Sunday, March 22, 2020

Windows XP iso

မိုက်ခရိုဆောဖ့် ကို Windows NT အနွယ်ဝင် Operating System ကို ဩဂုတ်လ ၂၄ ရက်, ၂၀၀၁ ခုနှစ်တွင်  Windows XP ဟုခေါ်တွင်စေခဲ့ပါသည်။ အကြီးအကျယ် အောင်မြင်မှုရယူနိုင်ခဲ့သည်။ စက်အစိတ်ပိုင်းများအတွက်အထောက်အပံ့ပေးခြင်း၊ စွမ်းဆောင်နိုင်ရည်မြင့်ခြင်း (အဲ့တုန်းက သူပြိုင်စရာဆိုလို Windows ME ပဲရှိတာကိုး)၊ ရုပ်သံစွမ်းဆောင်ရည် အဆင့်မြင့်တင်လာနိုင်ခြင်းတို့ကြောင့် လူကြိုက်များခဲ့သည်။
ဧပြီလ ၈ ရက်နေ့, ၂၀၁၄ ခုနှစ်တွင် နောက်ဆုံး အထောက်အပံ့ပေးမှုများကို တရားဝင် ရပ်ဆိုင်းခဲ့သည်။
ဆက်လက်သုံးဆွဲနေကြသည့်သူများကို ရှိဆဲပါ။ ၂၀၁၉ ခုနှစ်တွင် စွမ်းရည်မြင့် ransomware threats ဝင်ရောက် တိုက်ခိုက်ခြင်းခံရသည်။ ဩဂုတ်လ ၂၀၁၉ ခုနှစ်တွင် ဆက်လက်သုံးစွဲနေသူများကို Games of Windows XP ကဏ္ဍကို ပိတ်သိမ်းခဲ့ရသည်။ ၂၀၂၀ ဖေဖေါ်ဝါရီ မှတ်တမ်းများအရ Windows XP ကို ကမ္ဘာအနှံ့အပြားတွင် ၁.၂၅ % သုံးစွဲနေကြောင်းသိရသည်။ အာမန်နီယားနိုင်ငံတွင် ၄၀.၇၆% ၊ တရုပ်နိုင်ငံတွင်  ၃.၉၄ % သုံးစွဲနေကြကြောင်းသိရှိရသည်။



0 comments:

Post a Comment