HP 650 Notebook PC တစ်လုံးပါ။ Keyboard ခလုပ်တွေက အနည်းငယ်သာ အလုပ်လုပ်ပြီး Function ကီးတွေ အလုပ်မလုပ်တော့ပါ။ သူ့ စက်ရဲ့ သဘောမှာ Funciton ကီးခလုပ်တွေက အရေးပါတဲ့ အခြေအနေမှာရှိပါတယ်။ ဖြစ်ချင်တော့ သူ့ Function Key တွေ F1, F2 တွေ F12 အထိ အလုပ်မလုပ်တော့ဘူး။ သူ့ရဲ့ Wifi ကို ဖွင့်ပိတ်ဖို့ Fn + F12 မှာ သူ့ ခလုပ်ထားထားပေးတယ်။ ဒါဟာ အဓိက ပြဿနာပါပဲ။
Wifi ခလုပ် ဖွင့်မရတဲ့ ပြဿနာပါ။ ဖွင့်နေရင်တော့ ပြဿနာမရှိပါဘူး။ ပိတ်နေရင် အောက်ကအတိုင်းလုပ်ရပါတယ်။
Win + X နှိပ်ပါ။ HP assistant tool တက်လာပါမယ်။ အဲ့ဒီမှာလည်း Wifi ကို Turn off ဖြစ်နေတဲ့အပြင် နှိပ်မရတဲ့ Disable ဖြစ်နေပါတယ်။ ဘာမှ လုပ်မရဘူး။ (ဒီအဆင့်မှာ Win + X နှိပ်လို့ HP assistant မတက်လာရင် ဒေါင်းလုပ်ရယူထားဖို့ လိုအပ်ပါတယ်)
သူ့ HP ဌာနေက အညွှန်းပြုထားတာကတော့ -
ကွန်ပျူတာကို ပိတ်ထားပါ။
Battery ကို ဖြုတ်ပါ။
Power ခလုပ်ကို ၈ စက္ကန့် ဖိထားပါ။ (Battery မရှိတဲ့ အချိန်မှာနော်)
ပြီးမှ Battery ပြန်တပ်။ Power ကို ဖွင့်ပါ။
Win + X ကိုနှိပ်ပါ။
Wifi စနစ်ကို On/Off လုပ်လို့ရသွားပါလိမ့်မယ်။
ဒီစက်ကို လုပ်နေစဉ် Windows On Screen Keyboard ကနေလည်း Function ကီးတွေ အလုပ်မလုပ်နိုင်ခဲ့ပါဘူး။