စာစီစာရိုက်လုပ်ငန်း အတွက်
စာစီစာရိုက်လုပ်ငန်းအတွက် အသုံးအဆောင်များကို ရှာဖွေ စုဆောင်းထားရှိပေးထားပါတယ်။
ဆောဖ့်ဝဲများကလည်း သင့်လုပ်ငန်းအတွက်ပါ
ကွန်ပျူတာအတွက် အသုံးဝင်သော ဆောဖ့်ဝဲများကိုလည်း တင်ပြထားပေးပါတယ်။ မိမိတို့ လိုအပ်သလို အသုံးချနိုင်ကြပါစေ
စာစီလုပ်ငန်းအတွက် ဒီဇိုင်းလိုအပ်သမျှ
အသင့်သုံး ဒီဇိုင်းများ၊ ဘောင်များ၊ ပန်းကနုတ်၊ ဖောက်စွပ်များ၊ ဖိတ်စာ၊ လိပ်စာတို့တွင် အသုံးပြုသည့် သင်္ကေတများ၊ ရုပ်ပုံများကိုလည်း ထားရှိပေးထားပါတယ်
ရပ်တန့်မသွားသော နည်းပညာ
ကွန်ပျူတာ နည်းပညာ နယ်ပယ်ဟာ ရပ်တန့် မသွားပဲ ရှေ့ကို ခပ်မြန်မြန်သွားနေတဲ့ နည်းပညာပဲ ဖြစ်ပါတယ်။ နောက်ကြမကျန်ရအောင် ဒီဘလော့မှာ အဟောင်းတွေအပြင် အသစ်တွေကိုပါ ဖော်ပြပေးထားပါတယ်
သင်လိုအပ်သမျှ ကွန်မန့်မှာ ရေးခဲ့ပေးပါ
တကယ်လို့ သင့်လုပ်ငန်းအတွက် လိုအပ်နေတာ ဒီထဲမှာ ရှိမနေသေးရင် ကွန့်မန့်မှာ မှတ်ချက်ရေးပြီး တောင်းဆိုခဲ့ပေးပါ။ မကြာမီအချိန်အတွင်း ဖြည့်ဆည်းပေးထားပါမယ်
Tuesday, December 26, 2017
CorelDRAW Graphic Suite X7
Vector ဂရပ်ဖစ်
ဒီဇိုင်းအတွက် အကောင်းဆုံး ပရိုဂရမ်တစ်ခု ဖြစ်ပါတယ်။ မြင်ကွင်းကို မိမိ ပုံဆွဲတဲ့အလုပ်လွယ်ကူစေရန် စိတ်ကြိုက်ပြောင်းလဲခွင့်ရရှိစေပါတယ်။ Bar Code ဖန်တီးမလား၊ QR Code တွေ ဖန်တီးမလား သီးခြား
ဆော့ဖ်ဝဲသုံးစရာမလိုတော့ပါ။ ဒီဇိုင်းအတိုအစ
တွေ အများကြီး လုပ်ရတဲ့အခါ စာမျက်နှာအများကြီးကိုလည်း ဥပမာ စာအုပ်ဖွဲ့မယ်ဆိုလည်း ရပါတယ်။
Adobe ကုမ္ပဏီက
ဂရပ်ဖစ်ဒီဇိုင်း အပြင် မီဒီယာ လုပ်ငန်းတစ်ခုလုံးအတွက် လိုအပ်တဲ့ ဆော့ဖ်ဝဲတွေကို နေရာယူ
သိမ်းပိုက် ထုတ်လုပ်ပေးထားပါတယ်။ သို့သော်လည်း
CorelDRAW ကလည်း ကာလကြာရှည် သူ့ကိုယ်ပိုင်ဟန်ဖြင့် ရပ်တည်လို့လာခဲ့တာ ယခုဆိုလျှင် ၂၅
နှစ်တိုင် ရောက်ရှိနေခဲ့ပါပြီ။ Adobe မှာ
Vector Art အတွက် Adobe Illustrator ဆိုတာ ရှိပါတယ်။ သူကလည်း သူ့နေရာနဲ့ သူပေါ့။ CorelDRAW လည်း သုံးသူတိုင်း အကြိုက်တွေ့စေတဲ့ မြင်ကွင်း၊
ရိုးရှင်း လွယ်ကူမှုတွေဟာ သူ့ရဲ့ ဆွဲဆောင်မှု တစ်ခုပဲဖြစ်ပါတယ်။ Adobe Illustrator ရဲ့ မြင်ကွင်းကိုမှ အသုံးပြုလိုသူတွေ
အတွက်လည်း အဆင်သင့် ပါဝင်ပါတယ်။ နောက်ဆုံး
AI ရဲ့ ပုံစံတူ Shortcut ကိုပါ အသုံးပြုခွင့်ရစေမှာဖြစ်တဲ့အတွက် ပရိုဂရမ် နှစ်ခုစလုံးကို
အကျွမ်းတ၀င် ဖြစ်စေပါတယ်။
CorelDRAW
ကို Graphic Suite အဖြစ် အမည်ပေးပြီး ထုတ်လုပ်ထားရတာက သူ့ထဲမှာ Vector graphic အတွက်
CorelDRAW (သူက AI နဲ့တူတယ်), Corel PHOTO-PAINT (သူက Adobe Photoshop နဲ့တူတယ်) ,
Corel CAPTURE သူက Screen Capture လုပ်တဲ့ ဆော့ဖ်ဝဲပါ။ နောက်ပြီး Bitstream Font
Navigator က ဖောင့်တွေကို နမူနာကြည့်ဖို့ စစ်ဖို့ အတွက်ပါ။ ဒါတွေအားလုံး CorelDRAW Graphic Suite X7 မှာ ပါဝင်မှာ
ဖြစ်ပါတယ်။
CorelDRAW
X7 မှာ နည်းပညာအသစ် အထောက်အပံ့ကတော့ Color Styles docker ပါပဲခင်ဗျာ။ ကာလာအရောင်တွေကို စိတ်ကြိုက်ဖန်တီးဖို့ အတွက် မရှိမဖြစ်
အသုံး ပြုကြရပါလိမ့်မယ်။
ကျွန်တော်တို့ဆီမှာတော့
ကွန်ပျူတာ သင်တန်းတွေမှာ CorelDRAW ကို စာစီစာရိုက်အတန်း၊ ဂရပ်ဖစ်ဒီဇိုင်း သင်တန်း
စတဲ့ သင်တန်းတွေမှာ မသင်မဖြစ် သင်ကြားရလေ့ရှိပါတယ်။ ကွန်ပျူတာ စာစီစာရိုက်ဆိုင်တွေမှာလည်း မဖြစ်မနေ
ထည့်သွင်းထားရပြီး တံဆိပ်တုံးတွေ ၊ ကုမ္ပဏီ လိုဂိုတွေ၊ ဗွီနိုင်းဆိုင်တွေမှာ မရှိမဖြစ်
အသုံးပြုနေကြရပါတယ်။
ဒေါင်းလုတ်လုပ်မယ်ဆိုရင် Windows 32 bits အတွက် -
ဒေါင်းလုတ်လုပ်မယ်ဆိုရင် Windows 64 bits အတွက် -