးပြုသော ကွန်ပျူတာတွေအတွက် Unicode font တွေ ဖြစ်ကြတဲ့ စံလိုက်နာထားကြတယ်ဆိုတဲ့ Zawgyi font, Myanmar 3 font နှစ်ခုကို ဖော်ပြပေးပါရစေ။ ဖောင့်ရပြီးရင် ရေးတဲ့စနစ်အတွက် Keyboard လိုပါတယ်။ Keyboard layout လည်း ထည့်သွင်းဖော်ပြပေးထားပါတယ်။ Unicode စံလိုက်နာရမယ်ဆိုတဲ့ အသိုင်းအဝိုင်းကြားမှာတော့ Zawgyi-one font ဟာ စံကို အပြည့်အ၀ မလိုက်နာဘူးလို့ ဆိုကြပါတယ်။ ဘာပဲဖြစ်ဖြစ် သူက ဝင်းဒိုးစ် စနစ်မှာရော Mac os မှာပါ နေရာယူထားဆဲပါ။ လူသုံးလျက် ရှိနေဆဲ့ပါပဲ။
Zawgyi အတွက်ဆိုရင် -
Zawgyi Keyboard and Fonts
Zawgyi Keyboard Layout - လက်ကွက်တည်နေရာ
Zawgyi အတွက်ပြီးပါပြီ။
Myanmar 3 Unicode အတွက် -
Myanmar 3 အတွက် Keyboard and Font က
ဒီအထဲမှာ - Keyboard, Myanmar Font Offline converter ( Zawgyi to Unicode), Safari Extension ( Safari မှာ မြန်မာစာမြင်ရဖို့)၊ Unicode Fonts ( Myanmar 3 အပြင် သာလွန်၊ ပြည်ထောင်စု ဖောင့် စတဲ့ ဖောင့်တွေ ပါပါတယ်)
🙋🙋🙋🙋
Myanmar 3 အတွက် Keyboard က နောက်တစ်ခု ရှိပါသေးတယ်။ Keymagic Keyboard လို့ ခေါ်ပါတယ်။
Keymagic Keyboard + Font ကို ဒေါင်းရန်အတွက် -
သတိထားရမှာက နှစ်ခုလုံး သွင်းစရာမလိုပါဘူး တစ်ခုကိုပဲ သွင်းပါ။ ပထမ တစ်ခုနဲ့ သုံးရအဆင်မပြေဖြစ်နေရင် Uninstall လုပ်လိုက်ပါ။ ပြီးမှ နောက်တစ်ခု ကို ထပ်သွင်းပြီး သုံးကြည့်ပါ။ နှစ်ခုထပ်နေရင် ဘာဖြစ်နေမှန်းကို မသိပဲ ဖြေရှင်းရခက်တတ်ပါတယ်။
Myanmar 3 , Keyboard Layout က
Myanmar 3 အတွက် ပြီးပါပြီ။
သွင်းယူပုံအဆင့်အဆင့်ကိုတော့ လွယ်ကူတယ်ထင်လို့ မဖော်ပြတော့ပါဘူး။ လိုအပ်မယ်ဆိုရင် comment မှာ မှတ်ချက်ပေးခဲ့ပါ။ ပြန်ဖြည့်ရေးပေးပါမယ်။
0 comments:
Post a Comment