Friday, September 3, 2021

Pyidaungsu Fonts and Keyboard

 


ယူနီကုတ် အသုံးပြုကြပြီ ဖြစ်လို့ ပြည်ထောင်စု ဖောင့်နှင့် လက်ကွက် ပိုစ့် အသစ်တင်ပါတယ်။ စာ‌အရှည်ကြီး မဖတ်ရတော့ဘူးပေါ့။

စက်အသစ် ဝင်းဒိုးအသစ် ဆိုလျှင် ယခုပေးထားသည်များကို ဆိုင်ရာ ဒေါင်းလုပ်လုပ်ပြီး သုံးရင် ရပါပြီ။ စက်က ယူနီကုဒ်သွင်းထားပြီးသား စာရိုက်တော့ မမှန်လို့ ပါဆိုရင် ကျွန်တော်ကတော့ စက်ထည် အရင်ထည့်ထားပြီးသား အဟောင်းတွေကို အကုန်ဖြုတ် Uninstall လုပ်ပါတယ်။ ဇော်ဂျီနဲ့ ပတ်သက်တဲ့ သွင်းထားတဲ့ ဆော့ဝဲ မှန်သမျှ Uninstall လုပ်ပါတယ်။ Zawgyi-One.ttf ဖောင့်ကိုတော့ ချန်ထားပါမယ်။  သူမရှိရင် ဖတ်မရတာတွေ ရှိနိုင်လို့ပါ။ Keyboard ရော Pyidaungsu ‌ဖောင့်ရော မရှိတော့ ဘူးဆိုရင် စက်ကို Restart လုပ်လိုက်ပါ။ ပြီးမှ အောက်ကဆိုင်ရာ သွင်းပါ့မယ်။

သွင်းယူမယ့် စက်က -

Windows 7 + Office 2010 ဆိုရင် အောက်က ဖောင့်ကို Install လုပ်ပါ။




Windows 8, 8.1, 10 နှင့် အထက် တင်ထားတာဆိုရင် အောက်က ဖောင့်ကို Install လုပ်ပါ။

ဖောင့်သွင်းပြီးရင် ကီးဘုတ် သွင်းဖို့ပဲ ကျန်တော့တယ်။

ကီးဘုတ် လောလောဆယ် ၃ မျိုး ရှိတယ်။ 

  1.  KeyMagic
  2.  Keyman Desktop
  3. Windows OS မှာပါပြီး သား လက်ကွက်ကို ရယူသုံးနိုင်ပါတယ်။

သုံးခုလုံး သွင်းထားစရာ မလိုပါ။ တစ်ခု သွင်းထားလျင် ရပါပြီ။ 




0 comments:

Post a Comment