Tuesday, December 4, 2018

Epson Stylus Photo T60 Resetter



၁ - ပရင်တာကို မီးဖွင့်ပါ။

၂ - ဒေါင်းလုပ်ရယူထားသော ဖိုင်ကို Winrar ကို အသုံးပြုပြီး သင့်တော်ရာ အခန်းတစ်ခုတွင်ဖြန့်ချထားပါ။

     အဆိုပါ အခန်းထဲမှ AdjProg.exe ကို ဖွင့်ပါ။

၄ - Accept ကို နှိပ်ပါ။

၅ - Particular adjustment mode ကို ရွေးပါ။

၆ - Waster Ink pad counter  ကို ရွေးပြီး OK နှိပ်ပါ။

၇ - Main Pad Counter နှင့် Platen Pad counter ကို အမှန်ခြစ် ထည့်ခဲ့ပါ။  Check ကိုနှိပ်ပါ။  OK နှိပ်ပါ။

၈ -  Initialization ကို နှိပ်ပါက Protection counter ကို Zero အဖြစ် ပြောင်းပေးပါမယ်။

၈ - ပရင်တာကို ပိတ်ပြီး ပြန်ဖွင့်ပါ။


ဒီပရင်တာနဲ့ ပတ်သက်ရင် အောက်ဖော်ပြပါအချက်တွေကို သိထားဖို့လည်း လိုအပ်ပါတယ်။  

T60 Resetter ကို မသိဘဲ General Error ပေါနေရင် T50 Resetter ကို ပြောင်းသုံးလိုက်ဖို့လိုပါတယ်။  အောက်မှာ ဒေါင်းလုပ်ဖို့ နှစ်ခုလုံး ဖော်ပြပေးထားပါတယ်။
T60 ရဲ့ ပရင်တာ Mainboard ကို T60 လို့ မသိပဲ  ကွန်ပျူတာက T50 လို့ပဲ သိတာမျိုး ရှိပါတယ်။  ဘာဖြစ်လို့လည်း ဆိုတော့  T50 ရဲ့ mainboard ကိုဆက်လက်သုံးဆွဲထားလို့ ဒီလိုဖြစ်ရပါတယ်။  မူလကတည်းက အဲ့လို ဖြစ်တတ်တာကို တစ်ခါတစ်ရံ တွေ့ရပါတယ်ခင်ဗျာ။  

( T60 ရောင်းပြီး  T50 ဖြစ်နေလို့ ပြဿနာ တက်တတ်ကျလို့ပါ။  T60 တော့ မှန်ပါတယ်။  သူတို့က T50 ကို အချိန်တိုလေးပဲ ရောင်းပြီး T60 ကျတော့မှ လူသိများတဲ့ Barnd ဖြစ်လို့ မဖြစ်မနေ T50  mainboard ကို Chip ပြင်ပြီး T60 ပြန်ထုတ်တယ်လို့ ယူဆဖွယ်ရှိပါတယ်။  T60 က ကျွန်တော်တို့ မြန်မာနိုင်ငံကို R230 နောက်မှ ဝင်လာတာပါ။  စက်အသစ် စသုံး ရပေမယ့် အရောင်ပျောက်တဲ့ ပြဿနာတွေကို မကြာခဏ ကြားရတတ်ပါတယ်။ စကားချပ်)


Epson Stylus Photo T60 Printer Resetter


Epson Stylus Photo T50 Printer Resetter

2 comments: