Tuesday, September 4, 2018

Paragon NTFS for Mac




     ကွန်ပျူတာလောကမှာ Mac အသုံးပြုသူများသလိုပဲ Windows အသုံးပြူသူ ကမ္ဘာကလည်း မသေးပါဘူး။  အခြေခံသဘောအရ ဒီလောကနှစ်ခုဟာ ပူးတွဲပေါင်းစပ်လိုက်ဖို့ မလွယ်ကူခဲ့ပါဘူး။  တခြားမကြည့်နဲ့ သင့်ဒေတာတွေ သိမ်းဖို့လုပ်ထားတဲ့ Hard Disk Drive ကိုပဲကြည့်ပါ။  Windows အသုံးပြုသူအချင်းချင်း အတွက် Hard Disk ကို မျှဝေသုံးဖို့ လွယ်ကူပေမယ့် ပလက်ဖောင်းမတူတဲ့ Mac အသုံးပြုသူနဲ့ ပေါင်းကူး အသုံးပြုရတော့မယ်ဆိုရင် HDD ကို format လုပ်ခိုင်းရတာနဲ့ ကြည့်မြင်လို့တော့ ရပြီး  ဖိုင်တွေကို ထည့်လို့မရတာတွေ ဖြစ်လာပါတော့တယ်။  အခြေခံ ဖိုင်စနစ်မတူတာကို Mac က သီးခြား လက်ခံမပေးနိုင်ဘူး။  အသုံးပြုခွင့် မပေးထားခဲ့ပါဘူး။  ရေးခွင့် ဖျက်ခွင့် မပေးထားပါဘူး။  ဒါကြောင့် Mac အသုံးပြုသူတွေဟာ External HardDisk တွေကို OS နှစ်ခုလုံးမှာ သုံးမယ်ဆို Paragon ကထုတ်တဲ့ Paragon NTFS for Mac OS ဆိုတဲ့ Mac dmg ဆောဖ့်ဝဲလေးကို သွင်းယူရပါမယ်။



     Paragon NTFS for Mac က NTFS ဖိုင်စနစ်ကို အသုံးပြုနေတဲ့ Hard Disk, USB Stick, SSD စတဲ့ Storage Device တွေကို Mac OS မှာ Read/Write လုပ်ခွင့်ရရှိသွားပါမယ်။  


သွင်းယူပုံကြည့်လိုပါက - 


Paragon NTFS 15.0.911 ဒေါင်းဖို့ - 
    




0 comments:

Post a Comment